CIFA Fit-Edu Myanmar

CIFA Fit-Edu Myanmar International Health and fitness education Myanmar

Caffeine နဲ့ exercise Caffeine ကိုထုံးစံအတိုင်း small intestine နဲ့ stomach ကနေစုပ်ယူတယ်သောက်ပြီး မိနစ် 30-45 မိနစ်ဆိုတေ...
19/05/2023

Caffeine နဲ့ exercise

Caffeine ကိုထုံးစံအတိုင်း small intestine နဲ့ stomach ကနေစုပ်ယူတယ်

သောက်ပြီး မိနစ် 30-45 မိနစ်ဆိုတော်တော်များများကိုယ်ထဲရောက်ပြီ

သူက liver ထဲရောက်ရင် enzymes တွေအကူအညီနဲ့ paraxanthine,theophylline ,theobromine စတဲ့ compound တွေအဖြစ်ပြောင်းတယ်

-သွေးကြောကျယ်စေတာ (vasodilation )
-Respiration…
အဆုတ်မှာbronchial tubes တွေကျယ်စေတ တနည်းအားဖြင့် airway ပွင့်တယ် ventilation ပိုကောင်းတယ်)
-CNS ကိုဆွလို့ heart rate တက်တာရှိမယ်
-နောက် fat cell တွေမှာလှောင်ထားတဲ့ triglycerides တွေကို free fatty acids တွေအဖြစ်ဖြိုပြီး mobilization လုပ်ဖို့အားပေးတယ်

ဒီတော့ CNS stimulation
Ventilation
Blood circulation ဒါတွေအတွက်ကောင်းတော့ exercise မလုပ်ခင်သောက်ရင် performance ကောင်းစေတဲ့အရာအနေနဲ့သုံးတာရှိတယ်

Fatty acid mobilization ကောင်းစေတော့ fat loss မှာ exercise နဲ့တွဲလို့ရတယ်
Dose ရယ် Timing ရယ် exercise types ရယ်ကတော့စံနစ်တကျလုပ်ရတာပေါ့လေ(BTS course ထဲမှာပြောထားပါတယ်)

သို့ပေမဲ့လဲအစကပြောခဲ့သလိုဒါသောက် ဒါဖြစ်မဟုတ်ဘဲ
အချို့သူတွေမှာ performance ကျပြီးနေထိုင်ရမအီမသာဖြစ်ရတာတွေရှိပါတယ်

ဖြေဆေးCaffeine and  cruciferous veggiesစိတ်မထိန်းနိုင်လို့ညနေဖက် coffee တခွက်ချ လိုက်ပြီဆိုပါတော့ကိုယ်ကအိပ်မပျော်တတ်သူဆိ...
19/05/2023

ဖြေဆေး

Caffeine and cruciferous veggies

စိတ်မထိန်းနိုင်လို့ညနေဖက် coffee တခွက်ချ လိုက်ပြီဆိုပါတော့

ကိုယ်ကအိပ်မပျော်တတ်သူဆိုဘယ်လိုလုပ်မလဲပေါ့

အရက်သမားစကားနဲ့ပြောရင် ဘာနဲ့ “ဖြည်”မလဲ

Caffeine clearance လုပ်ရာမှာ အသည်းကထုတ်တဲ့
cytochrome P450 enzyme ကအဓိက
သူ့ကိုဆွနိုင်တာ
Ni****ne တော့ရှိရဲ့
ဆေးလိပ်ကောက်ဖွာရအောင် ဆေးလိပ်ကကျန်းမာရေးနဲ့မညီ

