Flying Eagle Tae Kwon Do Club

Flying Eagle Tae Kwon Do Club Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Flying Eagle Tae Kwon Do Club, Sports, 14/5/166/, နန္ဒသူရိန်လမ်း, ရွှေပေါက်ကံ , မြောက်ဥက္ကလာပမြို့နယ်, Yangon.

🏆 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည် 🏆ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပသည့် မြို့နယ်ပေါင်းစုံ တိုက်ကွ...
10/06/2026

🏆 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည် 🏆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးမှူးကျင်းပသည့် မြို့နယ်ပေါင်းစုံ တိုက်ကွမ်ဒို ဝန်ကြီးချုပ်ဖလားပြိုင်ပွဲ တွင် ကျွန်တော်တို့ Flying Eagle Tae Kwon Do Club မှ မြောက်ဥက္ကလာပမြို့နယ် ကိုယ်စားပြုအနေဖြင့် ကကွက် (Poomsae) ပြိုင်ပွဲ တွင် သမီးလေး လင်းသန့်ရတီလတ် (အသက်14နှစ်)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မြို့နယ်ပေါင်းစုံမှ စုစုပေါင်း (၂၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သမီးလေး လင်းသန့်ရတီလတ်သည် အဆင့်ဆင့်ယှဉ်ပြိုင်အောင်မြင်ကာ ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်ခဲ့ပါသည်။
ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ခဲ့ရပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့သော်လည်း အနီးကပ်အမှတ်ကွာဟမှုဖြင့် ဒုတိယဆု (ငွေတံဆိပ်) ကို ဆွတ်ခူးရရှိခဲ့ပါသည်။
ဆုရရှိမှုထက် ပိုမိုတန်ဖိုးရှိသည်မှာ သမီးလေး၏ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လ၊ စည်းကမ်းရှိမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုတို့ပင် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ Flying Eagle Taekwondo Club မိသားစုအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ရှေ့ဆက်မည့် ပြိုင်ပွဲများတွင်လည်း ယခုထက်ပိုမိုတိုးတက်အောင်မြင်ပြီး မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်သည့် နိုင်ငံဂုဏ်ဆောင် ကစားသမားကောင်းတစ်ဦး ဖြစ်လာပါစေကြောင်း Flying Eagle Taekwondo Club မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လင်းသန့်ရတီလတ်သည်
Flying Eagle Club ၏
၂နှစ်ဆက်တိုက် Best Player ရရှိထားသော အသက်၁၄အရွယ်သာရှိသေးတဲ့ ကစားသမားဖြစ်ပါတယ်

💚🦅 FLYING EAGLE TAEKWONDO CLUB 🦅

29/05/2026
27/05/2026

2026 မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဥက္ကဌဖလား ပြိုင်ပွဲတွင်
Flying Eagle Tae Kwon Do Club မှ ကစားသမား (18) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး —
🥇 ရွှေတံဆိပ် 8 ဆု
🥈 ငွေတံဆိပ် 2 ဆု
🥉 ကြေးတံဆိပ် 12 ဆု
စသည်တို့ကို ဆွတ်ခူးရရှိခဲ့ပါသည်။ သင်ကြားပြသပေးခဲ့သော် ဆရာများနှင့်
ကြိုးစားလေ့ကျင့်ခဲ့ကြသော ကစားသမားသား/သမီးများ
အမြဲအားပေးကူညီပံ့ပိုးပေးကြသော မိဘများကို လေးစားဂုဏ်ယူပါတယ် 🙏
ရှေ့ဆက်သွားမဲ့ပြိုင်ပွဲများအတွက် ရှုံးနိမ့်မှုကို သင်ခန်းစာအဖြစ်ယူပြီးအောင်မြင်မှုကို အင်အားအဖြစ်ယူကာ အားကစားစိတ်ဓာတ်အပြည့်ဖြင့်ဒီထက်မက ပိုမိုကြိုးစားသွားကြပါစို့။ 🥋🔥
🎥ခုတင်ပေးတဲ့ Video ထဲတွင် ပါဝင်သည့် အပြာရောင်ဝတ်ဆင်ထားသော်
“မင်းသန့်နဒီလတ်” (ခါးစည်းအစိမ်း) အသက် (၉) နှစ်မှာ
ယခုပြိုင်ပွဲတွင် Flying Eagle Taekwondo Club ၏ အသက်အငယ်ဆုံးနှင့် အတိုက် ရွှေတံဆိပ် ဆွတ်ခူးပေးသော် ကစားသမားဖြစ်ပါသည်။ 👏🥋


