Goal Direction

Goal Direction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Goal Direction, Sports, Yangon, Yangon.

04/09/2023

ရာသီစခါရှိသေး ‌ဗာရန်း နာတယ်
ဒေါင်ဒေါင်မြည် လုရှောပါ ထိတယ်

နောက်တန်းဖြည့်ကိုဖြည့်ရမယ့် အချိန်မှာ
မက်ဂွိုင်းယားက ခေါင်းမာပြီး မထွက်ဘူး
အဲ့တော့ နောက်ခံလူသစ် ဘယ်သူမှ ရောက်မလာဘူး

ရှိတာလေးနဲ့ အလှဆင်ရအောင်ဆိုပြီး
ဗဟိုခံစစ်ကို မာတီနက်နဲ့ လင်ဒီလော့ တွဲသုံးတယ်

မာတီနက် ဒဏ်ရာရသွားတယ်
မက်ဂွိုင်းယား ၀င်လာတယ် 🙂
လင်ဒီလော့ နည်းနည်းနာလို့ အီဗန်နဲ့ လဲလိုက်တယ် 🙂

EPL မှာ သနားစရာအကောင်းဆုံး ဗဟိုခံစစ်အတွဲလို့
ပြောရမှာပါ တန်ဟတ်ကို အထူး သနားပါတယ်

လျှော်ကြေးငွေ 12 သန်းမရလို့ အသင်းက မထွက်တဲ့
မက်ဂွိုင်းယားကို ပိုပြီးသနားပါတယ်
36 နှစ်အရွယ် အီဗာကိုလဲ သနားမိပါတယ်

အခုထိ 15 နှစ်တိုင်တိုင် ယူနိုက်တက်ကို
စဉ်ဆက်မပျက်အားပေးခဲ့တဲ့
ကိုယ့်ကိုယ်ကိုလဲ သနားမိပါတယ်
Card ပေးပါတယ်

04/09/2023

ပွဲရှူံးခဲ့ပေမယ့်လဲ ဟွိုက်လန်းကစားခဲ့တာ တကယ်အားရစရာပါဘဲ။

ဂါနာချိူရဲ့ လူကျွံတဲ့ဂိုးကို နောက်ပေါက်နဲ့ အကောင်းဆုံး set upလုပ်ပေးခဲ့သလို
မာကျောတဲ့ အာဆင်နယ်ဗဟိုခံစစ်မှူးတွေကို
physicalအားပြုပြီး pressureပေးခဲ့တာပါ။
ပြေးအားလဲ အတော်လေးကိုကောင်းပါတယ်။
အတော်လေးကို မြန်တာပါ။

နောက်ပွဲတွေမှာ ပွဲထွက်လူစာရင်းမှာ ပါဖို့
လိုတာထက်ပိုတဲ့ စွမ်းဆောင်ရည်ပါဘဲ 🔴

04/09/2023

ခရစ္စတီယာနို ရော်နယ်ဒို ဟာ ရော်နယ်ဒို နဇာရီယို ထက် စီးရီးအေ မှာ ကစားချိန် ၄ ရာသီ လျော့နည်းပါတယ် ။ ဒါပေမယ့် ဒိုလေးဟာ ဒိုကြီးထက် စီးရီးအေ သွင်းဂိုး ပိုများနေခဲ့ပါတယ် ။

ခရစ္စတီယာနို ရော်နယ်ဒို
၉၈ ပွဲ 🏟
၈၁ ဂိုး ⚽️

ရော်နယ်ဒို နဇာရီယို
၈၈ ပွဲ 🏟
၅၉ ဂိုး ⚽️

ဒိုလေးဟာ စီးရီးအေ မှာ ၃ ရာသီ ကစားခဲ့ပြီး ဒိုကြီးကတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်ရရင်း ၇ ရာသီအထိ ကြာမြင့်ခဲ့ပါတယ် ။

18/08/2023

မန်ယူအသင်းအတွက် ရွန်းနီ၏ မှတ်တမ်းများ

🏟559 ပွဲကစား
⚽️ ၂၅၃ ဂိုးသွင်း
🅰️ ပံ့ပိုးမှု ၁၄၅
🏆 ဆုဖလား ၁၆ လုံး

ဂုဏ်ယူစရာကောင်းသော မှတ်တမ်းများ......

