ONE Sports Gear

ONE Sports Gear All about sports gear, accessories and many more!!!

10/03/2023
Elegant & Strong - Babolat PureDrive Wimbledon Edition, safety arrived to Yangon 🤘Detail information - Coming Soon 🔜    ...
02/03/2023

Elegant & Strong - Babolat PureDrive Wimbledon Edition, safety arrived to Yangon 🤘
Detail information - Coming Soon 🔜

Yonex VCORE Tour F97 (310g) ✅ Customer Order Arrived ✅ဝယ်ယူအားပေးတဲ့ အကိုကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏🏼
02/03/2023

Yonex VCORE Tour F97 (310g)
✅ Customer Order Arrived ✅

ဝယ်ယူအားပေးတဲ့ အကိုကို ကျေးဇူးအထူးတင်ရှိပါတယ် 🙏🏼

Instock ထဲက ရွေးချင်တဲ့သူတွေအတွက် နောက်ထပ် ထပ်ရောက်ဖို့တွေလဲ ရှိပါမယ်။ အခုမှ စရိုက်မယ်ဆိုလဲ သင့်တော်တဲ့ Racket ရွေးပေးပါ...
19/02/2023

Instock ထဲက ရွေးချင်တဲ့သူတွေအတွက် နောက်ထပ် ထပ်ရောက်ဖို့တွေလဲ ရှိပါမယ်။ အခုမှ စရိုက်မယ်ဆိုလဲ သင့်တော်တဲ့ Racket ရွေးပေးပါတယ်။ 🫡

Tennis racket ၁ ခုရဲ့ swingweight ဆိုတာ ဘာလဲ? Swingweight ဆိုတာက ဘော်လုံးကို ရိုက်ဖို့ racket ကို လွှဲလိုက်ပြီး ဘော်လုံး...
12/02/2023

Tennis racket ၁ ခုရဲ့ swingweight ဆိုတာ ဘာလဲ?

Swingweight ဆိုတာက ဘော်လုံးကို ရိုက်ဖို့ racket ကို လွှဲလိုက်ပြီး ဘော်လုံးနဲ့ racket နဲ့ ထိတဲ့အချိန်ဆက်ကြားမှာ racket ကိုင်ထားတဲ့ လက်အပေါ် သက်ရောက်လာတဲ့ racket ရဲ့ အလေးချိန်ပါ။ Racket ရဲ့ လွှဲအားလို့ ခပ်တိုတို ဘာသာပြန်ရင်လဲ ရနိုင်ပါတယ်။ ဒီမှာ အမှတ်မမှားဖို့က swingweight ဆိုတာ racket ရဲ့ နဂိုရှိနေပြီးသား static weight (racket ပေါ်မှာရေးထားတဲ့ racket ရဲ့ အလေးချိန်) နဲ့ မတူပါဘူး။ ဒါပင်မဲ့ Racket ၁ ခုရဲ့ balance နဲ့ static weight က swingweight အပေါ် သက်ရောက်မှုရှိပါတယ်။ (Balance အကြောင်းကိုတော့ အောက်က link မှာ ဖတ်နိုင်ပါတယ် : https://www.facebook.com/109480528497864/posts/113938331385417/?mibextid=cr9u03)

အဲ့ဒါဆို swingweight အကြောင်းကို အသေးစိတ် ဆက်ပြောကြည့်ရအောင်ဗျာ။

Swingweight ကို အဓိက သက်ရောက်မှုဖြစ်စေတဲ့အချက်ကတော့ racket ရဲ့ အလေးချိန်ပျံ့နှံ့မှု - weight distribution ပါ။ Static weight ချင်းတူတဲ့ racket 2 ချောင်း၊ ဥပမာ 300g Racket ၂ ချောင်းတူရင်တောင် Balance မှာ တချောင်းက head heavy ဖြစ်ပြီး တချောင်းက head light ဖြစ်ရင် head heavy ဖြစ်တဲ့ တချောင်းက weight distribution မှာ ခေါင်းဖက်က ပိုလေးတဲ့အတွက် racket ကို လွှဲတဲ့အခါမှာ swingweight ပိုရပြီး power ပိုထွက်ပါတယ်။ ရူပဗေဒ အခြေခံသဘောတရားပါပဲ၊ ကျွန်တော်တို့ racket ကို ကိုင်ထားတဲ့ လက်ကို ဝင်ရိုး (axis) လို့ သတ်မှတ်လိုက်ရင် ဝင်ရိုးနဲ့ ဝေးတဲ့ racket ရဲ့ head ဖက်က weight များရင် လွှဲတဲ့အခါမှာ ဝင်ရိုးပေါ်ကို တန်ပြန်သက်ရောက်လာမဲ့ အားက ပိုများမယ်၊ weight နည်းရင် ဝင်ရိုးပေါ် တန်ပြန်သက်ရောက်အား နည်းမယ်ဆိုတဲ့သဘောပါပဲ။

အဲ့တော့ swingweight ပေါ်မူတည်ပြီး တကယ် ကစားတဲ့အချိန်မှာ ကစားသမားရဲ့ စွမ်းဆောင်ရည်တွေ ဘယ်လိုကွာသွားမလဲဆိုတာကို ထပ်ပြောပြပေးပါမယ်။

Power (ရိုက်အား)
အထက်မှာပြောခဲ့သလိုပဲ swingweight များရင် power များပါမယ်။ သဘောတရားကလဲ ရှင်းရှင်းလေးပါ လွှဲအားများများပိုရတဲ့ racket က ဘော်လုံးကို ထိရင် ဘော်လုံးထဲကို အားများများပိုဝင်ပါမယ်။ Comment ထဲမှာ swingweight နဲ့ power ဆက်စပ်ပုံကို ဇယားနဲ့ ပြထားပေးပါတယ်။