ဒီတော့ တခြားနည်းရှိမလား စဉ်းစား

Cytochrome P450 ဟာ caffeine metabolism သာမက drug metabolism မှာပါအရေးပါတော့ လေ့လာကြရာကနေ
2007 မှာ broccoli စားရင် Cytochrome P450 ကိုဆွနိုင်တယ်လို့တွေ့တယ်
ဒီကဆက်စပ်ပြီး caffeine metabolism ကိုဆက်ကြည့်တော့ အလုပ်ဖြစ်တာတွေ့ရတယ်
နောက်တော့ broccoli လိုပဲ သူ့မျိုးနွယ်ဝင်တွေဖြစ် တဲ့ cruciferous veggies တွေမှာဒီလို
Caffeine ကိုမြန်မြန်ရှင်းနိုင်ဖို့အလုပ်ဖြစ်တာတွေ့တယ်

ဒီတော့ညနေဖက်လက်လွန်သွားရင်
ငုတ်တုတ်ခံမဲ့အစား
သက်သာရာသက်သာကြောင်း
ဖြေစရာ broccoli အုပ်စုတွေစားလို့ရပါတယ်
Zayar-CIFA
ကော်ဖီတိုက်သောရဲဘော်တွေအတွက်ရေးတဲ့ “ကော်ဖီစာ”

ဆေးလိပ်နဲ့ကော်ဖီNi****ne and caffeine processing “ကော်ဖီလေးချ ဆေးလိပ်လေးဖွာကျနော်တနေ့သုံး လေး ခွက်လောက်သောက်တယ် ဗျာ”ဆေးလ...
19/05/2023

ဆေးလိပ်နဲ့ကော်ဖီ
Ni****ne and caffeine processing

“ကော်ဖီလေးချ ဆေးလိပ်လေးဖွာ
ကျနော်တနေ့သုံး လေး ခွက်လောက်သောက်တယ် ဗျာ”

ဆေးလိပ်မှာပါတဲ့ ni****ne ဟာ CYP1A2(caffeine ကိုရှင်းထုတ်ပေးမဲ့ enzyme) ရဲ့အလုပ်ကိုမြန်ဆန်သွားစေတယ်
Caffeine metabolism ကိုမြန်စေတယ်
သောက်လိုက်တဲ့ caffeine က system ထဲကအမြန် metabolize ဖြစ်ပြီးစွန့်ထုတ်တာခံရတယ်

ဒီတော့ဆေးလိပ်လေးတဖွာဖွာ ကော်ဖီတခွက်ပြီးတခွက် ချနေသူတွေမြင်ဖူးပါလိမ့်မယ်

အရက်သမားစကားနဲ့ ပြောရင် ni****ne ကြောင့် ခဏလေးနဲ့ “ကျ” သွားလို့
ပိုသောက်နိုင်တာဖြစ်ပါတယ်
သောက်ရကျိုးတော့သိပ်မနပ်ဘူးပေါ့ဗျာ

Zayar-CIFA

ညကြီးမင်းကြီး ထပြီးထိုင်နေCaffeine and sleep disturbance Caffeine က molecular structure ချင်းနီးစပ်တဲ့ Adenosine recepto...
19/05/2023

ညကြီးမင်းကြီး ထပြီးထိုင်နေ

Caffeine and sleep disturbance

Caffeine က molecular structure ချင်းနီးစပ်တဲ့ Adenosine receptor မှာနေရာဝင်ယူ ပြီး အလုပ်လုပ်တယ်ဆိုတာသိကြပြီးပါပြီ

အဲဒီ Adenosine receptor တွေထဲ (1နဲ့2 ရှိရာမှာ)Adenosine receptor 2 ဟာ
အဓိက sleep regulation နဲ့ nervous system excitation အတွက်signaling လုပ်တဲ့ receptor ဖြစ်တယ်

အဲဒီreceptor (ADORA2) ကို encode လုပ်တဲ့ gene က ADORA2A gene

ဆိုလိုတာက
ကော်ဖီသောက် အိမ်မရ anxious ဖြစ်တာ
sleep disturbance တွေ ရနိုင်ခြေက
ADORA2A Gene အပေါ်မူတည်တယ်

