12/06/2026
ယောဂလေ့ကျင့်ရင်း မလုပ်နိုင်သေးတဲ့ pose တွေကိုပဲ ကြည့်နေမိလား? 🤍
ခြေထောက်မထောင်နိုင်သေးတာ
ခန္ဓာကိုယ် မပျော့သေးတာBalance မကောင်းသေးတာတွေကိုပဲ မြင်နေပြီး ၊တကယ်ပြောင်းလဲလာတဲ့ အရာတွေကိုတော့ မေ့နေတတ်ပါတယ် 🌿
အရင်ကထက် ပိုပြီး အသက်ရှူမှုကို သတိထား
တတ်လာတယ်
အရင်ကထက် မိမိ ခန္ဓာကိုယ်ကို နားထောင်တတ်လာတယ်
အရင်ကထက် မိမိ ကိုယ်ကို အပြစ်တင်တာ နည်းလာတယ် 🌙
ဒါတွေအားလုံးက တိုးတက်မှုပါပဲ 🤍
ယောဂဆိုတာ ပြီးပြည့်စုံတဲ့ pose တစ်ခုကို ရောက်ဖို့ မဟုတ်ဘူး
မိမိ ကိုယ်ကို နည်းနည်းချင်း ပိုလက်ခံတတ်လာဖို့ပါ ✨
ဒီနေ့…
မလုပ်နိုင်သေးတဲ့အရာတွေထက်လုပ်နိုင်လာတဲ့ အရာလေးတွေကို ကျေးဇူးတင်ကြည့်ပါ 🌿🤍
⚡️𝑳𝒆𝒕‘𝒔 𝑪𝒓𝒆𝒂𝒕𝒆 𝑷𝒐𝒔𝒕𝒊𝒗𝒆 𝑬𝒏𝒆𝒓𝒈𝒚 𝑻𝒐𝒈𝒆𝒕𝒉𝒆𝒓⚡️
🖤 𝐀𝐁𝐇𝐀𝐘𝐀 𝐘𝐨𝐠𝐚(အဘရာယောဂ)
📞09-767862697/09-43111637
🏠အမှတ်(၆၇)၊၁၀လမ်း၊လမ်းမတော်မြို့နယ်၊မြေညီထပ်။