Passion For Spurs - Myanmar

Passion For Spurs - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Passion For Spurs - Myanmar, Sports, Yangon.

📌 စပါးကစားသမားဟောင်း တွေ ဖြစ်တဲ့ Harry Kane နဲ့ Eric Dier ပါဝင်လာတဲ့ ဘိုင်ယန်လူစာရင်း..
08/05/2024

📌 စပါးကစားသမားဟောင်း တွေ ဖြစ်တဲ့ Harry Kane နဲ့
Eric Dier ပါဝင်လာတဲ့ ဘိုင်ယန်လူစာရင်း..

📌 Goal က ပြုလုပ်ခဲ့ တဲ့ အစီအစဥ် တစ်ခုမှာ ဘောလုံးသမိုင်း တလျှောက် အဆုံးသတ်အကောင်းဆုံး တိုက်စစ်ကစားသမား နာမည်ကို မကြားမခြင...
08/05/2024

📌 Goal က ပြုလုပ်ခဲ့ တဲ့ အစီအစဥ် တစ်ခုမှာ ဘောလုံးသမိုင်း
တလျှောက် အဆုံးသတ်အကောင်းဆုံး တိုက်စစ်ကစားသမား
နာမည်ကို မကြားမခြင်း တိတ်ဆိတ်နေပေးဖို့ ပြောခဲ့ပါတယ်.

📌 ကစားသမား ၁၁ယောက်ထိ ဆက်တိုက်ပြောခဲ့ပေမယ့်
ကိန်းကတော့ တိတ်ဆိတ်နေတုန်းပါပဲ

📌 အဆိုပါ ကစားသမားတွေကတော့
1. လာဆင်
2.နစ္စတယ်ရွိုင်း
3.ဇလာတန်
4.ကလိုဆေး
5.ဆာလက်
6.အမ်ဘက်ပီ
7.ဆွာရက်
8.လီဝန်ဒေါစကီး
9.ဟာလန်း
10.ရိုနယ်ဒိုကြီး
11.မက်ဆီ
အစရှိတဲ့ ယမန်ခေတ် ကရော ယနေ့ခေတ်ကရော ဒိတ်ဒိတ်
ကြဲ တိုက်စစ်မူးတွေပါ၊

📌12 ယောက်မြောက် ကစားသမား ရိုနယ်ဒိုရဲ့ နာမည်ကို ကြားလိုက်
ချိန်မှာတော့ တိတ်ဆိတ်​​နေရာမှ ချက်ချင်း ပဲ ရိုနယ်ဒို လို့
ဖြေလိုက်ပါတော့တယ်..

📌 ဒီနေ့ည မှာ ကစားမယ့် ပွဲမှာ ဟယ်ရီကိန်း ကို အားပေးကြ
ဖို့ အသင့်ပဲလားဗျ ၊ ဘိုင်ယန်သာ ချန်ပီယံလိဂ် ရခဲ့ရင် ကိန်း
ဟာလည်း ဘလွန်းဒီအော ရနိုင်ဖို့များပါတယ်

Chelsea 1- 0 Tottenham Hotspur (HT)Conference League ပဲ ကန်ကြတော့မလားဗျ😃ဗန်ဒီဗန် ကလွဲရင် ကျန်တဲ့ကောင်တွေ အကုန်လုံး ခေါင်...
02/05/2024

Chelsea 1- 0 Tottenham Hotspur (HT)

Conference League ပဲ ကန်ကြတော့မလားဗျ😃

ဗန်ဒီဗန် ကလွဲရင် ကျန်တဲ့ကောင်တွေ အကုန်လုံး
ခေါင်းပါမလာကြဘူး ထင်တယ် ၊

Set peice တွေကနေ ပွဲတိုင်းနီးပါး ဂိုးတွေပေး
နေရတာကိုလဲ အဖြေရှာသင့်နေပြီ

အထူးသဖြင့် တိုက်စစ်ပေါ့ တစ်ဖက်ဂိုးဧရိယာနား
ရောက်တာနဲ့ ဘာလုပ်ရမှန်းကို မသိတော့တဲ့ပုံတွေ

ဘရန်ဒန်ဂျွန်ဆင် ဆိုတဲ့ကောင် passing တွေ cross
တွေ ဘယ်တုန်းကမှ မလေ့ကျင့်ခဲ့ဘူးလား မသိ

ကပ္ပတိန် ကြီးနဲ့ ကူလူ လဲ ကြောင်တွေပျောက်လို့

ကဲဒုတိယပိုင်း အန်ဂျီဘာဆက်လုပ်မလဲ စောင့် ကြည့်
ကြတာပေါ့

မေးခွန်းတစ်ခု လောက်မေးချင်ပါတယ် 📌 ဒီရာသီမှာ အာဆင်နယ် ဖလားရသွားတာ မြင်ချင်လား ဒါမှမဟုတ် 📌 စပါး ချန်ပီယံလိဂ်ဝင်ခွင့် ရတာ မ...
29/04/2024

