Fitty by Hazel

Fitty by Hazel Precious lifestyle & Self-awareness

ယနေ့ကျရောက်သော သတင်းကျွတ်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့ Hazel မှ ဆုမွန်ကောင်း...
06/10/2025

ယနေ့ကျရောက်သော သတင်းကျွတ်အခါသမယလေးမှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့ Hazel မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

31/07/2025

ရေသောက်နည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများကို Hazel နဲ့တူတူလေ့လာကြည့်ရအောင်🍀

၁။ ရေဓာတ်ခန်းခြောက်ခြင်း (Dehydration)✨✨✨

- ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေဓာတ်မရှိရင် အားနည်းခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးပေါင်ကျခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
- ပြင်းထန်ရေဓာတ်ခန်းခြောက်ပါက သတိလစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အသက်အန္တရာယ်ရှိခြင်း အထိ ဖြစ်နိုင်ပါတယ်။

၂။ ဆီးနဲ့ဆိုင်သော ပြဿနာများ ✨✨✨✨✨

- ရေနည်းရင် ဆီးအရောင်ရင့်ပြီး အနံ့ပြင်းလာမယ်။
- ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဖြစ်နိုင်ခြေ များပါတယ်။
- ကျောက်ကပ်ကျောက်တည်ခြင်း (Kidney Stones) ကို ဖြစ်စေနိုင်ပါတယ်။

၃။ အသားအရေနဲ့ဆိုင်သော ပြဿနာများ✨✨✨✨

- အသားအရေ ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အရေးအကြောင်းများ ပိုထင်လာခြင်း။
- ဝက်ခြံနဲ့ အဆီဖုများ ပိုဖြစ်နိုင်ပါတယ်။

၄။ အစာခြေစနစ်ထိခိုက်ခြင်း✨✨✨✨✨✨

- ဝမ်းချုပ်ခြင်း (ရေနည်းရင် အူလှုပ်ရှားမှုနှေးကွေးပြီး ဝမ်းမာစေပါတယ်)။
- အစာအိမ်အနာဖြစ်နိုင်ခြေ များပါတယ်။

၅။ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ထိခိုက်မှုများ✨✨

- အာရုံစူးစိုက်မှုနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်း။
- စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း။
- ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း။

၆။ ဇီဝကမ္မဖြစ်စဉ်နှေးကွေးခြင်း (Metabolism Slow Down)✨✨✨✨✨✨✨✨✨✨

- ဇီဝကမ္မဖြစ်စဉ်အတွက် ရေလိုအပ်ပြီး ရေနည်းရင် ကယ်လိုရီလောင်ကျွမ်းမှု နှေးကွေးကာ ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

၇။ ကြွက်သားနာကျင်ကိုက်ခဲခြင်း✨✨✨✨✨

- ရေဓာတ်နည်းရင် ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်း ဖြစ်နိုင်ပါတယ်။

✨✨✨✨✨✨✨✨✨✨✨✨✨
ကဲဒါဆို -ရေဓာတ်မဆုံးရှုံးအောင်ဘယ်လိုလုပ်ကြမလဲ
——————————————————————-
✔ **တစ်နေ့ကို ရေ ၈-၁၀ ခွက် (၂-၃ လီတာ) သောက်ပါ။**
✔ ကော်ဖီ၊ အရက်၊ ဆိုဒါ သောက်ပါက ရေပိုသောက်ပါ

(အချို့သောက်စရာများက ရေဓာတ်ဆုံးရှုံးစေနိုင်သည်)။

✔ ရေဓာတ်ပါသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ - ဖရဲသီး၊ သခွားမွှေး) စားပါ။

✔ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပါက ရေဓာတ်ဖြည့်အချိုရည် (Electrolyte Drinks) သောက်ပါ။
✨ရေသောက်နည်းခြင်းကိုမပေါ့ဆပဲနေ့စဉ်လုံလောက်စွာသောက်သုံးဖို့အရေးကြီးပါတယ်နော်


