Startup Blogs by Leon

Startup Blogs by Leon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Startup Blogs by Leon, Coach, Yangon.

14/12/2023

Global Business Channel မှတဆင့် Burmese Startup Studio ဖြစ်ပေါ်လာပုံနဲ့အတူ Tech Startup များ‌ ပိုပေါ်ပေါက်လာစေဖို့ အဓိကလိုအပ်ချက်များကို မျှဝေဖြေကြားပေးခဲ့ပါတယ်။ အများကြီးဆက်ကြိုးစားသွားပါဦးမယ်။ 💥

Story of Burma Podcast ကို (၁) လအတွင်း ကြည့်ရှုချိန်နာရီ (၅) ထောင်‌ကျော်ရှိခဲ့ပါပြီ။ ဒီ Podcast တွေက ဘယ်သူတွေအတွက် လဲဆို...
12/12/2023

Story of Burma Podcast ကို (၁) လအတွင်း ကြည့်ရှုချိန်နာရီ (၅) ထောင်‌ကျော်ရှိခဲ့ပါပြီ။

ဒီ Podcast တွေက ဘယ်သူတွေအတွက် လဲဆိုရင် Startup Founder တွေအတွက်ပါ။ ဒီ Podcast တွေမှာ Budget သုံးလားမေးရင် ကျွန်တော်တို့ ထိုက်သင့်တဲ့ Budget သုံးပါတယ်။ ဘာလို့ဆို နားထောင်မယ့် လူငယ် Startup Founder တွေကို အကောင်းဆုံးတွေပဲ မျှဝေချင်လို့ပါ။

ဒီ Budget ဘယ်ကရလဲ မေးရင် ကျွန်တော်တို့
Burmese Startup Studio က ဝန်ဆောင်မှုတွေ ကနေ ရပါတယ်။ ဒီဝန်ဆောင်မှုတွေကို ဘယ်သူတွေ ယူကြလဲမေးရင် Startup Founder တွေကိုယ်တိုင်ပါပဲ။

ဆိုတော့ Startup Founder တွေကို ဝန်ဆောင်မှုပေးရင်း ရရှိလာတဲ့ Cash ကို Startup Founder တွေအတွက် Story of Burma Podcast မှာပြန်ပြီး အသုံးချပါတယ်။ ကျွန်တော်တို့နဲ့အတူတူ အခုဆို အလုပ်လုပ်လာကြတဲ့ Startup Founder တွေလည်း ရှိလာပါပြီ။ ဒီလိုရှိလာလေလေ ပိုကောင်းတဲ့ Initiative တွေကို ကျွန်တော်တို့ ပိုဖန်တီးနိုင်လာလေလေပါပဲ။

ဒါကြောင့်မို့ ယုံကြည်ပြီး အလုပ်တွဲလုပ်ဖြစ်ခဲ့တဲ့ Startup Founder တွေကို ကျေးဇူးတင်ရှိသလို (၁) လအတွင်းမှာတင် Youtube မှာ ကြည့်ရှုချိန် နာရီ (၄) ထောင့် (၂) ရာ၊ Facebook မှာ (၁) ထောင့် (၅) ရာ စုစုပေါင်း ကြည့်ရှုနာရီပေါင်း နာရီပေါင်း (၅) ထောင်ကျော်ရှိသွားပြီဖြစ်တဲ့အတွက် ပီတိဖြစ်ရပါတယ်ခင်ဗျာ ❤️

ပါဝင်အားဖြည့်ပေးတဲ့ Guest Speaker တွေကိုလည်း
ကျေးဇူးတင်ပါတယ်။ အများကြီးဆက်အလုပ်လုပ်ဖို့ လိုပါသေးတယ်။ သို့သော် ကျွန်တော်ဘာလုပ်လုပ် လုပ်သမျှက Startup Founder တွေအတွက်ပါ။ Do What You Love !! Just Be Passionate About Your Idea !! Our Job Is To Transform Your Idea Into Startup. Join us 💥

10/12/2023

Creating Product Customer Love has never been an easy journey !!

Product တစ်ခုကို Customer တွေရဲ့ တကယ်လိုအပ်ချက်နဲ့ကိုက်ညီသွားပြီး Scale up ဖြစ်သွားတယ်ဆိုတာ
Lottery Ticket လိုပါပဲ။ တစ်ချို့တွေ နေ့မအိပ်၊ ညမအိပ်ကြိုးစားရင်း (၃) နှစ်လောက်ကြာမှ Product နဲ့ Market Fit သွားကြတယ်။ တစ်ချို့လည်း (၆) လလောက်ကြာတယ်။ ကျွန်တော်တို့လို မြန်မာပြည်မှာ အင်တာနက်ရတဲ့အရေအတွက် (၃၅) ရာခိုင်နှုန်းဆိုပေမဲ့ တကယ့်မြေပြင်မှာ အင်တာနက်သုံးတဲ့သူတွေက မြို့ကြီးတွေလောက်ပဲ။

