Lin nay khit ကဗျာချစ်သူများစုစည်းရာ

  • Home
  • Myanmar
  • Yangon
  • Lin nay khit ကဗျာချစ်သူများစုစည်းရာ

Lin nay khit ကဗျာချစ်သူများစုစည်းရာ kokolinnaykhit

10/06/2023
16/12/2022

အချစ်တမ်းချင်း(သို့မဟုတ်)
ချစ်သူ့ဆီသို့မှာတမ်း

ကိုတို့နှစ်ယောက်စသိခဲ့ချိန်မှာတစ်ယောက်ကိုတစ်ယောက်ချစ်ခဲ့ပြီးမှသိခဲ့ကြတာမဟုတ်ကြဘူးနော်
ခင်မင်မှုတစ်ခုကအစပြုပြီးချစ်ခဲ့ကြတယ်
မင်းပျော်စေဖို့အရာရာကိုလိုက်လျောပေးခဲ့တယ်
ကိုစိတ်ညစ်မှာစိုးလို့မင်းလျော့ပေးခဲ့တာတွေလဲရှိခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက်နားလည်မှုကိုအတတ်နိုင်ဆုံးထားပြီး ကြင်နာစွာချစ်ခဲ့ကြတယ် သူများတွေအားကျလောက်တဲ့ထိချစ်ခဲ့ကြတယ်လေ ဒီလိုတွေဖြစ်လာမယ်ဘယ်တွေးမိခဲ့မလဲ ချစ်ခဲ့ကြတာနှစ်တွေအကြာကြီးလေ
နားလည်မှုတွေလွဲစေခဲ့တဲ့ကို့အချစ်တွေနဲ့ စိတ်ပျော်ရာရှာတဲ့မင်းစိတ်ကိုနားလည်လို့တော့ရပါတယ် အပြောင်းအလဲများတဲ့လောကကြီးမှာလေ မင်းကိုချစ်တဲ့အချစ်တစ်ခု ဘယ်အခြေနေတွေဖြစ်နေပါစေ ကိုဆက်ချစ်နေမှာပါ စချစ်လိုက်ပြီဆိုကတည်းကနေ ခုထိ မင်းကိုမုန်းဖို့မပြောပါနဲ့ စိတ်နာဖို့တောင်မတွေးရက်ခဲ့သူပါ ကိုတကယ်ထင်မထားတဲ့အခြေနေတွေဖြစ်လာခဲ့တယ် မင်းကို့ ကမ္ဘာ ထဲကထွက်သွားရင်ဆိုတဲ့အတွေးတွေနဲ့ ရူးချင်ချင်ဖြစ်ခဲ့ပေါင်းလဲမနည်းတော့ပါဘူးတကယ်မင်းပျော်စေဖို့ပဲတွေးခဲ့တဲ့ကောင်ရဲ့ရင်ထဲကို တစ်ချက်လောက်ပဲပြန်ကြည့်ပါ ဒဏ်ရာတွေနဲ့နာကျင်နေရတဲ့သူတစ်ယောက်ကိုမြင်နိုင်မယ်ဆိုရင်လေ မြင်ကြည့်စမ်းစေချင်ပါတယ်
မင်းမို့လို့ကို အဆုံးရှုံးမခံနိုင်အောင် ချစ်မိနေတာ
အရာအားလုံးမင်းအပြစ်လို့မဆိုလိုပါဘူး
ကို့အချစ်မှာမပျော်တော့တာလဲဖစ်နိုင်တယ်လေ
မင်းအချစ်ကမစစ်ခဲ့တာလဲဖြစ်နိုင်ပါတယ်
ဘာပဲဖြစ်ဖြစ် ဒီရင်ခွင်ကို အကြိမ်​ကြိမ်ခွဲသွားလဲ
မင်းပြန်လာခဲ့ရင် ခိုဝင်နားဖို့ အဆင့်သင့်ပြင်ဆင်ရင်းစောင့်နေပါတယ်
အားလုံးကိုလဲခွင့်လွတ်ပါတယ
အားလုံးကိုလဲနားလည်ပေးပါတယ်
လူဆိုတာအမှားနဲ့မကင်းကြသူတွေပဲလေ
ကိုယ်ကျေနပ်ပါတယ်
မင်းပြန်လာချိန်တော့စောပေးပါ
မင်းပင်ပန်းတဲ့အခါအပန်းဖြေဖို့ကို့ရင်ခွင်ရှိပါတယ်
အချိန်မနှောင်းခင်တော့ပြန်လာခဲ့ပါ
ကိုက မင်းအနားမှာမရှိတော့ချိန်ကတည်း
အရာရာအဆင်ပြေမနေဘူးလေ
ကျန်းမာရေးတွေလဲချူချာလာတယ်
ဒဏ်ရာတွေကိုမုန်းပေမယ့်
ဒဏ်ရာတွေပဲအထပ်ထပ်ရနေပြန်တယ်
နောက်ဆုံးထွက်သက်မတိုင်မှီပြန်လာစေချင်ပါတယ်
ကိုကလေ ကို့ဘေးနားမှာမင်းကိုထားပြီးအိုမင်းသွားချင်တယ် သေသည့်အထိမခွဲတမ်းရှိမနေနိုင်ခဲ့ကြပေမယ်
ကိုနောက်ဆုံးအချိန်မှာတော့မင်းကိုအနားမှာရှိစေချင်မိတယ်ဆိုရင် ကိုအတွေးမှားနေမလားပဲ
မင်းအနားမှာမရှိတော့တဲ့အချိန်ကစပြီး
ကိုနောက်ဆုံးချိန်ထိမင်းကိုပဲဆက်ချစ်နေမှာပါ
ချစ်တယ် လွမ်းတယ်ဆိုတာထက်ပိုပါတယ်အချစ်ရယ်နောက်ဆုံးတစ်ခုက မင်းအနားကို ရောက်ဖို့ကိုကြိုးစားနေပါတယ် တကယ်လို့များ ရောက်မလာခဲ့ရင် ကိုနောက်ဆုံးဝင်သက်နဲ့အတူ မင်းကိုပျော်စေခဲ့ပါမယ် နောက်ဆုံးထွက်သက်ကိုတော့ ကိုယူဆောင်သွားပါရစေတော့ အချစ်ရေ

