Golden Football 555mix Agent

Golden Football 555mix Agent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Football 555mix Agent, Sports, Yangon.

ဒိန်းမတ်မြေမှာ ​မှောက်တဲ့ဆိုက်ကား--------------------------ကိုဗင်ဟေဂင် (၄-၃) မန်ယူ (FT)ကိုဗင်ဟေဂင်အတွက် ဂိုးသွင်းသူများ ...
09/11/2023

ဒိန်းမတ်မြေမှာ ​မှောက်တဲ့ဆိုက်ကား
--------------------------
ကိုဗင်ဟေဂင် (၄-၃) မန်ယူ (FT)

ကိုဗင်ဟေဂင်အတွက် ဂိုးသွင်းသူများ - အယ်လ်ယူနူစီ(၄၅ မိနစ်)၊ ဂွန်ကောလ်ဗက်စ်(၄၅+၉ (ပင်))၊ လီရာဂါ(၈၃ မိနစ်)၊ ဘရဒ်ဒီဂျီ(၈၇မိနစ်)

မန်ယူအတွက်ဂိုးသွင်းသူများ - ဟော့ဂ်ျလန်း (၃ မိနစ်၊ ၂၈ မိနစ်)၊ ဖာနန်ဒက်စ် (၆၉ မိနစ် (ပင်)

13.8.2023(Super Sunday) နေ့အတွက် အင်တာနက်ပေါက်ကြေးနှင့် ဂိုးခန့်မှန်းချက်များ ✅.☎📱-09-958-643-838(Viber)Golden Football ...
12/08/2023

13.8.2023(Super Sunday) နေ့အတွက် အင်တာနက်ပေါက်ကြေးနှင့် ဂိုးခန့်မှန်းချက်များ ✅.

☎📱-09-958-643-838(Viber)

Golden Football 555mix Agent


Breaking News!!!   ဝက်စ်ဟမ်းအသင်းက မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ  ဟယ်ရီ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၃...
09/08/2023

Breaking News!!!

ဝက်စ်ဟမ်းအသင်းက မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)ကျော်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိရန် နီးစပ်နေပြီလို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

PhotoCredit

သင်သိပါသလားမြန်မာနိုင်ငံမှာ ဘောလုံးအားကစားကိုစတင်မိတ်ဆက်ပေးခဲ့သူဟာ စကော့တလန်နိုင်ငံသားဂျာနယ်လစ်တစ်ဦးJames George Scott ...
13/07/2023

သင်သိပါသလား

မြန်မာနိုင်ငံမှာ ဘောလုံးအားကစားကိုစတင်မိတ်ဆက်
ပေးခဲ့သူဟာ စကော့တလန်နိုင်ငံသားဂျာနယ်လစ်တစ်ဦး
James George Scott ပဲဖြစ်ပါတယ်။ သူ့ကိုမြန်မာလူမျိုးအများစုခေါ်ကြတဲ့နာမည်ကတော့ Shway Yoe (ရွှေရိုး) ဆိုပြီးခေါ်ဆိုခဲ့ကြပါတယ်။

သူဟာရန်ကုန်မြို့အတွင်းမှာ မြန်မာ့ပထမဦးဆုံးဘောလုံးပွဲဖြစ်လာအောင် စီစဥ်ပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းအာရှနိုင်ငံများထက်စောပြီး ဘောလုံးနဲ့စတင်ထိတွေ့ခွင့်ရခဲ့ပေမယ့် ယခုအချိန်ထိ
အာဆီယံနိုင်ငံများရဲ့ အနောက်မှာသာရှိနေပါသေးတယ်။

Official!!!   ကျင်းပ ပြီးစီးသွားပြီဖြစ်တဲ့ ၂၀၂၃ ယူ-၂၁ ယူရိုပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးကစားသမ...
11/07/2023

Official!!!

