21/08/2023
🔺ကားဈေး သိန်း-400နဲ့ဝယ်ထားသူက သိန်း 1200 ဖြစ်နေတဲ့အချိန်မှာ အရင်ဝယ်ခဲ့တဲ့ သိန်း 400-နဲ့ပြန်ရောင်းမလား
🔺ရွှေ-25သိန်းဈေးနဲ ဝယ်ထားသူက ရွှေဈေး သိန်း-35 ဖြစ်ချိန်မှာ 25-သိန်းဈေးနဲ့ပြန်ရောင်းမလား
🔺ရွှေဈေးတက်လို့ဆိုပြီးပျော်မနေနဲ့ အရင်က ရွှေတစ်ကျပ်သား ဆိုင်ကယ်တစ်စီးဆို အခုလည်း ရွှေတစ်ကျပ်သား ဆိုင်ကယ် တစ်စီးပဲ
🔺ဒီခေတ်ဒီခါထဲမှာ ကုန်ဈေးနှုန်းသည် အဖက်ဖက်က တက်ပါတယ်
🔺အဓိကဆိုလိုချင်ဝာာကဈေးတက်တာမဟုတ်ပါဘူး
🔺ငွေကြေးတန်ဖိုးကျတာပါ
🔺ငွေကြေးတန်ဖိုးကကျပြီး ပစ္စည်းတန်ဖိုးတွေက တက်တာပါ၊
🔺အချိုရည်တစ်ဗူး-၇၀၀ နဲ့ ဗူး-၁၀၀ ဝယ်ထားတယ်စုစုပေါင်းငွေ ရင်းငွေ ၇သောင်း
၈၀၀-ရောင်းတယ်၊ ပြန်ရငွေ ၈သောင်း ၊ တစ်သောင်းမြတ်တယ်မလား၊
ဟုတ်ပါတယ် ...
🔺ပစ္စည်းတန်ဖိုး မတက်မချင်း မြတ်ပါတယ်၊
🔺အဲ့အချိုရည်ပဲ ကိုယ်ပြန်ဝယ်တော့ တစ်ဗူး ၉၀၀ ၊ ကိုယ်ရင်းထားတဲ့ ငွေ ၇-သောင်း နဲ့ မြတ်ငွေ ၁-သောင်း ပေါင်း ငွေ ၈သောင်း နဲ့ ဗူး -၁၀၀ မရတော့ပါဘူး
🔺ဒါတောင်သယ်ယူစရိတ် ရေခဲသေတ္တာမောင်းတဲ့ မီတာခပါ ရှုံးပါတယ်။
🔺အဲ့ဒီအတိုင်းဆက်လည်ပတ်နေရင် ပြန်မရင်းနိုင်တော့ပဲ ဆိုင်ပြုတ်သွားပါလိမ့်မယ်။
🔺လူအများနားလည်သင့်တာက အရောင်းအဝယ်သမားတစ်ယောက်မှာ ဈေးတက်တယ်ဆိုတာ ပစ္စည်းတန်ဖိုးက တက်တာပါ။
🔺အမြတ်ငွေတက်တာမဟုတ်ပါ
🔺တကယ်ကဈေးကျလို့
လူအများသုံးနိုင်လေ အမြတ်များလေပါ
🔺ကုန်ဈေးနှုန်းတက်တဲ့အခါ အရောင်းအဝယ်မှာ အရင်းများလာပြီး အမြတ်နည်းလာပါတယ်
🔺ဈေးတက်လို့ပျော်တဲ့ အထဲမှာဈေးရောင်းသူတွေလည်း မပါပါဘူး
🔺တက်သမျှကုန်စည်တွေ ဒိုင်ခံမဖြစ်မနေဝယ်နေရသူတွေဆို ဒီကရှေ ပိုဆိုးပါတော့မယ်