NICE Learning House

NICE Learning House NICE Learning House Training Centre

👍👍👍ကစားရင်းနဲ့ ရေတွက်နေကြသောသားသားမီးမီးများ
26/05/2026

👍👍👍ကစားရင်းနဲ့ ရေတွက်နေကြသောသားသားမီးမီးများ

၊🥰🥰🥰ကစားရင်းနဲ့ သင်ယူနေကြသော သားသားမီးမီးများ။အရောင်များမေးခြင်း၊ ကဏန်းများမေးခြင်းတို့ကိုအလှည့်ကြလုပ်ဆောင်နေခြင်း
13/05/2026

၊🥰🥰🥰ကစားရင်းနဲ့ သင်ယူနေကြသော သားသားမီးမီးများ။
အရောင်များမေးခြင်း၊ ကဏန်းများမေးခြင်းတို့ကိုအလှည့်ကြလုပ်ဆောင်နေခြင်း

30/04/2026

ကဆုန်ညောင်ရေသွန်းပွဲလေးအကြောင်းလေး ကိုဆွေးနွေးခြင်း

10.4.2026ရက်နေ့ကကျင်းပခဲ့သော Water Party လေးပါရှင့်
13/04/2026

10.4.2026ရက်နေ့ကကျင်းပခဲ့သော Water Party လေးပါရှင့်

05/04/2026

🎓🎓🎓2025-2026 ပညာသင်နှစ် အတွက် ကျောင်းဆင်းပွဲလေး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါပြီ။

💐💐💐GNPS အပေါ်ယုံကြည်မှုများနှင့်အတူ သားသားမီးမီးတို့အပေါ် အလေးထား တန်ဖိုးထားပေးသော မိဘတစ်ဦးစီ တိုင်းကိုလည်း မှတ်တမ်းတင်ပါတယ်ရှင့်။

Htar
Zar

20/02/2026

💐💐💐သတင်းစကားလေး ပေးချင်ပါတယ်

🤝🤝🤝Global NICE Preschool (GNPS) & Learning House ဖြင့် လက်တွဲလုပ်ဆောင်ရန် အတွက် မူကြိုဆရာမ(၂)ဦး လိုအပ်ပါတယ်ရှင့်။

🗣️🗣️🗣️(၁) ကလေးချစ်တတ်သူ
(၂)ကလေးဝေရာဝစ္စ မရွံရှာသူ
(၃)လုပ်ငန်းအပေါ်စိတ်ဝင်စားသူ၊
(၄) ECCD သင်တန်းရှိသူ၊ ဦးစားပေးမည်။
သင်တန်းမရှိလျှင် လည်းရပါသည်။ သင်တန်းတက်နိုင်သူဖြစ်ရမည်။ ရေရှည်လက်တွဲလုပ်ဆောင်မည့်သူအား သင်တန်းပံ့ပိုးပေးပါ့မည်။
(၅)အသက်၂၅နှစ်မှ ၄၀နှစ်အတွင်းဖြစ်ရမည်။
(၆) ဘွဲ့ရ ဖြစ်ရမည်။အနည်းဆုံး အထက်တန်းအဆင့်ရှိရမည်။
(၇)စကားပြောချိုသာ၊ ယဉ်ကျေး ၊ပြေပစ်မှုရှိရမည်။
(၈)တစ်ကိုယ်ရည်သန့်ရှင်းမှု ကောင်းသူဖြစ်ရမည်။
(၉)အဖွဲ့အစည်းနှင့် လုပ်ဆောင်နိုင်သူဖြစ်ရမည်။
(၁၀)အခြေခံ လစာ ၂၀၀၀၀၀(နှစ်သိန်းကျပ်မှ စ၍ မိမိကြိုးစားလုပ်ဆောင်မှုပေါ်မူတည်၍ဖြစ်စေ၊ လုပ်ငန်းနှင့် ကလေးများအပေါ် တာဝန်ကျေမှု တန်ဖိုးထားမှုပေါ်မူတည်၍ ၆လတစ်ကြိမ် လစာတိုးသည့်အခွင့်ရေးကိုခံစားရပါမည်။

တစ်နှစ်လုံးတွင် ခွင့်(၁၀)ရက်တရားဝင်ခံစားခွင့်ရှိပါသည်။ တစ်နှစ်လုံး ခွင့်လုံးဝမယူပါက အသိမှတ်ပြုမှု Award တစ်ခုရပါမည်။