ကျင်းပ ပြီးစီးသွားပြီဖြစ်တဲ့ ၂၀၂၃ ယူ-၂၁ ယူရိုပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် နေရာအလိုက် အကောင်းဆုံးကစားသမား (၁၁)ယောက် ✅

Photo Credit

ပီအက်စ်ဂျီအနေနဲ့ မန်စီးတီးမှ ဘာနာဒိုဆေးလ်ဗားကို ယူရိုသန်း ၈၀ နဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေ။Ads(18+)555mix. ကစားချင်တဲ့ညီအကိ...
11/07/2023

ပီအက်စ်ဂျီအနေနဲ့ မန်စီးတီးမှ
ဘာနာဒိုဆေးလ်ဗားကို ယူရိုသန်း ၈၀ နဲ့
ကမ်းလှမ်းဖို့ ပြင်ဆင်နေ။

Ads(18+)

555mix. ကစားချင်တဲ့ညီအကိုများ 1unit 1ks နှုန်းဖြင့် 5000ks ကစပြီး အကောင့်ဖွင့်ကစားနိုင်ပါပြီ✅

☎📱-09-958-643-838(Viber)

2023 အပြောင်းရွှေ့ဈေးကွက် အတွင်း တန်ကြေးကျဆင်းခဲ့သော..ထိပ်တန်းကစားသမားတစ်ချို့....ဈေးကွက်တန်ကြေးPhoto- CreditOnefootball
29/06/2023

2023 အပြောင်းရွှေ့ဈေးကွက် အတွင်း တန်ကြေးကျဆင်းခဲ့သော..
ထိပ်တန်းကစားသမားတစ်ချို့....ဈေးကွက်တန်ကြေး

Photo- Credit
Onefootball

၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားအတွက် ပိုလန်၊ ဂျာမနီနိုင်ငံတို့မှာ လေ့ကျင့်နေတဲ့ ဗီယက်နမ်အမျိုးသမီးလက်ရွေးစင်အသင်းဟာ ဇွန်လ ၂၄ ရက...
23/06/2023

၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားအတွက် ပိုလန်၊ ဂျာမနီနိုင်ငံတို့မှာ လေ့ကျင့်နေတဲ့ ဗီယက်နမ်အမျိုးသမီးလက်ရွေးစင်အသင်းဟာ ဇွန်လ ၂၄ ရက်(စနေနေ့) မြန်မာအချိန် ည 10:45 တွင် ဂျာမနီအမျိုးသမီးလက်ရွေးစင်အသင်းနှင့်ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။ ဇွန်လ ၁၉ ရက်နေ့က ပိုလန်ယူ၂၃အမျိုးသမီးအသင်းနှင့်ယှဥ်ပြိုင်ကစားခဲ့ရာမှာ ၂-၁ ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဗီယက်နမ်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် ဇူလိုင်လထဲမှာ စပိန်၊ နယူးဇီလန်အမျိုးသမီးအသင်းတွေနဲ့ ခြေစမ်းပွဲဆက်ကစားမှာဖြစ်ပြီး
၂၀၂၃အမျိုးသမီးကမ္ဘာ့ဖလားအုပ်စု E မှာ အမေရိကန်၊ ပေါ်တူဂီ၊ နယ်သာလန်၊ ဗီယက်နမ် အသင်းတို့ကျရောက်နေပါတယ်။


ရော်နယ်ဒို ပြောကြားခဲ့တဲ့ ဂရုမစိုက်ခြင်း အနုပညာ ခရစ္စတီရာနို ရော်နယ်ဒိုဆိုတာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးတင်မကပါဘူ...
13/06/2023

ရော်နယ်ဒို ပြောကြားခဲ့တဲ့ ဂရုမစိုက်ခြင်း အနုပညာ

ခရစ္စတီရာနို ရော်နယ်ဒိုဆိုတာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးတင်မကပါဘူး ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ။ သူဟာ စိတ်ဓာတ်မာကြောသူ၊ ကြိုးစားသူ၊ အမြဲတမ်း အကောင်းဆုံးဖြစ်နေအောင် စက္ကန့်မလပ်ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ်။ အိပ်မက်တွေနောက် ရည်မှန်းချက် ပန်းတိုင်တွေနောက် လိုက်နေတဲ့ လူငယ်တွေအတွက် ရော်နယ်ဒိုဟာ အကောင်းဆုံး စံပြပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ် ။