Economy အခြေအနေအရလည်း အရင် Mobile Device ကနေ ရိုးရိုးဖုန်းပြောင်းဝယ်လိုက်ရတဲ့
သူတွေ၊ ရောင်းလိုက်ရတဲ့သူတွေလည်း အများကြီးပါ။ Tech Startup တစ်ခု Success ဖြစ်ဖို့ အဓိကတော့ အသုံးပြုမယ့်သူက Educate ဖြစ်ဖို့ လိုတယ်။ Educate ဖြစ်မဖြစ်နောက်ထားဦး။ အင်တာနက်နဲ့ Mobile Device အသုံးပြုမှုက လက်ရှိ Economy အခြေအနေအရ လိုအပ်ချက်ရှိနေတုန်းပဲ။ Consumer မရှိရင် Investor တွေကလည်း Risk ယူရမှာ ကြောက်ကြမှာပါ။

ဆိုတော့ကား Tech Startup တစ်ခုစတင်တဲ့အခါ လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဒါဆို ဘာကြောင့် ဆက်လုပ်နေလဲ။ Because we love what we do !! Tech Startup တွေက လူနေမှုပတ်ဝန်းကျင်ကို အဓိကပြောင်းလဲစေမယ့် Driver တွေပါ။ Product တစ်ခုပဲ Fit ဖြစ်သွားလိုက်။ အများကြီး ပြောင်းလဲသွားတယ်။ Facebook ပဲ ကြည့်ဗျာ။ Facebook ပေါ်မှာ ချိတ်ဆက်နေတဲ့သူတွေ၊စီးပွားရေးလုပ်တဲ့သူတွေအများကြီးအတွက် အကျိုးရှိတယ်။ Food Panda, Grab, Linkedin, Open Ai, Google, Youtube, You.com, Linkedin, AirBnb အများကြီးပါပဲ။

ဆိုတော့ Product (၁၀) ခုမှာ တစ်ခုလောက်ပဲ Customer တွေရဲ့ Needs နဲ့ကိုက်ညီသွားတယ်ဆို That will be amazing !! ဒါကြောင့် ဒါလို Tech Startup တစ်ခုစတင်ချင်တဲ့သူတွေအတွက် Burmese Startup Studio ရှိနေတယ်ဆိုတာ သတိရပေးပါ။ ကျွန်‌တော်ဒီ ခရီးစဉ်မှာ အတူပါဝင်နေတယ်ဆိုတာ သတိရပေးပါ။

ကျွန်တော်တို့ Magazine တွေ၊ Podcast တွေ၊ Training တွေ၊ Book Summary တွေ၊ Template တွေကို ပိုပြီးကောင်းအောင် ကြိုးစားနေသလို ကျွန်တော်ကိုယ်တိုင်လည်း အခြား Startup Founder နဲ့ချိတ်ဆက်ပြီး Product တွေ Launch လုပ်နိုင်ဖို့အတွက် ကြိုးစားနေပါတယ်။

အနှစ်ချုပ်ကတော့ Product/market fit ဖို့ဆိုတာ Lottery Ticket လိုပါပဲ။ ဒါပေမဲ့ Who Care, Because We Love What Do !! That is what we stand for !!

“ဒီအပတ်ကိုယ့် Product ကို အသုံးပြုမယ့် Customer ဘယ်နှယောက်နဲ့စကားပြောပြီးသွားပြီလဲ” ဒီမေးခွန်းကို ကျွန်တော် Investment A...
10/12/2023

“ဒီအပတ်ကိုယ့် Product ကို အသုံးပြုမယ့် Customer ဘယ်နှယောက်နဲ့စကားပြောပြီးသွားပြီလဲ”

ဒီမေးခွန်းကို ကျွန်တော် Investment Assoicate အနေနဲ့ Pitch Deck တွေကြည့်တဲ့အခါ ပထမဆုံး မေးဖြစ်တယ်။ တစ်ချို့ကလည်း လိုအပ်တယ်ထင်တယ်။ တစ်ချို့ကလည်း မလိုအပ်ဘူးထင်တယ်။ နည်းနည်း Awkward ဖြစ်တယ်ပေါ့။ တကယ်တော့ Startup Founder တွေက ပုံမှန်ထက် အလုပ်များတာကို နားလည်ပါတယ်။ သို့သော် ကျွန်တော်တို့ ဖန်တီးမယ့် Product ကို အသုံးပြုမယ့် Customer တွေရှိမယ်ဆို ဒီ Customer တွေနဲ့အမြဲထိတွေ့နေဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲ။ Customer တွေကို စကားမပြောဖြစ်ဘူး။ အချိန်မပေးဘူးဆိုရင် သူ့တို့အကြောင်း ဘယ်တော့မှမသိနိုင်ပါဘူး။

ဒီနေရာမှာ ကျွန်တော့ကို ပြန်ပြီး Argue လုပ်လို့ရတာက “Henry Ford သာ Customer တွေကို ဘာလိုချင်လဲမေးရင် အမြန်ဆုံးမြင်းလို့ပြောမှာပေါ့။ တကယ်တော့ မဟုတ်ဘူး။ Customer တွေနဲ့ထိတွေ့တယ်ဆိုတာ
သူ့တို့ကို ဘာလိုအပ်လဲသွားမေးဖို့မဟုတ်ဘူး။ သူတို့ကြုံနေရတဲ့အခက်အခဲကို သူ့တို့ထက် ပိုပြီး သေချာနားလည်ဖို့။

