01/02/2023
Breaking News!!!
ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။
ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဆာဘစ်ဇာ အတွက် ဘိုင်ယန်မြူးနစ်နဲ့ သဘောတူညီမှု ရရင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။
ဆာဘစ်ဇာက မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို တပြိုင်နက်ထဲ ရခဲ့ပြီး ချယ်လ်ဆီးကို ငြင်းကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။