သောက်တာချင်းအတူတူ တချို့က အိပ်မရ ဖြစ်တာပိုဆိုးတယ်လို့ပြောကြတယ်
ကျမတော့ နည်းနည်းသောက်တာနဲ့အိပ်မရတော့ဘူး လို့ညည်းညူတာတွေကြားရဖူးပါတယ်
သူတို့တွေကတော့ မနေနိုင်ရင် decaff သောက်ရဖွဲ့အဖွဲ့တွေပေါ့
Zayar..CIFA

ကော်ဖီနဲ့မျိုးရိုးCaffeine နဲ့ GeneCaffeine ကို45 မိနစ်လောက်ကြာရင် ခန္ဓာကိုယ်ထဲစုပ်ယူတာ 99% လောက်ပြီးစီးသွားတယ်သူက blood...
19/05/2023

ကော်ဖီနဲ့မျိုးရိုး
Caffeine နဲ့ Gene

Caffeine ကို45 မိနစ်လောက်ကြာရင် ခန္ဓာကိုယ်ထဲစုပ်ယူတာ 99% လောက်ပြီးစီးသွားတယ်

သူက blood brain barrier ကိုဖြတ်နိုင်တော့ brain ထဲရောက်
Structure ချင်းနီးစပ်တဲ့ Adenosine receptor တွေမှာသွားနေရာယူလိုက်တော့
Adenosine ကပေးမဲ့
လေးလံထိုင်းမှိုင်းမှုတွေကို တားပေးလိုက်တယ်ဆိုပါတော့

ရောက်တာက တကိစ္စ
System ထဲကပြန်ရှင်းတာကျတော့တယောက်နဲ့တယောက်
caffeine processing မတူကြတော့ဘူး

သူ့ကိုရှင်းထုတ်ဖို့ CYP1A1-CYP1A2 (cytochrome P-450 enzyme ) တွေကောင်းကောင်းထုတ်ပေးနိုင်မှုအပေါ်မူတည်သွားတယ်

ဒီတော့စစ်ကြည့်လိုက်လို့ enzyme ထုတ်နိုင်မဲ့အခြေအနေသိပ်ကောင်းနေရင်
သောက်ပြီးတာနဲ့ system ထဲကရှင်းတာမြန်လေတော့
ညနေဖက် ကော်ဖီသောက်ပြီး
အိပ်လို့အဆင်ပြေတယ်ဗျာ
ကျနော်တော့သောက်ပြီးအိပ်တါပဲလို့ပြောနိုင်သူတွေဖြစ်လာတယ်

တချို့လူတွေကတော့ processing လုပ်ဖို့ enzyme ထုတ်ပေးတာသိပ်မကောင်းလေတော့ system ထဲနေတဲ့အချိန်ကြာတယ်
ညနေစောင်းများတခွက်လောက်သောက်လိုက်ရင်
မေဆွိသီချင်းထဲကလို
“သန်းခေါင်ကျော် အိပ်မရအချစ်ရယ် လွမ်းတယ်” ဖြစ်ရတာပေါ့

DNA testing မှာ CYP1A1/1A2 gene ကိုစစ်ရင် caffeine ကို processing လုပ်နိုင်စွမ်းကိုသိနိုင်တယ်

(ကျနော်ကတော့ ကံမကောင်းစွာ DNA စစ်တော့ ညနေသောက်လို့အဆင်မပြေတဲ့အထဲပါတယ်)

Zayar..CIFA..
ကော်ဖီသောက်ဖို့လှမ်းပို့သောရဲဘော်များကျန်းမာချမ်းသာကြပါစေ..