လူငယ်တွေအတွက် တင်မကပါဘူး လမ်းပျောက်နေတဲ့ ဘယ်သူမဆို စိတ်ဓာတ်ကျနေတဲ့ ဘယ်သူမဆို ရော်နယ်ဒိုရဲ့ ဟန်ပန်တွေ ပြောစကားတွေက စိတ်ကို တက်ကြွစေပါတယ်။ တစ်နည်းအားဖြင့် ဆိုရမယ်ဆိုရင် ရော်နယ်ဒိုဟာ Motivation speaker တစ်ဦးနဲ့လည်း တူပါတယ်။ သူဟာ သူကိုယ်တိုင်ကလည်း အမြဲ တမ်း စိတ်ဓာတ်တက်ကြွနေသလို သူပြောသမျှ စကားလုံးတိုင်းကလည်း အကောင်းဆုံးဆိုတဲ့အကြောင်းတွေ စိတ်ဓာတ်တက်ကြွစရာကိစ္စတွေပဲဖြစ်နေပါတယ် ။

တကယ်တော့ ရော်နယ်ဒိုဆိုတာလည်း ထိခိုက်ကြေမွလွယ်တဲ့ သာမာန်လူတစ်ဦးပါပဲ။ မိခင်ဖြစ်သူက ကလေးတစ်ယောက်ကို မွေးဖွားဖို့ အဆင်မပြေတဲ့အထိ ဆင်းရဲလွန်းတာကြောင့် ရော်နယ်ဒိုရဲ့ ကိုယ်ဝန်ကို သုံးကြိမ်တိတိဖျက်ချခဲ့တယ်၊ ငယ်စဉ်ဘဝမှာတင် အရက်ကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတယ်။ မိခင်ဖြစ်သူနဲ့အတူ လမ်းဘေးမှာ အမှိုက်တွေလှည်းခဲ့ရတယ် လယ်ကွင်းပြင်တွေမှာ ဘောလုံးသွားကစားရတယ် စားစရာမရှိလို့ အိမ်နီးချင်းတွေဆီကနေ ပေါင်မုန့်တွေ တောင်းစားခဲ့ရတယ် ခရစ္စမတ်နေ့မှာ ဆန်တာကလော့ဆီကနေ လက်ဆောင်မရတဲ့ ကလေးငယ်တွေထဲ ရော်နယ်ဒိုကလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့တယ် ။

အရာ အားလုံးကို အောက်ခြေကနေ စတင်ခဲ့ရပေမယ့် အခုချိန်မှာတော့ ရော်နယ်ဒိုရဲ့ ကြွယ်ဝချမ်းသာမှုက တိုင်းထွာလို့မရနိုင်အောင်ကို ကြီးမားနေခဲ့ပါပြီ သူကိုယ်တိုင်တောင် သူ့မှာ ကားဘယ်နှစ်စီး ပိုင်ဆိုင်လဲဆိုတာ မသိတော့ပါဘူး ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် လမ်းပျောက်နေတဲ့ သူတွေ၊ ဝါသနာပါရာခရီးလမ်းကို မလျှောက်လှမ်းနိုင်တော့တဲ့သူတွေ၊ တစ်ခုခုဆို လွယ်လွယ်နဲ့ လက်လျော့လိုက်ကြတဲ့သူတွေအတွက် ရော်နယ်ဒိုရဲ့ famous အဖြစ်ဆုံး quotes တွေကို ထုတ်နှုတ်ပြီး တင်ဆက်ပေးလိုက်ပါတယ်