မေးခွန်းတစ်ခု လောက်မေးချင်ပါတယ်

📌 ဒီရာသီမှာ အာဆင်နယ် ဖလားရသွားတာ မြင်ချင်လား

ဒါမှမဟုတ်

📌 စပါး ချန်ပီယံလိဂ်ဝင်ခွင့် ရတာ မြင်ချင်လား

တစ်ခုပဲ ရွေးစရာ ရှိပါတယ်

စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်က အတော်ကို မှေးမှိန်သွားပြီလို့
ပြောရပါမယ် ၊ ဗီလာက ၂ပွဲပိုကန်ထားပြီး 67 မှတ်ရရှိထားကာ
လက်ကျန် ၃ပွဲ မှာ လီပါပူး ၊ ဘရိုက်တန် ၊ ပဲလေ့ တို့ နဲ့ကစား
ရမှာ ဖြစ်တာကြောင့် ၆မှတ်ထိ ထပ်ရနိုင်ပါတယ် ၊ ဒါကြောင့်
ဗီလာက 73 မှတ်ထိ ရသွားနိုင်ပါတယ်.

စပါးကတော့ ဗီလာထက် ၂ပွဲလျှော့ ရမှတ်60 သာ ရရှိထားပြီး
လက်ကျန် ၅ပွဲကလည်း မန်စီးတီး ၊ ချဲလ်ဆီး ၊ လီပါပူး ၊ ဘန်လေ ၊
ရှက်ဖီး တို့ ရင်ဆိုင်မှာပါ ၊ အနည်းဆုံး 13မှတ်လောက် ရမှသာ
73 မှတ်ထိ ရပြီး ဗီလာကို မှီနိုင်တော့ပါ ၊ ဒါက သင်္ချာနည်းအရ
တော့ ဖြစ်နိုင်သေးပေမယ့် လက်ရှိခြေစွမ်းနဲ့ တွေ့ရမယ့် အသင်း
တွေကို ကြည့်ရင်တော့ ဖြစ်နိုင်ချေ အတော်နည်း သွားပြီပြော
ရပါမယ် ၊

ဆိုတော့ အပေါ်မှာ မေးထားတဲ့မေးခွန်းကို Admin က စဖြေလိုက်
ပါမယ် ၊

မန်စီးတီး ကို ရူံးပြီး ယူရိုပါလိဂ်ပဲ ကန်ချင်ပါတယ်ခင်ဗျာ
Admin ရဲ့ စိတ်ထားလေး တစ်ခုပေါ့ 😁
(ချန်ပီယံလိဂ်ဝင်ခွင့် က ဖြစ်နိုင်ချေနည်းမယ့်အတူတူတော့)

📌 မြောက်လန်ဒန်ဒါဘီ ကစားမည့် လူစာရင်း
28/04/2024

📌 မြောက်လန်ဒန်ဒါဘီ ကစားမည့် လူစာရင်း

📌ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဝင်ကြရမယ့် စပါး - အာဆင်နယ် ပွဲ ကြိုသုံးသပ်ချက်  ယနေ့ည ခုနှစ်နာရီခွဲမှာတော့ ခါးသီးတဲ့ပြိုင်ဘ...
28/04/2024

