26/05/2020
နိုင်လွန်ကြက်တောင်ရဲ့ ရှေ့အလားအလာ
( Unicode version)
ကြက်တောင်ကစားသမားအများစုရဲ့ အခက်အခဲတစ်ခုကကြက်တောင်ဖိုးပါ။ တိရစ္ဆာန်တွေကထုတ်ယူရတဲ့ ဘဲတောင်၊ ဘဲငန်းတောင်တွေဟာ သဘာဝကနေထုတ်ယူရလို့ ပေါပေါများများမရနိုင်ပါဘူး၊ ဒီတော့ အရည်အသွေးကောင်းတဲ့ ဘဲငန်းတောင်တွေနဲ့လုပ်တဲ့ ကြက်တောင်တွေက ဈေးကြီးပါတယ်။ ပြီးတော့ သိပ်လည်းအသုံးမခံတော့ ပစ်ရတဲ့အလေအလွင့်တွေများတယ်။ စွန့်ပစ်ပစ္စည်းတွေကြောင့် ပါတ်ဝန်းကျင်ထိခိုက်မှု့တွေရှိတယ်။
ဒါတွေကြောင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ( BWF ) က လူလုပ်ပစ္စည်းနဲ့ထုတ်လုပ်တဲ့ ( Synthetic Shuttle c**k) တွေနဲ့ အစားထိုးဖို့စတင်ကြိုးပမ်းလာပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာ ပလပ်စတစ်ကြက် တောင်တွေလည်းရှိနေပြီးဖြစ်ပါတယ်။ လေ့ကျင့်ဖို့အတွက် ဈေးတွက်ကိုက်တဲ့ ပလပ်စတစ်ကြက်တောင်တွေကို သုံးနေပါပြီ။ လူသုံးများလာတဲ့အမျှ ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း အရည်အသွေးကောင်းလာအောင် ၊ ဘဲတောင်နဲ့ပျံသန်းပုံခြင်း အနီးကပ်ဆုံးတူတဲ့ ပလပ်စတစ်ကြက်တောင်တွေထုတ်လုပ်နိုင်အောင် ကြိုးပမ်းလာနေကြပြီဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာပဲ BWF က နောက်နှစ် ၂၀၂၁ ကစပြီး အင်တာနေရှင်နယ်ပြိုင်ပွဲ အဆင့်အားလုံးမှာ ပလပ်စတစ်ကြက်တောင်တွေနဲ့ ယှဉ်ပြိုင်ခွင့်ပြုလိုက်ကြောင်း BWF ရဲ့ မန်နေဂျာ Lloyd Green Communications and Media က ကြေညာခဲ့ပါတယ်။ အင်တာနေရှင်နယ်ပြိုင်ပွဲတွေမှာသုံးဖို့ လူလုပ်ကြက် တောင်ထုတ်လုပ်မဲ့ကုမ္ပဏီတွေဟာ BWF ရဲ့ စံချိန်စံညွှန်းတွေ ပုံစံတွေအတိုင်းထုတ်လုပ်ရမှာဖြစ်ပြီး BWF ရဲ့ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပါတယ်။
ပိုမိုကြံ့ခိုင်မှရှိပြီး အသုံးခံတဲ့လူလုပ်ကြက်တောင်ကို YONEX Company ကြီးရဲ့ နည်းပညာအကူအညီနဲ့ ထုတ်လုပ်ပြီး ပထမဦးဆုံးခွင့်ပြုပေးခဲ့တယ်လို့ BWF ကပြောပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ စမ်းသပ်မှု့တွေနဲ့ ရှေ့ပြေးကြက်တောင်နမူနာတွေကို Yonex ရဲ့ ထုတ်လုပ်မှု့ ပရောဂျက်တွေမှာ စမ်းသပ်တီထွင်ခဲ့ပြီး နောက်ဆုံးမှာ မနှစ်က BWF ရဲ့ အပြည်ပြည်ဆိုင်ရပြိုင်ပွဲ ၃ ပွဲမှာ လူ လုပ်ကြက်တောင်အသစ်ကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ အဲဒီစမ်းသပ်မှု့တွေအရ Yonex Synthetic ကြက်တောင်တွေဟာ အသုံးပိုခံတယ်။ စီးပွားတွက်လည်းကိုက်တယ်၊ တစ်ချိန်တည်းမှာ သဘာဝဘဲတောင်နဲ့လုပ်တဲ့ ကြက် တောင်ကော့တွေလိုပဲ ပျံသန်းမှု့နဲ့ လုပ်ဆောင်ချက်တွေမ တိမ်းမယိမ်းဖြစ်တယ်လို့ သုံးစွဲတဲ့ ကစားသမားတွေဆီက ပြန်ကြားရကြောင်း Lloyd ကပြောပါတယ်။
စမ်းသပ်မှု့အမျိုးမျိုးကနေ ပလပ်စတစ်ကော့တွေဟာ ကြက်တောင်သုံးစွဲရမှု့ကို ၂၅ % အထိလျော့ချနိုင်ခဲ့ပြီး
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စီးပွားတက်ချေကိုက်မှု့ကိုလည်း သိသိသာသာတိုးတက်စေခဲ့တာတွေ့ရှိရပါတယ်။
BWF ရဲ့ခွင့်ပြုချက်ရရှိထားတဲ့ မည်သည့်အမှတ်တံဆိပ်ပါတဲ့ လူလုပ် ကြက်တောင် ( Synthetic Shuttle C**k ) အသစ်ကိုသုံးမလဲဆိုတာတော့ ပြိုင်ပွဲလက်ခံကျင်းပတဲ့ အဖွဲ့အစည်းက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
လူလုပ်ကြက်တောင် ( Synthetic feather Shuttle C**k) ကို ကျယ် ကျယ်ပြန့်ပြန့်သုံးစွဲလာဖို့ကတော့ နှစ်အနည်းငယ် အချိန်ယူရမယ် လို့မျှော်လင့်ပါတယ်။ ဒီအတောအတွင်းမှာတော့ လူလုပ်ကြက်တောင်တွေ ထုတ်လုပ်မှု့တိုးတက်လာမှာဖြစ်ပြီး ဈေးကွက်ကလိုအပ်သလောက် တိုးတက်ထုတ်လုပ်လာနိုင်ပါမယ်။
သဘာဝကြက်တောင်နဲ့ လူလုပ်ကြက်တောင်ရဲ့ မတူခြားနားချက်တွေကို ကျဉ်းမြောင်းစေပြီး လက်ခံနိုင်တဲ့အခြေအနေရောက်ရှိစေဖို့ ယခုအခါ BWF က ပစ္စည်းထုတ်လုပ်ဖို့လိုအပ်မဲ့ အခြေခံနည်းပညာတွေကို လိုအပ်သလိုမွမ်းမံပြင်ဆင်ပြီးထုတ်ပြန်ပေးနေပါတယ်။
နောက်နှစ် အကယ်၍ လူလုပ်ကြက်တောင် ( Synthetic feather shuttle ) တွေသာ ပြိုင်ပွဲတွေမှာသုံးခဲ့ရင် မလေးရှားကြက်တောင်လက်ရွေးစဉ် Lee Zii Jia တို့၊ တိုင်ဝမ်ကြက်တောင်လက်ရွေးစဉ် ကမ္ဘာ့နံပါတ် ၂ Chou Tien တို့ ဒိန်းမတ်ကြက်တောင်လက်ရွေးစဉ်နဲ့ ကမ္ဘာ့နံပတ်၁ ကြက်တောင်သမားဟောင်း Viktor Axelsen တို့လို အကြမ်းစား smash တွေနဲ့တိုက်စစ်ဆင်ကစားတဲ့ သူတွေအတွက် ပိုမိုအကျိုးရှိစေလိမ့်မယ်လို့ယူဆပါတယ်လို့ မလေးရှားလက်ရွေးစဉ်ဟောင်း ၁၉၉၆ ခုနှစ် အတ္တလန်တာအိုလံပစ်ပြိုင်ပွဲရဲ့ ကြေးတံဆိပ် ဆုရှင် Rashid Sidek ကဆိုပါတယ်။
