Ygn-တုံချွမ်

Ygn-တုံချွမ် အွန်လိုင်းပေါ်မှာယုံကြည်စိတ်ချစွာဘောလုံးကစားလိုပါက 𝐕𝐢𝐛𝐞𝐫-𝟎𝟗𝟒𝟒𝟕𝟖𝟖𝟖𝟏𝟕𝟖 ကိုဆက်သွယ်ပေးပါ

ဒီမနက်ကစားခဲ့ အင်တာမိုင်ယာမီနဲ့ မွန်ထရီရယ် အသင်းတို့ပွဲမှာ အင်တာမိုင်ယာမီအသင်းက ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင...
30/08/2026

ဒီမနက်ကစားခဲ့ အင်တာမိုင်ယာမီနဲ့ မွန်ထရီရယ် အသင်းတို့ပွဲမှာ အင်တာမိုင်ယာမီအသင်းက ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်တာမိုင်ယာမီအသင်းဟာ ၅ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ အင်တာမိုင်ယာမီ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးနဲ့ အနိုင်ရတဲ့ပွဲ ဖြစ်သလို၊ တစ်ပွဲတည်းမှာ ၇ ဂိုး သွင်းယူနိုင်ခဲ့တာကလည်း အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီပွဲမှာ မက်ဆီက ၄ ဂိုး၊ ကက်စမဲရိုး၊ ဆွာရက်ဇ်နဲ့ ရှောတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။ မက်ဆီအနေနဲ့ ဒီပွဲမှာ သွင်းဂိုး ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် မေဂျာလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ဦးဆောင်ခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ပွဲမှာ ရခဲ့တဲ့ ဟက်ထရစ်ကြောင့်မက်ဆီရဲ့ ကစားသမားဘဝ ၆၂ ကြိမ်မြောက် ဟက်ထရစ်ကို ရရှိခဲ့တာ ဖြစ်ပြီး ဖရီကစ်သွင်းဂိုးဟာလည်း ၇၄ ဂိုးအထိ ရှိလာခဲ့ပါပြီ။

အသင်းနိုင်ပွဲပျောက်ဆုံးမှုကြောင့် လက်တလော ဝေဖန်ခံနေရတဲ့ မက်ဆီအနေနဲ့ ဒီလို ပြီးပြည့်စုံတဲ့ သွင်းဂိုးတွေ စံချိန်တွေနဲ့ ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပြန်ပါပြီ။လက်ရှိအချိန်ထိ မက်ဆီရဲ့ သွင်းဂိုးဟာ ၉၂၇ ဂိုးအထိရှိလာပြီး မကြာမှီ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်နိုင်မလား စောင့်ကြည့်ရပါမယ်။

အသင်းရဲ့နည်းပြချုပ် အက်ဒီဟောင်း၊ အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ်အပါအဝင် အမာခံကစားသမားများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ န...
29/08/2026

အသင်းရဲ့နည်းပြချုပ် အက်ဒီဟောင်း၊ အသင်းခေါင်းဆောင် ဘရူနိုဂီမာရေ့စ်အပါအဝင် အမာခံကစားသမားများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယူးကာဆယ်အသင်းအနေနဲ့ ဘောလုံးဝေဖန်ရေးသမားများဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်ရမယ်ဆိုပြီး တောက်လျှောက်ပြောနေခဲ့ကြတာပါ။ ဒါပေမယ့်လည်း နယူးကာဆယ်အသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ်ရာသီရဲ့ ပွဲစဉ် ၂ ပွဲပြီးဆုံးတဲ့အခါမှာ ပရိသတ်တွေရဲ့ ပါးစပ်ကိုအဟောင်းသား ဖြစ်သွားအောင် အကောင်းဆုံးလုပ်ပြ နိုင်ခဲ့ပါတယ်။ ဌက်ကျားတွေအနေနဲ့ ပွဲဦးထွက်မှာ လီဗာပူးလ်အသင်းကို သရေခံပြီး ကစားနိုင်ခဲ့သလို၊ စပါးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ဒီနေ့ပွဲစဉ်မှာလည်း ခြေစွမ်းအသာနဲ့ကစားပြီး အဝေးကွင်းမှာအဖိုးတန် အနိုင် ၃ မှတ်ကိုဖော်ဆောင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အယ်လ်အာလီအသင်းနဲ့အတူ အာရှချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်တိတိရယူပြထားခဲ့တဲ့ နည်းပြရိုင်စလာဟာ ဥရောပမှာ ဆဲလ်ဘတ်ဆိုတဲ့ အသင်းကိုသာကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်လို အဆင့်အတန်းမြင့်မားပြီး ဖိအားအလွန်များတဲ့ လိဂ်ရဲ့အသင်းတစ်သင်းကို တစ်ခါမှကိုင်တွယ်ခဲ့ဖူးခြင်း မရှိခဲ့ပါဘူး။ သူ့အနေနဲ့ နယူးကာဆယ်အသင်းကို စတင်ကိုယ်တွယ်မယ့် အချိန်မှာလည်း ဝေဖန်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ရသလို၊ ဘယ်နယူးကာဆယ် ပရိသတ်မှလည်း သူ့အားကြိုဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ရိုင်စလာအနေနဲ့ အက်ဒီဟောင်းချန်ထားရစ်ခဲ့တဲ့ အသင်းရဲ့အမွေအနှစ်ကို အကောင်းဆုံးဆက်ခံနိုင်ခဲ့သလို လိဂ်ရဲ့အဖွင့်ပွဲ ၂ ပွဲမှာလည်း အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံ ခဲ့ရသည့်တိုင် မရှုံးအောင်အကောင်းဆုံး စွမ်းဆောင်ပြခဲ့တာပဲ ဖြစ်ပါတယ်။