📌ဘုရင့်နောင်ဖောင်ဖျက်တိုက်ပွဲဝင်ကြရမယ့် စပါး - အာဆင်နယ် ပွဲ ကြိုသုံးသပ်ချက်

ယနေ့ည ခုနှစ်နာရီခွဲမှာတော့ ခါးသီးတဲ့ပြိုင်ဘက် အာဆင်နယ်အသင်း
နဲ့ မြောက်လန်ဒန် ဒါဘီပွဲစဥ် ကို ယှဥ်ပြိုင်ကစားရတော့မှာပါ
အနိုင်မခံအရူံးမပေး ပြိုင်ဆိုင်မှူပြင်းထန်တဲ့ မြောက်လန်ဒန် ဒါဘီ ပွဲ
ပေါင်းများစွာ ကစားခဲ့ပြီး ဖြစ်ပေမယ့် ယနေ့ပွဲကတော့ စပါးအတွက်
ရော အာဆင်နယ်အသင်းအတွက်ပါ ရင်ခုန်စွာ ​စောင့်ကြည့်ရမယ့် ပွဲစဥ်
တစ်ပွဲ ဖြစ်နေပါတယ် ၊ ဘာကြောင့်လဲဆိုရင်
စပါးဖက်က ကြည့်ရင် ခါးသီးတဲ့ ပြိုင်ဘက်ကို ချန်ပီယံ ဖြစ်စေချင်
မှာ မဟုတ်တဲ့ အပြင် ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ အတွက်လည်း
အနိမ့်ဆုံး သရေကစားနိုင်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်
အာဆင်နယ် ဖက်က ကြည့်ရင်လည်း ခါးသီးတဲ့မြို့ခံ ပြိုင်ဘက် စပါး
က သူတို့ရဲ့ချန်ပီယံအိပ်မက်ကို ဖျက်ဆီးမှာကို မှတ်တမ်းမတင်စေ
ချင်မှာ သေချာပါတယ် ၊ ဆိုတော့ နှစ်သင်းလုံးက ဘုရင့်နောင်ဖောင်
ဖျက်တိုက်ပွဲဝင်ကြရတော့မှာပါ ၊
လက်ရှိခြေစွမ်းအရရော Form အရပါ အာဆင်နယ်က ပိုသာ နေ
ပြီး ပရီးမီးယားလိဂ် နောက်ဆုံး၅ပွဲ အာဆင်နယ်က ၄ပွဲနိုင်၁ပွဲ ရူံး
ထားကာ စပါးကတော့ ၂ပွဲနိုင် ၁ပွဲသရေ ၂ပွဲရူံး ထားပါတယ် ၊
နှစ်သင်းထိပ်တိုက်တွေ့ဆုံမှူ ကိုကြည့်ရင်လည်း နောက်ဆုံး ၅ကြိမ်
တွေဆုံမှူမှာ အာဆင်နယ်က ၃ပွဲနိုင်ထားပြီး စပါးက ၁ပွဲသာ နိုင်ထား
ကာ ၁ပွဲသရေ ကျထား ပါတယ် ၊
ပထမရာသီ ဝက် အာဆင်နယ် အိမ်ကွင်းမှာ ကစားခဲ့စဥ်မှာတော့
တစ်ဖက် ၂ဂိုး စီ ရလဒ်နဲ့ စပါးအသင်းက ခြေစွမ်း အနည်းငယ် သာ
ခဲ့ပါတယ် ၊
ယခုအချိန်မှာ သံသရာ ကတစ်ပတ်လည်သွားခဲ့ပြီ ဖြစ်ကာ
အာဆင်နယ်အသင်း ကပိုကောင်းတဲ့ အသင်းဖြစ်နေတာကိုတော့
ငြင်းလို့မရပါဘူး ၊
အာဆင်နယ်က လူစုံတက်စုံ ရှိနေပြီး စပါးကလည်း အူဒိုဂီ မပါ
နိုင်တာက လွဲရင် လူစုံ နေပါတယ် ၊
ဒါပေမယ့် စပါး အိမ်ကွင်း မှာ ကစားရမှာဖြစ်တာကြောင့် ပရိတ်သတ်
အားရှိမယ့် အပြင် မြို့ခံပြိုင်ဘက်ရဲ့ ချန်ပီယံအိပ်မက် ကို ဖျက်ဆီး
ဖို့ကြိုးစားမယ့် စပါး အသင်းကြောင့် ခက်ခဲတဲ့ ပွဲစဥ်တစ်ခု ကို
အာဆင်နယ် ရင်ဆိုင်သွားရဖို့ ရှိနေပါတယ် ၊

ဒါကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားအောင် အနိုင်ကန်ပြီး
အာဆင်နယ် ရဲ့ ချန်ပီယံ အိပ်မက်ကို ဖျက်ဆီး ကိုယ်တိုင်လဲ ချန်ပီယံ
လိဂ်ဝင်ခွင့် ရသွားမလားဆိုတာတော့ အားလုံး ညခုနှစ်နာရီခွဲ မှာ
စောင့်ကြည့်ကြတာပေါ့ ။

ဘယ်ရလဒ် ထွက်လာမလဲ ခန့်မှန်းပေးခဲ့ကြပါဦး

Admin ရဲ့ခန့်မှန်းချက် ➡ စပါး ၂- ၁ အာဆင်နယ်

📌📌 Match Day 📌📌Tottenham Hotspur  Vs ArsenalNorth London Derby Match Time ➡ 7:30 PMStadium ➡ Tottenham Hotspur Stadium R...
28/04/2024

📌📌 Match Day 📌📌
Tottenham Hotspur Vs Arsenal
North London Derby

Match Time ➡ 7:30 PM
Stadium ➡ Tottenham Hotspur Stadium
Referee ➡ Michael Oliver