၂၀၁၈ ခုနှစ်ထဲက အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွေမှာ ထိုးဖေါက်အနိုင်ယူနေတဲ့ ဂျပန်ကြက်တောင်သမား လောလောဆယ် ကမ္ဘာ့နံပါတ်တစ် Kento Momota ရဲ့ ကစားတဲ့စတိုင်နဲ့ လူလုပ်ကြက်တောင်နဲ့တော့ ကိုက်ညီမှု့ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကြက်တောင် ကစားနည်းကျွမ်းကျင်သူဖြစ်လို့ သူ့ရဲ့ ဖန်စီကစားကွက်တွေနဲ့ ကစားသွားနိုင်ပါလိမ့်မယ်။
လက်ရှိချံပီယံ တရုပ်ကြက်တောင်သမား Chen Long တို့ Shi Yuqi တို့လည်းအတော်ကျိုးစားကစားရပါလိမ့်မယ် လို့ Rashid Sidek ကသုံးသပ်သွားပါတယ်။
ဒါပေမဲ့ ခုနေခါမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတွေရော၊ ၂၀၂၀ ဂျပန်အိုလံပစ် ပြိုင်ပွဲရော ရက်ရွေ့ဆိုင်းထားခဲ့ ရတာကြောင့် BWF အနေနဲ့ ကနဦးအစီအစဉ်အတိုင်း လူလုပ်ကြက်တောင်တွေကိုနောင်နှစ်မှာစတင်အသုံးပြုဖို့ မဖြစ်နိုင်လောက်သေးပါ ဘူး။ နောက်ထပ်တစ်နှစ်လောက် ထပ်ကြာသွားနိုင်မယ်လို့ ကြက်တောင်လောကသားတွေ ခန့်မှန်းနေကြပါတယ်။ လောလောဆယ်တော့ ကြက်တောင်သမားတွေရော နည်းပြဆရာတွေရော အသစ် ထွက်လာမဲ့ Synthetic Feather Shuttle C**k ရဲ့အရည်အသွေး ကိုမယုံရဲသေးလို့ ပြိုင်ပွဲမှာသုံးဖို့ တုံ့နှေးနေပါသေးတယ် လို့ဆိုပါတယ်။
Source : New Strait Times
နိုင်လွန်ကြက်တောင်ရဲ့ ရှေ့အလားအလာ ( Zaw Gyi version)
ကြက်တောင်ကစားသမားအများစုရဲ့ အခက်အခဲတစ်ခုကကြက် တောင်ဖိုးပါ။ တိရစ္ဆာန်တွေကထုတ်ယူရတဲ့ ဘဲတောင်၊ ဘဲငန်း တောင်တွေဟာ သဘာဝကနေထုတ်ယူရလို့ ပေါပေါများများမရ နိုင်ပါဘူး၊ ဒီတော့ အရည်အဗသွး ကောင်းတဲ့ ဘဲငန်းတောင်တွေနဲ့လုပ် တဲ့ ကြက်တောင်တွေက ဈေးကြီးပါတယ်။ ပြီးတော့ သိပ်လည်းအ သုံးမခံတော့ ပစ်ရတဲ့အလေအလွင့်တွေများတယ်။ စွန့်ပစ်ပစ္စည်း တွေကြောင့် ပါတ်ဝန်းကျင်ထိခိုက်မှု့တွေရှိတယ်။
ဒါတွေကြောင့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ( BWF ) က လူလုပ် ပစ္စည်းနဲ့ထုတ်လုပ်တဲ့ ( Synthetic Shuttle c**k) တွေနဲ့ အစား ထိုးဖို့စတင်ကြိုးပမ်းလာပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာ ပလပ်စတစ်ကြက်တောင်တွေလည်းရှိနေပြီးဖြစ်ပါတယ်။ လေ့ကျင့် ဖို့အတွက် ဈေးတွက်ကိုက်တဲ့ ပလပ်စတစ်ကြက်တောင်တွေကို သုံး နေပါပြီ။ လူသုံးများလာတဲ့အမျှ ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း အရည်အသွေးကောင်းလာအောင် ၊ ဘဲတောင်နဲ့ပျံသန်းပုံခြင်း အနီး