🥇🥈🥉🥋

12/04/2026

Flying Eagle Taekwondo Club ၏ သင်တန်းသားကလေးများနှင့် မိဘများအတွက် သင်္ကြန်အကြို ပျော်ပွဲရွင်ပွဲကို ယနေ့အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
မုန့်လုံးရေပေါ်၊ ဘဲဥပဲကုလားဟင်း၊ ငါးနီတူခြောက်ကြော်တို့ဖြင့် ဧည့်ခံကျွေးမွေးကာ ကလေးငယ်များလည်း ပျော်ရွှင်စွာ ရေကစားခဲ့ကြပြီး အမှတ်တရကောင်းများစွာ ဖန်တီးနိုင်ခဲ့ပါသည်။
ဤပွဲလေး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အားပေးကူညီပေးကြသော မိဘများအားလုံး၏ စိတ်ရင်းစေတနာ၊ အချိန်နှင့် လက်တွေ့ပါဝင်ပြီးပံ့ပိုးမှုများကို Flying Eagle Taekwondo Club မှ အထူးကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်လည်း ကလေးများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘများနှင့်အတူ လက်တွဲကာ ပိုမိုကောင်းမွန်သော လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။
အားလုံးကို နှစ်သစ်ကူးသင်္ကြန်အချိန်အခါမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ မိသားစုနှင့်အတူ ပျော်ရွှင်စရာနေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

03/04/2026

သင်တန်း အချိန် ပုံမှန်အတိုင်းရှိပါတယ် နောက်ပွဲတွေ ပါဝင် ယှဉ်ပြိုင်ဖို့ နှင့် ခါးစည်း အဆင့် တိုးမြှင့်ဖြေဆိုနိုင်ရန် အတွက် သင်တန်း အချိန်များ မပျက်ကွက်ဖို့ အတတ်နိုင်ဆုံး ဇွဲလုံးလ ဝီရိယ ရှိရှိကြိုးစားပြီး တက်ရောက်ကြပါ
သင်တန်း အချိန်လေးတွေ က ကကွက်/ အတိုက် ဆိုပြီး သီးသန့် အချိန်လေး ခွဲထားတာ က သား/သမီး တို့ကို အတိုက်ရော ကကွက်ပါ ထူးချွန်ဖို့ ရည်ရွယ်ပြီး တကူးတက အချိန်ခွဲပြီး သင်ပေးတာ ဆရာတို့ သင်တန်း တခု ဘဲ ရှိတာ မို့ တန်ဖိုးအလေးထားပြီး သင်တန်းအချိန်လေးကိုတက်ရောက်ဖို့ တိုက်တွန်းပါတယ်
ဆရာ Nyein Chan Naung
ရဲ့ သင်တန်းသားအသစ်များအတွက်အမှာစကားလေးပါ

❤️သားလေး ဘုန်းသိခ် 💙
အသက် ၉ နှစ်မှာ Flying Eagle Taekwondo Club မှာ စတင်လေ့ကျင့်ခဲ့ပြီး၊ အခုအသက် ၁၀ နှစ်အရွယ်မှာပဲ Club အတွက် ဂုဏ်ယူဖွယ်ကောင်းတဲ့ အောင်မြင်မှုတွေကို ဆက်တိုက်ရယူပေးနိုင်တာ အလွန်ဂုဏ်ယူစရာကောင်းပါတယ်။
2025 Flying Eagle ဖိတ်ခေါ်ပြိုင်ပွဲမှာ ရွှေ ၂၊ ငွေ ၁
2025 အောင်ဆန်း ဖိတ်ခေါ်မှာ ငွေ ၂
2026 ပြည်ထောင်စုနေ့ အောင်ဆန်း ဖိတ်ခေါ်မှာ ရွှေ ၁
ရွှေပြည်သာ ဖိတ်ခေါ်မှာ ရွှေ ၁၊ ငွေ ၁၊ ကြေး ၁
ဆိုတဲ့ ဆုတံဆိပ်များစွာကို ကြိုးစားအားထုတ်မှု၊ စိတ်ဓာတ်ခိုင်မာမှု၊ မလျော့မပြေ ကြိုးစားမှုတို့နဲ့ ရယူပေးနိုင်ခဲ့တာဟာ သားလေးရဲ့ အရည်အချင်းနဲ့ အနာဂတ်အောင်မြင်မှုကို သက်သေပြနေပါတယ်။
သားလေးရေ…
အခုလို အသက်ငယ်ငယ်လေးနဲ့ စတင်ပြီး အောင်မြင်မှုတွေကို တစ်ဆင့်ချင်း တည်ဆောက်နိုင်တာက အရမ်းတန်ဖိုးရှိပါတယ်။ အရှုံးကို မကြောက်ဘဲ၊ အနိုင်ကို မမောက်မာဘဲ၊ ဆက်လက်ကြိုးစားသွားမယ်ဆိုရင် နောင်တစ်နေ့မှာ နိုင်ငံလက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် တက်လှမ်းနိုင်မှာ သေချာပါတယ်။
ကြိုးစားမှုကို မလျော့ပါနဲ့၊
စည်းကမ်းကို မချိုးဖောက်ပါနဲ့၊ဆရာ၊ မိဘတို့ရဲ့ လမ်းညွှန်မှုကို လေးစားလိုက်နာပါ။
အနာဂတ်မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာပွဲတွေမှာ အောင်ပွဲတွေ ဆက်လက်ရယူနိုင်မယ့် Taekwondo လက်ရွေးစင်တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပြီး Flying Eagle Tae Kwon Do Club ဆရာများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
သားလေး ဘုန်းသိခ် — မင်းရဲ့ အနာဂတ်ဟာ တောက်ပနေပြီ ✨🥋