• ၁၉၂ ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့သည်။
• ပြိုင်ဘက် 58 သင်းကို ဂိုးသွင်းယူနိုင်ခဲ့တယ်။
• ပရီးမီးယားလိဂ် 5 လုံးရခဲ့တယ်။
• မိနစ် 50,000 ကျော်ကစားသည်။
• 126 မိနစ်တိုင်း သွင်းဂိုးတစ်ဂိုး
• ၃၄ ပွဲကစားပြီးတိုင်း ဆုဖလား ၁ လုံး
• အာဆင်နယ်ကို ၈-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့တယ်။

တစ်ချိန်က မန်ချက်စတာ ယူနိုက်တက်အတွက် အကောင်းဆုံးသော ကစားသမား

18/08/2023

"ဘာစီလိုနာမှာကစားဖို့ အကုန်လုံးသဘောတူညီမှုရခဲ့ပြီးပါပြီ၊ စာချုပ်ပေါ်မှာ ကျွန်တော့်လက်မှတ်ရေးထိုးဖို့ပဲကျန်တော့တာပါ၊ အဲ့ဒီအချိန် ကျွန်တော်က အဖေ့ကို-

"အဖေ၊ ရီးရဲယ်က ကျွန်တော့်ကိုကမ်းလှမ်းတာတွေ
ဘာတွေ မရှိဘူးလား''လို့ မေးလိုက်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကစားရမဲ့ပွဲရှိနေသေးတယ်လေ၊ ကျွန်တော့်ခြေစွမ်းကို ရီးရဲယ်က ကင်းထောက်တစ်ယောက်လောက်ကို မြင်စေချင်သေးတာပေါ့ဗျာ။

အဲ့တာကြောင့် အဖေ့ကိုလည်း တစ်ပတ်လောက်
စောင့်ပေးဖို့တောင်းဆိုလိုက်တယ်၊ ကျွန်တော့်စိတ်ထဲမှာတော့ "ရီးရဲယ်က ငါ့ရဲ့အစွမ်းအစကိုမြင်ဖို့ ငါလာမဲ့
ပွဲမှာ အပီကြမ်းတော့မယ်"ဆိုပြီး တွေးလိုက်တယ်၊ ဒါပေမဲ့အဖေကတော့ ကျွန်တော် တစ်ပတ်စောင့်ခိုင်းတာကို ဒေါသထွက်သွားပုံရတယ်ဗျ။

"မင်းငါ့ကိုနောက်နေတာလား? ဘာစီလိုနာက ငါတို့ကို သူတို့ဆီမှာလာကစားဖို့ ကမ်းလှမ်းနေပြီလေ၊ မင်းက
မကြာခင်မှာ မက်ဆီနဲ့တွဲကစားရတော့မှာ​ကွ၊ ဒါကို မင်းက နောက်ထပ်တစ်ပတ်လောက်ထပ်ပြီး ငါ့ကို
စောင့်စေချင်နေတာလား?"လို့ ဒေါသထွက်ထွက်နဲ့
ကျွန်တော့်ကို ကြိမ်းမောင်းတော့တာပါပဲ။

ကျွန်တော်က ဘာမှပြန်မပြောတော့ပဲ ကစားရမဲ့ပွဲကိုသာ ဝင်ကစားလိုက်တယ်၊ ကျွန်တော် 3ဂိုးသွင်းပြီး 1ဂိုးဖန်တီးပေးနိုင်ခဲ့တယ်၊ ပွဲလည်းပြီးတော့ ရီးရဲယ်မက်ဒရစ်က ကျွန်တော့်ကိုခေါ်ယူချင်ကြောင်း အဖေ့ကိုအကြောင်းကြားလာခဲ့ပါတယ်။

နောက်နေ့ရောက်တော့ အဖေက ဘာမှမပြောပဲ
အိမ်ကနေ ထွက်သွားတယ်၊ သူအိမ်ကိုပြန်ရောက်တော့ ကျွန်တော့်အခန်းထဲကို ချက်ချင်းဝင်လာခဲ့ပြီး ကျွန်တော့်ဆီကို ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းဂျာစီတွေ ပစ်ပေးလိုက်တယ်၊ နှစ်သင်းထဲက
တစ်သင်းဂျာစီကို ရွေးခိုင်းတာပေါ့၊ ကျွန်တော်ကလည်း "အဖေရယ်၊ နှစ်ခါစဉ်းစားစရာတောင် မလိုပါဘူးဗျာ၊ ကျွန်တော်ကတော့ ရီးရဲယ်မက်ဒရစ်ကိုပဲရွေးမယ်။"

~ရိုဒရီဂို (ရီးရဲယ်မက်ဒရစ်ကစားသမား)

18/08/2023

ဆော်ဒီဘောလုံးအဖွဲ့ချုပ်ဟာ UEFA ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်...

