AV Yoga

AV Yoga Foster harmony among mind, body, and spirit for a better quality of life.

✓ April Virtue Yoga

"April" is a special month for Myanmar people as it signifies the fresh start of Myanmar new year. Meanwhile, "Virtue" represents the principle of doing what is right and avoiding what is wrong. Through the practice of Yoga, the intention of AV yoga is to foster harmony among mind, body, and spirit for a better quality of life.

✓ Founder Profile

April's yoga journey started

when she decided to quit her banking job to pursue her passion for practicing yoga. Recently finished a 500-hour Certified Yoga Teacher Training Course (YTTC) in India, she is a Registered Yoga Teacher (RYT) with Yoga Alliance which acknowledges the completion of a yoga teacher training with a Registered Yoga School (RYS). Experienced working as a Yoga Instructor at Tiger Gym, Training Ground Myanmar and DD Gym before, she is energeticly contributing her part as an active member of the Myanmar yoga community at the moment. April is also the founder of AV Yoga where she teaches and imparts her yoga knowledge to fellow yogis via online classes.

28/08/2026

Ebb & Flow with Candle Light 🕯️✨

တစ်နေ့တာရဲ့ အတွေးတွေ၊ ပင်ပန်းမှုတွေကို ခဏလေးဘေးချပြီး
အသက်ရှူသံကို နားထောင်ရင်း ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကို ဖြည်းဖြည်းချင်း ပြန်ချိတ်ဆက်လိုက်ပါ။ 🌿

Gentle Vinyasa Flow နဲ့ ခန္ဓာကိုယ်ကို လှုပ်ရှားပေးရင်း၊
Gentle Stretching နဲ့ တင်းကျပ်မှုတွေကို ဖြေလျှော့ပြီး
Candle Gazing Meditation (Trataka) နဲ့ စိတ်ကို တစ်နေရာတည်းမှာ ငြိမ်သက်စွာ အာရုံစိုက်ပေးမယ့် အချိန်လေးတစ်ခုပါ။ ✨

Let the candle light guide you inward.
Breathe slowly. Move gently. Simply be. 🤍🕯️

Yoga ကျင့်ဖို့ Studio ထိသွားဖို့ မလိုဘူးဆိုရင်… ? 👀✨မနက်စောစောထဖို့ အဆင်မပြေဘူး၊ အလုပ်ပြီးရင် Traffic တွေကြောင့် အပြင်မထ...
26/08/2026

Yoga ကျင့်ဖို့ Studio ထိသွားဖို့ မလိုဘူးဆိုရင်… ? 👀✨

မနက်စောစောထဖို့ အဆင်မပြေဘူး၊ အလုပ်ပြီးရင် Traffic တွေကြောင့် အပြင်မထွက်ချင်ဘူး၊ တစ်ခါတလေ အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တယ်… ဒါပေမယ့် Yoga ကျင့်တာကိုတော့ မရပ်ပစ်ချင်ဘူး ဆိုတဲ့ သူတွေအတွက် AV Yoga ရဲ့ Online Class လေးရှိနေပါတယ် 🤗

ကိုယ်ရှိနေတဲ့နေရာက Bedroom လေးမှာပဲဖြစ်ဖြစ်၊ Living Room လေးမှာပဲဖြစ်ဖြစ်၊ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ Corner လေးတစ်ခုမှာပဲဖြစ်ဖြစ် Yoga Mat လေးခင်းလိုက်တာနဲ့ Little Yoga Space လေး ဖြစ်သွားပါပြီ။ 🌿

✅ နောက်ပြီး AV Yoga ရဲ့ Online အတန်းချိန်တွေက Weekdays သုံးရက်မှာ (၅) ချိန်နဲ့ Weekends နှစ်ရက်မှာ (၄) ချိန်ဆိုပြီး ဖွင့်ပေးထားတာကြောင့် အတန်းချိန်စိတ်ကြိုက်ရွေးချယ်နိုင်သလို…

ကိုယ်ဝယ်ယူထားတဲ့ ရက်မှာကိုမှ မနက်ပိုင်း မအားတာကြောင့် နေ့ခင်းပိုင်းမှာ ပြောင်းလဲ တက်ရောက်မယ်ဆိုရင်လည်း အဆင်ပြေချောမွေ့အောင် စီစဉ်ပေးထားပါသေးတယ်။