ကပ်ဆုံးတူတဲ့ ပလပ်စတစ်ကြက်တောင်တွေထုတ်လုပ်နိုင်အောင် ကြိုးပမ်းလာနေကြပြီဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာပဲ BWF က နောက်နှစ် ၂၀၂၁ ကစပြီး အင်တာနေရှင်နယ်ပြိုင်ပွဲ အဆင့်အားလုံးမှာ ပလပ်စတစ်ကြက် တောင်တွေနဲ့ ယှဉ်ပြိုင်ခွင့်ပြုလိုက်ကြောင်း BWF ရဲ့ မန်နေဂျာ Lloyd Green Communications and Media က ကြေညာခဲ့ ပါတယ်။ အင်တာနေရှင်နယ်ပြိုင်ပွဲတွေမှာသုံးဖို့ လူလုပ်ကြက် တောင်ထုတ်လုပ်မဲ့ကုမ္ပဏီတွေဟာ BWF ရဲ့ စံချိန်စံညွှန်းတွေ ပုံစံတွေအတိုင်းထုတ်လုပ်ရမှာဖြစ်ပြီး BWF ရဲ့ခွင့်ပြုချက်ကိုရယူ ရမှာဖြစ်ပါတယ်။
ပိုမိုကြံ့ခိုင်မှရှိပြီး အသုံးခံတဲ့လူလုပ်ကြက်တောင်ကို YONEX Company ကြီးရဲ့ နည်းပညာအကူအညီနဲ့ ထုတ်လုပ်ပြီး ပထမ ဦးဆုံးခွင့်ပြုပေးခဲ့တယ်လို့ BWF ကပြောပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ စမ်းသပ်မှု့တွေနဲ့ ရှေ့ပြေးကြက်တောင်နမူနာတွေကို Yonex ရဲ့ ထုတ်လုပ်မှု့ ပရောဂျက်တွေမှာ စမ်းသပ်တီထွင်ခဲ့ပြီး နောက်ဆုံးမှာ မနှစ်က BWF ရဲ့ အပြည်ပြည်ဆိုင်ရပြိုင်ပွဲ ၃ ပွဲမှာ လူလုပ်ကြက် တောင်အသစ်ကို စမ်းသပ်သုံးစွဲခဲ့ပါတယ်။ အဲဒီစမ်းသပ်မှု့တွေအရ Yonex Synthetic ကြက်တောင်တွေဟာ အသုံးပိုခံတယ်။ စီးပွားတွက် လည်းကိုက်တယ်၊ တစ်ချိန်တည်းမှာ သဘာဝဘဲတောင်နဲ့လုပ်တဲ့ ကြက်တောင်ကော့တွေလိုပဲ ပျံသန်းမှု့နဲ့ လုပ်ဆောင်ချက်တွေမ တိမ်းမယိမ်းဖြစ်တယ်လို့ သုံးစွဲတဲ့ ကစားသမားတွေဆီက ပြန်ကြား ရကြောင်း Lloyd ကပြောပါတယ်။
စမ်းသပ်မှု့အမျိုးမျိုးကနေ ပလပ်စတစ်ကော့တွေဟာ ကြက်တောင် သုံးစွဲရမှု့ ကို ၂၅ % အထိလျော့ချနိုင်ခဲ့ ပြီးပါတ်ဝန်းကျင်ထိန်းသိမ်း ရေးနဲ့ စီးပွားတက်ချေကိုက်မှု့ကိုလည်း သိသိသာသာတိုးတက်စေ ခဲ့တာတွေ့ရှိရပါတယ်။
BWF ရဲ့ခွင့်ပြုချက်ရရှိထားတဲ့ မည်သည့်အမှတ်တံဆိပ်ပါတဲ့ လူလုပ် ကြက်တောင် ( Synthetic Shuttle C**k ) အသစ်ကိုသုံးမလဲဆို တာတော့ ပြိုင်ပွဲလက်ခံကျင်းပတဲ့ အဖွဲ့အစည်းက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
လူလုပ်ကြက်တောင် ( Synthetic feather Shuttle C**k) ကို ကျယ် ကျယ်ပြန့်ပြန့်သုံးစွဲလာဖို့ကတော့ နှစ်အနည်းငယ် အချိန်ယူရမယ် လို့မျှော်လင့်ပါတယ်။ ဒီအတောအတွင်းမှာတော့ လူလုပ်ကြက် တောင်တွေ ထုတ်လုပ်မှု့တိုးတက်လာမှာဖြစ်ပြီး ဈေးကွက်က လို အပ်သလောက် တိုးတက်ထုတ်လုပ်လာနိုင်ပါမယ်။
