12/03/2026
One piece season 2 စဆုံး
Season 1 မှာ East Blue ကနေ Grand Line အပေါက်ဝအထိ အောင်အောင်မြင်မြင် ခရီးနှင်ခဲ့တဲ့ Luffy နဲ့ Straw Hat အဖွဲသားတွေဟာ အခု Season 2 မှာတော့ ပိုမိုကြမ်းတမ်းပြီး လျှိဝှက်ချက်များတဲ့ ပင်လယ်ပြင်ကြီးထဲကို ခြေလှမ်းစတင်တော့မှာပါ။ အဓိက စိတ်လှုပ်ရှားစရာကတော့ အဖွဲထဲကို အသစ်ဝင်လာမယ့် ဆရာဝန်လေး Tony Tony Chopper ရဲ့ ပုံရိပ်ကို Live Action မှာ ဘယ်လိုဖန်တီးမလဲဆိုတာပါပဲ။
Season 2 မှာ Netflix အနေနဲ့ Budget ကို ပိုမိုသုံးစွဲထားတာကြောင့် ပင်လယ်ပြင်တိုက်ပွဲတွေနဲ့ Devil Fruit စွမ်းအင် သုံးစွဲပုံတွေက Season 1 ထက် ပိုပြီး Visual ပိုင်းမှာ ခမ်းနားလာဖို ရှိပါတယ်။ ဒါရိုက်တာနဲ့ ဖန်တီးသူတွေကလည်း မူရင်း Author ဖြစ်သူ Eiichiro Oda ရဲ့ လမ်းညွှန်မှုကို အနီးကပ်ယူထားတာကြောင့် Anime ရဲ့ Vibe ကို မပျောက်ပျက်စေဘဲ "လူသားဆန်တဲ့ ခံစားချက်" တွေကို Live Action ရဲ့ အားသာချက်အတိုင်း ပိုမိုနက်နက်နဲနဲ မြင်တွေ့ရမှာပါ။အထူးသဖြင့် ဇာတ်ကောင်အသစ်တွေဖြစ်တဲ့ Princess Vivi, Nico Robin နဲ့ Smoker တိုရဲ့ ပါဝင်လာမှုက ဇာတ်လမ်းကို ပိုပြီး အရှိန်အဟုန် မြှင့်တင်ပေးပါလိမ့်မယ်။ "
https://www.facebook.com/groups/903392519081486/posts/953340160753388/