ဒါပေမယ့် Weekdays အတန်းချိန်ကို ဝယ်ယူထားပြီး Weekends မှ ပြောင်းလဲတက်ရောက်လို့မရတဲ့အပြင် Beginner အတန်းနဲ့ Regular အတန်းကို ပြောင်းလဲတက်ရောက်လို့မရပါဘူးနော်… ✔️

ဆိုတော့ အပြင်မှာ ဘယ်လောက်ပဲ Busy ဖြစ်နေပါစေ AV Yoga ရဲ့ Online Class Schedule ထဲက
ကိုယ်နဲ့ အဆင်ပြေတဲ့ Class လေးကို ရွေးပြီး ဘယ်နေရာကနေမဆို Yoga ကျင့်နိုင်ပါတယ် 🧘‍♀️

ဒါကြောင့်မို့ Studio ကိုမသွားဘဲ အိမ်မှာပဲနေရင်း Yoga ကျင့်ချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Online Class လေးကိုသာ Join လိုက်ပါနော် 🙌

အသေးစိတ်သိရှိချင်လို့ ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

တစ်နေ့တာမှာ ကိုယ့်အတွက် အချိန်ဘယ်လောက်များများ ပေးဖြစ်လဲ? 🤍မနက်နိုးလာတာနဲ့ အလုပ်တွေ၊ နေ့လယ်ရောက်တော့ Meeting တွေ၊ ညနေဆို...
25/08/2026

တစ်နေ့တာမှာ ကိုယ့်အတွက် အချိန်ဘယ်လောက်များများ ပေးဖြစ်လဲ? 🤍

မနက်နိုးလာတာနဲ့ အလုပ်တွေ၊ နေ့လယ်ရောက်တော့ Meeting တွေ၊ ညနေဆိုရင် တစ်နေ့လုံး ပင်ပန်းထားတဲ့ Body & Mind က “ခဏလောက်တော့ နားချင်ပြီ…” လို့ ပြောနေတတ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ “ခဏလေး” ကို ကိုယ့်အတွက် မပေးဖြစ်တာများနေပြီဆိုရင် ဒီတစ်ခါ Calendar ထဲမှာ ကိုယ့်အတွက် Time Slot လေးတစ်ခု ထည့်လိုက်ပါ 🌿

📅 AV Yoga က Studio Class Schedule ကိုကြည့်ပြီးတော့ ကိုယ့်ရဲ့ Routine ထဲမှာ Yoga ကို အလွယ်တကူ ထည့်နိုင်အောင် Class Time တွေကို စီစဉ်ပေးထားပါတယ်။

Studio လေးထဲရောက်တဲ့အခါမှာလည်း ဖုန်းကို ခဏချ၊ အပြင်က ရှုပ်ထွေးမှုတွေကို ခဏထားခဲ့ပြီး အသက်ရှူသွင်း၊ အသက်ရှူထုတ် ပြီးတော့ ကိုယ့်ရဲ့ Body ကို တစ်ဆင့်ချင်းစီ Move လုပ်ပေးလိုက်ပါ 🧘🏻‍♀️

တစ်နေ့လုံး ထိုင်နေရလို့ တင်းနေတဲ့ Body ကို Stretch လုပ်ပေးတာဖြစ်ဖြစ်၊ အလုပ်တွေကြားမှာ ပင်ပန်းနေတဲ့ Mind ကို Slow Down လုပ်ပေးတာဖြစ်ဖြစ် ဒီ Class Time လေးက ကိုယ့်အတွက် ကိုယ် ပြန်ရယူတဲ့ Time လေးတစ်ခုပါပဲ 🤍

Yoga ကျင့်ဖို့ “အားတဲ့နေ့မှ” စောင့်နေမယ်ဆိုရင် အမြဲတမ်း မအားဖြစ်နေနိုင်တာကြောင့် အချိန်ကို စောင့်မနေဘဲ အခုပဲ AV Yoga မှာ Register လုပ်ထားလိုက်တော့‌နော် 🤗

အသေးစိတ်သိရှိချင်လို့ ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

🌻 ကိုယ့်ရဲ့ မနက်ခင်းကို ဘယ်လိုစတင်သလဲဆိုတာက တစ်နေ့တာလုံးရဲ့ စိတ်အခြေအနေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။📱 Aprilတို့ တော်တော်မျာ...
24/08/2026

