DarkStic

DarkStic စာပေချစ်မြတ်နိုးသူများ

05/03/2023

အရာရာတိုင်းမှာ သူ့အလှနဲ့သူရှိပီးသားပါ...🌿🖤

04/03/2023

ဆရာကိုသျှား ရဲ့ကဗျာဖတ်ရင်းလှူလို့ရပါပြီရှင်။

https://readpoemtodonate.blogspot.com/2023/03/blog-post_4.html

Note : VPN ကို US/ UK ထားပြီးလင့်တစ်ခုထဲမှာ ၁၀ စက္ကန့်လောက်နေပေးပါ။

#ကိုသျှား
#ကဗျာဖတ်ရင်းလှူ

04/03/2023

မပျော်ရတဲ့ ကာလမှာ
ပျော်ရမယ့် တစ်နေ့ကို မျှော်လင့်ရင်း
အသက်ဆက်ရတဲ့ ဒီလိုရက်တွေဟာ
ဘယ်လောက်ပဲ အားတင်းနေနေ
အချို့ရက်တွေ အဆင်ကို ပြေမနေဘူး

“ငါရတယ်
ငါရတယ်” ဆိုပြီး အားတင်းဖြေနေရတာတွေလည်း မဖြေချင်တော့ဘူး

“တကယ်ကို ပြိုလဲနေတာဟ” ဆိုပြီး
စိတ်ရှိ လက်ရှိ ငိုချပစ်ချင်တဲ့ နေ့တွေ ညတွေ
မနည်းပါပဲ

ဖြေသာအောင် တွေးရမယ့်အရာ
ဘာမှ မရှိတဲ့ ဘဝ
အချိန်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေရမှတော့
ခုထိ တောင့်ခံနိုင်နေတာတောင် ဟုတ်လှနေပါပြီ

“ငါရှေ့ဆက်နိုင်မှာပါ” လို့
အားတင်းရင်းနဲ့ မျက်ရည်သာ ကျရင်ကျတာ
မွန်းကြပ်နေသမျှ ဖြေသာတဲ့အထိ
ဒီနေ့ကာလမှာ လှိုက်လှိုက်လှဲလှဲ ငိုခွင့်မရခဲ့ပါဘူး

ငါတွေးထားတယ် သိလား
မပျော်ရတဲ့ နေ့တွေကို
ဒီလောက်တောင် ကြံ့ကြံ့ခိုင်ပြီးမှတော့
ပျော်ရတဲ့နေ့အထိ ရောက်အောင်သွားမယ်

ငါငိုချင်လည်း
အဲ့ဒီ့နေမှ စိတ်ပေါ့သွားအောင် အားရပါးရ ငိုချမယ်
ရယ်ချင်ရင်လည်း ဟားတိုက်ပြီး ရယ်ချလိုက်မယ်

အလဲလဲ အကွဲကွဲနေ့တွေမှန်း သိနေပေမဲ့
ငါ အားတင်းထားတယ်
ပျော်ရမယ့်နေ့တွေတော့ အမြန်ရောက်ချင်တယ်…။

ဆြာချစ်
(၂၀၂၃ ဖေ ၂၆)

04/03/2023

အကြောင်းပြချက်မရှိပဲ မုန်းနေတတ်တာဟာ
မနာလိုခြင်းကြောင့် ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ သည်းခံနိုင်တာ
မေတ္တာတရားကြောင့် ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ စောင့်ထိန်းခြင်းဟာ
သူတော်ကောင်းစိတ်ဓာတ်ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ စိတ်ချမ်းသာနေတာဟာ
အကောင်းမြင်တတ်လို့ ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ ရိုးသားခြင်းဟာ
ကိုယ့်ရဲ့ စိတ်ရင်းမှန်ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ ချစ်မိသွားတာဟာ
အချစ်စစ်ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ ယုံကြည်ပေးတာဟာ
ရင်ဘတ်ချင်းနီးလို့ ဖြစ်တယ် ...

အကြောင်းပြချက်မရှိပဲ သံသယများတာဟာ
ကိုယ်တိုင်စိတ်မလုံလို့ ဖြစ်တယ် ...

အကြောင်းပြချက်မလိုပဲ ပျော်ပျော်နေတတ်တာဟာ
ဘဝနေနည်းကိုသိလို့ ဖြစ်တယ် ...