02/04/2026

ရွှေပြည်သာ တိုက်ကွမ်ဒို ဖိတ်ခေါ်ပြိုင်ပွဲတွင်
Flying Eagle Taekwondo Club အသင်းမှ ကာလာတန်းသင်တန်းသားများနှင့် ဒီနှစ်နွေရာသီမှ တက်ရောက်သောသင်တန်းတက်ချိန် (၁) လသာရှိသေးသော သင်တန်းသားများအများစုနှင့်အတူ
စုစုပေါင်း (၄၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
အဆိုပါ ပြိုင်ပွဲတွင်—Colour တန်းမှအနီအနက် 5 ဦးယှဉ်ပြိုင်ရာ 4 ဦးရွှေ 1 ဦးငွေရရှိခဲ့ပြီး စုစုပေါင်း
🥇 ရွှေတံဆိပ် (၂၄) ဆု
🥈 ငွေတံဆိပ် (၃၈) ဆု
🥉 ကြေးတံဆိပ် (၂၉) ဆု
ကို ထူးချွန်စွာ ဆွတ်ခူးရရှိခဲ့ကြပါသည်။ 💪🔥
စိတ်ပင်ပန်း လူပင်ပန်းခံပြီး တက်တက်ကြွကြွနှင့် အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော
ကလပ်အသင်း ဂုဏ်ဆောင် သား/သမီးများအားလုံးကို အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။
ထို့အပြင် အမြဲတမ်းနောက်ကွယ်မှ ပံ့ပိုးအားပေးခဲ့ကြသော မိဘများအားလုံးကိုလည်း ကျွန်တော်တို့ Flying Egale Taekwondo Club မှ
အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏
ယခုရရှိထားသော အောင်မြင်မှုများအပေါ် ကျေနပ်တင်းတိမ်မနေဘဲ
နောင်လာမည့် ပြိုင်ပွဲများတွင် ပိုမိုတိုးတက်ပြီး
ဒီထက်ကြီးမားသော အောင်မြင်မှုများ ရရှိနိုင်ရန် ဆက်လက်ကြိုးစားကြပါစို့။ 💯
🎉 Flying Eagle Taekwondo Club အသင်းသားများအားလုံးအား
အထူးဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။ 🎉





Flying Egale Club အတွက်ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့တဲ့ အသင်းရဲ့ ဂုဏ်ဆောင်
သမီးလေး #လင်းသန့်ရတီလတ် အပြာရဲ့ပြိုင်ပွဲမှယုဉ်ပြိုင်ဟန်တစ်ချီု့ video လေးတင်ပေးလိုက်ပါတယ် အရှည်က ပြန်ရှာမရလို့ပါ
ရရင်ထပ်တင်ပေးပါမယ်

30/03/2026

SPT ဖိတ်ခေါ်ပြိုင်ပွဲ ကို စိတ်ပင်ပန်း လူပင်ပန်းခံပြီး တက်တက်ကြွကြွနှင့်အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကလပ် အသင်း ဂုဏ်ဆောင် သား/သမီး တို့နှင့် ပံပိုးပေးကြတဲ့ မိဘ များအားလုံး ကို အထူးပင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခဗျား ယခုလိုဘဲ နောင်လာမည့် ပြိုင်ပွဲတွေ မှာ လည်း လက်ရှိရရှိတဲ့ ကိုယ့်စွမ်းဆောင်ရည်တွေ ကျေနပ်တင်းတိမ်မနေဘဲ ဒီထက်ပိုမိုအောင်မြင်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း ဂုဏ်ပြုပါတယ် 🎉🎊🎊👏🏻👏🏻👏🏻🦅🦅🦅. 🏆🏅🥇🏆🥇🥇
ဆရာ Nyein Chan Naung

ဖိတ်ခေါ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ သားသား ကျော်နန္ဒထွန်း အပြာ ရဲ့ Video fileလေးပါ