Man United 2 - 2 Tottenham (FT) ဆွန် ကူလူ ဘစ်ဆူးမား ဆား စတဲ့ အဓိက ကစားသမား တွေ မပါနိုင်တဲ့ Big Match ပွဲဖြစ်တဲ့ အပြင် အမ...
14/01/2024

Man United 2 - 2 Tottenham (FT)

ဆွန် ကူလူ ဘစ်ဆူးမား ဆား စတဲ့ အဓိက ကစားသမား တွေ
မပါနိုင်တဲ့ Big Match ပွဲဖြစ်တဲ့ အပြင် အမြဲခက်ခက်ခဲခဲကစား
နေကြ အိုးထရက်ဖို့ ကွင်းမှာ ၂ဂိုးသွင်းနိုင်ခဲ့ပြီး သရေတစ်မှတ်
ရခဲ့တာ မဆိုးလှပါဘူး ၊ Player Of The Match က ဘန်တာကာ
ရသွားခဲ့ပေမယ့် ရစ်ချီအတော် ကြိုးစားကစားသွားခဲ့တာကို
တွေ့ရပါတယ် ဘဝမှာစပါးပွဲကြည့်နေရင်း ရစ်ချီကိုစိတ်ထဲက
ကြိတ်ပြီး အားကိုးရမယ်လို့ တွေးတောင် မတွေးခဲ့မိပါဘူးဗျာ ၊
ဝါနာ ကတော့ ပွဲဦးထွက် မှာ တစ်ဂိုး ဖန်တီးနိင်ခဲ့ပေမယ့်
မလိုအပ်ပဲ နောက်ပြန်ပေးတာတွေ Finishing ပိုင်းတွေကတော့
လိုအပ်ချက်ရှိနေတုန်းပါပဲ ဒါပေမယ့် နောက်ပွဲတွေ စောင့်ကြည့်
ဖို့ လိုပါသေးတယ် ဆွန်ပြန်လာရင် ဆွန်ရဲ့ Backup ပဲဖြစ်မှာပါ
ဂျွန်ဆင်လည်း ပေးပို့ မှူ မတိကျတာတွေ ကန်သွင်းဖို့ တုန့်ဆိုင်း
နေတာတွေကြောင့် ယနေ့ပွဲမှာ စပါးအတွက် ဂိုးတွေ ပိုမရခဲ့
တာလည်း ဖြစ်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် ပါ ယနေ့ပွဲ မှာ လူမစုံ
တဲ့ကြားကနေ passion အပြည့်နဲ့ အားလုံး ကြိုးစား ကစား
သွားခဲ့ လို့ စပါးဖန်တွေ အတွက်တော့ ကြည့်ကောင်းတဲ့ ပွဲ.
ကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်

#စေတန်

Save ရင်လည်း သူမတူအောင် save တယ်  မှားပြီ ဆိုရင်လည်း ကာရီးရက် မင်နိုဂလက် အရူံးပေး ရတယ် ။ Not bad hugo 😬
24/10/2022

Save ရင်လည်း သူမတူအောင် save တယ်
မှားပြီ ဆိုရင်လည်း ကာရီးရက် မင်နိုဂလက် အရူံးပေး
ရတယ် ။

Not bad hugo 😬

ဒီဂျန် ကူလူဆက်စကီး ဟာ ဒီရာသီဝက်မှ စတင်ပွဲထွက်ခဲ့ပြီး  18ပွဲ ကစား ကာ 5ဂိုးသွင်း 8ကြိမ်ဖန်တီး နိုင်ခဲ့တာကြောင့် ဂိုးပါဝင်ပ...
02/06/2022

ဒီဂျန် ကူလူဆက်စကီး ဟာ ဒီရာသီဝက်မှ စတင်ပွဲထွက်ခဲ့ပြီး 18ပွဲ ကစား ကာ 5ဂိုးသွင်း 8ကြိမ်ဖန်တီး နိုင်ခဲ့တာကြောင့် ဂိုးပါဝင်ပတ်မှူဟာ 13ကြိမ် ထိရှိခဲ့ပါတယ်

ဒီပမာဏဟာ တစ်ရာသီလုံးကစားခဲ့သော ပြိုင်ဘက်
နာမည်ကြီးတောင်ပံကစားသမားများဖြစ်တဲ့
ဘာနာဒိုဆေးဗား - 12ကြိမ်
လာကာဇက် - 11ကြိမ်
ကိုင်ဟာဗက် - 11ကြိမ် တို့ထက်ပို များပါတယ်

ဒီရာသီရဲ့ အကောင်းဆုံး ခေါ်ယူမှူ တစ်ခုလား?

Address

Yangon
11211

Telephone

+959677560007

Website

Alerts

Be the first to know and let us send you an email when Passion For Spurs - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category