10/03/2023
ဒီနေ့ကတော့ အာဆင်နယ် မန်နေဂျာ Mikel Arteta Amatiriain အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်
Mikel Arteta Amatiriain
Mikel Arteta ကို 26 March 1982 ခုနှစ်မှာေမွးပါတယ်။Spanish Football Manager ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့အခုအချိန်ထိ Arsenal အသင်းရဲ့Manager အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။
ဘောလုံးကစားခြင်းနဲ့အသက်မွေးတာကိုတော့ Barcelona အသင်းနဲ့အတူ 1999ခုနှစ်မှာစတင်ပါတယ်။2001ခုနှစ်မှာ PSG ကိုအငှားချခြင်းခံရပါတယ်။2002-2003 မှာတော့ Rangers ကိုအပြီးပြောင်းသွားပါတယ်။ Rangers မှာ 2002-2004 အထိကစားပြီး Scottish Premier League 1ကြိမ်နဲ့ Scottish League Cup 2 ကြိမ်ရယူပေးခဲ့တယ်။ 2004 မှာ Real Sociedad ကိုပြောင်းသွားတယ်။2005 မှာEverton ကိုအစမှာ အငှားနဲ့ပြောင်းလာပေမဲ့နောက်ပိုင်းမှာ Everton ကိုအပြီးပြောင်းသွားတယ်။2011 မှာ Arsenal ကိုပြောင်းသွားပြီး FA Cup 2ကြိမ် ရရှိအောင် ကူညီေပးခဲ့တယ်။2016 ဘောလုံးကစားခြင်းမှအနားယူခဲ့တယ်။
အနားယူပြီးတဲ့နောက် Manchester City အသင်းရဲ့နည်းပြ Pep Guardiola လက်အောက်မှာ Assistant Coach အနေနဲ့တာဝန်ယူခဲ့တယ်။2019 မှာArsenal အသင်းကို နည်းပြချုပ်အနေနဲ့ပြန်လာပြီးအဲဒီနှစ်မှာပဲ FA Cup ကိုရယူပေးခဲ့တယ်။2020 မှာ အသင်းရဲ့Manager အဖြစ်ပြောင်းလဲတာဝန်ယူခဲ့ပြီးယနေ့အထိတာဝန်ထမ်းဆောင်နေတယ်။