Trainer များသာမက မိမိ နှင့် မိသားစုအတွက်တက်ရောက်နိုင်သည့် ကိုယ်နေဟန်ထားပြုပြင်ခြင်း Posture 101 Course ကိုယ်နေဟန်ထား ပျက...
11/05/2022

Trainer များသာမက မိမိ နှင့် မိသားစုအတွက်
တက်ရောက်နိုင်သည့် ကိုယ်နေဟန်ထား
ပြုပြင်ခြင်း Posture 101 Course

ကိုယ်နေဟန်ထား ပျက်ယွင်းမှုသည်
ဒူးနာ ခါးနာ ပခုံးနှင့်ခြေကျင်းဝတ်
ဒဏ်ပိခြင်းများစွာကို ဖြစ်စေသော
အဓိကအကြောင်းအရင်းကြီးဖြစ်ပါသည်
သက်ကြီးရွယ်အို လူငယ်
လူလတ်ပိုင်း အားလုံးအတွက်
ပြုပြင်ပေးရန် အလွန်အရေးကြီးသည့်
လိုအပ်ချက်ကြီးဖြစ်ပါသည်

ယခု Course တွင်
(1) posture screening ကိုယ်နေဟန်ထား
စစ်ဆေးခြင်း အသေးစိတ် ပါဝင်မည်ဖြစ်ပြီး

(2) အဓိကအားဖြင့်
ကိုယ်နေဟန်ထား ပြန်လည်တည့်မတ်ပေးသည့် exercise များတွင်
Functional Anatomy အရ
လုပ်လျင်လုပ်သလောက် ထိရောက်စေမည့်
Effective အဖြစ်ဆုံး exercise များကို
စံနစ်တကျ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်

ရှင်းလင်းပြတ်သားသည့် Anatomical,science နှင့် အကောင်းဆုံး
“exercise techniques “များတစုတစည်းတည်းရရှိပြီး
သင်တန်းပြီးလျင်ချက်ချင်းအသုံးချနိုင်မည့်

Posture 101 (Khypho-lordosis) course
…………………….
Why posture 101?

(1) Posture ပျက်တယ်ဆိုတာ
ခန္ဓာကိုယ်က အရိုးတွေ နေရာလွဲတာပဲ
နေရာလွဲတဲ့ joint တွေမှာ အရိုးအချင်းချင်း
Soft tissue
Cartilage အကုန်
ဖိကြိတ်ခြေခံရတယ် ပွန်းစားတယ် ပျက်စီးတယ်

ဒီတော့
ပခုံး လည်ပင်း ဒူးနာ ခါးနာ
ပြသနာတော်တော်များများ
ရှောင်ချင်ရင် posture ပြင်

ကာကွယ်ခြင်းသည်
ကုသခြင်းထက် အကျိုးကြီးသည်မို့
Posture ပြင်ကြရပါတယ်

(2) လှချင်ရင် posture ပြင်

Hyper khypho-lordosis posture ဟာ
spinal curve တွေကိုပိုကောက်သွားစေလို့
အရပ်အမောင်း နိမ့်ကျသွားစေတယ်
လူရဲ့ကိုယ်နေဟန်ထား ကျော့ရှင်းမှုနဲ့
အလှအပအတွက် ဆိုရင်လဲ

လှချင်ရင် posture ပြင်ဖို့လိုပါမယ်
ပုံမှာ posture ပြင်လိုက်ရင် လူတယောက်ရဲ့
ဖြောင့်စင်းလှပမှု အများကြီး
ပြောင်းသွားတာကို တွေ့နိုင်ပါတယ်

(3) သန်စွမ်းချင်ရင် posture ပြင်
Poor posture/postural distortion ကိုယ်နေဟန်ထားပျက်ယွင်းမှုဟာ lung capacity ကိုသိသိသာသာလျော့နည်းသွားစေတယ်
Oxygen pick up ကျမယ်

ဒါဆိုရင်
Optimal performance ,fitness training အတွက်လေ့ကျင့်နေကြတဲ့သူတွေအတွက် Oxygen availability နည်းရင်
အရာခပ်သိမ်းဟာ လုပ်ရင်လုပ်သလောက်
အကောင်းဆုံး ဆိုတဲ့ အနေအထား
မရောက်နိုင်တော့ဘူး ခရီးမပေါက်နိုင်ဘူး