31/07/2025

✨🏋🏻‍♀️

31/07/2025
31/07/2025

-fitnessmotivation

27/07/2025
12/07/2025

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

01/11/2023

ဘယ်အချိန်ကြည့်ကြည့် အမြဲ ပြုံးပီး weight မတဲ့အမ😆 ပျော်ပျော်ရွှင်ရွှင် ပဲ Gym ကိူအမြဲလာ
ဆော့တယ် ချစ်တယ် တကယ်ချစ်တယ် စကားနားထောင်လို့ ပိုလှအောင် ထပ်ပီးတူတူကြိုးစားကြမယ်နော်💪😍💖 Hninmyat Naw လပ်ယူ😍

30/08/2023

“မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ခြင်းဟာ ဘယ်လောက်အရေးကြီးသလဲ”

🔳 စိတ်လေတဲ့အခါ၊ စိတ်ညစ်၊ စိတ်ဖိစီးတဲ့အခါတွေ ကြုံဖူးကြမယ် ထင်ပါတယ်။ အဲဒီအခါ စိတ်က Willpower တွေ ကျလာတယ်။ ထိန်းချုပ်နိုင်စွမ်းတွေ နည်းလာတယ်။ စားချင်ရာ စားတယ်။ ရုပ်ရှင်တွေချည်း တစ်ချိန်လုံး ထိုင်ကြည့်တယ်။ ဆိုရှယ်မီဒီယာ သုံးတယ်။ ဂိမ်းဆော့တယ်။ ကိုယ်လက်လှုပ်ရှား မလုပ်ချင်တော့ဘူး။ ဆေးလိပ်တွေ၊ အရက်တွေ သောက်သုံးမိမယ်။

တဖြည်းဖြည်း ကိုယ့်ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ဒါတွေ ထိခိုက်လာသလို၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း ကျဆင်းလာတယ်။

စိတ်ညစ်တော့ လုပ်မိလုပ်ရာလုပ်။ လုပ်ပြီးတော့ တစ်ခါ စိတ်ပိုညစ်နဲ့ သံသရာလည်နေတော့တာပေါ့။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတစ်ခုခု ထားထားတာ၊ နေ့စဉ် Target တွေ၊ Goal တွေ ချထားတာ၊ ဘောင်ခတ်ထားတာက စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ စည်းမဲ့ကမ်းမဲ့၊ စည်းလွတ်ဘောင်လွတ် မနေမိတော့ဘူး။

🔳 စည်းကမ်းဆိုတာမှာ အမျိုးမျိုး ဖြစ်နိုင်တယ်။

• နေ့စဉ် ၁၅ မိနစ် Meditation လုပ်တာ
• တစ်ပတ်ကို ဘယ်နှရက်ပဲ ရုပ်ရှင်ကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အရက်သောက်မယ်၊ တစ်နေ့ကို ဆိုရှယ်မီဒီယာ ဘယ်နှနာရီပဲ သုံးမယ် ဆိုတာမျိုး ကန့်သတ်ထားတာ
• ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ
• တစ်​နေ့ ​ခြေလှမ်း ၁ ​သောင်း ​လျှောက်တာ
• Intermittent Fasting လို့ခေါ်တဲ့ (လွယ်လွယ်ပြောရရင်) ညစာမစားဘဲ နေတာ
• သကြား/ အယ်ကိုဟော လုံးဝရှောင်တာ
• ညဆို ဘယ်နှနာရီ နောက်ဆုံးအိပ်ပြီး မနက်ကို ဘယ်နှနာရီ ထမယ်၊ တစ်နေ့ စာဘယ်နှနာရီ ဖတ်မယ်၊ တစ်လစာ အသုံးစရိတ် ဘယ်လောက်ပဲ သုံးမယ် ဆိုပြီး သတ်မှတ်ထားတာ စသဖြင့်ပေါ့။

