FIT With A.M.T

FIT With A.M.T Personal Training Service, Online Diet & Workout Plan for your Body Goal!!!

အဆီချချင်ရင် Cardio ပဲလုပ်ရမလား? Strength training လုပ်သင့်လား? တကယ်တမ်းတော့ ၂မျိုးလုံး လိုပါတယ်။လူတော်တော်များများက ဝိတ...
26/03/2026

အဆီချချင်ရင် Cardio ပဲလုပ်ရမလား? Strength training လုပ်သင့်လား?

တကယ်တမ်းတော့ ၂မျိုးလုံး လိုပါတယ်။

လူတော်တော်များများက ဝိတ်ချမယ်ဆိုရင် cardio (ပြေးခြင်း၊ လမ်းလျှောက်ခြင်းစတာ) ပဲလုပ်ကြပါတယ်။

ဒါပေမယ့် Cardio တစ်မျိုးတည်းနဲ့ဆိုရင် အဆီကျခြင်းက အကန့်အသတ်ရှိပါတယ်။

Cardioရဲ့အကျိုးနဲ့ Strength Trainingရဲ့ အကျိုးကို ယှဉ်ကြည့်ရအောင် 👇

👉 Cardio ရဲ့ အကျိုးကျေးဇူး

✔️ Calories လောင်ကျွမ်းမြန်စေတယ်
✔️ နှလုံး အဆုတ်ကျန်းမာရေးကောင်းစေတယ်
✔️ Fat loss ကို support လုပ်ပေးတယ်

👉 Strength training ရဲ့ အကျိုးကျေးဇူး

✔️ Muscle Massကိုထိန်းထားပေးတယ်
✔️ Metabolism မြင့်စေတယ်
✔️ Body shape ပိုပေါ်စေတယ်

Cardio ပဲလုပ်ပြီး Strength training မလုပ်ရင်

➡️ Weight ကျနိုင်ပေမယ့် muscle လည်း လျော့နိုင်ပါတယ် ❌

ဒါကြောင့် အချိန်ကြာလာရင် “skinny fat” ဖြစ်ပြီး တိုင်ပတ်သွားပါမယ်။

ဒီတော့ Strengthနဲ့ Cardioကို လိုသလို combinationလုပ်ပြီး အဆီချပါ။ Fitness Trainerများနဲ့ တိုင်ပင်ပြီး Programရေးဆွဲပါ။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





နေ့တိုင်း Gym မသွားပဲ ဝိတ်ကျနိုင်လား?ဟုတ်ကဲ့…. ကျနိုင်ပါတယ်။ တစ်ချို့တွေက အလုပ်မအားလို့၊ အချိန်မရလို့ စသဖြင့်ပေါ့ဗျာ Gym...
23/03/2026

နေ့တိုင်း Gym မသွားပဲ ဝိတ်ကျနိုင်လား?

ဟုတ်ကဲ့…. ကျနိုင်ပါတယ်။ တစ်ချို့တွေက အလုပ်မအားလို့၊ အချိန်မရလို့ စသဖြင့်ပေါ့ဗျာ Gymကို နေ့တိုင်းမသွားနိုင်တာရှိပါတယ်။ အဲ့တော့ ဒီကိစ္စလေးကို လိုရင်းတိုရှင်းလေး နည်းနည်းရှင်းပြမယ်ဗျာ….

တကယ်တော့ ဝိတ်ကျခြင်းရဲ့ အဓိကအချက်က နေ့တိုင်း gym သွားတာမဟုတ်ဘဲ Calories deficit လုပ်ခြင်းပါ…

ဆိုလိုတာက စားတဲ့ caloriesက လောင်ကျွမ်းတဲ့ caloriesထက် နည်းရင် ဝိတ်ကျပါတယ်။

ဒါကြောင့် Gym ကို တစ်ပတ် 3–4 ရက်ပဲ သွားပြီး ကျန်တဲ့နေ့တွေမှာ…

✔️ လမ်းလျှောက်ခြင်း (daily steps)

✔️ Light activity (လှုပ်ရှားမှုများ)

✔️ Diet control

စတာတွေလုပ်မယ်ဆိုရင်လည်း ဝိတ်ကျနိုင်ပါတယ်။

တကယ်တော့ နေ့တိုင်း gym သွားနေရင်တောင် အစားမထိန်းရင် — ဝိတ်ကျမှာမဟုတ်ပါ…

👉 အရေးကြီးတာက

✔️ Consistency

✔️ Nutrition

✔️ Total activity

ဆိုတာတွေပါပဲ….

ပြောရရင်တော့ Gymဆိုတာ အဆီကျဖို့ Toolsတစ်ခုဖြစ်ပြီး Lifestyleပြောင်းလဲခြင်းနဲ့ပေါင်းစပ်မှ Resultsကို ပုံဖော်နိုင်မှာပါ….