Stability (Racket ရဲ့ ဘော်လုံးနဲ့ ထိတဲ့အချိန် တည်ငြိမ်မှုအား) နှင့် Maneuverability (Racket ကို ထိန်းကျောင်းနိုင်မှုအား)

Swingweight များလာတာနဲ့ အမျှ Stability လဲ ကောင်းလာပါတယ်။ အလွယ်ပြောရရင် swingweight များတဲ့ racket တွေက ဘော်လုံးနဲ့ racket ထိတဲ့အချိန်မှာ racket က ခါတာမျိုး၊ တုန်တာမျိုး ဖြစ်တာတွေ ပိုနည်းပါတယ်။ Swingweight နည်းရင်ကျတော့ maneuverability ပိုကောင်းပါတယ်။ ကိုယ့်လက်နဲ့ လိုသလို ထိန်းလို့ရတဲ့သဘောပါ။ Maneuverability ကောင်းခြင်းက အမြန်ရိုက်ရတဲ့ volley တွေမှာ အားသာချက်ရှိပင်မဲ့ power နဲ့ရိုက်ရမဲ့ groundstroke တွေမှာတော့ အားနည်းပါတယ်။ အဲ့လိုပဲ Stability ကောင်းတဲ့ racket တွေက Groundstroke မှာ အားသာပင်မဲ့ racket ရဲ့ head speed ထုတ်တဲ့နေရာမှာ အားနည်းပြန်ပါတယ်။ Head speed ဆိုတာ top spin အတွက် အရေးပါတဲ့ အချက်တခုပါ။ သူကလဲ Swingweight နဲ့ ပြောင်းပြန်အချိုးကျပါတယ်။

ကိုယ်နဲ့ ကိုက်တဲ့ swingweight ကို ရွေးဖို့ အရေးကြီးပါတယ်။ ကိုယ်က ရိုက်ချက်ကို တိုတို၊ မြန်မြန် ရိုက်တဲ့သူမျိုးဆို swingweight များများရတဲ့ racket က ပိုအဆင်ပြေနိုင်ပြီး ရိုက်ချက် ရှည်ရှည် ရိုက်တဲ့သူဆို swingweight အနည်းက ပို အဆင်ပြေတာမျိုးရှိပါတယ်။

Swingweight ကို RDC unit နဲ့တိုင်းပြီး 280-420 RDC ကြား အမျိုးမျိုးရှိကြပါတယ်။ Racket Diagnostic Centre (RDC) machine နဲ့ တိုင်းတာကြပါတယ်။ အဓိက ပြောပြချင်တာကတော့ racket weight များတိုင်း power ပိုမထွက်ဘူးဆိုတာနဲ့ ကို ပြောပြချင်တာပါ။

ကိုယ်ကိုင်မဲ့ racket ရဲ့ swingweight ကို အောက်ပါ link ကနေ တွက်ချက်လို့ရပါတယ်။ https://twu.tennis-warehouse.com/learning_center/swingweight_calc.php

ကျွန်တော်တို့ ဖတ်ထားဖူးတာလေးတွေကို ဗဟုသုတအနေနဲ့ ပြန် မျှဝေတာဖြစ်လို့ ကျွန်တော်တို့ထက် ပိုသိတဲ့ senior အကို၊အမများလဲ အမှားပါရင် ဝင်ရောက် ဆွေးနွေး ပြီး မျှဝေပေးကြဖို့ကိုလဲ မေတ္တာရပ်ခံပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။



ကျွန်တော်တို့ One Sport Gears နဲ့ Yangon Used Sport Gears မှာ Brand New / Preowned Tennis Rackets များ၊ Bags များ၊ Accessories များကို လေ့လာ/ဝယ်ယူနိုင်တဲ့ အပြင် ကိုယ်စိတ်ဝင်စားတဲ့ Brand New ပစ္စည်းတွေကိုလဲ လာရောက်မေးမြန်း မှာယူနိုင်ပါတယ်ခင်ဗျာ။

For enquiries : via Page Messenger or 09965718943

မြင်တာနဲ့တင် ဝယ်သိမ်းထားချင်လောက်အောင် လှတဲ့ Babolat PUREDRIVE FO (French Open) Roland Garros Edition (2014) ကို မြင်လို...
11/02/2023

မြင်တာနဲ့တင် ဝယ်သိမ်းထားချင်လောက်အောင် လှတဲ့ Babolat PUREDRIVE FO (French Open) Roland Garros Edition (2014) ကို မြင်လိုက်တဲ့ အကိုကြီးတယောက်ကတော့ ဝယ်သိမ်းသွားပါပြီ ✅

ပစ္စည်းတောင် မရောက်သေး၊ အရောင်းလဲ မတင်ရသေးခင်မှာတင် ဝယ်ယူအားပေးသွားတဲ့ အကိုကြီးကို ကျေးဇူးအထူးတင်ပါတယ် 😊

Condition : 9/10

11/02/2023

မကြာခင် ရန်ကုန်ရောက်လာတော့မဲ့ racket တွေနဲ့ အိတ်အချို့ပါ။

User အချင်းချင်းပြန်ရောင်းတဲ့ condition အရမ်းသန့်နေသေးတဲ့ pre-owned racket တွေ၊ အိတ်တွေကို အဓိကထားရောင်းပေးပါတယ်။

စိတ်ဝင်စားရင်တော့ chatbox ကနေ အချိန်မရွေး လာမေးဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

✅ New Batch -> Coming Soon 🔜
If you are interested in a mint condition pre-owned tennis rackets and bags, we are here to assist you.

Please contact via messenger 🫡

Address

Yangon

Telephone

+9595127657

Website

Alerts

Be the first to know and let us send you an email when ONE Sports Gear posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share