လာရောက်လျှောက်ထားလိုပါက လူကိုယ်တိုင်ဖြစ်စေ၊ Viber မှဖြစ်စေ ကျောင်းချိန်အတွင်း လျှောက်ထားနိုင်ပါတယ်။

(၁)ကိုယ်ရေး အကျဉ်း ဓါတ်ပုံပါ
(၂)ပညာရေးထောက်ခံစာ မိတ္တူ
(၃) ECCD သင်တန်းဆင်းလက်မှတ်မိတ္တူ
(၄)မှတ်ပုံတင်မိတ္တူ

🏡🏡🏡🏡
GNPS Preschool
14/8/722 ပုဂံလမ်း၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်

၀၉၄၄၈၀၃၄၄၉၈
၀၉၇၈၄၉၄၁၄၅၄

19/01/2026

သားသား မီးမီးတို့အတွက် စိုးရိမ်နေသော ဖေဖေမေမေတို့အတွက် သတင်းစကားလေး

ကျောင်းထားရမဲ့အရွယ်‌ေရာက်လို့
အစိုးရကျောင်းထားတာကောင်းသလား။
ကိုယ်ပိုင်ကျောင်းထားတာကောင်းသလား။
international school ထားတာကောင်းသလား။
ကလေးကိုဘယ်ကျောင်းထားမလဲဆိုတာကတော့အငြင်းပွားဖွယ်ရာမဟုတ်ပါဘူး။

