Bal Gyi Football Tip

Bal Gyi Football Tip Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bal Gyi Football Tip, Sports League, Yangon.

27/08/2023

Pag Tip
ရှက်ဖီးယူ ဘော်ဒီ
Member Tip* Viber 09799979646

"ကြောက်ဖို့ကောင်းလောက်အောင် ကွာဟလာတဲ့ ပရီးမီးယားလိဂ်နဲ့ လာလီဂါ"~~~~~~~~~~~~~▶ ပရီးမီးယားလိဂ်ရဲ့ အခုနွေရာသီအပြောင်းအရွှေ့ ...
30/07/2023

"ကြောက်ဖို့ကောင်းလောက်အောင် ကွာဟလာတဲ့ ပရီးမီးယားလိဂ်နဲ့ လာလီဂါ"
~~~~~~~~~~~~~

▶ ပရီးမီးယားလိဂ်ရဲ့ အခုနွေရာသီအပြောင်းအရွှေ့ အသုံးစရိတ်ဟာ ယူရို 1.2 ဘီလီယံ (ယူရိုသန်း 1200) ကျော် ရှိနေခဲ့ပါပြီ။
တစ်ဖက်မှာတော့ လာလီဂါဟာ ယူရိုသန်း 200 ကျော်ပဲ ရှိပါသေးတယ်။
(6 ဆလောက်ကို ကွာဟနေတာပါ...)

▶ ဒါကြောင့် တစ်သင်းချင်းပျမ်းမျှ အသုံးစရိတ်ဟာလည်း ပရီးမီးယားလိဂ်မှာ ယူရို 64 သန်းကျော်ဖြစ်ပြီး...
လာလီဂါကတော့ ယူရို 11 သန်းကျော်ပဲ ရှိပါတယ်။

▶ ထပ်ပြီး စိတ်ဝင်စားစရာကောင်းတာက...

1️⃣ လာလီဂါကလပ်အသင်းတစ်သင်းရဲ့ ကစားသမားရောင်းချမှုကနေ ပျမ်းမျှဝင်ငွေဟာ ယူရို 13 သန်းကျော်ဖြစ်ပါတယ်။
ဒါကြောင့် သူတို့ဟာ ကစားသမားအရောင်းအဝယ်မှာကို အသုံးစရိတ်က ဝင်ငွေထက် ပိုနည်းနေပါတယ်။

2️⃣ ပရီးမီးယားလိဂ်ကတော့ တစ်သင်းကို ကစားသမားရောင်းချမှုကနေ ပျမ်းမျှ ဝင်ငွေယူရိုသန်း 30 ကျော်ပဲ ရထားတာကြောင့် သူတို့ရဲ့ ပျမ်းမျှအသုံးစရိတ် 64 သန်းရဲ့ တစ်ဝက်ပဲ ရှိတာပါ။

▶ ဒီလိုမျိုး ကစားသမားအရောင်းအဝယ်မှာ အမြတ်မကျန်ဘဲ အိတ်စိုက်ရတာတောင် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ဘဏ္ဍာရေးအခြေအနေက တည်တည်ငြိမ်ငြိမ်ပဲဖြစ်ပြီး...
လာလီဂါကတော့ ဆီဗီလာ၊ ဗလင်စီယာတို့လို အကယ်ဒမီနဲ့ အသက်ဆက်နေရတဲ့အသင်းတွေ ရှိနေခဲ့တာပါ။

▶ ဒါကိုကြည့်ရင် လာလီဂါအနေနဲ့ သူတို့ရဲ့ FFP စည်းမျဉ်းကို ပြန်လည်ကြည့်ရှုသင့်နေပါပြီ။

သူတို့ရဲ့စည်းမျဉ်းနဲ့အညီ လိုက်လုပ်နိုင်တာ ရီးရဲမက်ဒရစ်တစ်သင်းပဲရှိပြိး...
ကျန်တဲ့ 19 သင်းက တိုင်ပတ်နေတာပါ။

ကစားသမားတစ်ယောက်ကို ယူရိုသန်း 50 အထက် သုံးစွဲတာ ပရီးမီးယားလိဂ်မှာ 12 သင်း ရှိပြီး...