တစ်ဖက်ကဒီဇာဘီရဲ့ စပါးအသင်းကတော့ ဒီနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ သန်း ၃၀၀ကျော် အသုံးပြုထားသည့်တိုင် အဖွင့်ပွဲနှစ်ပွဲလုံးကို ဂိုးပြတ်ရလဒ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့ရတာပါ။ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေဟာလည်း အားရစရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်း မရှိခဲ့သလို ရှိရင်းစွဲကစားသမားဟောင်းများဟာလည်း ခြေစွမ်းပြသနိုင်ဖို့အတွက် အတော်လေးရုန်းကန်နေရတာပဲ ဖြစ်ပါတယ်။ ဒီဇာဘီကိုယုံကြည်လွန်းလို့ ‌ငွေကြေးအမြောက်အများ အကုန်ခံပြီးကစားသမား‌တွေဝယ်ပေးထားတဲ့ စပါးအသင်းအနေနဲ့ ဒီပုံစံအတိုင်းသာဆက်သွားခဲ့ပါက ဒီဇာဘီရဲ့နည်းပြထိုင်ခုံဟာလည်း လှုပ်ခတ်စပြုလာတော့မယ်ဆိုတာ အသေအချာပါပဲ။ ဘာပဲပြောပြော အဝေးကွင်းမှာလာရောက်ကစားခဲ့တဲ့ ဌက်ကျားတွေအတွက်တော့ အဖိုးတန်အနိုင် ၃ မှတ်ရရှိခဲ့သလို၊ အသင်းရဲ့အဓိကကစားသမားတွေ မရှိတော့သည့်တိုင် ဌက်ကျားတွေဟာ ပရီးမီးယားလိဂ်မှာ အဆိပ်ရှိနေတုန်းပဲဆိုတာကို အကောင်းဆုံးသက်သေပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အီရာအိုလာရဲ့ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ နိုင်ပွဲဆိုတာဘာမှန်း မသိရသေးပါဘူး။ အဖွ...
29/08/2026

အီရာအိုလာရဲ့ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ နိုင်ပွဲဆိုတာဘာမှန်း မသိရသေးပါဘူး။ အဖွင့်ပွဲစဉ်မှာလည်း နယူးကာဆယ်အသင်းကိို နောက်ကျဂိုးနဲ့ သရေကျခဲ့ရသလို ဒီနေ့နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာလည်း မူနော့ဇ်ရဲ့နောက်ကျချေပဂိုးကြောင့်သာ အသက်ရှုချောင်ခဲ့ရတာ ဖြစ်ပါတယ်။

တစ်ပွဲလုံးအတိုင်းအတာအရ လီဗာပူးလ်အသင်းအနေနဲ့ အားရစရာခြေစွမ်းမျိုး မပြသနိုင်ခဲ့တဲ့အပြင် full back တွေဖြစ်တဲ့ ကာကတ်ဇ်နဲ့ ဖရင်ပေါင်တို့ရဲ့ စွမ်းဆောင်ရည်ဟာလည်း ပရိသတ်တွေအတွက် မေးခွန်းထုတ်ချင်စရာ ဖြစ်စေခဲ့တာပါ။ ဘာပဲပြောပြော ပြုပြင်ပြောင်းလဲမှုတွေ များစွာပြုလုပ်ထားတဲ့ လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့အိမ်ကွင်းပွဲစဉ်မှာ မရှုံးခဲ့တာကိုပဲ ကျေးဇူးတင်ရတော့မှာပါ။

