365 Shwe Maung Than

  • Home
  • 365 Shwe Maung Than

365 Shwe Maung Than Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 365 Shwe Maung Than, Sports League, .

■ ချန်ပီယံလိဂ် ဗိုလ်လုပွဲရလဒ်PSG ၁-၁ အာဆင်နယ်PSG - ဒမ်ဘီလီ (၆၅)မိနစ် PGအာဆင်နယ် - ကိုင်ဟာဗက်ဇ် (၆)မိနစ်ပယ်နယ်တီ (၄-၃)ဂို...
30/05/2026

■ ချန်ပီယံလိဂ် ဗိုလ်လုပွဲရလဒ်

PSG ၁-၁ အာဆင်နယ်

PSG - ဒမ်ဘီလီ (၆၅)မိနစ် PG

အာဆင်နယ် - ကိုင်ဟာဗက်ဇ် (၆)မိနစ်

ပယ်နယ်တီ (၄-၃)ဂိုးနဲ့ PSG အနိုင်ရ

မန်ယူနိုက်တက်အသင်း(၅)ပွဲဆက်တိုက်နိုင်ပွဲရရှိမှ ဆံပင်ညှပ်မယ်လို့ ပြောထားတဲ့ The United Strand ကတော့ သူဆံပင်ညှပ်ဖို့ကို လာ...
09/05/2026

မန်ယူနိုက်တက်အသင်း(၅)ပွဲဆက်တိုက်နိုင်ပွဲရရှိမှ ဆံပင်ညှပ်မယ်လို့ ပြောထားတဲ့ The United Strand ကတော့ သူဆံပင်ညှပ်ဖို့ကို လာမယ့်ရာသီအထိ စောင့်ဆိုင်းရတော့မှာပါ။ မန်ယူနိုက်တက်အသင်းဟာ ဆန်းဒါးလန်းအသင်းနဲ့ (ဝ-၀)ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် (၃)ပွဲဆက်တိုက်အနိုင်ရရှိမှု ရပ်တန့်သွားခဲ့ပါတယ်။

The United Strand ဟာ ဒီရာသီနည်းပြကာရစ်လက်ထက်မှာ ဆံပင်ညှပ်ခွင့်ရဖို့ (၂)ကြိမ်နီးစပ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီရာသီပရီးမီးယားလိဂ်ပွဲကစားဖို့(၂)ပွဲသာကျန်ရှိတော့တာကြောင့် သူဟာ ၂၀၂၆-၂၇ ရာသီမှသာ မန်ယူနိုက်တက်အသင်း(၅)ပွဲဆက်တိုက်နိုင်ပွဲရရှိဖို့ မျှော်လင့်ရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်ဘာစီလိုနာအမျိုးသမီးအသင်းဟာ အမျိုးသမ...
04/05/2026

ဘာစီလိုနာအမျိုးသမီးအသင်း အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်

ဘာစီလိုနာအမျိုးသမီးအသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲတွေကို မေ(၂၊ ၃)ရက်က ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် လိုင်ယွန်နဲ့ ဘာစီလိုနာတို့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြတာပါ။

လိုင်ယွန်က အာဆင်နယ်ကို နှစ်ကျော့ပေါင်း(၄-၃)ဂိုး၊ ဘာစီလိုနာက ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း(၅-၃)ဂိုးနဲ့ အနိုုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအမျိုးသမီးအသင်းက ၂၀၂၀-၂၁ ရာသီကနေ လက်ရှိရာသီအထိ ဗိုလ်လုပွဲကို (၆)ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပြိုင်ပွဲရဲ့သမိုင်းမှာ စံချိန်သစ်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗိုလ်လုပွဲ(၅)ကြိမ်မှာတော့ ဘာစီလိုနာအမျိုးသမီးအသင်းက (၃)ကြိမ်အနိုင်ရပြီး (၂)ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။

လိုင်ယွန်အမျိုးသမီးအသင်းက အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ချန်ပီယံဆု(၈)ကြိမ် ရရှိထားပါတယ်။

