17/10/2020
Premier League ( ၅ ) ပွဲဆက်ဂိုးသွင်းထားတဲ့ Lewin
Merseyside ပွဲတို့ ထုံးစံအတိုင်း အကြိတ်အနယ်နဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ Liverpool အသင်းဟာ အဲဗာတန် အိမ်ကွင်းမှာ သရေ ( ၁ ) မှတ်ဖြင့်သာ ကျေနပ်ခဲ့ရပြီး နောက်ဆုံး ( ၃ ) ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပါတယ်။ အဲဗာတန်အတွက် ဒုတိယချေပဂိုး သွင်းယူပေးခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူး Lewin ဟာ Premier League ရာသီအစ မှာ ( ၅ ) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ Lewin ဟာ ယခုရာသီမှာ အဲဗာတန်အတွက် ပြိုင်ပွဲစုံ ( ၇ ) ပွဲကစားထားပြီး ( ၁၀ ) ဂိုးထိ သွင်းယူထားနိုင်တဲ့ သူလည်း ဖြစ်ပါတယ်။