တစ်ဖက်ကနော်တင်ဟမ်ဖောရက်စ် အသင်းအနေနဲ့ ဒီနေ့ပွဲစဉ်မှာကံဆိုးပြီး သရေကျခဲ့ရပေမယ့် အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနဲ့ တွေ့ဆုံတဲ့နောက်ဆုံး ၃ ပွဲဆက်ကို မရှုံးအောင်ကစားနိုင်တဲ့ စံချိန်ကိုဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အီရာအိုလာရဲ့ လီဗာပူးလ်အသင်းအနေနဲ့လည်း ပြီးခဲ့တဲ့ ၂ ပွဲကအမှားတွေကို သင်ခန်းစာယူကာ နောက်ပွဲတွေမှာ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မှာလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။ အသင်းအနေနဲ့လည်း နောက်ပိုင်းပွဲစဉ်တွေမှာ ချန်ပီယံလိဂ်လို အဆင့်အတန်းမြင့်မားတဲ့ ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ရဦးမှာဖြစ်တဲ့အတွက် အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင် ကစားသမားသစ် ခေါ်ယူမှုတွေ မဖြစ်မနေပြုလုပ်ရမှာလည်း ဖြစ်ပါတယ်။

" စံချိန်တွေဟာ ရော်နယ်ဒိုနောက် လိုက်နေဆဲ "မနေ့ညက ဆော်ဒီပရိုလိဂ် ပွဲစဉ်‌ ၄ မှာ အဲလ်နာဆာ အသင်းက ဦးဆောင်ဂိုးပေးပြီးမှ ၂-၁ န...
29/08/2026

" စံချိန်တွေဟာ ရော်နယ်ဒိုနောက် လိုက်နေဆဲ "

မနေ့ညက ဆော်ဒီပရိုလိဂ် ပွဲစဉ်‌ ၄ မှာ အဲလ်နာဆာ အသင်းက ဦးဆောင်ဂိုးပေးပြီးမှ ၂-၁ နဲ့ Comeback ကာ ရာနှုန်းပြည့် နိုင်ပွဲဆက်မှုနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အဲလ်နာဆာအတွက် အနိုင်ဂိုးကို ရော်နယ်ဒိုက သွင်းယူနိုင်ခဲ့တာကြောင့် ဆော်ဒီလိဂ်မှာ အဲလ်နာဆာအသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာခဲ့ပြီ။ အသက် ၄၁ နှစ် အရွယ်မှာပဲ ရော်နယ်ဒိုဟာ ဆော်ဒီ ပရိုလိဂ်သမိုင်းမှာ မှတ်တမ်းသစ်တစ်ခု ရေးထိုးလိုက်ပါတယ်။

၂၀၂၆-၂၇ ရာသီရဲ့ ဒုတိယမြောက်ဂိုးကို Al Taawoun နဲ့ပွဲမှာ သွင်းယူခဲ့ပြီး၊ အဲဒီဂိုးကြောင့် ရော်နယ်ဒိုရဲ့ ဆော်ဒီလိဂ်သွင်းဂိုးက ၁၀၄ ဂိုး အထိ ရောက်ရှိသွားကာ အရင်က Al Nassr အတွက် စံချိန်တင်ထားတဲ့ Mohamed Al-Sahlawi ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲလ်နာဆာ ကို ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးခဲ့တဲ့ ဆော်ဒီဂန္တဝင် Al-Sahlawi ကတော့ အခု ဒုတိယနေရာကို ရောက်သွားပါပြီ။

ဒီသွင်းဂိုးကြောင့်ပဲ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ သွင်းဂိုး စုစုပေါင်းက ၉၇၈ ဂိုးအထိရှိလာပြီး မကြာမီ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်သွားဖို့ သိပ်မလိုတော့ပါဘူး။ ကစားသမားတစ်ယောက်ရဲ့ နေဝင်ချိန်နဲ့ အနီးဆုံးကို ရောက်လာနေပေမဲ့လည်း စံချိန်တွေ၊ သွင်းဂိုးတွေ၊ ဆုဖလားတွေက ရော်နယ်ဒိုနောက်ကို လိုက်နေဆဲပါပဲ။

ရာစုနှစ်အတွင်း အတိုတောင်းဆုံး အထုတ်ခံခဲ့ရတဲ့ နည်းပြဘောလုံးလောကမှာ နည်းပြတစ်ယောက်က အသင်းသစ်ကိုရောက်ရောက်ပြီးခြင်းနောက် ၁၀...
29/08/2026