အတိုချုပ်ပြောရရင် လုပ်ရမှာတွေရယ်၊ ရှောင်ရမှာတွေရယ်၊ လျှော့ရမှာတွေရယ်ကို သေချာစဉ်းစား ရွေးချယ်ဖို့ပါပဲ။

🔳 Target တွေတော့ ချထားပြီး လက်တွေ့မလုပ်ဖြစ်ရင်လည်း အလကားပဲ။ ဒါကြောင့် Attainable - ဖြစ်နိုင်လောက်တာကို ရွေး။ ရွေးပြီးရင်လည်း ဘာအကြောင်းနဲ့မှ မပျက်စေနဲ့။ Excuse မပေးနဲ့။

ဥပမာ ဒီတစ်လလုံး Alcohol ရှောင်မယ် တွေးထားရင် မဖြစ်ဖြစ်အောင် လုပ်။ အပေါင်းအသင်းကောင်းလို့ နည်းနည်းသောက်မယ် မလုပ်နဲ့။ ၁၀၀% ထက် ၉၉% က ပိုခက်တယ်တဲ့။ ဆိုလိုတာက နည်းနည်းလောက် စလိုက်တာနဲ့ ဆက်တိုက်ဆက်တိုက် လုပ်ဖြစ်သွားတော့မှာပဲ။ ၉၉% မှာ ထိန်းထားနိုင်တယ် ဆိုတာ မရှိဘူး။ မလုပ်ရင်လည်း လုံးဝအရှင်း မလုပ်မှပဲ ပိုအဆင်ပြေမယ်။

အစရှိ အနောင်နောင်တို့၊ မထူးဇာတ်ခင်းလိုက်ပြီတို့လို စကားတွေတောင် ရှိသေးတယ်မို့လား။ ကိုယ့်စိတ်ကို တစ်ခါလွှတ်ပေးလိုက်တာနဲ့ နောက်ထပ်လည်း လုပ်ဖြစ်ဖို့ရာ လွယ်သွားလိမ့်မယ်။

🔳 အဲဒီလို စည်းကမ်းတစ်ခုအောက်မှာ နေနိုင်လာတဲ့အခါကျ Willpower တွေ တက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ လေးစားမှု ပိုအားကောင်းလာတယ်။ ဝိတ်ချဖူးသူတွေ၊ Body Transformation လုပ်ဖူးသူတွေဆို သိလိမ့်မယ်။ လှသွားလို့၊ ကြည့်ကောင်းသွားလို့ ဆိုတာထက် ငါ ဒါကြီးကို လုပ်နိုင်ခဲ့တယ် ဆိုတဲ့အသိ၊ နေ့စဉ်မှန်မှန် Gym သွားတယ်၊ စည်းကမ်းတကျ စားသောက်နေထိုင်တယ် ဆိုတဲ့ လူနေမှုပုံစံက Self-esteem ကို မြင့်တက်စေတာ။ အရင်လိုကို ပြန်မနေချင်တော့ဘူး။ ဒီပုံစံကိုပဲ ဆက်ပြီး ထိန်းချင်သွားတယ်။ အရသာ သိသွားတဲ့သဘောပဲ။

🔳 ဆွဲဆောင်မှုတွေနောက် လိုက်မိတယ်၊ အပျော်အပါးတွေနောက် လိုက်မိတယ်၊ စိတ်မြန်လက်မြန်နဲ့ ရှေ့မကြည့် နောက်မကြည့် တုံ့ပြန်မိတယ် ဆိုတာ တကယ်တော့ Great victory ကို Small victory နဲ့ လဲလိုက်တာနဲ့ တူတယ်။