ဒါကြောင့် Posture screening နဲ့
corrections တွေဟာသိပ်ကိုအရေးကြီးပါတယ်

(4) Stress များရင် posture ပြင်

Posture ပျက်တာဟာ ပုံမှန်အသက်ရှုမှုကို
သေချာပေါက် ပျက်စေတယ်
breathing pattern ကိုပြောင်းစေတယ်

ပုံမှန်မဟုတ်တဲ့ breathing pattern ဟာ ခန္ဓာကိုယ်မှာ stress response တွေကို ပိုအားကောင်းစေတယ်

Stress response နည်းဖို့ breathing ပြင်မယ်ဆို
posture ကိုအရင်ပြင်မှ ခရီးပေါက်တယ်

သည်တော့ stress များသူတွေ posture ပြင်ရင်

Stress-posture-Breathing -stress သံသရာကလွတ်ပါမယ်
………………..
လာမည့်
တနင်္ဂနွေ May 15
8~11 AM
Online (zoom) , အချိန်မမှီသူများ
record နှင့်လည်းတက်လို့ရပါသည်

မိသားစုတိုင်း လူတိုင်းအတွက်
အသုံးဝင်မည့် အကျိုးရှိစေမည့်
Posture 101 သင်တန်းအပ်လို့ရပါပြီ
(အခြေခံမရှိသူ များလည်း exercise များစံနစ်တကျလုပ်နိုင်ရန် မိမိနှင့်မိသားစုအတွက် တက်ရောက်နိုင်ပါသည်)

သင်တန်းကြေး 2 သောင်းကျပ်သာ
သင်တန်းအပ်ရန်
U Zayar Tunphyu,
Kpay- 09794999777 သို့ငွေလွှဲအပ်နှံနိုင်ပါသည်

သိရှိလိုသော မေးခွန်းများကို
U Zayar Htun Phyu’s Facebook Account
https://www.facebook.com/zayar.tunphyu
Australia Phone 🇦🇺 +61 0405347830 သို့
တိုက်ရိုက် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

GLUTE 101…တင်ပါးလေ့ကျင့်ခန်း Glute training အတွက်ပုံမှန်အားဖြင့် သမားရိုးကျ လေ့ကျင့်ခန်းများဖြစ်သည့်Hip thrusts,Squat,de...
01/05/2022

GLUTE 101…

တင်ပါးလေ့ကျင့်ခန်း Glute training အတွက်
ပုံမှန်အားဖြင့် သမားရိုးကျ လေ့ကျင့်ခန်းများဖြစ်သည့်
Hip thrusts,
Squat,
deadlift,
band shuffles စသည့်exercise များကို
အများဆုံးအသုံးပြုကြပါသည်

ထိုလေ့ကျင့်ခန်းများကိုကျော်လွန်၍
Effective ဖြစ်သည့် functional anatomy based glute exercise များကို
Functional anatomy
လေ့ကျင့်ခန်းများနှင့်ပါတ်သက်သည့် Research findings များနှင့်တွဲဖက်၍
ရှင်းလင်းတိကျစွာသိရှိလေ့ကျင့်နိုင်ရန်

(1)Technical details လေ့ကျင့်ခန်းအသေးစိတ်

(2)Functional Anatomy ရှုထောင့်မှဘာကြောင့်ဘယ်movement ကိုလုပ်သည်ကိုတိကျစွာ clear why?ဖြင့်သိနိုင်ပါမည်

(3)Hip joint ဝန်းကျင်အရေးကြီးmuscle များထည့်သွင်းလေ့ကျင့်မှု

(4)kettlebell ,functional exercise များထည့်သွင်းလေ့ကျင့်မှု

များစုံလင်စွာပါသည့်

GLUTE 101 course
Functional anatomy နှင့်တွဲဖက်၍ ရှင်းလင်းပြတ်သားစွာသိရှိပြီး
Well rounded glute training များလေ့ကျင့်ပေးနိုင်ရန်ရည်ရွယ်ပါသည်

Date-May 7
8-11am
သင်တန်းကြေး -2 သောင်းကျပ်သာ

Online မှသင်ပါမည် record ပြန်ကြည့်လို့ရပါမည်
ယနေ့သင်တန်းအပ်လို့ရပါပြီ
U Zayar Tunphyu kpay 09794999777