ရာစုနှစ်အတွင်း အတိုတောင်းဆုံး အထုတ်ခံခဲ့ရတဲ့ နည်းပြ

ဘောလုံးလောကမှာ နည်းပြတစ်ယောက်က အသင်းသစ်ကိုရောက်ရောက်ပြီးခြင်းနောက် ၁၀ မိနစ်အကြာမှာ ရာထူးကနေပြုတ်သွားခဲ့ရတဲ့ အဖြစ်မျိုးက တကယ့်ကိုမှ ရူးချင်လောက်စရာကောင်းပါတယ်။ ဒါပေမယ့်လည်း ဒီဇတ်လမ်းက ၂၀၀၇ ခုနှစ်ရဲ့ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ရဲ့ မတ်လ ၁၇ ရက်နေ့မှာ အင်္ဂလန်လိဂ် ၂ ကလပ်အသင်းဖြစ်တဲ့ Torquay united အသင်းဟာ လီရွိုင်းရိုဆီနီယာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး သီတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၀ မိနစ်အကြာမှာ အသင်းရဲ့တာဝန်ရှိသူတစ်ယောက်ဟာ လီရွိုင်းရိုစီနီယာကို ဖုန်းဆက်ခဲ့ပြီး " စိတ်မကောင်းပါဘူး၊ မင်းကိုငါတို့အလုပ်ထုတ်လိုက်ပြီ" ဆိုပြီးပြောကာ ဖုန်းချသွားခဲ့ပါတယ်။

လီရွိုင်းရိုစီနီယာအနေနဲ့လည်း ထိုအချိန်က သီတင်းစာရှင်းလင်းပွဲကြီးမှာ ကြောင်အမ်းအမ်းဖြစ်ခဲ့ရသလို အသင်းကိုတောင် မကိုင်တွယ်ရသေးပဲ အလုပ်ထုတ်ခံလိုက်ရတာက ထိုအချိန်ကသူ့အတွက် လုံးဝကိုမှမယုံကြည်နိုင်စရာ ဖြစ်ခဲ့ရတာပါ။ ဒီနေရာမှာ လီရွိုင်းရိုစီနီယာကို ထုတ်ပယ်ခဲ့တဲ့ အဓိကတရားခံကတော့ Colin lee ဆိုတဲ့အားကစားဒါရိုက်တာဖြစ်ပြီး အသင်းရဲ့ပိုင်ရှင်အပြောင်းအလဲတွေကြားမှာ ဟန်ချက်မပျက်သွားစေဖို့အတွက် အဆိုပါပုဂ္ဂိုလ်အား အားကစားဒါရိုက်တာအဖြစ် ချက်ခြင်းခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လီရွိုင်းရိုစီနီယာကို အရင်ပိုင်ရှင်တွေက သဘောကျလွန်းလို့ ခန့်အပ်ခဲ့ပေမယ့်လည်း ပိုင်ရှင်ဟောင်းတွေ မရှိတော့ချိန် Colin lee အနေနဲ့အသင်းရဲ့ ဒါရိုက်တာဖြစ်ဖြစ်ခြင်းမှာတင် လီရွိုင်းရိုစီနီယာကို ချက်ခြင်းအလုပ်ထုတ်ပစ်တဲ့ ကိစ္စအားအကောင်ထည် ဖော်ပစ်ခဲ့တာဖြစ်ပါတယ်။

လီရွိုင်းရိုစီနီယာကတော့ ဒီဖြစ်ရပ်ကို “အလွန်ကြီးမားတဲ့ ထိတ်လန့်စရာနဲ့ အရှက်အရမိဆုံးဖြစ်ရပ်” ဆိုပြီးနောက်ပိုင်းမှာ ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဒီလို ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ခန့်အပ်မှုဟာ အင်္ဂလိပ်ဘောလုံးသမိုင်းမှာ မမေ့နိုင်စရာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ကျန်ရှိနေတာပါ။ လီရွိုင်းရိုစီနီယာဘက်က ပြန်စဉ်းစားကြည့်ရရင် ကိုယ်ကိုင်တွယ်ချင်တဲ့ အသင်းမှာလည်း နည်းပြလုပ်ခွင့်ရသလို သီတင်းစာရှင်းလင်းပွဲလည်း လုပ်နေပြီ။ ဒါပေမယ့်လည်း ၁၀ မိနစ်အကြာမှာ အသင်းကိုတောင် မကိုင်တွယ်ရသေးပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ သူ့အဖြစ်ဟာ တကယ့်ကိုမှအရှက်ရစရာ ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့နှစ်တွေကြာပြီးနောက်ပိုင်းမှာ သားဖြစ်သူလီယန်ရိုစီနီယာအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ပေမယ့်လည်း ၃လအကျော်မှာတင် နိုင်ပွဲထက်ရှုံးပွဲက ပိုများနေခဲ့တာကြောင့် ရာထူးကနေထုတ်ပယ်ခြင်း ခံခဲ့ရပါသေးတယ်။ ရိုစီနီယာသားအဖကတော့ တကယ့်ကိုမှ ဘောလုံးနည်းပြအလုပ်မှာ ကျိန်စာသင့်နေခဲ့တယ်လို့ပဲ ဆိုရတော့မှာပါ။