ရော်နယ်ဒိုကပြောခဲ့ပါတယ် “ ကြိုးစားအားထုတ်မှု မရှိရင် ပါရမီဆိုတာ အလကားပဲ” တဲ့ ဒီစကားလုံးဟာ စေ့စေ့တွေးလေ အဓိပ္ပာယ်များစွာရှိလေဖြစ်တဲ့ စကားလုံးဖြစ်ပါတယ် ဘယ်လောက်ပဲ ပါရမီပါပါစေ ကိုယ်ပါရမီပါတဲ့ ကိစ္စကို တတ်သထက် တတ်ကျွမ်းလာအောင် မလေ့လာဘူး မကြိုးစားဘူးဆိုရင် ကိုယ့်ရဲ့ ပါရမီမှန်သမျှဟာ သဲထဲရေသွန်ဖြစ်သွားမှာပါ

“ အောင်မြင်မှု ပန်းတိုင်ဆီ ရောက်ဖို့အတွက် လမ်းမှာတွေ့တဲ့ ခလုတ်ဆူးသင်းတွေကို အတားအဆီးလို သဘောမထားပါနဲ့ မင်းဟာ မင်းရင်ဆိုင်နေရတဲ့အရာထက် ပိုမို သန်မာပါတယ်”

“ ကိုယ့်ကိုယ် ပြီးပြည့်စုံနေပြီလို့ ဘယ်တော့မှ မခံယူပါနဲ့ အဲ့လို ခံယူလိုက်တဲ့ နေ့ဟာ ကျရှုံးတဲ့နေ့ပဲ”

“မင်း အိပ်နေမယ်ဆိုရင် မင်းရဲ့ အိပ်မက်တွေက ဘယ်တော့မှ အထမြောက်မှာ မဟုတ်ဘူး အိပ်မက်ဆိုတာ မင်းကို အိပ်ချင်စိတ်ပျောက်အောင် လုပ်ပေးတဲ့အရာပဲ” ဒီစကားလုံးတွေက ရော်နယ်ဒိုပြောခဲ့တာပါ သင်ဟာ ဂစ်တာတီးတတ်ချင်ရင် ဂစ်တာကြိုးပြတ်မှာကို ကြောက်နေလို့မရသလို ပန်းချီဆွဲတတ်ချင်ရင် စုတ်တံကိုင်ဖို့ ပျင်းနေလို့မရပါဘူး အခက်အခဲတွေဆိုတာ ပန်းတိုင်ကို ရောက်ဖို့အတွက် တွန်းဖွင့်ရတဲ့ တံခါးရွက်ပါပဲ

“ မင်းဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ မယုံကြည်ထားရင် ဘယ်တော့မှ ကိုယ်စွမ်းနိုင်တဲ့ အနေအထားထိ အောင်မြင်မှာ မဟုတ်ပါဘူး သတင်းထောက်ဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံးသတင်းထောက်လို့ သတ်မှတ်ရမယ် အကောင်းဆုံးသတင်းတွေကို ရှာဖွေနိုင်ရမယ် ကိုယ် လုပ်နေတဲ့ နယ်ပယ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်”

“ ချစ်ခင်သူတွေရဲ့ မေတ္တာတရားက မင်းအတွက် ခွန်အားတွေဖြစ်ပါစေ မနာလိုသူတွေရဲ့ အမုန်းတရားက မင်းကို ရပ်တန့်လို့မရတဲ့ သူဖြစ်ပါစေ”

“ ဇွဲရှိရမယ် ၊ ကြိုးစားရမယ်၊ ယုံကြည်ချက်ပြင်းထန်ရမယ် ဒါဟာ အောင်မြင်ခြင်းရဲ့ သော့ချက်ပဲ”

“ ကျနော်ဟာ ဘယ်တော့မှ ကတိမပေးဘူး လက်တွေ့ပဲ လုပ်ပြတတ်တယ်”

“ သင်ကြားရေးမှာ အရွယ်အကန့်အသတ်ဆိုတာ မရှိဘူး ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ လေ့လာသင်ကြားမှုကို မရပ်တန့်လိုက်ပါနဲ့”

ရော်နယ်ဒိုဟာ လက်တွေ့ဆန်သူ ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်ပြသူ၊ သူ့ရဲ့စကားလုံးတိုင်းဟာ တက်ကျမ်းဆန်ပါတယ် သူ့ရဲ့ ကစားသမားဘဝအောင်မြင်မှုမှာ တစ်ပုံက ပါရမီကြောင့်ဆိုရင် ကျန် နှစ်ပုံက ကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပါတယ်