လာလီဂါမှာ ရီးရဲတစ်သင်းပဲ ရှိပါတယ်။

ဒီတော့ ပြောချင်တာက မော်ဒန်ဘောလုံးလောကမှာက ငွေ လိုကိုလိုပါတယ်။
ပရီးမီးယားလိဂ်မှာ 7 သင်းလောက်က အန္တရာယ်ပေးနိုင်ချိန်မှာ လာလီဂါမှာ ရီးရဲတစ်သင်းပဲ ဥရောပကို တိုးနိုင်ပါတယ်။

မက်ဆီ - ရော်နယ်ဒို ထွက်ခွာပြီးကတည်းက လူစိတ်ဝင်စားမှု လျော့နည်းသွားတဲ့ပြသနာကို...
လာလီဂါဟာ မပြုပြင်နိုင်ခဲ့ပါဘူး။
လူစိတ်ဝင်စားမှု လျော့နည်းတာကို ပြန်ပြင်ဖို့ကျပြန်တော့လည်း အသင်းတွေကို တင်းကြပ်လွန်းတဲ့ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ထားပြန်ပါတယ်။

ဒီအတိုင်း ဆက်သွားရင် ရီးရဲမက်ဒရစ်လည်း အနည်းနဲ့အများ ထိခိုက်လာမှာပါပဲ။
ဘာစီလိုနာလည်း နွံထဲကနေ ရုန်းထွက်နိုင်ဖို့ ခက်နေဦးမှာပါ။

လာလီဂါက အခုချိန်မှာ ဘယ်လောက်ထိဆိုးလဲဆိုတော့ ပါအူးတောရက်စ်လို လိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူတစ်ယောက် စာချုပ်ဖျက်သိမ်းကြေးအောက်၊ ဈေးကွက်တန်ဖိုးအောက် အများကြီးလျော့နည်းပြီး ထုတ်ရောင်းနေရပါတယ်။
ဒါဟာ ဗီလာရီးရဲအသင်းရဲ့ ငွေလိုအပ်နေမှုကို မီးမောင်းထိုးပြတာပါပဲ။

တခြားလိဂ်တွေတောင် ပရီးမီးယားလိဂ်က ကမ်းလှမ်းမှုတွေကို ဈေးကွက်တန်ဖိုးထက် အများကြီးရအောင် တင်းခံနိုင်ချိန်မှာ...
လာလီဂါကလပ်တွေကတော့ ပိုက်ဆံရပြီးရောနဲ့ ရောင်းချနေရပါတယ်။

ရီးရဲမက်ဒရစ်၊ အထူးသဖြင့် ဘာစီလိုနာလို အသင်းတွေအတွက်တော့ တကယ့်ကို စိုးရိမ်စရာပါ။
လာလီဂါအနေနဲ့ တစ်ခုခုပြောင်းလဲဖို့ လိုအပ်နေပါပြီ။

=⚽=⚽ ​နောက်ရာသီကစပြီး ​ဘောလုံးပရိသတ် အား​ပေးမှုအများဆုံး ပရီးမီးယားလိဂ်မှာ အချိန်ဆွဲမှု​တွေကို လက်ခံသွား​တော့မှာ မဟုတ်ပါ...
29/07/2023

=⚽=⚽ ​နောက်ရာသီကစပြီး ​ဘောလုံးပရိသတ် အား​ပေးမှုအများဆုံး ပရီးမီးယားလိဂ်မှာ အချိန်ဆွဲမှု​တွေကို လက်ခံသွား​တော့မှာ မဟုတ်ပါဘူး။