ဖာမင်လိုပက်ဇ် ဖြတ်သန်းနေတဲ့ အကောင်းဆုံးသောနေ့ရက်များကမ္ဘာ့ဖလားလိုပြိုင်ပွဲမျိုးမှာ နိုင်ငံအသင်းအတွက် ယှဉ်ပြိုင်ကစားခွင့်...
29/08/2026

ဖာမင်လိုပက်ဇ် ဖြတ်သန်းနေတဲ့ အကောင်းဆုံးသောနေ့ရက်များ

ကမ္ဘာ့ဖလားလိုပြိုင်ပွဲမျိုးမှာ နိုင်ငံအသင်းအတွက် ယှဉ်ပြိုင်ကစားခွင့်ရဖို့ဆိုတာ ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်ပြီး ပြိုင်ပွဲနီးကပ်လာတာနဲ့အမျှ အရွေးခံရဖို့သေချာသလောက် ရှိနေတဲ့ကစားသမားများဟာ ကလပ်အသင်းတွေမှာ ထိန်းထိန်းသိမ်းသိမ်းပဲ ကစားကြတော့တယ်ဆိုတာ အားလုံးပဲသိကြမှာပါ။ ဒါပေမယ့်လည်း စပိန်ရဲ့အနာဂတ်လို့ဆိုရမယ့် ဘာစီလိုနာကွင်းလယ်ကစားသမား ဖာမင်လိုပက်ဇ်ကတော့ ပြိုင်ပွဲကျင်းပဖို့ လပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ပိုဆိုးတာက ဘာစီလိုနာအသင်းက ကစားသမား ၈ ယောက်အနေနဲ့ စပိန်အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသလို အသင်းကပါကမ္ဘာ့ချန်ပီယံ ဖြစ်သွားတဲ့အခါမှာတော့ သူ့အနေနဲ့ အသင်းဖော်တွေပျော်ရွှင်စွာနဲ့ အောင်ပွဲခံတာကို ရုပ်သံဖန်သားပြင်ထက်ကနေ ကြည့်ရှုပြီး ဝမ်းနည်းမိမှာတော့ အသေအချာပါပဲ။

ဒါပေမယ့် သူအနေနဲ့လုံးဝကိုမှ လက်မလျှော့ခဲ့ပါဘူး။ နာကျင်မှုတွေကို တိတ်တဆိတ်ခံစားရင်း နေ့ရက်တိုင်းမှာ ကြိုးစားအားထုတ်ခဲ့ပြီး၊ အရင်ကထက် ပိုပြီး အောင်မြင်ချင်စိတ်ပြင်းပြလာတဲ့ ဖာမင်လိုပက်ဇ် ဗားရှင်းအသစ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အခုဆိုရင်သူဟာ ဘာစီလိုနာအသင်းအတွက် ဒီရာသီအစ လာလီဂါပထမဆုံး ၂ ပွဲမှာတင် ၃ ဂိုး သွင်းယူထားပါပြီ။ ဒါဟာမေ့မရနိုင်တဲ့ ဒဏ်ရာဆိုးကြီးထဲကနေ ရုန်းထွက်လာနိုင်တဲ့ အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက်တော့ ကြေနပ်လောက်စရာ ကိန်းဂဏန်းတစ်ခုပါပဲ။ ရှေ့ရှောက်သူဟာ ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ် ခရီးကြမ်းကြီးကို နှင်ရဦးမှာဖြစ်တဲ့အတွက် သူ့ရဲ့သွင်းဂိုးတွေ၊ ဖန်တီးမှုတွေကို ပရိသတ်တွေအနေနဲ့ တဝကြီးခံစားရဦးမှာ ဖြစ်ပါတယ်။