“ အနားယူခြင်းက အကောင်းဆုံးလေ့ကျင့်ခန်းပဲ” ဘာပဲ လုပ်လုပ် အနားယူဖို့ရာလည်း ဘယ်တော့မှ မမေ့ပါနဲ့ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ဟာ အနားယူခြင်းဆိုတဲ့ ဆုလာဘ်နဲ့ ထိုက်တန်ပါတယ်

“ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အလှဆင်သလို စိတ်ကိုလည်း အလှဆင်ပါ ကြံ့ခိုင်အောင်လုပ်ပါ အောင်မြင်မှု ပန်းတိုင်ဆီရောက်ဖို့ စိတ်ရော ကိုယ်ပါ ကျန်းမာဖို့ရာ လိုအပ်ပါတယ်”

ချန်ပီယံလိဂ် ၅ ကြိမ် ချန်ပီယံ၊ ဘောလုံးဒီအော ငါးဆုရှင်၊ ကမ္ဘာ့လက်ရွေးစင်သွင်းဂိုးအများဆုံးကစားသမား
ရော်နယ်ဒိုဟာ လက်ရှိမှာတော့ ဆော်ဒီအာရေဗျကလပ် အယ်နာဆာအသင်းအတွက် ကစားပေးနေပါတယ်
ရော်နယ်ဒို ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ တကယ်တော့ စိတ်ဓာတ်ပြင်းပြမှုနဲ့ အရယူခဲ့တာပါ သူ့ခန္ဓာကိုယ်ဟာ သူ့စိတ်တိုင်းကျလုပ်နိုင်ဖို့အတွက် ကူညီပေးတဲ့ ကိရိယာတွေသက်သက်သာဖြစ်ပါတယ်

ရော်နယ်ဒိုဟာ လူမုန်းများတဲ့ ကစားသမားပါ သူ့ကို မောက်မာတယ် ဝင့်ကြွားတယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ် ဒါပေမယ့် သူဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် အမြဲ အကူအညီပေးလေ့ရှိသူ ၊ ပုံမှန်သွေးလှူနေမှုရပ်တန့်သွားမှာစိုးလို့ တက်တူးလုံးဝမထိုးသူ၊ သားသမီးများအတွက် ဖခင်ကောင်းတစ်ဦး၊ မိခင် ကျေးဇူးသိတတ်တဲ့ သားတစ်ယောက်ပါပဲ

ဒီတစ်ပုဒ်ဟာ လမ်းပျောက်နေတဲ့ လူငယ်တွေ စိတ်ဓာတ်ကျနေတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်
ရော်နယ်ဒိုပြောခဲ့တဲ့ စကားလုံးနဲ့ အဆုံးသတ်ရရင်တော့ “ ကိုယ့်ကို ကျရှုံးစေချင်သူတွေကို ဂရုမစိုက်ပဲနေတတ်အောင်နေကြပါ ဆိုတာပါပဲ။


လောင်းကစားနဲ့အရှုံးများပြီး အကြွေးနွံနစ်တဲ့သူဖတ်သင့်ပါတယ် ------- -------------------------လောင်းကစား နွံနစ်နေရင်လုပ်ရမှ...
12/06/2023

လောင်းကစားနဲ့အရှုံးများပြီး အကြွေးနွံနစ်တဲ့သူဖတ်သင့်ပါတယ်

------- -------------------------
လောင်းကစား နွံနစ်နေရင်
လုပ်ရမှာ တစ်ခုတည်း ရှိတယ်။
ရောက်တဲ့ နေရာမှာ ရပ်လိုက်ဖို့ပဲ။

တစ်သိန်းလား နှစ်သိန်းလား။
ငါးသိန်းလား သိန်းနှစ်ဆယ်လား တစ်ရာလား။
ဘယ်လောက် ပမာဏပဲ ဖြစ်ဖြစ်
အဲ့ဒီနေရာမှာ ချက်ချင်း ရပ်လိုက်ဖို့ လိုပါတယ်။