2025 ခုနှစ်မှာ UEFA ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို (32) သင်းကနေ (36) သင်းအထိ တိုးချဲ့မှာဖြစ်ပြီး ဆော်ဒီလိဂ်ချန်ပီယံအသင်းကို ဝင်ပြိုင်ခွင့်ရဖို့ ရည်မှန်းနေကြတာဖြစ်ပါတယ်...

ဆော်ဒီစော်ဘွားတွေဟာ ဒီကိစ္စအတွက် UEFA ကိုသာမက အာရှဘောလုံးအဖွဲ့ချုပ်နဲ့ပါ ညှိနှိုင်းသွားရမှာဖြစ်ပါတယ်...

ဒီအစီအစဉ်သာ အောင်မြင်မယ်ဆိုရင် ဆော်ဒီလိဂ်ဟာ ရှေ့ခြေလှမ်းပေါင်းများစွာ ကြိုရောက်သွားဦးမှာပါပဲ 🔥

16/08/2023

နေမာ ဂျူနီယာ:

“ခရစ္စတီယာနိုအတွက်သာမဟုတ်ရင်
တခြားနာမည်ကြီးတွေ
အားလုံးဒီမှာကစားနိုင်မယ်လို့ငါမထင်ဘူး။
သူက ဆော််ဒီကိုတံခါးဖွင့်ပေးလိုက်တာပဲဖြစ်ပါတယ် အခုတော့ ရုတ်တရက် နာမည်ကြီးတိုင်းဟာ အရင်က မဖြစ်နိုင်ခဲ့တဲ့ ဆော်ဒီလိဂ်က ကမ်းလှမ်းမှုကို လက်ခံဖို့ စိတ်ဝင်စားနေကြပါတယ်။
သိပ်မကြာခင်မှာ ကျွန်တော်တို့ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်တွေထဲက တစ်ခု ဖြစ်လာတော့မှာပါ။

Lineup ထွက်ပီး
14/08/2023

Lineup ထွက်ပီး

သမိုင်းတစ်လျှောက်အကောင်းဆုံးဆိုတဲ့လူရယ် ကမ္ဘာ အကောင်းဆုံးဆိုတဲ့လူတေကတော့ ဆော်ဒီလိဒ်ကိုရောက်ရှိနေပါပြ်ိီး
14/08/2023

သမိုင်းတစ်လျှောက်အကောင်းဆုံးဆိုတဲ့လူရယ်
ကမ္ဘာ အကောင်းဆုံးဆိုတဲ့လူတေကတော့
ဆော်ဒီလိဒ်ကိုရောက်ရှိနေပါပြ်ိီး

Done DealNeymar ကတော့Al-Hilal Saudiအသင်းသို့ရောက်ရှိသွားပါပြီးFee - €100mDeal - 2 Years Wages - €320m for 2 Years Medica...
14/08/2023

Done Deal

Neymar ကတော့Al-Hilal Saudiအသင်းသို့ရောက်ရှိသွားပါပြီး
Fee - €100m
Deal - 2 Years
Wages - €320m for 2 Years
Medical - Succeed
Bonus - No 1️⃣0️⃣, Club Captain

ဆော်ဒီလိဒ်ကတော့ကြည့်ကောင်းပြီးဟေ့
14/08/2023

ဆော်ဒီလိဒ်ကတော့ကြည့်ကောင်းပြီးဟေ့

ဒီနေ့ည မြန်မာစံတော်ချိန် 1:30 တွင် ဒီတစ်ပတ်ပရီးမီးယားလိပ်ရဲ့ နောက်ဆုံး ပွဲစဥ်အဖြစ် မန်ချက်ယူနိုက်တပ်နဲ့ ဝုဖ်အသင်းတို့ယဥ်...
14/08/2023

ဒီနေ့ည မြန်မာစံတော်ချိန် 1:30 တွင်
ဒီတစ်ပတ်ပရီးမီးယားလိပ်ရဲ့
နောက်ဆုံး ပွဲစဥ်အဖြစ်
မန်ချက်ယူနိုက်တပ်နဲ့ ဝုဖ်အသင်းတို့
ယဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်

Address

Yangon
Yangon
11212

Telephone

+959756000956

Website

Alerts

Be the first to know and let us send you an email when Goal Direction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category