24/03/2026

ရွှေပြည်သာဖိတ်ခေါ်ပြိုင်ပွဲအတွက်လေ့ကျင့်နေကြသော
Flying Eagle Tae Kwon Do Club မှသင်တန်းသား/သင်တန်းသူ ကလေးများ

07/03/2026

နွေရာသီ တိုက်ကွမ်ဒိုသင်တန်း ပထမတန်းခွဲ လူပြည့်သွားလို့ မမှီလိုက်တဲ့သားသားမီးမီးတို့အတွက်
ဒုတိယတန်းခွဲကို ထပ်မံဖွင့်လှစ်ထားပါသည် ဒုတိယတန်းခွဲအတွက် လူဦးရေပြည်ရန် အနည်းငယ်လိုအပ်သေး၍ လာရောက်အပ်နှံနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်

တိုက်ကွမ်ဒိုကစားခြင်းဖြင့်ရရှိမဲ့ အကျိုးကျေးဇူးများကတော့ဖြင့်…

✔️မိမိ၏ကြွက်သားများ အားကောင်းလာစေခြင်း။

✔️ ခံနိုင်ရည်စွမ်းအားကောင်းလာခြင်း။

✔️ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမိုရရှိစေခြင်း။

✔️ ပြောင်းလွယ်ပြင်လွယ်၊ အရှိန်၊ စွမ်းအားနှင့် သွက်လက်မှု
တို့ကို တိုးတက်စေခြင်းတို့ဖြစ်ပါတယ်
စတင်ဖွင့်လှစ်မည့်ရက်-6.3.2026
အချိန်-9:30~10:300AM

နေ့ရက်-
Friday,Saturday,Sunday

တစ်ဦးချင်းသီးသန့်သင်တန်းများလဲ လက်ခံသင်ကြားပေးပါသည်
Flying Eagle Taekwondo Club
၊လိပ်စာ-14/5/166 နန္ဒသူရိန်လမ်း ရွှေပေါက်ကံမြို့သစ်
ဖုန်းနံပါတ် -09 788 786 780 - - - 09793333118

စုံစမ်းမေးမြန်လိုပါက page chatboxမှဖြစ်စေ ဖုန်းမှဖြစ်စေ မေးမြန်းနိုင်ပါသည်

01/03/2026


အတိုက် ဆရာနည်းပြ ဆရာဝင်းထွန်းလင်း ရဲ့ သင်ကြားပြသမူအချို့
ကစားခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ

✔️မိမိ၏ကြွက်သားများ အားကောင်းလာစေခြင်း။

✔️ ခံနိုင်ရည်စွမ်းအားကောင်းလာခြင်း။

✔️ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမိုရရှိစေခြင်း။

✔️ ပြောင်းလွယ်ပြင်လွယ်၊ အရှိန်၊ စွမ်းအားနှင့်သွက်လက်မှု
တို့ကို တိုးတက်စေခြင်း။

✔️ မယုံနိုင်လောက်အောင် အာရုံစူးစိုက်မှုကောင်းလာခြင်း။

✔️ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိလာခြင်း စသည်တို့ပဲဖြစ်ပါတယ်ဗျ . 🥋
Flying Eagle Tae Kwon Do Club မှ
အခြေခံ သင်တန်း ပထမသင်တန်း ပြည့်သွားပြီး ဖြစ်၍ ဒုတိယအကြိမ်သင်တန်း ထပ်မံဖွင့်လှစ်ပါမည် ပထမ သင်တန်းတွင်မတက်လိုက်ရသည့် သားသားမီးမီးတို့ ဒုတိယ
နွေရာသီအခြေခံအဆင့်မြင့်သင်တန်းဖွင့်လှစ်မည်ဖြစ် ပါ၍ သင်တန်းအားလာရောက်အပ်နှံနိုင်ပါပြီ

စတင်ဖွင့်လှစ်မည့်ရက်-6.3.2026
အချိန်-9:30~10:300AM

နေ့ရက်-
Friday,Saturday,Sunday

တစ်ဦးချင်းသီးသန့်သင်တန်းများလဲ လက်ခံသင်ကြားပေးပါသည်

လိပ်စာ-14/5/166 နန္ဒသူရိန်လမ်း ရွှေပေါက်ကံမြို့သစ်
ဖုန်းနံပါတ် -09 788 786 780 - - - 09793333118

စုံစမ်းမေးမြန်လိုပါက page chatboxမှဖြစ်စေ ဖုန်းမှဖြစ်စေ မေးမြန်းနိုင်ပါသည်

Address

14/5/166/, နန္ဒသူရိန်လမ်း, ရွှေပေါက်ကံ , မြောက်ဥက္ကလာပမြို့နယ်
Yangon

Website

Alerts

Be the first to know and let us send you an email when Flying Eagle Tae Kwon Do Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category