ရှုံးထားတဲ့ ပိုက်ဆံတွေကို ပြန်ရအောင် ယူမယ်
ဆိုပြီး ဆက်ဆော့နေတာဟာ ကျားခံတွင်းထဲက
အစာကို မရ ရအောင် နှိုက်ထုတ်နေသလိုပဲ။
ပြန်ရဖို့ထက် ထပ်ဆုံးရှုံးဖို့ပဲ ရှိတယ်။

ရှုံးနေတဲ့ တစ်သိန်းကနေ နောက်ထပ် သိန်းတစ်ရာ၊
ငါးသိန်းကနေ ဘဝပျက်တဲ့ထိ
ကုန်းကောက်စရာ မရှိတဲ့ထိ
တခဏချင်းမှာ ဖြစ်ပျက်သွားနိုင်တယ်။

လောင်းကစား သဘာဝ စစချင်း နိုင်မယ်။
ကံကြောင့်ဖြစ်ဖြစ် လူက လှည့်စားလို့ ဖြစ်ဖြစ်
ငွေတစ်ရာနဲ့ လောင်းကစားလုပ်ရင်
တစ်ထောင် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မယ်။
ကိုယ်က ဒါကို မက်မောပြီး ငွေများများနဲ့
ဆက်ဆော့တဲ့အခါ နောက်ပိုင်း ရှုံးနေရင်းနဲ့
နိုင်ဖို့ မပြောနဲ့ အရင်း ပြန်ရဖို့သာ
ဦးတည်ပြီး ဆော့ရပါလိမ့်မယ်။

လောင်းကစားနဲ့ ပတ်သက်ရင် နွံနစ်တယ်ဆိုတဲ့
စကားလုံး သုံးတာက အသင့်တော်ဆုံးပဲ။
ရုန်းထွက်မရအောင် နစ်တာမို့ပါ။

ပြန်ရမလား ပြန်ရမလားနဲ့ လိုက်နေရင်းကနေ
စိတ်ကုန် လူပမ်းလာလိုက်
နည်းနည်းပါးပါး ပြန်နိုင်လာတဲ့အခါ ပြန်စိတ်ပါလိုက်။
နိုင်တာက မဆိုစလောက် ဖြစ်လာရင်
ဝက်ဝက်ကွဲ ရှုံးထားတာတွေ ပြန်ရဖို့
လမ်းစလေး ရလာပြီဆိုပြီး ဆက်ဆော့လိုက်နဲ့
သံသရာလည်နေတာ။

ကိုယ့်မှာရှိတာကုန်ရင်
သူများဆီက လိုက်ချေးရလား ဝန်မလေးတော့ဘူး။
ပုံမှန် အခက်အခဲ ဖြစ်သလို မဟုတ်ဘဲ
အရမ်းလိုနေတာမို့ ဇောတွေကပ် အိနြေ္ဒမရဖြစ်ပြီး
အရမ်းလည်း ရှက်ဖို့ကောင်းတာ
သွေးအေးတဲ့အချိန် သိလိမ့်မယ်။

အချိန်ပြည့် စိတ်တို စိတ်ဆတ် စိတ်ဓာတ်ကျပြီး
လူမှုပတ်ဝန်းကျင်နဲ့ မိသားစုကိုပါ
အနှောင့်အယှက် ဖြစ်လာတတ်တယ်။
လိမ်ဖို့ ဘတ်ဖို့ ဝန်မလေးတော့ဘူး။
စာရိတ္တတွေပါ ထိခိုက်လာတတ်တယ်။

လောင်းကစားဆိုတာ တခါတလေ ကံစမ်းရုံ
အပျင်းပြေရုံ ပျော်ရွှင်စရာလေး တစ်ခုခုကို
ငွေကြေးရင်းပြီး ဖန်တီးရုံလောက်ပဲ ကောင်းတယ်။