အလုပ်မှာ Customer နဲ့ ပြဿနာဖြစ်တယ်။ ငါ မှန်နေတာပဲ ဆိုပြီး ထိပ်တိုက်ရင်ဆိုင်လိုက်မယ်၊ ရန်ဖြစ်ပစ်လိုက်မယ်၊ Ss တွေ တင်ပစ်လိုက်မယ် ဆိုတာက Small victory အောင်ပွဲသေးသေးလေး။ နိုင်ချင်နိုင်သွားမယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တုံ့ပြန်ပုံကို ​တွေ့လိုက်တဲ့ တခြားလူတွေရဲ့ အမြင်မှာတော့ အထင်သေးစရာ ဖြစ်သွားနိုင်တယ်။ ဒီလိုဆို ပိုကြီးတဲ့အောင်ပွဲကို လက်လွှတ်လိုက်ရပြီပဲ ဆိုရမယ်။

ဒေါသသိပ်ကြီးတဲ့သူတွေ၊ အလွန်အမင်း တုံ့ပြန်ချင်တဲ့သူတွေ၊ ဆတ်ဆတ်ထိမခံ၊ သေးသေးတင်မခံနိုင်တဲ့သူတွေ သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့အခါ သည်းခံသင့်ရင် သည်းခံရတယ်။ ခံစားချက်ကို ထိန်းချုပ်နိုင်ရတယ်။ သဘောထားကြီးနိုင်ရတယ်။ မဟုတ်ရင် ဘာမှမရေးပါတဲ့ ကိစ္စလေးအတွက်နဲ့ ပြန်ပေးဆပ်လိုက်ရတာတွေ အများကြီး ဖြစ်သွားတတ်လို့ပါ။

🔳 ခုလိုတွေ စားသောက်နေထိုင် ပြုမူနေတာက ခဏတာ စိတ်ပျော်ရွှင်စေတဲ့ Small Victory. ဒီလိုနဲ့ ကြာလာတဲ့အခါ ကျန်းမာရေးကောင်းခြင်း ဆိုတဲ့ Great victory ကို လက်လွှတ်လိုက်ရတယ်။

အပြင်တွေလျှောက်သွား၊ ပျော်ပါးနေရတာက Small Victory. အဲဒီလို နေပါများလာတော့ ဘဝဆိုတဲ့ တိုက်ပွဲရောက်တဲ့အခါ၊ သူတင်ကိုယ်တင် ပြိုင်ရတော့မယ် ဆိုတဲ့အခါလည်းကျရော၊ ခွက်ခွက်လန် ရှုံးရော။

အခု ဖေ့စ်ဘွတ်သုံးရင်း မြင်မိတဲ့ ပစ္စည်းလေးတစ်ခုကို ဝယ်လိုက်ရတယ်ဆို အဲဒါ Small Victory. ကိုယ့်ပညာရေး သို့မဟုတ် အလုပ်အကိုင်အတွက် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်ဖို့ကျ ပိုက်ဆံမရှိတော့ဘူး။

ခုလက်ရှိမှာ ထိန်းချုပ်နိုင်လိုက်ရင် နောင်အနာဂတ်မှာ ပိုကြီးတဲ့အောင်ပွဲတွေ၊ ရလဒ်တွေ ဖြစ်လာမှာကို သိလျက်နဲ့ မထိန်းနိုင်ကြတာပေါ့။ ဒါကြောင့်မို့လည်း Self-control ဟာ သိပ်အရေးကြီးတယ်လို့ ပြောရတာပါ။

🔳 စိတ်ရဲ့အလုပ်ဖြစ်လို့ စိတ်ရဲ့သဘောသဘာဝအတိုင်းပဲ “Process ဖြစ်တယ်။ Event မဟုတ်ဘူး။” အခုတစ်ခါမှာ Self-control မြင့်မြင့်မားမား ရှိနေလို့ အမြဲတမ်း ရှိနေမယ် မျှော်လင့်လို့ မရဘူး။ စိတ်ဖိစီးစရာ၊ စိတ်ညစ်စရာ၊ စိတ်ဓါတ်ကျစရာတွေ များလာရင် Self-control က ပြန်ကျသွားရော။ ဒီအတွက် တောက်လျှောက် ထိန်းသိမ်းသွားဖို့ လိုပါတယ်။