လိုင်ယွန်အသင်းဟာ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁၂)ကြိမ်မြောက် တက်ရောက်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဗိုလ်လုပွဲမှာ စတုတ္ထအကြိမ် ရင်ဆိုင်ရမှာပါ။

၂၀၂၅-၂၆ ရာသီ အမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲကို နော်ဝေနိုင်ငံမှာ မေ(၂၃)ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

မန်ယူ - လီဗာပူးလ်ပွဲမတိုင်ခင် ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းကနေ ဆေးရုံပို့ဆောင်ပြီး ကုသပေးခဲ့ရမန်ယူအသင်း...
04/05/2026

မန်ယူ - လီဗာပူးလ်ပွဲမတိုင်ခင် ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းကနေ ဆေးရုံပို့ဆောင်ပြီး ကုသပေးခဲ့ရ

မန်ယူအသင်းတာဝန်ရှိသူတွေဟာ လီဗာပူးလ်နဲ့ပွဲ မတိုင်ခင်မှာ ဂန္ထဝင်နည်းပြ ဖာဂူဆန်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းကနေ ဆေးရုံပို့ဆောင်ပြီး ကုသပေးခဲ့ရကြောင်း သိရပါတယ်။

မန်ယူအသင်းကို (၂၇)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ ဖာဂူဆန်ဟာ အသက်(၈၄)နှစ်ရှိပြီဖြစ်ပေမဲ့ အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို လာရောက်အားပေးကြည့်ရှုနေဆဲဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲကိုလည်း လာရောက်ကြည့်ရှုခဲ့တာပါ။

ဒါပေမဲ့ ပွဲမစခင် နေထိုင်မကောင်းတဲ့ ခံစားချက်ဖြစ်ပေါ်ခဲ့တာကြောင့် တာဝန်ရှိသူတွေက ကြိုတင်ကာကွယ်မှု ပြုလုပ်တဲ့အနေနဲ့ လူနာတင်ကားနဲ့ ဆေးရုံကို ပို့ဆောင်ကာ ကုသစေခဲ့ခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေမဟုတ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုမျိုး ဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်ဆိုတဲ့ သတင်းကြောင့် အမြန်ဆုံးကျန်းမာသက်သာစေဖို့ လူမှုကွန်ရက်ကတစ်ဆင့် ဆုတောင်းပေးခဲ့သူ အများအပြားရှိခဲ့ကြောင်းလည်း သိရပါတယ်။

လက်ရှိမန်ယူနည်းပြ ကာရစ်ကတော့ အကောင်းဆုံးဖြစ်ဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့သလို မန်ယူ ၃-၂ လီဗာပူးလ်ရလဒ်ကို ကြားသိရတဲ့အခါ ဂန္ထဝင်နည်းပြကြီးအနေနဲ့ စွမ်းအင်တွေ မြင့်တက်သွားစေဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းက ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမြဲတည်ရှိသွားမယ်လို့ ဂျွန်စတုန်းစ် ပြောကြားရာသီကုန်ချိန်မှာ မန်စီးတီးအသင်...
30/04/2026

မန်စီးတီးအသင်းက ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမြဲတည်ရှိသွားမယ်လို့ ဂျွန်စတုန်းစ် ပြောကြား

ရာသီကုန်ချိန်မှာ မန်စီးတီးအသင်းနဲ့ လမ်းခွဲတော့မယ့် အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်က မန်စီးတီးအသင်းဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမြဲတည်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျွန်စတုန်းစ်ဟာ ၂၀၁၆ နွေရာသီမှာ အဲဗာတန်ကနေ မန်စီးတီးကို ပေါင်(၄၇.၅)သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းကို နည်းပြ ဂွါဒီယိုလာ ရောက်ရှိခဲ့ပြီးနောက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျွန်စတုန်းစ်ဟာ (၁၀)နှစ်တာကာလအတွင်းမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၂၉၃)ပွဲကစားပြီး (၁၉)ဂိုး သွင်းယူခဲ့ပါတယ်။