ဒီလိုနားလည်ပြီးတဲ့အခါ သူတို့အတွက် အသုံးဝင်မယ့် Product တစ်ခုကို ဖန်တီးပေးဖို့။ Jeff Bezon ပြောဖူးတာတောင် သွားသတိရတယ်။ “It is not the job of customer to invent something.It is your job. All you have to do is listen to the pain”

ဒါကြောင့်မို့ Startup Founder တွေအနေနဲ့ ကိုယ့်ဖန်တီးမယ့် Product ကို အသုံးပြုမယ့် Customer တွေကို
အချိန်ပေးဖို့လိုတယ်။ စကားပြောဖို့လိုအပ်တယ်။ ကျွန်တော်လည်း ကျွန်တော့်ချမှတ်ထားတဲ့ Rule ကို လိုက်နာတယ်။ တစ်ပတ်၊တစ်ပတ် ကျွန်တော်ရဲ့ Client Startup Founder တွေနဲ့တွေ့တယ်။ Market Research, Business Plan, Brand & Marketing ဒီလို ဝန်ဆောင်မှုတွေပေးတယ်။ တကယ့်အလုပ်ဖြစ်သွားလား စောင့်ကြည့်တယ်။

ပြီးတော့ Podcast တွေမှာ Startup Founder တွေနဲ့စကားပြောတယ်။ တစ်ချို့ Product တွေအတွက်ဆို
အပြင်မှာ လူကိုယ်တိုင်တွေ့ပြီးစကားပြောကြည့်တယ်။ တစ်ခါတုန်းက ကျွန်တော်ကို အံ့အားသင့်စေတာက “ဒီဂျစ်တယ်” ဆိုတာကို ကျွန်တော်တို့ လူတော်တော်များများ နားလည်လောက်ပြီထင်ပေမဲ့ တကယ်တမ်း
မသိကြသေးတဲ့သူ အများကြီးတွေ့ရတယ်။

ဒါတွေကို ကျွန်တော့် Customer တွေနဲ့သာ စကားမပြောဖြစ်ရင် ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဒါကြောင့် Startup Founder တွေအတွက် Rule No 1 က “ဒီအပတ်အတွင်း ကိုယ့် Product ကို အသုံးပြုမယ့် Customer ဘယ်နှယောက်နဲ့စကားပြောပြီးသွားပြီလဲ”

အများကြီးဖြစ်စရာမလိုဘူး။ All you have to do is listen to the pain

09/12/2023

Story of Burma Podcast Episode (3) ထွက်ပါပြီခင်ဗျ။ မြန်မာပြည်မှာ Tech Startup စတင်တည်ထောင်ဖို့ စိတ်ကူးရှိတဲ့ လူငယ်တွေအတွက် ဒီအပိုင်းက
အကျိုးရှိစေမှာပါ။ ကျောင်းသားဘဝကနေ Tech Startup တစ်ခုဘယ်လိုတည်ထောင်နိုင်ခဲ့လဲ။ လူငယ်တိုင်း ကိုယ့် Passionate ဖြစ်ရာ Tech Startup Founder တစ်ဦးဖြစ်ခွင့်ရှိပါတယ်။ Do What You Love !! 💥

Tech Startup Founder များအတွက် အဓိကရည်ရွယ်ထားတဲ့ Burmese Startup Magazine ထွက်ပါပြီ။ ဒီ Magazine ရဲ့ အဓိက တာဝန်က ကိုယ်က ...
09/12/2023

Tech Startup Founder များအတွက် အဓိကရည်ရွယ်ထားတဲ့ Burmese Startup Magazine ထွက်ပါပြီ။

ဒီ Magazine ရဲ့ အဓိက တာဝန်က ကိုယ်က ဘယ်နေရာပဲရောက်ရောက်၊ ဘယ်မှာပဲရှိရှိ မြန်မာပြည်က Tech Startup နယ်ပယ်နဲ့ အလှမ်းမဝေးသွားအောင် ကူညီပေးသွားမှာဖြစ်ပါတယ်။

👉 အသေးစိတ်လေ့လာရန် -

https://www.facebook.com/100088868053915/posts/pfbid0uxhBN7y1HTgmoLh3bi8hWRUDUdE4MWTYhrt827qFr32p76h41yxsne2DbAueJXGUl/?mibextid=I6gGtw

ကဲ..စနေ့နေ့ တစ်နေ့လုံး Motivate ဖြစ်စေမယ့် စကား (၃) လုံး။ “You Are Going to Die, Today”မနက်က Video Creation နဲ့ပတ်သတ်တဲ့...
09/12/2023

ကဲ..စနေ့နေ့ တစ်နေ့လုံး Motivate ဖြစ်စေမယ့် စကား (၃) လုံး။

“You Are Going to Die, Today”

မနက်က Video Creation နဲ့ပတ်သတ်တဲ့စာအုပ်လေးတစ်အုပ်ဖတ်နေရင်း သဘောကျလို့ပါ။ ဆိုလိုရင်းက များသောအားဖြင့် “Motivation ဆို အလုပ်ကြိုးစား။ မင်းလုပ်နိုင်ပါတယ်။ လက်မလျော့နဲ့လို့ ပြောကြပေမဲ့ Gary Vay ကတော့ တစ်ခွန်းတည်းပြောလိုက်တယ်။ “ဒီနေ့မင်းသေတော့မယ်” Do Something About it.