ဒိုင်လူကြီး​တွေဟာ သွင်းဂိုးသွင်းယူပြီး ​အောင်ပွဲခံမှု၊ ဖရီးကစ်ကန်ဖို့ လူတံတိုင်းကာရံမှု၊ ​နေရာယူမှု၊ ပင်နယ်တီကန်ခါနီး အငြင်းပွားမှုများအတွက် ကုန်လွန်သွားတဲ့ အချိန်​တွေကို​ပေါင်းထည့်ကာ နာကျင်အချိန်ပိုအဖြစ် သတ်မှတ်သွားမှာဖြစ်ပါတယ်။ ဒီအ​ရွေ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စတင်အသုံးပြုခဲ့ရာ ​အောင်မြင်ခဲ့ပါတယ်။ FIFA ​​​ဖောက်တဲ့ အဆိုပါလမ်းသစ်ကို ပရီးမီးယားလိဂ်က လိုက်လံ​လျှောက်နင်းပါ​တော့မယ်။ တကယ်လည်း လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စရပ်ပါပဲ။

ပြီးခဲ့တဲ့ရာသီက တွက်ချက်မှု​တွေအရ ​ဘောလုံးပွဲတစ်ပွဲမှာ နာကျင်အချိန်ပိုပါ ​ပေါင်းထည့်လိုက်တဲ့အခါ ပျမ်းမျှမိနစ်(၁၀၀)ရှိ​ပေမယ့် ပရီးမီးယားလိဂ်မှာ တကယ်တမ်းကန်ရတဲ့ ပျမ်းမျှကစားချိန်က (၅၄)မိနစ် (၄၉)စက္ကန့်သာ ရှိ​နေပါတယ်။ ဒါကိုကြည့်လိုက်ရင် ပွဲချိန်တစ်ဝက်​လောက်ဟာ အလဟဿ waste ဖြစ်သွားတယ်လို့ ​ပြောနိုင်ပါတယ်။ စည်းမျဉ်းသစ်ထဲမှာ ဒဏ်ရာရဟန်​ဆောင်ပြီး ​ဆေးအကူမ​ခေါ်ဖို့ငြင်းပယ်တဲ့ ကစားသမား​တွေကိုလည်း အဝါကတ်ပြဖို့ ​​ဖော်ပြထား​ကြောင်းသိရတယ်။

ပရီးမီးယားလိဂ်ကလပ်​တွေထဲမှာ အချိန်ဆွဲဆုံးအသင်းက အဲဗာတန်၊ နယူးကာဆယ်၊ (အခုတန်းဆင်းသွားတဲ့) ​ဆောက်သမ်တန်တို့ဖြစ်ပြီး စည်းမျဉ်းသစ်ကို ကြိုဆိုလိုကြမှာ မဟုတ်ပါဘူး။ တစ်ဖက်မှာ ပစ်ဖို့ဒ် တည်ကန်​ဘောကန်တင်ဖို့ အချိန်ဆွဲ​​နေလို့ ပြိုင်ဘက်ပရိသတ်​တွေ ​လောင်ရတာမျိုး မရှိနိုင်​တော့ဘူး။ ပွဲကြည့်ရှုသူ​တွေဟာ ​ဘောလုံးပွဲတစ်ပွဲရဲ့ သက်ဝင်လှုပ်ရှားမှုကို အပြည့်အဝစီး​မျောခံစားနိုင်​တော့မှာမို့ ပရီးမီးယားလိဂ်​​​ဘောလုံးအဖွဲ့ချုပ်ရဲ့ လုပ်​ဆောင်ချက်ဟာ မှန်ကန်သင့်​လျော်ပါ​​ပေတယ်။

29/07/2023

ကျနော့် အရင် page ပျက်သွားလို့
အခု page အသစ်ကို Like နှိပ်ထားပေးကြပါအုံးဗျ။ ဥရောပလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ရင် အရင်ထက်ပိုကောင်းတဲ့ ရွေးချယ်မှု့ပုံစံသစ်နဲ့ Free Tip ရော Member Tip ရော စိတ်မပျက်ရလေအောင် ရွေးချယ်ခန့်မှန်းပေးပါအုံးမယ်ဗျ။ ဘောလုံးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုလဲ တင်ဆက်ပေးသွားဖို့လဲရှိပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Bal Gyi Football Tip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category