လာမယ့်မေလမှာ အသက်(၃၂)နှစ်ပြည့််တော့မယ့် ဂျွန်စတုန်းစ်က အသင်းနဲ့ သက်တမ်းမတိုးတော့ဘဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။

'' ကောင်းမွန်တဲ့အရာအားလုံးဟာလည်း အဆုံးသတ်ရှိစမြဲလို့ ပြောကြပါတယ်။ ကျွန်တော်တို့ ဒီမှာရရှိခဲ့တဲ့အရာက အကြီးကျယ်အခမ်းနားဆုံးဖြစ်ပြီး အဲဒီအရာက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတည်ရှိသွားမှာပါ။ ဒီနေရာက ပြီးခဲ့တဲ့(၁၀)နှစ်အတွင်း ကျွန်တော့်ရဲ့နေအိမ်ဖြစ်ခဲ့သလို ကျွန်တော့်ရဲ့လက်ကျန်ဘဝမှာလည်း နေအိမ်အဖြစ် ဆက်ရှိသွားမှာပါ'' လို့ ဂျွန်စတုန်းစ်က ပြောကြားခဲ့ပါတယ်။

ဂျွန်စတုန်းစ်က ကြံ့ခိုင်မှုလျော့နည်းလာတာကြောင့် မန်စီးတီးနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပေမဲ့ အသင်းဟောင်း အဲဗာတန်နဲ့အတူ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ဝက်စ်ဟမ်း၊ ဘိုင်ယန်မြူးနစ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှုတစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့် ...
29/04/2026

ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှုတစ်ကြိမ်မှ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် နူအာက ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ရာသီအတွင်း ရှုံးထွက်ပွဲစဉ်တစ်ပွဲမှာ ဂိုးပေါက်တစ်ကြိမ်မှ မကာကွယ်နိုင်ဘဲ ငါးဂိုးပေးရတဲ့ ပထမဆုံးဂိုးသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 😭

နည်းပြရာထူးအတွက် အလွန်ဆိုနဲ့ သူ့ရဲ့အေးဂျင့်ကို ချယ်လ်ဆီးအသင်း ချဥ်းကပ်နေကြောင်း သတင်းထွက်ချယ်လ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည...
29/04/2026

နည်းပြရာထူးအတွက် အလွန်ဆိုနဲ့ သူ့ရဲ့အေးဂျင့်ကို ချယ်လ်ဆီးအသင်း ချဥ်းကပ်နေကြောင်း သတင်းထွက်

ချယ်လ်ဆီးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း အလွန်ဆိုနဲ့ သူ့ရဲ့အေးဂျင့်ကို ချဥ်းကပ်နေကြောင်း သတင်းထွက်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ နည်းပြ လီယမ်ရိုဆီနီယာကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် မက်ဖာလိန်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးထားပါတယ်။

လက်ရှိအချိန်မှာ ဘုန်းမောက်နည်းပြ အီရာအိုလာက ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာဖို့ အလားအလာအကောင်းဆုံးဖြစ်ကြောင်း ထင်ကြေးပေးမှုတွေ ရှိနေပေမဲ့ ချယ်လ်ဆီးအသင်းက တခြားနည်းပြတွေကိုလည်း နည်းပြသစ်လျာထားစာရင်းထဲ ထည့်သွင်းထားကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်လျာထားစာရင်းထဲမှာ မာကိုဆေးလ်ဗားနဲ့ ဇာဗီတို့လည်း ပါဝင်နေပြီး အလွန်ဆိုကသာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့စိတ်ဝင်စားရင် ချယ်လ်ဆီးတာဝန်ရှိသူတွေက သူ့ကို ဦးစားပေးကမ်းလှမ်းဖွယ်ရှိကြောင်းလည်း သိရပါတယ်။

အလွန်ဆိုဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ကာလတိုသာ ကိုင်တွယ်ခဲ့ရပြီး အောင်မြင်မှုမရခဲ့ပေမဲ့ လေဗာကူဆင်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ခေါ်ယူလိုတဲ့ ထိပ်သီးအသင်းများစွာရှိနေကြောင်း သိရပါတယ်။