ဒါကြောင့်မို့ နောက်ပိုင်း Content Creator တွေမှာ လူတွေတစ်ခါမှ မထင်ထားတဲ့ ရှုထောင့်ကနေ စဉ်းစားတတ်ဖို့ အရေးကြီးတယ်ဆိုတာ နားလည်လာတယ်။ ဒီ (၃၀) စက္ကန့် Video က ၂၀၁၆ မှာတင်ထားပေမဲ့ အခြားနာမည်ကြီး Bestseller စာအုပ်တွေမှာလည်း Content Creation နဲ့ပတ်သတ်လို့ ‌”ဉပမာ” တစ်ခုအနေနဲ့ဖော်ပြတာခံခဲ့ရတယ်။

စနေ့နေ့ တစ်နေ့လုံး Motivate ဖြစ်စေမယ့် စကား (၃) လုံး။အစ၊အဆုံးနားထောင်ကြည့်ပါ။ ဘော်ဒါတွေကိုတော့ သွားမပြောနဲ့နော်။ တော်ကြာဆဲခံထိနေမယ်😄

Video : https://www.youtube.com/watch?v=0wdUDD6HaC0

ကျွန်တော့်ကို Startup နဲ့ပတ်သတ်လို့ အမြင်ပြောင်းလဲစေခဲ့တဲ့ အခမဲ့အွန်လိုင်းသင်တန်းတစ်ခု။ ၂၀၁၉ ကျော်၊ ၂၀၂၀ လောက်က Startup ...
08/12/2023

ကျွန်တော့်ကို Startup နဲ့ပတ်သတ်လို့ အမြင်ပြောင်းလဲစေခဲ့တဲ့ အခမဲ့အွန်လိုင်းသင်တန်းတစ်ခု။

၂၀၁၉ ကျော်၊ ၂၀၂၀ လောက်က Startup တို့၊ Business ပိုင်းတွေကို စိတ်ဝင်စားတော့ စာတွေရှာဖတ်ကြည့်တယ်။ သိတဲ့အတိုင်း အဲ့အချိန်က English စာကလည်း မတောက်တခေါက်ဆိုတော့ တစ်ချို့အရာတွေ နားမလည်ဘူးဗျ။ World Economic Forum တို့လို Talk Show တွေကို ကောင်းကောင်း
နားလည်ချင်ပေမဲ့ စကားလုံးတွေကို ကိုယ်မှာ တိုင်ပတ်နေဆဲကာလ။

အဲ့ကာလမှာ ကျွန်တော့်ကို Startup အကြောင်း နားလည်အောင် ကူညီပေးခဲ့တဲ့ Course တစ်ခုရှိတယ်။ Coursera ကပါ။ အခမဲ့အွန်လိုင်းပါပဲ။ ဒီ Course က ကျွန်တော်နားမလည်တဲ့စကားလုံးတွေအပြင် Startup , Business Plan နဲ့ပတ်သတ်တဲ့အခြေခံတွေပါ တီးခေါက်မိအောင် ကူညီပေးခဲ့တယ်။

Video တစ်ခုကို (၅) မိနစ်လောက်ပဲ ဆိုပေမဲ့ အဲ့ (၅) မိနစ်ကိုတောင် နားမလည်လို့ ထပ်ခါထပ်ခါပြန်ကြည့်ခဲ့ရတယ်။ Translation တွေသုံးခဲ့ရတယ်။ သို့သော် တော်တော်လေးအသုံးဝင်တဲ့ Course တစ်ခုလို့ ပြောလို့ရတယ်။ နောက်ပိုင်းပိုပြီး Advance ဖြစ်တဲ့ စာအုပ်တွေ၊ Talk Show တွေ၊ Podcast တွေ နားထောင်ဖို့ ဒီအခမဲ့အွန်လိုင်းလေးက ကျွန်တော့်အတွက် ကောင်းမွန်တဲ့အခြေခံတစ်ခုပါ။ နေ့တိုင်းတော့ ကြည့်ဖို့ လိုတာပေါ့။ အောက်ကကျွန်တော့်မှတ်စုလေးကို ကြည့်ရင် တော်တော်တောင် ဟောင်းနေပြီ။