ဘာလို့လဲဆိုတော့ဘဝတွေကမတူကြဘူးမလား။
အစစအရာရာမှာ ကိုယ့်ဘဝနဲ့ကိုယ်ပဲတိုင်းတာကြရတာပါ။ ဒါပေမဲ့ ကိုယ့်ကလေးဘာတွေဖွံ့ဖြိုးနေပြီလဲ၊ဘာတွေလိုအပ်နေသေးလဲ(ကာယ၊ဉာဏ၊စာရိတ္တ၊ပေါင်းသင်းဆက်ဆံရေး၊ဘာသယစကား၊ပတ်ဝန်းကျင်စူးစမ်းလေ့လာမှု)။
ကိုယ်ဘယ်လောက်လုပ်ပေးပြီးပြီလဲ
မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ ကိုယ့်သားသမီးပဲ ထားနိုင်တာထက်အများကြီးပိုကောင်းတာကိုထားချင်တာပေါ့။
အကောင်းဆုံးကျောင်း
အကောင်းဆုံးစာသင်ကြားတဲ့ပုံစံ
အကောင်းဆုံးသင်ရိုးညွှန်းတမ်း
အကောင်းဆုံးသင်ယူမှုပုံစံ
အကောင်းဆုံးလူနေမှုဘဝ
ဒါတွေကမိဘတိုင်းကကိုယ့်သားသမီးတိုင်းကိုပေးချင်တာပါပဲ
ဒါပေမဲ့အခြေခံလူတန်းစားတွေရဲ့ဘဝမှာဘယ်လောက်များများရွေးချယ်ခွင့်ရမှာမို့လို့လဲ။
အစိုးရကျောင်းထားပြီးတော့သင်တန်း တွေထားပေးလိုက်တာရောတကယ်မှန်ကန်တဲ့လမ်းကြောင်းလား။
ပုဂ္ဂလိကကျောင်းထားပြီးတော့နောက်ထပ်တစ်ဆင့်မြင်တဲ့သင်တန်း‌ေတွအများကြီးထပ်ထားတာကရောမှန်တာပဲလား။
international school ကိုပဲ ထားပြီးတော့ အစစအရာရာလိုသမျှပံ့ပိုးပေးတာကရောအမှန်ပဲလား
မိဘတိုင်းကတော့သူ့ဆုံးဖြတ်ချက်နဲ့သူမှန်ကြတာပါပဲ။
သူတို့တတ်နိုင်တဲ့အတိုင်းအတာတွေကနေပြီးတော့အကောင်းဆုံးတွေလုပ်ပေးကြတာလေ။
သင်ကြားမှုပုံစံတွေ ကွာခြားတာ၊ သင်ရိုးညွှန်းတမ်းတွေမတူတာ၊ ပြီးတော့ရလဒ်တွေမတူတာ အဲဒါကလေ အရှင်းဆုံးပြောရရင် ကလေးနဲ့မိဘကအဓိကပါပဲနော်။
ကျောင်းတွေကွာသလိုမျိုးကွာခြားနိုင်တာရှိပေမယ့် ကလေးနဲ့မိဘရဲ့လုပ်နိုင်စွမ်းတွေကတော့အတူတူပဲမလား
အစိုးရကျောင်းကမိဘရော
ပုဂ္ဂလိကကျောင်းကမိဘရော
international school ကမိဘရော
သားသမီးကိုချစ်ကြတာပဲလေ။
မတူတဲ့ဘဝတွေကို တိုင်းညှိလို့လည်းမရသလို ပေးထားတဲ့အကန့်သတ်ဘောင်ထဲကနေပြီးတော့ ဘဝကိုဖြတ်သန်းနေရတဲ့မိဘတွေအတွက် ငါမလုပ်ပေးနိုင်လို့ဆိုပြီးတော့ စိတ်အားငယ်နေစရာမလိုပါဘူးနော်။
အခုခေတ်အနေအထားနဲ့ဆိုလို့ရှိရင်
ကလေးလေးတယောက်က
မြန်မာစကားကိုကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ဆိုတတ်မယ်။ရေးတတ်ဖတ်တတ်မယ်။
ပြီးတော့ English ကိုလည်း ရင်းနှီးကျွမ်းဝင်မယ်။
သင်္ချာကိုကောင်းကောင်းစိတ်ဝင်စားမယ်
ပြီးတော့သူဝါသနာပါတဲ့ computer လား။ ရေကူးတာလား။ တိုက်ကွမ်ဒိုလား အစရှိတာကို သေသေချာချာသိမယ်။
ကိုယ့်ဝါသနာကိုကိုယ်သိရမယ်လို့ဆိုလိုချင်တာပါ။
ပြင်ပဗဟုသုတတွေကိုလေ့လာအားကောင်းမယ်
အဓိကကတော့စာများများဖတ်မယ်။ သူ့အရွယ်နဲ့သူထိုက်သင့်တဲ့စာဖတ်မယ်ဆိုလို့ရှိရင် မိဘတွေအနေနဲ့အကောင်းဆုံးလုပ်ပေးနိုင်နေတယ်လို့ယူဆနိုင်ပါတယ်။
ခေတ်ဟာမွန်းကျပ်လှပါတယ်။
ကိုယ့်ရဲ့မွန်းကျပ်မှုတွေကနေတဲ့သားသမီးကိုနောက်ထပ်မွန်းကျပ်မှုတွေမဖြစ်စေချင်ပါဘူး။
အဲလိုမဖြစ်စေချင်တာတွေကနေပဲ မဖြစ်သင့်တဲ့ထွက်ပေါက်ရှာမှုတွေလည်းမလိုအပ်ဘူးမလား။
ဒီလိုပြောလို့ နင့်သားဆိုရင်ဘယ်လိုလုပ်မလဲဆိုတာမျိုး မေးကြမှာပါ
အခုထိကျမမှာတိကျတဲ့အဖြေမရှိသေးပါဘူး
သူ့အဖေနဲ့တိုင်ပင်ထားတဲ့ plan ABC တွေ
အဲဒါတွေမှမဖြစ်ခဲ့ဘူးဆိုလို့ရှိရင် ကျမသားကို homeschooling လုပ်မှာပါ
ကျမလိုချင်တာပတ်ဝန်းကျင်ကောင်းပဲ
ကျမသားအတွက်ချစ်ခြင်းမေတ္တာရော ဉာဏ်ပညာရောကိုယ်ချင်းစာတရား‌ေရာ၊ လူ့ကျင့်ဝတ်ရော ပြည့်စုံတဲ့ပတ်ဝန်းကျင်မှာကျွန်မသားကိုထားချင်တယ်။
ဒါဆိုရင် ၅နှစ်အရွယ်မှာ အခြေခံအုတ်မြစ်ခိုင်မာဖို့လိုတယ်။ မိမိစိတ်ကြိုက် ကျောင်းတစ်ကျောင်းကိုရွေးပြီး တစ်ဆင့်ပြီးတစ်ဆင့် စဉ်ဆက်မပြတ်လက်တွဲ ပူးပေါင်းသင့်ပါတယ်။
တစ်ကျောင်း မှာ ကလေးအတွက်အသားကြမယ်ရှိသေး နောက်တစ်ကျောာင်းကူး၊ တစ်ကျောင်းပြီးတစ်ကျောင်းပြောင်းလိုက်တော့ ကလေးဖွံဖြိုးမှုက ရသင့်သလောက်မရနိုင်တော့ပါဘူး။
ဆရာ၊ဆရာမတိုင်းက ကလေးအကြောင်းလေ့လာပြီးမှ ကလေးတစ်ယောက်စီရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းပေးရတာပါ။
ဘယ်ကျောင်းရွေးရွေး ဆရာတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်မှ တိုးတက်မှုရရှိမှာပါ။
မိဘလည်း ယုံကြည်စွာ ပူးပေါင်းလုပ်ဆောင်ဖို့လိုအပ်ပါတယ်။
အရာရာခက်ခဲတဲ့ကာလမှာ အစစမွန်းကျပ်နေရတဲ့အချိန်မှာ
လုပ်နိုင်စွမ်းတွေကိုပဲကြည့်ပြီး ငါမလုပ်နိုင်လေခြင်းလို့ စိတ်ဓာတ်ကျနေရတဲ့မေမေတွေဖေဖေတွေအတွက် နောင်တမရစေရန်ဒီစာကိုရေးပါတယ်။

