12/12/2024
"ပွဲမထိုးခင်မှာ လိင်ဆက်ဆံပါတယ်ရှင့်"
အလှဘုရင်မ Ronda Rousey နာမည်ကြီးတာက အိုင်ယာလန်စိုင်းအောင်တင့် Conor McGregor ထက် အများကြီးစောတယ်။ အသက်က (၁) နှစ်ပဲ ကွာပေမယ့် မချောလေး Ronda Rousey က စောပြီး နာမည်ကြီးတာပါ။ Ronda Rousey က ဘင်တန်ဝိတ်ချန်ပီယံဖြစ်တဲ့အချိန်မှာ အိုင်ယာလန်စိုင်းအောင်တင့် Conor McGregor က ချာတိတ်ပဲရှိသေးတယ်။ လိင်ကိစ္စနဲ့ စွမ်းဆောင်ရည် ဆက်စပ်ပုံကို အလှဘုရင်မ Ronda Rousey က ရှင်းပြသွားတယ်။
"လိင်ကိစ္စဆိုတာက အမျိုးသမီးတွေအတွက် Testosterone Hormone ကို မြင့်တက်စေတယ်။ ကျွန်မဆိုရင် ပွဲမထိုးခင်မှာ လိင်ဆက်ဆံပါတယ်ရှင့်။ အားရှိသလောက် ကိုယ်စွမ်းသလောက်ပေါ့လေ"
Armbar မူပိုင် Ronda Rousey က The Jim Rome Show မှာ ပွင့်ပွင့်လင်းလင်းပြောသွားတာပါ။ Testosterone Hormone မြင့်လာရင် အမျိုးသမီးတွေက ပိုတက်ကြွလာသလို သက်လုံပိုကောင်းတယ်။ ကြွက်သားထုထည်ကို ပိုတက်စေပြီး အရိုးသိပ်သည်းဆကိုလည်း မြင့်တက်စေပါတယ်။ စိတ်အားတက်ကြွလာပြီး အာရုံစူးစိုက်မှုပိုကောင်းတယ်တဲ့။ ဒါ့ကြောင့်လည်း UFC အဖွဲ့အစည်းရဲ့ သမိုင်းမှာ ပထမဆုံးအမျိုးသမီးဘင်တန်ဝိတ်ချန်ပီယံဖြစ်လာပြီး ချန်ပီယံကို (၆) ကြိမ်ကာကွယ်နိုင်တာလား မပြောတတ်ဘူး။
ဒါက လူတိုင်းအတွက် မမှန်နိုင်ဘူး။ ပွဲထိုးခင်လေးမှာ လိင်ဆက်ဆံတာက တိုက်ခိုက်ရေးအားကစားသမားတွေအတွက် မကောင်းဘူးလို့ အားကစားဆေးပညာရှင် Maria Cristina Rodriguez Gutierrez က ဆိုထားဖူးတယ်။
"တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးပေါ့။ ပွဲမတိုင်ခင်မှာ လိင်ဆက်ဆံတာက တိုက်ခိုက်ရေးအားကစားသမားတွေအတွက် တက်ကြွမှုကို အားနည်းစေသလို လေးတိလေးကန်ဖြစ်စေပါတယ်။ ဆိုးကျိုးက လူတိုင်းအပေါ်မှာ တူညီနိုင်မှာ မဟုတ်ပါဘူး"
နိဂုံးချုပ်ရရင် တခြားအားကစားသမားတွေအတွက် ပွဲမတိုင်ခင်မှာ လိင်ဆက်ဆံတာက သိပ်မထူးခြားပေမယ့် တိုက်ခိုက်ရေးအားကစားသမားတွေအတွက် လှုပ်ရှားမှုကို ထိခိုက်စေတယ်တဲ့။ အလှဘုရင်မ Ronda Rousey အတွက် လိင်ကိစ္စက ဆေးနည်းကောင်းလို ဖြစ်နေပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
Reference Source - The Jim Rome Show
Photo Credit - Getty Images
Crd ကိုကျော်စိုးအောင် (Myanmar Fight Edition)