သဘာဝကြက်တောင်နဲ့ လူလုပ်ကြက်တောင်ရဲ့ မတူခြားနားချက် တွေကို ကျဉ်းမြောင်းစေပြီး လက်ခံနိုင်တဲ့အခြေအနေရောက်ရှိစေဖို့ ယခုအခါ BWF က ပစ္စည်းထုတ်လုပ်ဖို့လိုအပ်မဲ့ အခြေခံနည်းပညာ တွေကို လိုအပ်သလိုမွမ်းမံပြင်ဆင်ပြီးထုတ်ပြန်ပေးနေပါတယ်။
နောက်နှစ် အကယ်၍ လူလုပ်ကြက်တောင် ( Synthetic feather shuttle ) တွေသာ ပြိုင်ပွဲတွေမှာသုံးခဲ့ရင် မလေးရှားကြက်တောင် လက်ရွေးစဉ် Lee Zii Jia တို့၊ တိုင်ဝမ်ကြက်တောင်လက်ရွေးစဉ် ကမ္ဘာ့နံပါတ် ၂ Chou Tien တို့ ဒိန်းမတ်ကြက်တောင်လက်ရွေးစဉ်နဲ့ ကမ္ဘာ့နံပတ်၁ ကြက်တောင်သမားဟောင်း Viktor Axelsen တို့လို အကြမ်းစား smash တွေနဲ့တိုက်စစ်ဆင်ကစားတဲ့ သူတွေအတွက် ပိုမိုအကျိုးရှိစေလိမ့်မယ်လို့ယူဆပါတယ်လို့ မလေးရှားလက်ရွေးစဉ် ဟောင်း ၁၉၉၆ ခုနှစ် အတ္တလန်တာအိုလံပစ်ပြိုင်ပွဲရဲ့ ကြေးတံဆိပ် ဆုရှင် Rashid Sidek ကဆိုပါတယ်။
၂၀၁၈ ခုနှစ်ထဲက အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွေမှာ ထိုးဖေါက်အ နိုင်ယူနေတဲ့ ဂျပန်ကြက်တောင်သမား လောလောဆယ် ကမ္ဘာ့နံပါတ် တစ် Kento Momota ရဲ့ ကစားတဲ့စတိုင်နဲ့ လူလုပ်ကြက်တောင် နဲ့တော့ ကိုက်ညီမှု့ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူက ကြက်တောင် ကစားနည်းကျွမ်းကျင်သူဖြစ်လို့ သူ့ရဲ့ ဖန်စီကစား ကွက်တွေနဲ့ က စားသွားနိုင်ပါလိမ့်မယ်။
လက်ရှိချံပီယံ တရုပ်ကြက်တောင်သမား Chen Long တို့ Shi Yuqi တို့လည်းအတော်ကျိုးစားကစားရပါလိမ့်မယ် လို့ Rashid Sidek ကသုံးသပ်သွားပါတယ်။
ဒါပေမဲ့ ခုနေခါမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲတွေရော၊ ၂၀၂၀ ဂျပန်အိုလံပစ် ပြိုင်ပွဲရော ရက်ရွေ့ဆိုင်းထားခဲ့ ရတာကြောင့် BWF အနေနဲ့ ကနဦးအစီအစဉ်အတိုင်း လူလုပ်ကြက် တောင်တွေကိုနောင်နှစ်မှာစတင်အသုံးပြုဖို့ မဖြစ်နိုင်လောက်သေးပါ ဘူး။ နောက်ထပ်တစ်နှစ်လောက် ထပ်ကြာ သွားနိုင်မယ်လို့ ကြက် တောင်လောကသားတွေ ခန့်မှန်းနေကြပါတယ်။ လောလောဆယ် တော့ ကြက်တောင်သမားတွေရော နည်းပြဆရာတွေရော အသစ် ထွက်လာမဲ့ Synthetic Feather Shuttle C**k ရဲ့အရည်အသွေး ကိုမယုံရဲသေးလို့ ပြိုင်ပွဲမှာသုံးဖို့ တုံ့နှေးနေပါသေးတယ် လို့ဆိုပါတယ်။
Source : New Strait Times