ချမ်းသာချင်လို့ လောင်းကစား သွားမလုပ်နဲ့
မရပါဘူး။
ရှိသမျှ အကုန် တက်တက်စင်အောင်
ပြောင်ဖို့ပဲ ရာခိုင်နှုန်း အရမ်းများပါတယ်။

ကိုယ်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီနွံနစ်ဖူးတယ်။
အပျော် အပျော်ဆိုပြီး ဖုန်းထဲကနေ ဖဲရိုက်တာ။
အများကြီးတော့ မဟုတ်ဖူး။
ဆယ်ဂဏန်းလောက် ရှုံးသွားတဲ့အချိန်မှာ
အသိတရား ဝင်လာတယ်။

ဒီပိုက်ဆံနဲ့ အပျော်မှ ရှာချင်တယ် ဆိုရင်
Shopping အေးအေးဆေးဆေး ပတ်မလား။
သူငယ်ချင်းတွေကို ဘီယာ လိုက်တိုက်ဦးမလား။
စုချင်ရင် ရွှေဝယ်ထားမလား
မိဘကို ကန်တော့ဦးမလား
အများကြီး လုပ်လို့ရတယ်။

အခုက ကိုယ့်လုပ်အားခနဲ့
သူတပါးကို လုပ်ကျွေးမိနေတာ။
ပျော်သလားဆိုတော့ မပျော်ရဘူး။
အိပ်ရေးပျက် စိတ်ဖိစီး မျက်လုံးကိုက်
လူက မိုးလင်းလာလို့မှ ကျက်သရေမရှိ။
အဲ့မှာ အသိတရား ရပြီး လုံးဝ ဖြတ်လိုက်တာ။
ဘာအပျော်မှ မဆော့တော့ဘူး။
ငွေတွေ အချိန်တွေ အရမ်း နှမျောလို့။

ငွေတင် ကုန်တာ မဟုတ်ဘူး။
ကိုယ်ရည်ကိုယ်သွေးနဲ့ အချိန်တွေပါ ပေးဆပ်လိုက်ရတာ။
အဲ့လို ညမအိပ်ဘဲ စာတစ်အုပ် ရေးရင်
ဇာတ်တစ်ဇာတ်လောက် စဉ်းစားရင်
လောင်းကစားကနေ ရမယ့် နှစ်ပဲခြောက်ပြားထက်
အရမ်းတန်ဖိုးရှိတယ်လေ ကိုယ့်အတွက်။

ကိုယ်ရှုံးသွားတဲ့ သိန်းဆယ်ချီကို ထပ်မလိုက်တော့ဘူး။
ကိုယ့်ဘာသာ ဒဏ်ခတ်လိုက်တာ။
စောင်သုံးမကျတဲ့ ဒဏ်ကြေး ဆောင်လိုက်တယ်ပဲ
သဘောထားလိုက်တော့တယ်။

အကြံပေးချင်တာကတော့
လောင်းကစားကြောင့် အကြွေးပိနေလား။
ရပ်လိုက်ပါတော့။
အဲ့နေရာမှာတင် ရပ်လိုက်ပါ။
ပြန်လိုက်ယူဖို့ မကြိုးစားပါနဲ့တော့။

ဘယ်က ပိုက်ဆံနဲ့ ဆပ်ရမှာလဲလို့ မပြောခင်
ဘယ်က ပိုက်ဆံနဲ့ ဆက်ဆော့မှာလဲလို့ ပြန်မေးပါ။
ငွေတွေ ရှာရှာလာပြီး တွင်းနက်ကြီးထဲ
ပစ်ချနေတာတွေ တော်လိုက်ပါတော့။

အပိုဝင်ငွေလေး ရချင်လို့
ဆိုင်ကယ်လေး ဝယ်ချင်လို့
အမေ့ကို အိမ်ဆောက်ပေးချင်လို့
ဖုန်းလေး လဲချင်လို့
အကြောင်းမျိုးစုံနဲ့ လောင်းကစားနွံနစ်နေသူတွေ
တကယ်ပဲ ရည်မှန်းချက် ပြည့်ပြီလား။
ပြည့်ဖို့ရော အလားအလာ ရှိလား
ကိုယ့်အရင်းတောင် ကိုယ်ပြန်ရအောင်
စိတ်ရောလူပါ ပင်ပန်းဆင်းရဲစွာ ဆော့နေရတယ်မလား။