သူလွဲချော်ခဲ့ရတဲ့ ကမ္ဘာ့ဖလားကတော့ သူ့အတွက် တစ်သက်လုံး နာကျင်စရာအမှတ်တရတစ်ခု ဖြစ်နေမှာအ‌သေအချာပါ။ ဒါပေမယ့် ဖာမင်လိုပက်ဇ်ဆိုတဲ့ ကစားသမားလေးကတော့ ဒီအတိတ်ဆိုးကြီးကို လုံးဝပြန်လှည့်မကြည့်တော့ပါဘူး။ အခုတော့ ဟန်ဆီဖလစ် ကိုင်တွယ်နေတဲ့ ဘာစီလိုနာအသင်းနဲ့အတူ သူ့ရဲ့ အကောင်းဆုံးကာလအသစ်တစ်ခုကို တည်ဆောက်ကာ အောင်မြင်မှုအတွက် အထူးဆာလောင်နေတာ ဖြစ်ပါတယ်။ အသက် ၂၃ နှစ်ဆိုတာ ဘောလုံးလောကမှာ ငယ်ရွယ်လွန်းတဲ့ အသက်အရွယ်ဖြစ်တာမလို့ ဖာမင်လိုပက်ဇ်အနေနဲ့ လက်ရွေးစင်စပိန် အသင်းနဲ့အတူ ခရီးကြမ်းကြီးကိုနှင်ရဦးမှာပါ။ နောက်ပြီး စပိန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားကို နောက်ထက်တစ်ကြိမ် ဆက်ပြီးဆွတ်ခူးနိုင်တဲ့ လူစာရင်းမျိုးကိုပိုင်ဆိုင်ထားတာကြောင့် ဖာမင်လိုပက်ဇ်အတွက် ဘုရားသခင်ပေးတဲ့ ဒုတိယအခွင့်ရေးဆိုတာ တကယ်ပဲရရှိမလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

အန်ဒါ ဟာရဲယား ဟာ သူ့ရဲ့ ငယ်ဘဝကတည်းက အားပေးခဲ့တဲ့ အသင်း Real Zaragoza ကို ၁၅ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပြီး...
28/08/2026

အန်ဒါ ဟာရဲယား ဟာ သူ့ရဲ့ ငယ်ဘဝကတည်းက အားပေးခဲ့တဲ့ အသင်း Real Zaragoza ကို ၁၅ နှစ်အကြာမှာ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပြီး လစာအခမဲ့နဲ့တောင် ကစားပေးမယ်လို့ ပြောထားပါတယ်။ ဟာရဲယားဟာ Zaragoza အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့ ပထမအသင်းမှာ ဝင်ရောက်ကစားကာ လာလီဂါမှာ ပွဲဦးထွက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Zaragoza ကနေ ထွက်ခွာခဲ့ပြီး နောက်ပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်၊ ပီအက်ဂျီနဲ့ အက်သလက်တစ် ဘီဘာအို တို့လို အသင်းကြီးတွေမှာ သွားရောက်ကစားခဲ့ပါတယ်။

အခုအချိန်မှာတော့ Zaragoza အသင်းဟာ သူတို့သမိုင်းတစ်လျှောက် အခက်ခဲဆုံးကာလတွေထဲက တစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်တာကြောင့် ဟာရဲယား က သူ့ရဲ့ ဘောလုံးဘဝစတင်ခဲ့တဲ့နေရာကို ပြန်လည်ရောက်ရှိလာတာပါ။ သူက ပိုက်ဆံမလိုအပ်တော့ဘူး လို့ ပြောထားပြီး၊ သူလိုချင်တာကတော့ အဲဒီအသင်းရဲ့ ဂျာစီကို တစ်ကြိမ်ထပ်မံဝတ်ဆင်ခွင့်ရဖို့နဲ့ သူ့အသင်း၊ သူ့အဖွဲ့သားတွေနဲ့ သူ့မြို့ကို ကူညီပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟာရဲယားရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။ ကစားသမားဘဝမှာလည်း ရောက်လေရာ အသင်းတိုင်းအတွက် အကောင်းဆုံးပေးဆပ်ကစားတက်သလို နှလုံးသားပြည့်ဝသူလည်း ဖြစ်ပါတယ်။

အမျိုးသားခြင်းလက်ထပ်မိလို့ အထိုးခံလိုက်ရတဲ့ ဒိုင်လူကြီးပုံပါအမျိုးသားနာမည်ကတော့ Pascal Kaiser လို့အမည်ရတဲ့ ဂျာမန်အမျိုးသ...
28/08/2026

အမျိုးသားခြင်းလက်ထပ်မိလို့ အထိုးခံလိုက်ရတဲ့ ဒိုင်လူကြီး

ပုံပါအမျိုးသားနာမည်ကတော့ Pascal Kaiser လို့အမည်ရတဲ့ ဂျာမန်အမျိုးသား ကွင်းလယ်ဒိုင်လူကြီး တစ်ဦးပဲဖြစ်ပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့နှစ်က သူကိုယ်တွယ်ခဲ့တဲ့ Cologne ဘောလုံးကွင်းကြီးထဲက ဂျာမန်လိဂ်ပွဲစဉ်အပြီးမှာ လိင်တူရည်းစားဖြစ်သူကို လက်ထက်ခွင့်တောင်းခဲ့တဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာထက်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါသေးတယ်။