ဒါကြောင့်ဒီနေ့မှာတော့ ကျွန်တော့်အတွက် အသုံးဝင်ခဲ့တဲ့ ဒီအခမဲ့ Course လေးကို အားလုံးနဲ့အတူ မျှဝေပေးလိုက်ပါတယ်။ Business အကြောင်းလေ့လာရတာရှုပ်တယ်ဆိုတဲ့သူတွေအတွက် ဒီ Course လေးက လွယ်လွယ်ကူကူ နားလည်သွားအောင် ဆွဲခေါ်သွားမှာပါ။

အခဲ့မဲ့ အွန်လိုင်းသင်တန်း - https://www.coursera.org/learn/business/home/week/1

ကျွန်တော် Podcast တွေ နားထောင်ရတာ သဘောကျသလို ရိုက်ရတာလည်း သဘောကျတယ်။ Entrepreneurs တွေနဲ့ အတူတူ စကားပြောရတာကြိုက်တယ်။ Po...
07/12/2023

ကျွန်တော် Podcast တွေ နားထောင်ရတာ သဘောကျသလို ရိုက်ရတာလည်း သဘောကျတယ်။ Entrepreneurs တွေနဲ့ အတူတူ စကားပြောရတာကြိုက်တယ်။ Podcast တွေက ကျွန်တော် Startup အကြောင်း စလေ့လာတဲ့အခါ အများကြီးအထောက်အကူဖြစ်စေခဲ့တယ်။ တစ်ချို့ဆို Podcast တစ်ခုကို (၃) နာရီလောက်ကြာတယ်ဗျာ။ အနှစ်တွေကြီးပဲ ပြောသွားတာ။

တကယ်တော့ မင်းသား၊ မင်းသမီး၊ ဖျော်ဖြေရေး၊ တစ်ချို့နယ်ပယ်တွေမှာဆို ပရိတ်သတ်နဲ့ချိတ်ဆက်နိုင်မယ့် Platform တွေရှိတယ်ဗျာ။ ကျွန်တော်တို့ Startup Founder တွေအတွက် ကိုယ့်ရဲ့ Customer တွေ၊ လေ့လာလိုသူတွေအတွက် ချိတ်ဆက်ပေးတဲ့ သီးသန့် Platform ရှားတယ်။ ဒါကြောင့်မို့ Startup နဲ့ပတ်သတ်ပြီး မြန်မာပြည်မှာ Podcast နားထောင်ချင်ရင် Story of Burma က အကောင်းဆုံးရှိနေစေချင်တယ်။ Founder တွေရဲ့ စီးပွားရေးအတွေးအခေါ်တွေကို လူငယ်တွေကို အကောင်းဆုံးမျှဝေပေးချင်တယ်။

အခုဆို ကျွန်တော်တို့ Story of Burma Podcast မှာ အပိုင်း (၂) ခုထုတ်လွှင့်ပြီးသွားပြီ။ အပိုင်း (၁) ခုကို တစ်နေရာလောက်ကြာပေမယ့် ကြည်ရှုချိန် Youtube နဲ့ Facebook မှာနာရီပေါင်း (၅) ထောင်ကျော်လောက်ရှိသွားတာ ကျွန်တော့်ကို အံ့အားသင့်စေခဲ့တယ်။

နောက်ထပ် အပိုင်းတွေ အများကြီး ထုတ်လွှင့်သွားချင်တယ်။ ဒါဆို Podcast တစ်ခုတည်းလား မဟုတ်ဘူး။

Burmese Startup Studio က ဝန်ဆောင်မှုတွေဖြစ်တဲ့ Market Research, Business Plan/Financial Projection, Brand & Marketing ဒီလို ဝန်ဆောင်မှုတွေကို အတူလက်တွဲလာတဲ့ Brand တွေလည်းရှိလာပြီ။ သင်ကြားလိုသူတွေလည်း တွေ့ရတော့ ပီတိဖြစ်ရပါတယ်ခင်ဗျာ။

ဒါကြောင့်Burmese Startup Studio က ဝန်ဆောင်မှုတွေကို သိရှိချင်တာပဲဖြစ်ဖြစ်၊ Story of Burma Podcast အကြောင်း အသေးစိတ်ဆွေးနွေးချင်တာပဲဖြစ်ဖြစ်၊ ပူးပေါင်းပါဝင်ချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ Team ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။

ကျွန်တော်ကတော့ အရင် (၃) နှစ်လောက်ကလည်း ဒါပဲလုပ်တယ်။ အခုလည်း ဒါပဲလုပ်တယ်။ ကျွန်တော်တို့ ဘာလုပ်လုပ် လုပ်သမျှက Startup Founder တွေအတွက်ပါ။ ဆက်ကြိုးစားသွားပါ့မယ် ❤️

အသက် (၂၀) အရွယ်မှာ ဘယ်သူမှ မလျှောက်ချင်တဲ့ အလုပ်ကို လျှောက်ပါ။ ကဲ..အသက် (၂၀) အရွယ်ကို ပြန်သွားလိုက်ရအောင်။ အဲ့အချိန်တုန်...
27/11/2023

