23/12/2025
𝙎𝒑𝙚𝒄𝙞𝒂𝙡 𝘼𝒏𝙣𝒐𝙪𝒏𝙘𝒆𝙢𝒆𝙣𝒕
AFF U19 Boys Futsal Championship 2025 ပြိုင်ပွဲဝင် မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းတွင် Team Manager အဖြစ် Winner Soccer FC အသင်းမှ CEO ဦးဇော်ဝင်းသူ၊ နည်းပြချုပ် ဦးကျော်စိုးမိုး၊ ဂိုးနည်းပြဦးထွန်းလင်းဦး တို့မှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ဖြစ်ပြီး ကစားသမားများအဖြစ် ဂွါဒီ၊ အောင်ခန့်ဇော်၊ ဟေမာထေး၊ ခင်ဇော်ဟိန်း၊ အောင်ချမ်းမြေ့တို့ အပြီးသတ်လက်ရွေးစင်လူစာရင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသဖြင့် ဂုဏ်ယူဝမ်းမြောက်ရပါသည်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF U19 Futsal Championship 2025 ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းက အုပ်စု (ခ) တွင် ပြိုင်ဘက် အင်ဒိုနီးရှား၊ မလေးရှားတို့နှင့် အတူ ပါဝင်ပြီး ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီအချိန်တွင် မလေးရှားလက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
မနက်ဖြန် မြန်မာစံတော်ချိန် နေ့လည် ၁း၃၀ နာရီအချိန်တွင် မြန်မာယူ-၁၉ ဖူဆယ်အသင်းနှင့် အင်ဒိုနီးရှားယူ-၁၉ ဖူဆယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။