🌻 ကိုယ့်ရဲ့ မနက်ခင်းကို ဘယ်လိုစတင်သလဲဆိုတာက တစ်နေ့တာလုံးရဲ့ စိတ်အခြေအနေကို ဆုံးဖြတ်ပေးနိုင်ပါတယ်။

📱 Aprilတို့ တော်တော်များများဟာ မနက်နိုးနိုးချင်းမှာ ကိုယ့်စိတ်ကလေးကို ကြည်လင်အောင် ထားရမဲ့အစား ဖုန်းကို အရင်လှမ်းကိုင်မိတာက လူအများစုရဲ့ အလေ့အကျင့်တစ်ခုလို ဖြစ်နေပါပြီ။

📱 မြည်လာတဲ့Alarm ကို ပိတ်လိုက်တာနဲ့ Facebook၊ TikTok၊ Instagram၊ Telegram တို့ကို ဖွင့်ကြည့်မိတယ်။သတင်းတွေ၊ Notification တွေ၊ Message တွေနဲ့ တစ်နေ့တာကို စတင်လိုက်တဲ့အခါ စိတ်က မနက်အစကတည်းက အလုပ်များပြီး နောက်ကျိသွားတတ်ပါတယ်။

📵 တကယ်တော့ မနက်ခင်းဟာ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့ အသင့်တော်ဆုံးအချိန်ပါ။ ဒါကြောင့် Digital Detox လေးကို မနက်ခင်းကစပြီး စမ်းလုပ်ကြည့်စေချင်ပါတယ်။

📵 Digital Detox ဆိုတာ ဖုန်းကို လုံးဝမသုံးတော့ဘူးဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အချိန်လေးတစ်ခုထားပြီး Limit လုပ်ဖို့ ဖြစ်ပါတယ်။ နိုးပြီး ပထမဆုံး မိနစ် ၃၀ ဖြစ်ဖြစ်၊ တစ်နာရီဖြစ်ဖြစ် ဖုန်းမကြည့်ဘဲ နေကြည့်တာက စိတ်ကို အေးချမ်းစေပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း ပိုကောင်းလာစေပါတယ်။

🧘‍♀️ ဖုန်းမကိုင်တဲ့ အချိန်လေးမှာ Morning Yoga လေး လုပ်ကြည့်တာကလည်း အရမ်းကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။

🧘‍♀️ မနက်ခင်းမှာ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ယောဂလေ့ကျင့်ပေးရုံနဲ့ သွေးလည်ပတ်မှု ကောင်းလာတယ်။ ကိုယ်ခန္ဓာက ပေါ့ပါးလာသလို စိတ်ကလည်း ကြည်လင်လာပါတယ်။ အထူးသဖြင့် ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး ထိုင်အလုပ်လုပ်ရတဲ့သူတွေ၊ ဖုန်းကို အမြဲကြည့်နေရတဲ့သူတွေအတွက် လည်ပင်း၊ ပုခုံးနဲ့ ခါးနာတာတွေကိုလည်း သက်သာစေပါတယ်။

🌻 အစပိုင်းမှာတော့ ခက်ခဲနိုင်ပါတယ်။ မနက်မိုးလင်း Alarm ပိတ်ပြီးတာနဲ့ ဖုန်းကို မကြည့်ဘဲ နေဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ တစ်ရက်ချင်းစီမှာ ဖြည်းဖြည်းချင်း စပြီး ကြိုးစားကြည့်ပါ။ တစ်နေ့တာကို စိတ်ဖိစီးမှုတွေနဲ့ မစတင်ဘဲ Mindful Morning လေးတစ်ခု ဖန်တီးကြည့်ပါ။

🌻 ဖုန်း Screen ရဲ့ အလင်းရောင်ထက် မနက်ခင်းနေရောင်လေးက ပိုနွေးပါတယ်။ Social Media က New Feed ထက် ကိုယ့်အသက်ရှူသံလေးက ပိုပြီး တန်ဖိုးရှိပါတယ်။

🤍 တစ်နေ့ကို မိနစ်အနည်းငယ်ပဲ ဖြစ်ဖြစ် Digital Detox လုပ်ပါ။ Morning Yoga လေး လုပ်ပါ။ အဲဒီ အလေ့အကျင့်သေးသေးလေးတွေကပဲ တစ်နေ့တာကို ပြောင်းလဲပေးမှာပါ။ အဲ့လိုကနေမှ ဖြည်းဖြည်းချင်းနဲ့ ကိုယ့်ရဲ့ Lifestyle ကပါ ပြောင်းလဲလာမှာ ဖြစ်ပါတယ်။