အသက် (၂၀) အရွယ်မှာ ဘယ်သူမှ မလျှောက်ချင်တဲ့ အလုပ်ကို လျှောက်ပါ။

ကဲ..အသက် (၂၀) အရွယ်ကို ပြန်သွားလိုက်ရအောင်။ အဲ့အချိန်တုန်းက ကျွန်တော့် အချိန်တော်တော်များများက Volunteer တွေ၊ Part-Time တွေ၊ Waiter လည်း လုပ်ဖူးတယ်။ Live Sale တွေလည်း လွှင့်ဖူးတယ်။ ပြီးတော့ Interns, BDM, Investment Associate, Manager ဒီလိုနဲ့ အခုဆို Startup နယ်ပယ်ထဲရောက်တာ (၃) နှစ်ကျော်၊ (၄) နှစ်နီးပါးလောက်ရှိပါပြီ။

ဒီနေ့မှာတော့ အချိန်လည်းရတုန်း အသက် ၁၉၊ ၂၀ အရွယ်လောက်မှာ ရှိတဲ့လူငယ်တွေအတွက် ကျွန်‌တော့် အသက် (၂၀) အရွယ် ဘယ်သူမှ မလျှောက်ချင်တဲ့ အလုပ်တွေကို လျှောက်ခဲ့ခြင်းက ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

ဒီခေါင်းစဉ်ကို မြင်ရင် “ဟ၊ ဘယ်သူမှ မလျှောက်ချင်ပါဘူးဆို” ဘာလို့ လျှောက်ရမှာလဲ တွေးမိနိုင်တယ်။ လူတိုင်းအတွက်မဟုတ်ဘူး။ ဉပမာ။ ။ ကိုယ်က Business နယ်ပယ်ကလည်း မဟုတ်ဘူး။ ဘွဲ့ကလည်း သာမာန်ပဲ။ ဘာအသိအမှတ်ပြုလက်မှတ်မှာလည်း မရှိဘူး။ ကိုယ်မှာရှိတာ Passion နဲ့တစ်ခုခုကို အကောင်းဆုံး
လုပ်ချင်တဲ့ စိတ်တစ်ခုပဲရှိတယ်။

ဒီလိုလူငယ်တွေ တစ်နေရာမှာ ရှိနေလိမ့်မယ်လို့ ထင်တယ်။ အလုပ်ရှာရင် အဆင်ပြေအောင် Certificate တွေ ယူဖို့အတွက်လည်း စိတ်မဝင်စားဘူး။ ကိုယ်ကြိုက်တာကို ဇောက်ချလုပ်ချင်ပေမဲ့ တစ်ဖက်မှာလည်း အလုပ်က ရဖို့
လိုနေသေးတယ်။ အဲ့အရွယ်တုန်းက ကျွန်တော့်အဲ့လိုပဲခံစားခဲ့ရတယ်။

ဆိုတော့ အဲ့အချိန်ကျွန်တော်လုပ်ခဲ့တာက ဘယ်သူမှ မလျှောက်ချင်တဲ့အလုပ်တွေကို အတွေ့အကြုံတစ်ခုတည်း ကြည့်ပြီး လျှောက်ခဲ့တာပါ။ လစာမကောင်းတာ၊ ဝန်ထမ်း Benefits တွေ၊ Laptop ပေးမပေးတွေ ကျွန်တော်စိတ်မဝင်စားဘူး။ အဓိက ကျွန်တော်လေ့လာချင်တာတွေကို ပြည့်ပြည့်ဝဝလေ့လာရဖို့။ အဲ့ဆုံးဖြတ်ချက်ကပဲ ကျွန်‌တော့် Company တစ်ခုမှာ Interns စရတယ်။ လစာကလည်း ပုံမှန်။ ဘာ Benefits မှလည်း အရမ်းကြီး မရှိဘူးဆိုပေမဲ့ World မှာ ထိပ်တန်း Consulting Firm တွေဖြစ်တဲ့ McKinsey က Head တွေနဲ့ အလုပ်အတူတူ လုပ်ခဲ့ရတယ်။ Company ရဲ့ အသစ်သစ်သော Project တွေ ကိုင်ခဲ့ရတယ်။ လေ့လာခွင့်ရခဲ့တယ်။ စကားပြောဆိုပုံတွေ။ Meeting တွေ စီမံပုံတွေ။ ဒီလိုအရာတွေ အားလုံးကို အများကြီး‌လေ့လာခဲ့ရတယ်။ အခုထိ အကျင့်ပါတုန်း တစ်ချို့အရာတွေဆို။

အချို့ကတော့ Work Load များတယ် ထင်ကြတယ်။ လူငယ်ဖြစ်တဲ့ ကျွန်တော့်အတွက်တော့ တစ်ကယ့်ပျော်စရာ။ အဲ့ကအတွေ့အကြုံတွေက နောက်ထပ် Career တစ်ခုကို ဆက်လှမ်းဖို့အတွက် အများကြီး အထောက်အကူဖြစ်စေခဲ့တယ်။ ဆိုတော့ စဉ်းစားကြည့်ရအောင်။