သားသမီးရဲ့ပညာရေးဆိုတာခရီးရှည်ကြီးတစ်ခုပါ
ကျမတို့က သက်လုံကောင်းဖို့လိုပါတယ်။
အခြေခံ အုတ်မြစ်ခိုင်မာဖို့လိုပါတယ်။
မိမိတို့ကလေးက ဒါတွေရပြီလား
(၁)ကျောင်းပျော်ပြီလား၊ကျောင်းသွားရင် ငိုတုန်းလား
(၂)မိခင်ဘာသာစကားကောင်းကောင်းပြောပြီလား
(၃)ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီလာ
(၄)ကိုယ်တိုင် ဝတ်တတ် စားတတ် အပေါ့အလေးသွားတတ်ပြီးလား(ဇွန်း၊ ကတ်ကြေးကိုင်တတ်မှုများ)
(၅)အများနဲ့အတူ နေတတ်ပြီးလား၊ပူးပေါင်းကစားတတ်လာပြီလား
(၆)ညွှန်ကြားချက်တွေကို လိုက်နာတတ်ပြီလား
(၇)ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိပြီလား (ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ၊ဘိုးဘိုး၊ဘွားဘွား ပတ်ဝန်းကျင်အကြောင်း စသဖြင့်)
(၈)နားထောင်တတ်ပြီလား
(၉)မျှဝေသုံးဆွဲတတ်ပြီလား
(၁၀)မိမိကိုယ်ကိုယ်ဟန်ချက်ညီထိန်းတတ်ပြီလား

သည်လိုအဆင့်တွေကို ဖြတ်ကျော်နိုင်ရင် ဘယ်လိုကျောင်းကိုပဲသွားသွား အဆင်သင့်ပါပဲ ။



Today update 8.1.2026 ၂၀၂၆ ခုနှစ် အစားအစာပိရမစ် (Food Pyramid) ၏ အဓိကပြောင်းလဲမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။လမ်းညွှန...
08/01/2026

Today update 8.1.2026
၂၀၂၆ ခုနှစ် အစားအစာပိရမစ် (Food Pyramid) ၏ အဓိကပြောင်းလဲမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

လမ်းညွှန်ချက်အသစ်တွင် အာဟာရဓာတ် ပြည့်ဝစွာပါဝင်မှု (Nutrient density) ကို အလေးထားထားပြီး ပြုပြင်ဖန်တီးထားသော အစားအစာများ (Processed foods) စားသုံးမှုကို သိသိသာသာ လျှော့ချရန် ဖော်ပြထားသည် -

* ပြောင်းပြန်လှန်ထားသော ပုံစံသစ် (Inverted Structure): ပိရမစ်၏ အကျယ်ဆုံးအပိုင်းသည် ယခုအခါ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ၎င်းတွင် ပရိုတင်း (Protein)၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့်အတူ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ပါဝင်သည်။