ကြွက်သားတစ်ခုလို သဘောထားကြည့်လို့လည်း ရတယ်။ ကိုယ်က သန်မာအောင် လုပ်လေ၊ သန်မာလေ။ ပစ်ထားတာ များလေ၊ အားမရှိတော့လေပဲ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လွှတ်မထားပါနဲ့။ နေချင်သလို မနေပါနဲ့။ စိတ်ထွက်ပေါက် လိုတာ နားလည်ပေမဲ့ လွှတ်ပေးထားတာ များတဲ့အခါ ကိုယ့်ဆီ ပြန်ကိုမလာတော့တာမျိုး ဖြစ်တတ်တယ်။

ဘောင်တစ်ခုတော့ အနည်းဆုံးခတ်ထားပါ။ အဲဒီစည်းဘောင်ထဲမှာ နေနိုင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် လေးစားမှုလည်း မြင့်တက်လာမယ်။ ယုံကြည်မှု ရှိလာမယ်။ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ ပေါင်းသင်းဆက်ဆံရေး အဘက်ဘက်မှာလည်း အရင်ထက်စာရင် ပိုတိုးတက် ကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။


Hazel လည်း Midas Fitness နဲ့အတူရှိမှာမို့ Fitties တို့လာရောက်ခဲ့ကြဖို့ ထပ်မံ ဖိတ်ခေါ်အပ်ပါတယ်နော်😍😘😍
17/08/2023

Hazel လည်း Midas Fitness နဲ့အတူရှိမှာမို့ Fitties တို့
လာရောက်ခဲ့ကြဖို့ ထပ်မံ ဖိတ်ခေါ်အပ်ပါတယ်နော်😍😘😍

📣မည်သူမဆိုလာရောက်ပါဝင်နိုင်တဲ့ Zumba workout အစီစဉ်📣
အမျိုးသမီးအားကစားအဖွဲ့ချုပ်ကနေ မေတ္တာနဲ့ကူညီပံံပိုးပေးထားတဲ့ Indoor space area(ဒဂုံမြို့နယ် အိုလံပစ်ဟိုတယ်ဝန်း)မှာ လာမည့် ၁၂.၈.၂၀၂၃ ရက်နေ့ မှ စ စနေနေ့ မနက် ၇:၀၀မှ ၈:၀၀နာရီတိုင်း ကျွန်တော်ရှိနေပါမယ်။ဒဂုံမြို့နယ်နဲ့နီးတဲ့ ချစ်ရသူတိုင်းပါဝင်လို့ရပါပြီ💪🏻ဒါ့အပြင်နောက်ထပ် Instructor ၂ဦးဖြစ်တဲ့ ဆရာမ Tina ဆရာZuuko တို့ကလည်းအတူရှိနေပြီးအားဖြည့်ပေးအုန်းမှာဖြစ်ပါတယ်💪🏻ဒါ့ကြောင့်မို့အဖွဲ့လိုက် အပေါင်းအဖော်သူငယ်ချင်းတွေနဲ့ အားကစားလုပ်ချင်တဲ့သူတွေ Zumba ကချင်တဲ့သူတွေအကုန် မည်သူမဆိုလာရောက်ပါဝင်နိုင်တဲ့အကြောင်းကိုလည်းသတင်းကောင်းပါးလိုက်ပါတယ်။ 📣📣📣 ကျွန်တော်တို့နဲ့အတူတူကျန်းမာတဲ့အနာဂတ်နေ့ရက်တွေဆီ အရောက်သွားဖို့ အကုန်လုံးကိုအမြဲကြိုဆိုနေပါတယ်ခင်ဗျာ😍😍

လိပ်စာ-အိုလံပစ်ဟိုတယ်၊အမျိုးသားရေကူးကန်ဝင်းအတွင်း၊အားသုံးထပ်လေ့ကျင့်ရေးဆောင်မြေညီထပ်။
ဖုန်း-095033606။

Address

Yangon

Telephone

+959966261432

Website

Alerts

Be the first to know and let us send you an email when Fitty by Hazel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share