# .N.K(သူမဆီသို့)

မောင့်ငယ်ချစ်ဦး  ရင်ခုန်ဦးမို့ရူးရူးမူးမူး စွဲလမ်းဖူးခဲ့အကြောင်းကံကြမ္မာ ပေါင်းရန်မပါခဲ့တော့တိတ်တိတ်ကြေကွဲ ကိုယ်စီပဲမို...
19/10/2022

မောင့်ငယ်ချစ်ဦး ရင်ခုန်ဦးမို့
ရူးရူးမူးမူး စွဲလမ်းဖူးခဲ့
အကြောင်းကံကြမ္မာ ပေါင်းရန်မပါခဲ့တော့
တိတ်တိတ်ကြေကွဲ ကိုယ်စီပဲမို့
နာကျင်ခက်ခဲ ပင့်သက်လွဲမည်

31/08/2022

သူများတွေ မိဘကို ချစ်တယ်လို့ တကူးတက ဖုန်းဆက်ပြောနေချိန်
ငါ့က ဖေဖေနဲ့ဖုန်းပြောပြီးတိုင်း ချစ်တယ်နော် အာဘွားလုပ်နေကျ

31/08/2022

လွမ်းတယ်ဆိုတဲ့စကားထက်
ပိုလေးနက်တဲ့ခံစားမှုမျိုးနဲ့
သူမကို ကျွန်တော်
တမ်းတနေမိ

သို့…………………မေမေ

01/08/2022

ခင့်အပေါ်ချစ်တဲ့အချစ်တွေ စစ်မှန်ပါက မီးပျက်ပါစေသား

Address

Yangon
KOGYI

Website

Alerts

Be the first to know and let us send you an email when Lin nay khit ကဗျာချစ်သူများစုစည်းရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share