သူတို့နှစ်ဦးသားအနေနဲ့ လက်ထက်ပြီးချိန်မှာလည်း အတူတကွပျော်ရွှင်စွာ နေထိုင်ခဲ့ကြပေမယ့်လည်း နာမည်ကြီးတဲ့စုံတွဲပီပီ လူမုန်းလည်းအလွန် များပြားခဲ့ပါတယ်။ နေ့စဉ်တိုင်းမှာလည်း သူတို့နှစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာထက်မှာ LGBT hater များရဲ့ဝိုင်းပြီးတိုက်ခိုက်မှုများကို ခံခဲ့ရသလို၊ တချို့လူများဟာ သူတို့နှစ်ဦးရဲ့အသက်အန္တရယ်ကို ခြိမ်းခြောက်တဲ့အထိ လုပ်ခဲ့တာကြောင့် Pascal အနေနဲ့ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရပါသေးတယ်။

ဒီလိုနဲ့မိနစ်ပိုင်းအကြာမှာ စိတ်ဖိစီးမှုတွေ ပျောက်စေဖို့အတွက် Pascal ဟာအိမ်အပြင်ဘက်မှာ ခဏလေးဆေးလိပ်ထွက်သောက်နေတုန်း ဘယ်ကမှန်းမသိတဲ့ လူ၃ ယောက်ဟာသူ့အား ဝိုင်းပြီးတိုက်ခိုက်ခဲ့ကြသလို " ဂျာမနီနိုင်ငံက မင်းလိုလူမျိုးတွေ အလိုမရှိဘူး" ဆိုတာကိုပါ ပြောဆိုခဲ့ပါသေးတယ်။ အရိုက်ခံခဲ့ရတဲ့ ဒိုင်လူကြီး Pascal ကတော့ ဆိုရှယ်မီဒီယာထက်မှာ လက်ရှိမျက်နှာအနေအထားကို ပရိသတ်များထံသို့ မျှဝေခဲ့ပြီး homophobia လို့ခေါ်တဲ့ လိင်တူချစ်သူတွေကို၊ မုန်းတီးခြင်း အထင်သေးခြင်းစတဲ့အရာတွေကို တိုက်ဖြတ်တဲ့ကမ်ပိန်းမှာ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။ ဂျာမနီဆိုတာ ဥရောပမှာအင်အားကြီး နိုင်ငံတွေထဲကတစ်နိုင်ငံ ဖြစ်ပေမယ့်လည်း လူမျိုးရေးခွဲခြားမှုတွေ၊ လိင်တူချစ်သူတွေအပေါ် အထင်မြင်သေးတဲ့အရာတွေက အရှင်းမပျောက်ကင်းသေးပါဘူး။

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလား ဟာ ဆော်ဒီလိဂ်ရဲ့ မြောက်များလှတဲ့ လစာနဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်...
28/08/2026

La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဒိုင်ဘာလား ဟာ ဆော်ဒီလိဂ်ရဲ့ မြောက်များလှတဲ့ လစာနဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး ရိုးမား အသင်းမှာ ဆက်နေဖို့အတွက် လစာအများအပြား လျှော့ချဖို့ သဘောတူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ရာသီတစ်လျှောက် အခက်အခဲတွေရှိခဲ့ပြီးနောက် ဒိုင်ဘာလား ဟာ သူ့ရဲ့ ပုံမှန်လစာကို တစ်ရာသီ ၈ သန်းဝန်းကျင်ကနေ ၂.၂ သန်းအထိ ၇၂ ရာခိုင်နှုန်းအထိ လျှော့ချဖို့ သဘောတူခဲ့တာပါ။

ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုရှိပါတယ်။ ဒိုင်ဘာလားရဲ့ ရိုးမားအသင်းနဲ့ စာချုပ်အသစ်မှာ အံအားသင့်စရာ အချက်အလက်တွေပါဝင်နေပါတယ်။ ဒိုင်ဘာလားဟာ ၄၅ မိနစ်အနည်းဆုံး ကစားပြီး ပွဲစဉ်စတင်ပါဝင်တိုင်း ပေါင် ၁ သိန်း ရနိုင်ပြီး ပွဲ ၂၀ အထိ အကျုံးဝင်ပါတယ်။ နောက်ပြီး လူစားထိုးဝင်လာပြီး အနည်းဆုံး ၂၀ မိနစ် ကစားရင် ပေါင် ၇၅,၀၀၀ ရဦးမှာပါ။ ရာသီအစ လိဂ်ပွဲ ၂၁ ပွဲမြောက်ကစပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပွဲစဉ်တစ်ပွဲစီအတွက် ပေါင် ၁၅၀,၀၀၀ ပေးသွားမှာဖြစ်ပြီး သွင်းဂိုးနဲ့ ဖန်တီးမှုအတွက်လည်း ထပ်ဆောင်းဆုကြေးတွေ ရှိပြီး ၁ သိန်း ကနေ ၁ သန်းအထိ ရရှိနိုင်ပါတယ်။