* ပရိုတင်းကို အဓိကထားခြင်း (Protein Focus):တစ်နေ့တာ ပရိုတင်းလိုအပ်ချက်ကို တိုးမြှင့် သတ်မှတ်လိုက်သည်။ အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ ဘဲဥ၊ ကြက်ငှက်နှင့် ပင်လယ်စာများကဲ့သို့သော အရင်းအမြစ်များမှ ပရိုတင်းဓာတ်ကို အစားအစာတိုင်းတွင် ပါဝင်အောင် စားသုံးရန် တိုက်တွန်းထားသည်။

* "ကျန်းမာရေးနှင့်ညီညွတ်သော အဆီများ" နှင့် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများ: လမ်းညွှန်ချက်အသစ်တွင် ပြည့်ဝဆီများ (Saturated fats) အပေါ် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီး အဆီလျှော့ထားသော နို့ထွက်ပစ္စည်းများထက် အဆီအပြည့်ပါဝင်သော နို့ထွက်ပစ္စည်းများကို ပိုမိုအားပေးထားသည်။ ထို့ပြင် ဟင်းချက်ရာတွင် သံလွင်ဆီအပြင် ထောပတ် (Butter) သို့မဟုတ် အမဲဆီ (Beef tallow) တို့ကို အသုံးပြုရန် အကြံပြုထားသည်။

* ကောက်နှံစာများ လျှော့ချခြင်း (Whole Grains Demoted): လုံးတီးဆန်နှင့် ဂျုံကဲ့သို့သော ကောက်နှံစာများကို ပိရမစ်၏ အကျဉ်းဆုံးဖြစ်သော အောက်ခြေသို့ ပို့ဆောင်လိုက်ပြီး တစ်နေ့လျှင် စားသုံးရန် အကြံပြုထားသည်။

* သကြားလုံးဝမထည့်ခြင်း (Zero Added Sugar): ဖြစ်နိုင်သမျှ သကြားထပ်မံထည့်သွင်းခြင်း မပြုရန်လမ်းညွှန်ထားပြီး အစားအစာတစ်နပ်လျှင် သကြားပမာဏကို တင်းကျပ်စွာ ကန့်သတ်ထားသည်။
#
* အူလမ်းကြောင်းကျန်းမာရေးနှင့် အချဉ်ဖောက်ထားသော အစားအစာများ: အူလမ်းကြောင်းအတွင်းရှိ အကျိုးပြုဘက်တီးရီးယားများ (Microbiome) ကျန်းမာစေရန်အတွက် အချဉ်ဖောက်ထားသော အစားအစာများ (ဥပမာ- ကင်ချီ၊ မုန်ညင်းချဉ်၊ ကဖီယာနို့ချဉ်) စားသုံးရန် အစိုးရလမ်းညွှန်ချက်များတွင် ပထမဆုံးအကြိမ်အဖြစ် တရားဝင် ထည့်သွင်းအကြံပြုထားသည်။

Ref:
https://time.com/7344593/new-dietary-guidelines-protein-processed-foods/

The Trump Administration unveiled a new food pyramid that prioritizes protein, dairy, healthy fats, vegetables, and fruits.

2025 ရဲ့ နှုတ်ဆက်ပွဲ ကိုပျော်ရွှင်စွာကစားရင်း နှစ်သစ်အတွက်ခွန်အားတစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်သစ်မှာ အကောင်းဆုံး နဲ့ အပျော်ရွ...
03/01/2026

2025 ရဲ့ နှုတ်ဆက်ပွဲ ကိုပျော်ရွှင်စွာကစားရင်း နှစ်သစ်အတွက်ခွန်အားတစ်ခု ဖြစ်ခဲ့ပါတယ်။ နှစ်သစ်မှာ အကောင်းဆုံး နဲ့ အပျော်ရွှင်ဆုံး သင်ယူခွင့်တွေရဖို့ ၊သင်ယူမှုရလဒ်ကောင်းတွေရဖို့ ဖေဖေမေမေတို့GNPS နဲ့ ပူးပေါင်းကြပါစို့။

Address

Kanaung Street
Yangon

Telephone

+959448034498

Website

Alerts

Be the first to know and let us send you an email when NICE Learning House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NICE Learning House:

Share