24/06/2026
ဘရူနိုက ဘရူနိုပါပဲ။
ကလပ်အသင်းမှာသာမက နိုင်ငံအသင်းမှာပါ ဘရူနိုက အသက်သွေးကျောလို့ ပြောရင် မမှားပါဘူး။
ညက ပေါ်တူဂီဂိုးပြတ်နိုင်ပွဲမှာဆို ရော်နယ်ဒိုအတွက် ဖန်တီးပေးတဲ့အလုံးက လက်ဖျားခါိလောက်စရာပါ။
ရော်နယ်ဒိုတစ်ယောက် ပြိုင်ဘက်နောက်တန်နှစ်ယောက်ကြား ရောက်နေချိန် အစွန်ကိုပြေးထွက်ပြီး ဘောလုံးတောင်းဖို့ လုပ်ခဲ့တယ်။
ဒါကို ဘရူနိုကလည်း တိကျသေသပ်တဲ့ ပေးပို့မှုနဲ့ အံ၀န်ခွင်ကျ ပေးပို့ခဲ့သလို ရော်နယ်ဒိုကလည်း လှပစွာအဆုံးသတ်ပြသွားခဲ့တယ်။
လက်ရှိကမ္ဘာ့အကောင်းဆုံး playmaker တစ်ယောက်ဆိုတာ ထပ်မံသပ်၊ေသ ပြသွားခဲ့ပြန်ပါတယ်။