အရာရာတိုင်းမှာ ထွက်ပေါက်ရှိပါတယ်။
အကြွေးရှိနေရင် အလုပ် နှစ်ဆလုပ်။
ဂိမ်းတောင် တစ်ညလုံး မအိပ်ဘဲ ဆော့နိုင်သေးတာပဲ။
ကြွေးရှင်တွေကို ပြေရာပြေကြောင်း တောင်းပန်ပြီး
မရှောင်ပုန်းဘဲ ကောင်းကောင်းရင်ဆိုင်ပါ။
အချိန်တစ်ခုလောက် ရအောင် တောင်းပါ။
မိဘရှိရင် ကူညီပေးမယ့်သူရှိရင် အကူညီတောင်းပါ။
ကတိတည်ပါ။

အချိန်တစ်ခုအတွင်းမှာ
ပြသနာတွေ ဖြေရှင်းနိုင်သွားပါလိမ့်မယ်။
ဆက်မမိုက်မဲချင်ဖို့ပဲ လိုတာပါ။
ရုန်းထွက်နိုင်ပါစေ။
Credit....

အသင်းကြီးများ၏ နောက်ဆုံးရ ဒဏ်ရာ/ပွဲပယ်သတင်း.........................................................................❗️မန...
14/03/2023

အသင်းကြီးများ၏ နောက်ဆုံးရ ဒဏ်ရာ/ပွဲပယ်သတင်း.........................................................................

❗️မန်စီးတီးမှာ မန်ဒီ ပွဲပယ်ခံထားရပါတယ်။

❗️ လိုက်ဇစ်မှာ ဂူလာဆီ၊ ဒိုင်ရယ်လို၊ အန်ကွန်ကူ၊
ရှလာဂျာတို့ မပါနိုင်ပါဘူး။

❗️ပေါ်တိုမှာ အိုတာဗီယို ပွဲပယ်ခံထားရပြီး မာဆယ်လို၊
မာရီယို၊ မီဆီဒိုတို့လည်း မပါနိုင်ပါဘူး။

❗️အင်တာမီလန်မှာ ဒဲလ်ဘတ်၊ ဂိုဆန်တို့ မပါနိုင်ပါဘူး။

အသင်းကြီးများ၏ နောက်ဆုံးရ ဒဏ်ရာ/ပွဲပယ်သတင်း.........................................................................▪️မန...
22/01/2023

အသင်းကြီးများ၏ နောက်ဆုံးရ ဒဏ်ရာ/ပွဲပယ်သတင်း.........................................................................

▪️မန်စီးတီးမှာ မန်ဒီတယောက်သာ ပွဲပယ်ခံထားရပါတယ်။

▪️အာဆင်နယ်မှာ ဂျီးဆက်စ်နဲ့ နယ်ဆင်တို့ မပါနိုင်ပါဘူး။

▪️မန်ယူမှာ ကက်စမဲရိုး ပွဲပယ်ခ့ထားရပြီး ဗန်ဒီဘိခ်လည်း
မပါနိုင်ပါဘူး။

▪️ဂျူဗင်တပ်မှာ ပေါ့ဂ်ဘာနဲ့ ဗလာဟိုဗစ်တို့ မပါနိုင်ပါဘူး။

▪️ဘာစီလိုနာမှာ လီဝန်ဒေါစကီးနဲ့ ဖာရန်တောရက်စ်တို့
ပွဲပယ်ခံထားရပါတယ်။

▪️ ရီးရဲလ်မှာ ဗက်စကွက်၊ အလာဘာ၊ ချူမေနီတို့
မပါနိုင်ပါဘူး။

--------------------------------

Address

Yangon

Alerts

Be the first to know and let us send you an email when Golden Football 555mix Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category