Weekend Reset 🤍Weekend ကို အနားယူရင်းကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကိုပါ ပြန်လည် recharge လုပ်ဖို့Yoga လေးကျင့်ကြရအောင်။ 🧘🏻‍♀️...
23/08/2026

Weekend Reset 🤍

Weekend ကို အနားယူရင်း
ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကိုပါ ပြန်လည် recharge လုပ်ဖို့
Yoga လေးကျင့်ကြရအောင်။ 🧘🏻‍♀️

Make your weekend a mindful one at AV Yoga. 🤍


Yoga မှာ မျက်လုံးဖွင့်ပြီး လေ့ကျင့်တာနဲ့မျက်လုံးမှိတ်ပြီး လေ့ကျင့်တာ… ဘာကွာလဲ? 👀🧘🏻‍♀️မျက်လုံးဖွင့်ထားတဲ့အခါကိုယ့်ရဲ့ Ali...
21/08/2026

Yoga မှာ မျက်လုံးဖွင့်ပြီး လေ့ကျင့်တာနဲ့
မျက်လုံးမှိတ်ပြီး လေ့ကျင့်တာ… ဘာကွာလဲ? 👀🧘🏻‍♀️

မျက်လုံးဖွင့်ထားတဲ့အခါ
ကိုယ့်ရဲ့ Alignment နဲ့ Balance ကို ပိုသတိထားနိုင်တယ်။

မျက်လုံးမှိတ်လိုက်တဲ့အခါတော့
အပြင်ကအရာတွေကို ခဏချန်ထားပြီး
အသက်ရှူသံနဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ အတွင်းခံစားချက်တွေကို
ပိုပြီး နားထောင်နိုင်လာတယ်။ 🤍

Yoga ဆိုတာ ပုံစံလှလှလုပ်နိုင်ဖို့ထက်
ကိုယ့်ကိုယ်ကို ပိုသတိထားမိလာဖို့ပါ။ 🌿

မျက်လုံးဖွင့်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ကြည့်မယ်…
မျက်လုံးမှိတ်ပြီး ကိုယ့်အတွင်းကို နားထောင်မယ်။ ✨

တစ်နေ့တာလုံး အလုပ်တွေ၊ တာဝန်တွေ၊ လူတွေအတွက် အချိန်ပေးရင်း ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်အတွက် အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။ခဏ...
20/08/2026

တစ်နေ့တာလုံး အလုပ်တွေ၊ တာဝန်တွေ၊ လူတွေအတွက် အချိန်ပေးရင်း ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်အတွက် အချိန်ပေးဖို့ မေ့နေတတ်ကြပါတယ်။

ခဏလောက် အားလုံးကို ဘေးဖယ်ထားပြီး
ကိုယ့်အသက်ရှူသံကို ပြန်နားထောင်ကြည့်ပါ။
ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှုပ်ရှားပေးပြီး
စိတ်ကိုလည်း အနားပေးလိုက်ပါ။ 🧘🏻‍♀️

Yoga ဆိုတာ ခန္ဓာကိုယ်ကို Flexible ဖြစ်အောင်လုပ်တာတင်မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို ပိုနားလည်လာဖို့၊ ကိုယ့်ခန္ဓာကိုယ်နဲ့ ပြန်ချိတ်ဆက်လာဖို့အတွက်လည်း ဖြစ်ပါတယ်။

ဒီနေ့ကစပြီးကိုယ့်အတွက်
အချိန်လေးတစ်ချိန် ပေးကြည့်ပါ။ 🤍

Yoga Class မှာတွေ့ကြမယ် ✨


20/08/2026

Sometimes, we don’t need more light.
Just a little less noise. 🕯️✨

တစ်ခါတလေ
အလင်းရောင်တွေ ပိုလိုအပ်တာမဟုတ်ပါဘူး…
ကိုယ့်ကိုကိုယ် ပိုမြင်နိုင်ဖို့
တိတ်ဆိတ်ငြိမ်သက်တဲ့ အချိန်လေးတစ်ခုပဲ လိုတာပါ။ 🕯️✨