ပုံမှန်အတိုင်း အလုပ်ခေါ်စာတွေ့တဲ့အခါ အခြားအကျိုးခံစားခွင့်တွေလည်း ရှိနေမယ်။ အရာအားလုံးလည်း အဆင်ပြေနေမယ်ဆို လျှောက်တဲ့လူ ရာချီနေပြီပေါ့။ ကျွန်တော်တို့လို အတွေ့အကြုံမရှိ၊ ဘွဲ့ကလည်း သာမာန်လူတွေကို ဘယ်ခန့်မလဲ။

ဒါကြောင့်မို့ အလုပ်လျှောက်တော့မယ်ဆို အခြားရှုထောင့်ကနေ မြင်ကြည့်ပါ။ ဒီအလုပ်က ကိုယ်လိုချင်တဲ့ အတွေ့အကြုံတွေရမယ်။ လေ့လာချင်တာတွေကို လေ့လာလို့ရမယ်ဆို စောနက အကျိုးခံစားတွေမ ပေးထားတာက ကျွန်တော့်တို့လို လူတွေအတွက် အခွင့်အရေးတစ်ခုပဲလို့ မြင်တယ်။ အခြားသူတွေရဲ့ ရှုထောင့်နဲ့တော့ တူချင်မှတော့ တူမယ်။ မှားချင်လည်း မှားနိုင်တယ်။

သို့သော် ကျွန်တော့်အတွက် ဘယ်သူမှ မလျှောက်ချင်တဲ့ အလုပ်တွေကို အတွေ့အကြုံတွေကို ကြည့်ပြီး လျှောက်ထားခဲ့တယ်။ အဲ့အတွက် အခွင့်အလမ်းအများကြီးရခဲ့တယ်။ ဒါကြောင့် ဒီဆောင်းပါး လေးကနေတဆင့်
ကိုယ့်မှာ Passion ရှိတယ်။ ပုံမှန်လမ်းရိုးလမ်းစဉ်ကို မလိုက်ချင်ဘူးဆိုရင်လည်း ရတယ်။ နည်းနည်းတော့ ပိုခက်ခဲပေမဲ့ အခွင့်အရေးအများကြီးရှိပါသေးတယ်။ All you have to do is “Just Do What You Love” နောက်နေ့မှာ အချိန်ရရင် “Intern ဘဝကနေ ဘယ်လို Manager တန်းဖြစ်ခဲ့လဲ” ဆိုတဲ့ ဆောင်းပါးလေးနဲ့ ပြန်လာခဲ့ပါ့မယ်။

👉Fine me more : Leon - The Startup Builder

Innovation ဆိုတာဘာလဲ။ တီထွင်ခြင်းလား။ ဆန်းသစ်ခြင်းလား။ Innovation ဆိုတာဘာလဲဆို လူတိုင်းမှာ အဓိပ္ပါယ်ကိုယ်စီရှိကြလိမ့်မယ်...
26/11/2023

Innovation ဆိုတာဘာလဲ။ တီထွင်ခြင်းလား။ ဆန်းသစ်ခြင်းလား။

Innovation ဆိုတာဘာလဲဆို လူတိုင်းမှာ အဓိပ္ပါယ်ကိုယ်စီရှိကြလိမ့်မယ်ထင်တယ်။ Technology, Innovation, Creativitiy ဒီလို အပိုင်းတွေက ပိုပြီးအရေးကြီးလာမယ်ဆိုတာ Sillicon Valley တို့၊ Bloomberg တို့က သတင်းတွေ၊ Report တွေဖတ်ကြည့်ရင် တွေ့မိကြမှာပါ။ ဆိုတော့ ဒီနေရာမှာ Innovation ဆိုတာ ဘာလဲ။ ကျွန်တော်ဘယ်လိုနားလည်ထားလဲဆိုတာ အားလုံးနဲ့မျှဝေရင်း စကားလက်ဆုံကျချင်ပါတယ်။

Innovation ဆိုတာ ဘာလဲ။ တီထွင်ဆန်းသစ်ခြင်းလား။ ဆန်းသစ်ခြင်းလား။ ထူးခြားချက်တွေလား။ ကျွန်တော့်အတွက် Innovation ဆိုတာ Problem နဲ့ Solution ကို အခြေခံတယ်။ ဉပမာ - ကျွန်တော်တို့Product တိုင်းမှာ Job to Be Done ဆိုတာ ရှိတယ်ဗျာ။ ဉပမာ - ကျွန်တော်က ရန်ကုန်ကနေ ပြင်ဦးလွင်ကို သွားချင်တယ်။ ဒါဆို ရန်ကုန်ကနေ ပြင်ဦးလွင်ရောက်ဖို့အတွက် ကား၊ ရထား၊ လေယာဉ် ကြိုက်တာ စီးသွားလို့ရတယ်။ ဆိုတော့ ကားရဲ့ Job to Be Done က ရန်ကုန်ကနေ ပြင်ဦးလွင်ကို ဘယ်နှမိုင်အတွင်း အရောက်ပို့ပေးဖို့။ ရထားလည်းထို့နည်းတူပဲ။ လေယာဉ်လည်း ထို့နည်းတူပဲ။ အဓိကက ရန်ကုန်ကနေပြင်ဦးလွင် ရောက်ဖို့။

