01/09/2026
ယောဂလေ့ကျင့်ရင်း အဆင့်တစ်ခုကို ရောက်လာတဲ့အခါ တောင်တက်ရင်း လမ်းတစ်ဝက်ကို ရောက်လာသလိုပါပဲ။ နောက်ကိုလှည့်ကြည့်ရင် ကိုယ်ဖြတ်သန်းခဲ့တဲ့လမ်းတွေကို မြင်ရတယ်။ ရှေ့ကိုကြည့်ရင်လည်း ဆက်လျှောက်ရမယ့်လမ်းတွေ အများကြီးရှိနေတယ်။
ဒါပေမယ့် ဒီခရီးမှာ “ရောက်ပြီ” ဆိုတဲ့နေရာ မရှိဘူး။ ဒီခရီးက Infinite Journey ပါ။ A destination without ever arriving လို့ပြောလို့ရပါတယ်။ ရောက်ဖို့အတွက် သွားနေတာမဟုတ်ဘူး။ နေ့တိုင်း ရွေ့နေဖို့၊ နေ့တိုင်း သတိရှိရှိ လေ့ကျင့်နေဖို့ပါ။