“ခန္ဓာကိုယ်ကိုပဲ မလှုပ်ရှားပါနဲ့… စိတ်ကိုလည်း အနားပေးပါ။” 🌗Yang ရဲ့ Energy နဲ့ StrengthYin ရဲ့ Stillness နဲ့ Release ကို...
19/08/2026

“ခန္ဓာကိုယ်ကိုပဲ မလှုပ်ရှားပါနဲ့… စိတ်ကိုလည်း အနားပေးပါ။” 🌗

Yang ရဲ့ Energy နဲ့ Strength
Yin ရဲ့ Stillness နဲ့ Release ကို ပေါင်းစပ်ထားတဲ့
Tr. May Pyone ရဲ့ Yin & Yang Yoga Class 🤍

လှုပ်ရှားမှုနဲ့ ငြိမ်သက်မှုကြားက
ကိုယ့်ရဲ့ Perfect Balance ကို ရှာဖွေကြည့်ပါ။


🧘‍♀️ Yoga ကို စကျင့်မယ်လို့ ဆုံးဖြတ်ထားပေမယ့် “ဘယ် Package ကို ရွေးရမလဲ?”“Long-term ဝယ်ရင် အဆင်ပြေပါ့မလား?”“တစ်ယောက်တည်း...
18/08/2026

🧘‍♀️ Yoga ကို စကျင့်မယ်လို့ ဆုံးဖြတ်ထားပေမယ့်
“ဘယ် Package ကို ရွေးရမလဲ?”
“Long-term ဝယ်ရင် အဆင်ပြေပါ့မလား?”
“တစ်ယောက်တည်း မသွားချင်ဘူး… သူငယ်ချင်းနဲ့အတူ သွားလို့ရရင်ကောင်းမယ်…”

ဒီလိုတွေ စဥ်းစားနေပြီဆိုရင်တော့ AV Yoga ရဲ့ Package လေးတွေအကြောင်းကို သိထားဖို့လိုပြီနော် 😉

AV Yoga မှာဆိုရင် စပြီးစမ်းကြည့်ချင်တဲ့ သူတွေအတွက် Walk-in Package ဖြစ်တဲ့ 1 Time Package လေးရှိသလို ကိုယ့်ရဲ့ Schedule နဲ့ Lifestyle အလိုက်လည်း အတန်းချိန်တွေကို ရွေးချယ်တက်ရောက်နိုင်ပါသေးတယ် 🤗

ဒါ့အပြင် AV Yoga မှာ Long Term Package တွေကိုရွေးချယ်မယ်ဆိုရင်လည်း 8 Times Package ကစပြီး
🍀 3 လ Package ဝယ်ယူမယ်ဆို — 100,000 Ks တိတိ Cash Back
🍀 6 လ Package ဝယ်ယူမယ်ဆို — 250,000 Ks တိတိ Cash Back
တွေပေးသွားဦးမှာဖြစ်လို့…

Yoga ကို Regular လုပ်ဖို့ Plan ချထားပြီးသားဆိုရင်တော့ Long-term Package ရွေးချယ်တာက ကိုယ့်အတွက် ပိုပြီးတန်တဲ့ Choice တစ်ခု ဖြစ်လာနိုင်ပါတယ် ✨

နောက်ပြီး ကိုယ်တစ်ယောက်ထဲ Yoga ကိုကျင့်ရတာထက် ကိုယ်နဲ့အတူတူ Healthy Lifestyle တစ်ခုကို တည်ဆောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာပြီးတော့ Package ကို Share ကာ တူတူတက်ရောက်နိုင်ပါသေးတယ်…

ဆိုတော့ Yoga ကို စကျင့်မယ်လို့စဥ်းစားနေမိပြီဆိုရင် AV Yoga ကိုသာ ဆက်သွယ်လိုက်ပါနော် 🥰

အသေးစိတ်သိရှိချင်လို့ ဆက်သွယ်မေးမြန်းချင်တယ်ဆိုရင်တော့ AV Yoga ရဲ့ Page Messenger မှတစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

Address

No. (1/1A), 4th Floor, Than Thu Mar Street, South Okkalapa Township, Https://goo. Gl/maps/cSpMDFThZa3gzbd 37
Yangon
11091

Opening Hours

Tuesday 06:30 - 19:00
Wednesday 06:30 - 19:00
Thursday 06:30 - 19:00
Saturday 07:00 - 12:30
Sunday 07:00 - 10:30

Telephone

+959964236334

Website

Alerts

Be the first to know and let us send you an email when AV Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category