How do you live before you die ?
ဘဝဆိုတာ အသက်ရှင်နေတုန်းသာအဓိပ္ပာယ်ရှိတာ ...
ခုန်နေတဲ့ နှလုံးရပ်သွားတာနဲ့ ဘာမှမရှိတော့ဘူး ....
ဒါကြောင့် အသက်ရှင်နေတုန်းအချိန်ဟာ ဘဝမှာ အကောင်းဆုံးပါ ...
ကိုယ့်ကိုကို ချစ်ဖို့၊ကောင်းကောင်းဆက်ဆံဖို့
စိတ်ချမ်းသာအောင်ထားဖို့
လုံးဝမမေ့ပါနဲ့ ...
အကြောင်းပြချက်မလိုပဲ
ကျွန်တော်တို့ ကောင်းကောင်းရှင်သန်ကြရမယ် ..

👉 လေးစာစွာဖြင့် ..
👉 ပန်းပျိုးလက်
#နှလုံးသားအဟာရစာစုလေးများ

04/03/2023

သင်ယူလေ့လာမှုဆိုတဲ့အရာကို
ကျွန်တော်တို့ဘဝမှာ ချစ်တတ်ဖို့အရမ်းအရေးကြီးတယ်။

ကျွန်တော်တို့တွေကျောင်တွေကသင်​ပေးလိုက်တဲ့ပညာရေးတွေနဲ့ပဲတင်းတိမ်နေမယ်ဆိုရင်တော့
တိုင်ပက်ပြီး သာမာန်ဘဝကနေ
ဘယ်တော့မှရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။

သာမာန်လုပ်ရပ်နဲ့ပဲကျေနပ်နေရင်တော့
ဘဝကသာမာန်အတိုင်းပဲဖြစ်နေမှာအသေအချာပါပဲ။

တစ်ခါလောက်သာမာန်လုပ်ရပ်တွေက​နေရုန်းထွက်ကြည့်ဖို့လိုတယ်။

ကျွန်​တော်ခဏခဏပြောဖူးပါတယ် ပိုတော်တဲ့သူဆိုတာမရှိပါဘူး ပိုပြီးလေ့လာတဲ့သူပဲ ရှိပါတယ်။

Dr. Suess ပြောခဲ့တာလေး​တစ်ခုရှိတယ်။

"များများစာဖတ်တော့ များများသိလာတယ်။
များများလေ့လာတော့ သူများထက်ပို
အရှေ့ရောက်တယ် " တဲ့.....

ဒါကြောင့်သင်ယူမှုကိုအသက်ကြီးတဲ့အချိန်ထိ ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့သင်ယူမှုကိုရပ်တန့်လိုက်တဲ့နေ့ဟာ ကိုယ့်ဘဝနောက်ဆုံးအချိန်မှသာဖြစ်ပါစေ။

NyanHtet
တိမ်မြုပ်နေတဲ့ ဦးနှောက်စွမ်းပကားကို လှုပ်နှိုးလိုက်ပါ။

04/03/2023

လူတိုင်းမှာ ....
ကိုယ်ပိုင် ဘဝ
ကိုယ်ပိုင် အတွေ့အကြုံ
ကိုယ်ပိုင် ခံယူချက်
ကိုယ်ပိုင် အမူအကျင့်
ကိုယ်ပိုင် အကျင့်စရိုက် နဲ့
ကိုယ်ပိုင် ဗီဇဆိုတာ ရှိတယ် ။

အဲ့ဒီတော့
စာနာနားလည်တာတွေ
ရင့်ကျက်တည်ငြိမ်တာတွေ
ဖော်ရွေပျူဌာတာတွေ
ဒါတွေ အားလုံး ရှိနေပေးဖို့ မလိုအပ်သလို
အတင်းကြီး ကြိုးစားဖန်တီး နေဖို့လည်း မလိုအပ်ဘူး ။

အဓိက လိုအပ်တာက သူတပါးအပေါ်မှာ
အလွန်အကျွံ ထိခိုက်အောင် ခဏ ခဏ မလုပ်မိဖို့ပဲ ။

ဒါဆိုရင် ဘယ်လိုလူမျိုးနဲ့မဆို အဆင်ပြေပါတယ် ။

-မနောသီရိ-
-အတွေးနဲ့အမြင်စာစုလေးများ-

Address

Yangon

Website

Alerts

Be the first to know and let us send you an email when DarkStic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share