သင်တန်းအပ်ရန်
U Zayar Tunphyu
Kpay 09794999777သို့ငွေလွှဲအပ်နှံနိုင်ပါသည်

သိရှိလိုသော မေးခွန်းများကို
U Zayar Htun Phyu’s Facebook Account
https://www.facebook.com/zayar.tunphyu
Thailand Ph +66924980675 သို့ တိုက်ရိုက်
ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

မိသားစုတိုင်း သိထားသင့်သည့်ခါးနာခြင်းပြသနာနှင့် လေ့ကျင့်ခန်းများလှုပ်ရှားသွားလာမှု ပုံမမှန်လို့ ခါးနာနိုင်ခြေရှိမရှိ ဘယ်...
24/11/2021

မိသားစုတိုင်း သိထားသင့်သည့်
ခါးနာခြင်းပြသနာနှင့် လေ့ကျင့်ခန်းများ

လှုပ်ရှားသွားလာမှု ပုံမမှန်လို့
ခါးနာနိုင်ခြေရှိမရှိ ဘယ်လိုစစ်လို့ရသလဲ?

လေ့ကျင့်ခန်းမလုပ်မှီ ခါးနာနိုင်စေသည့်
အကြောင်းတရားတွေကို ဘယ်လို test တွေစစ်လို့ရသလဲ?

ခါးမနာအောင် ကြိုတင်ကာကွယ်တဲ့
exercise တွေ တိတိကျကျ ဘယ်လိုလုပ်မလဲ?

ခါးနာတတ်သူတွေအတွက်
ဘယ်လေ့ကျင့်ခန်းတွေလုပ်ရမလဲ?

ခါးနာတာ သက်သာသွားရင်
ထပ်မဖြစ်အောင်ဘယ်လေ့ကျင့်ခန်းတွေလုပ်မလဲ?

တစ်အိမ်တယောက် သိထားလျင်
အလွန်အကျိုးရှိသည့်သင်တန်း

Lumbo pelvic hip complex (LPHC 101) course ကိုလာမည့် 28 ရက်နေ့ တနင်္ဂနွေ 8-11 am မှာonline(zoom)မှတဆင့်သင်ကြားသွားပါမည်

LPHC anatomy
Movement assessments
Myofascia release
Corrective exercise အစုံအလင်ပါရှိပါသည်

လူထုကျန်းမာကြံ့ခိုင်ရေးကိုဦးတည်၍
သင်တန်းကြေး 2 သောင်းကျပ်သာ

သင်တန်းအပ်လို့ရပါပြီ
Kpay 09794999777
U Zayar Tunphyu

လူကြီးလူငယ်အားလုံး
Pain and injuries တွေကာကွယ်ပေးဖို့ pain free movement တွေလုပ်နိုင်ဖို့
ရည်ရွယ်ပါသည်

Educator: U Zayar Tunphyu
ACE-CPT,FNS,FTS,SCS
NASM-CPT,CES
EDUCATOR-REHAB TRAINER AUSTRALIA
-FTI AUSTRALIA
-FITNESS EDUTRAINING ASIA
( မည်သူမဆို တက်နိုင်ပါသည်,သိသလောက် အသုံးချလျင် အိမ်ကအဖေအမေမိသားစုနှင့် မိမိကိုယ်တိုင်အတွက်အများကြီးအကျိုးရှိပါမည်)

သင်တန်းအပ်ရန်
U Zayar Tunphyu account (link)သို့
တိုက်ရိုက်ဆက်သွယ်အပ်နှံနိုင်ပါသည်။
https://www.facebook.com/zayar.tunphyu

Address

46 B Aniga Road Yankin Twsp
Yangon

Telephone

+959794999777

Website

Alerts

Be the first to know and let us send you an email when CIFA Fit-Edu Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CIFA Fit-Edu Myanmar:

Share