ဒီလို ထပ်ဆောင်းဘောနပ်စ်တွေက ဒိုင်ဘာလားအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတယ်ဆိုတာကို ပြသနေပြီး ရာသီရဲ့ ပထမဆုံး စီးရီးအေ ပွဲမှာတင် ဒိုင်ဘာလား က ဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားခဲ့ပါတယ်။ ဒါဟာ ဒိုင်ဘာလားက သူ့ကိုယ်သူ ယုံကြည်မှုနဲ့အတူ လောင်းကြေးထပ်လိုက်တာပါပဲ။ သူသာ ဒဏ်ရာကင်းကင်းနဲ့ ကြံ့ခိုင်နေပြီး ဆက်လက်ခြေစွမ်းပြနိုင်မယ်ဆိုရင် ရိုးမားအသင်းအနေနဲ့ သူ့ကို လစာနဲ့ ဆုကြေးတွေ ပိုမိုပေးချေရတော့မှာ ဖြစ်ပါတယ်။

ဒဏ်ရာဟောင်းကိုမှ သွားဆွခဲ့တဲ့ UEFAမနေ့ညက ဥရောပဘောလုံးအဖွဲ့ချုပ် UEFA  ဟာ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ...
28/08/2026

ဒဏ်ရာဟောင်းကိုမှ သွားဆွခဲ့တဲ့ UEFA

မနေ့ညက ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ မဲခွဲပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခမ်းနားရဲ့အဖွင့်ဗီဒီယိုဟာ အာဆင်နယ်အသင်းနဲ့စတင်ခဲ့ပြီး မနှစ်ကချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ နောက်ခံကစားသမားဂါဘရီရယ်ရဲ့ ပင်နယ်တီလွဲချော်မှုကို ထည့်သွင်းပြသခဲ့တာ ဖြစ်ပါတယ်။

အသင်းရဲ့မဲခွဲပွဲကို အားပါးတရ စောင့်မျှော်နေခဲ့တဲ့ အာဆင်နယ်ပရိသတ်‌တွေအတွက်တော့ ဒါဟာဝမ်းနည်းစရာဖြစ်ခဲ့ရတာဆိုရင်လည်း မမှားနိုင်ပါဘူး။ နောက်ပြီး နှစ်ပေါင်း ၂၀ ကြာမှဖိုင်နယ်ပြန်တက်လာပြီး ဆုဖလားနဲ့လက်တစ်ကမ်း အလိုရောက်မှ လွဲချော်သွားခဲ့ရတဲ့အာဆင်နယ် အသင်းရဲ့အဖြစ်ဟာ အဆိုပါဖိုင်နယ်ပွဲစဉ်ကို ကြည့်ရှုခဲ့ကြတဲ့ ဘောလုံးပရိသတ်တွေအဖို့ တကယ့်ကိုမှ ရင်နာစရာ ဖြစ်ခဲ့ရတာပါ။ UEFA က စက်ကိုင်တာဝန်ရှိသူအနေနဲ့ ဒီဗီဒီယိုအား တမင်ပြသခဲ့သလားဆိုတာ မပြောတက်ပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေကတော့ လတ်တလောမှာ အလွန်မင်းဒေါသထွက်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ UEFA ဟာချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့မဲခွဲပွဲကို ကျင်းပပြီးစီခဲ့ပြီဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ရန်သူတော်ဟောင်း ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့လိုအသင်းကြီးတွေနဲ့အတူ နာပိုလီ၊ ရီးရဲလ်ဘတ်တစ်၊ လိုင်လီ၊ ဆာဘားနဲ့ ဆလားဗီးယား ပရက်ဂ်တို့လို့ အလယ်အလတ်ရှိ အသင်းတွေနဲ့ပါ တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကြီးကို အရယူဖို့အတွက် လက်ရှိအပြောင်းအရွှေ့ရာသီမှာ လူအင်အားဖြည့်တင်းမှု ပြုလုပ်ထားတဲ့ အာဆင်နယ်အသင်းအနေနဲ့လည်း ဒီနှစ်မှာတကယ်ကြီး ပထမဆုံးအကြိမ်အဖြစ် ဆုဖလားကြီးကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

Address

Yangon

Telephone

+959420007800

Website

Alerts

Be the first to know and let us send you an email when Ygn-တုံချွမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ygn-တုံချွမ်:

Shortcuts

Share

Category