အရင်က ကား၊ ရထား။ လေယာဉ် မရှိတုန်းက မြင်းနဲ့သွားမယ်။ လမ်းလျှောက်သွားမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရောက်တာပဲ။ ဒါပေမဲ့ “ပိုပြီး မြန်မြန်ဆိုတဲ့ အားသာချက်၊ သက်သောင့်သက်သာ ဆိုတဲ့ အားသာချက် ဒီလို အချက်တွေကို ထည့်သွင်းပြီး “ကိုယ်လိုရာ ခရီးကို မြန်မြန်နဲ့သက်သောင့်သက်သာရောက်နိုင်မယ့် အရာတစ်ခုဆို ဘာဖြစ်မလဲ။ ကားပေါ့။ That is Innovation !!

လိုရာခရီးရောက်တော့ ရောက်တယ်။ ဒါပေမဲ့ ပိုမြန်တယ်။ သက်သောင့်သက်သာရှိတယ်။ ဒါလို လူတွေရဲ့ နေ့စဉ်ဘဝကို ပိုကောင်းမွန်လာဖို့ ဖန်တီးထားတဲ့ Solution တွေကို Innovation လို့သတ်မှတ်လို့ရတယ်။

ကျွန်‌တော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ Problem သို့မဟုတ် လိုအပ်ချက်ကို ရှိရင်းစွဲအရာတွေထက် အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် Solution ကို Innovation လို့ ကျွန်တော်သတ်မှတ်တယ်။ Foodpanda ရဲ့ Job To Be Done က “အစားအ‌သောက်မှာချင်တဲ့သူတွေ အိမ်မှာနေရင်း ကိုယ်စားချင်တဲ့အစားအသောက်ကို စုံစုံလင်လင်၊ မြန်မြန်ဆန်ဆန် မှာယူနိုင်ဖို့” ။ FoodPanda မရှိရင် မှာချင်တာတွေကို မှာလို့မရဘူးလား။ မဟုတ်ဘူး။ ရတယ်။ ဒါပေမဲ့ အချိန်ကုန်တယ်။ လူပင်ပန်းတယ်။ ဒီတော့ Foodpanda က Innovation တစ်ခုပဲ။ အခြား Grab, Facebook, Linkedin, Amazon, Paypal, OpenAi အားလုံးဒီအတိုင်းပဲလို့ ကျွန်တော့်ယူဆတယ်။

ဒီနေရာမှာ မေးခွန်းတစ်ခုက “Technology” နဲ့ပေါင်းစပ်မှ ရမှာလား။ မဟုတ်ဘူး။ Mcdonalds မှာ ဘာဂါစားချင်ရင် (၃) မိနစ်အတွင်းရတယ်။ ဘာလို့လဲဆိုတော့ သူ့တို့ရဲ့ Operation Procedure ကြောင့်။ အဲ့ချိန်မှာ ဘာဂါတစ်လုံးမှာဖို့ အကြာကြီး တန်းစီစောင့်နေရတဲ့အချိန်။ That is Innovation in this time !!

သို့သော် နောက်ပိုင်းကျ ဒီလို Operation Procedure တွေ၊ Manual တွေထက် Technology က ပိုပြီး ခေတ်ရှေ့ပြေးလာတဲ့အတွက် Innovation ဆိုတာနဲ့ Technology ကို ပြေးမြင်လာကြတယ်။ အဓိကတော့ Innovation ဆိုတာ ကျွန်‌တော်တို့ လက်ရှိ ကြုံတွေ့နေရတဲ့ Problem သို့မဟုတ် လိုအပ်ချက်ကို ရှိရင်းစွဲအရာတွေထက် အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့် Solution ကို Innovation လို့ ယူဆပါတယ်။

မြန်မာပြည်မှာလည်း ဒီလို Tech Startup တွေ၊ Innovation တွေအများကြီးပေါ်လာစေချင်ပါတယ်။ ဒီလို Product တွေကို ကျွန်‌တော်ကိုယ်တိုင် သုံးချင်တယ်။ ဒါကြောင့် Burmese Startup Studio ကို စတည်ထောင်ခဲ့တာပါ။ ကျွန်တော်တို့ တတ်နိုင်သလောက် ဒီလို Innovation တွေပေါ်လာဖို့၊ Startup Founder တွေ ပေါ်လာဖို့ ဆက်ပြီး ကြိုးစားသွားပါ့မယ်။ ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲ။ နောက်နေ့မှာ အခြား Tech Startup အကြောင်းအရာတွေနဲ့အတူ ပြန်တွေ့ပါမယ်ခင်ဗျာ။

👉Find me more : Leon - The Startup Builder

25/11/2023

Story of Burma Episode-2 ပြန်လာပါပြီ 💥 မြန်မာပြည်မှာ ကိုယ်ပိုင် Local Brand တစ်ခု စတင်ချင်တဲ့လူငယ်တွေ နားထောင့်ကြည့်ပါ ❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Startup Blogs by Leon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Startup Blogs by Leon:

Share

Category