Photos: X

ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရေပန်းစားသူထဲဖာဘရီဂတ်စ်လည်း ပါဝင်လာခဲ့တယ်။ဖာဘရီဂတ်စ်က စီးရီးအေကလပ်ကိုမိုအသင်းနဲ့အတူနည်းပြဘဝ...
23/04/2026

ချယ်လ်ဆီးအသင်းနည်းပြသစ်အဖြစ် ရေပန်းစားသူထဲ
ဖာဘရီဂတ်စ်လည်း ပါဝင်လာခဲ့တယ်။

ဖာဘရီဂတ်စ်က စီးရီးအေကလပ်ကိုမိုအသင်းနဲ့အတူ
နည်းပြဘဝအမြင့်ပျံနေသူဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာ အချိန်အကြာဆုံး ရပ်တည်နိုင်ပေမယ့်ချန်ပီယံဆုဖလားမရတဲ့ ထိပ်ဆုံး ၅ ...
23/04/2026

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမှတ်ပေးဇယား
ထိပ်ဆုံးနေရာ အချိန်အကြာဆုံး ရပ်တည်နိုင်ပေမယ့်
ချန်ပီယံဆုဖလားမရတဲ့ ထိပ်ဆုံး ၅ သင်းမှာ
အာဆင်နယ်က ၃ ကြိမ်ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်က ၂၀၂၂-၂၃ ရာသီ၊ ပရီးမီးယားလိဂ်
အမှတ်ပေးဇယားဉီးဆောင်သူနေရာမှာ ၂၄၈ ရက်၊
၂၀၀၂-၀၃ ရာသီ၊ ပရီးမီးယားလိဂ်
အမှတ်ပေးဇယားဉီးဆောင်သူနေရာမှာ ၁၈၉ ရက်
ရပ်တည်နိုင်ပေမယ့် ချန်ပီယံမဖြစ်ခဲ့ပါဘူး။

လက်ရှိရာသီပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်က
ဉီးဆောင်သူနေရာမှာ ရက်ပေါင်း ၂၀၀ ကြာရပ်တည်ပြီးမှ
အခုဆိုရင် ဒုတိယနေရာရောက်ခဲ့ပါပြီ။

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆု အများဆုံးရရှိထားတဲ့ ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ ဂွါဒီယိုလာ တစ်ကြိမ်သာ ...
20/04/2026

ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆု အများဆုံးရရှိထားတဲ့ ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ ဂွါဒီယိုလာ တစ်ကြိမ်သာ လိုအပ်တော့

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆု အများဆုံးရရှိထားတဲ့ မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ရဲ့စံချိန်ကို လိုက်မီဖို့ တစ်ကြိမ်သာ လိုအပ်တော့ကြောင်း သိရပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု (၁၃)ကြိမ် ရယူပေးထားတာကြောင့် ဥရောပထိပ်သီးလိဂ်(၅)ခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေ၊ ပြင်သစ်လီဂူး)ထဲမှာ မှတ်ပေးချန်ပီယံဆု အများဆုံးရရှိတဲ့နည်းပြအဖြစ် စံချိန်တင်ထားတာပါ။

ဂွါဒီယိုလာက မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု (၃)ကြိမ်၊ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆု (၃)ကြိမ် ရရှိထားတာကြောင့် အမှတ်ပေးချန်ပီယံဆု စုစုပေါင်း(၁၂)ကြိမ် ရရှိထားပါတယ်။

ဒါကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ရင် ဂွါဒီယိုလာအနေနဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ (၁၃)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆု ရရှိပြီး ဖာဂူဆန်ရဲ့စံချိန်ကို လိုက်မီသွားမှာပါ။

မန်စီးတီးအသင်းက လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပေမဲ့ Opta ရဲ့ စူပါကွန်ပျူတာကတော့ အာဆင်နယ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေက (၇၃)ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေဆဲဖြစ်ကြောင်း တွက်ချက်ဖော်ပြထားပါတယ်။

Photos: X

Address


Alerts

Be the first to know and let us send you an email when 365 Shwe Maung Than posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Gym/sports Facility?

Share