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





ဗိုက်အဆီကျချင်လို့ Abs workout တွေ (sit-up, crunch) ကို အများကြီးလုပ်နေမိပြီလား?တိတိကျကျ ပြောရရင် Abs workout လုပ်ရုံနဲ့...
20/03/2026

ဗိုက်အဆီကျချင်လို့ Abs workout တွေ (sit-up, crunch) ကို အများကြီးလုပ်နေမိပြီလား?

တိတိကျကျ ပြောရရင် Abs workout လုပ်ရုံနဲ့ ဗိုက်အဆီ ကျမှာမဟုတ်ပါ..

ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်မှာ “နေရာတစ်ခုတည်းကပဲ အဆီကျစေခြင်း (spot reduction)” ဆိုတာ မရှိပါဘူး။

Abs workout က

✔️ ဗိုက်ကြွက်သားကို တည်ဆောက်ပေးတယ်

✔️ Core strength တိုးစေတယ်

ဒါပေမယ့် ဗိုက်ပေါ်က အဆီကို တိုက်ရိုက် မလျှော့ပေးနိုင်ပါဘူး။

ဗိုက်အဆီကျဖို့ တကယ်လိုအပ်တာက….

✔️ Calories deficit (or) စားတာထက် လောင်ကျွမ်းတာများအောင် ပြုလုပ်ခြင်း

✔️ Protein လုံလောက်အောင်စားခြင်း

✔️ Full body training + cardio

✔️ Sleep / stress control စတာတွေ လိုအပ်ပါတယ်။

ဒါတွေကြောင့် အဆီလျော့လာတဲ့အချိန်ရောက်မှသာ Abs line တွေ ပေါ်လာတာပါ

ဒါကြောင့် Abs တစ်ကျော့ အကြိမ် 100လောက် လုပ်နေတဲ့အစား Nutrition ကို မှန်မှန်ကန်ကန်စားနိုင်တာက ပိုထိရောက်ပါတယ်။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





လမ်းလျှောက်ရုံနဲ့ ဝိတ်ကျနိုင်လား?? Runningလုပ်မှ ဝိတ်ကျမှာလား?? ဝိတ်ချချင်တဲ့သူတွေကြားမှာ မကြာခဏကြားရတဲ့မေးခွန်းတစ်ခုက “...
19/03/2026

လမ်းလျှောက်ရုံနဲ့ ဝိတ်ကျနိုင်လား?? Runningလုပ်မှ ဝိတ်ကျမှာလား??

ဝိတ်ချချင်တဲ့သူတွေကြားမှာ မကြာခဏကြားရတဲ့မေးခွန်းတစ်ခုက “လမ်းလျှောက်ရုံနဲ့ ဝိတ်ကျနိုင်လား?” “Running လုပ်မှပဲ ထိရောက်လား?” ဆိုတာပါပဲ။

ဒါဆို အမှန်က ဘာလဲ??

🤔 လမ်းလျှောက်ခြင်းက ဝိတ်ကျစေနိုင်လား?

✅ ကျနိုင်တာပေါ့ဗျာ

လမ်းလျှောက်ခြင်းက

• Calories လောင်ကျွမ်းစေတယ်

• Fat burning zone ထဲမှာ လေ့ကျင့်ခန်းလုပ်နေတာဖြစ်တယ်

• Beginners တွေအတွက် အဆင်ပြေတယ်

ဒါကြောင့် နေ့စဉ် ပုံမှန် လမ်းလျှောက်ရင် ဝိတ်ကျနိုင်ပါတယ်။

ဒါဆို Running က ပိုကောင်းလား?

Running က

• Calories burnတာ မြန်တယ်

• Short time နဲ့ energy လောင်ကျွမ်းနိုင်တယ်

• Fitness level မြှင့်တင်နိုင်တယ်

ဒါကြောင့် မြန်မြန်ဝိတ်ချချင်သူတွေအတွက် Running က ပိုထိရောက်ပါတယ်။

လမ်းလျှောက်ခြင်း vs Running — ဘာရွေးသင့်လဲ?

👉 Beginner / Overweight ဖြစ်သူများအတွက် လမ်းလျှောက်ခြင်းက ပိုသင့်တော်ပါတယ်

👉 Intermediate / Advanced levelဆော့သက်ရှိသူများအတွက် Running (သို့) mix လုပ်တာ ပိုကောင်းပါတယ်

👉 Knee Pain (ဒူးနာ) ရှိသူတွေကတော့ လမ်းလျှောက်ခြင်းပဲရွေးသင့်ပါတယ်။

ပြေးတာဖြစ်ဖြစ် လမ်း​လျှောက်တာဖြစ်ဖြစ် ဝိတ်ကျဖို့အတွက် အဓိကအချက်က 👇

Consistency + Calories deficit ဖြစ်ပါတယ်။

Running လုပ်နေတယ်ဆိုပြီး အစားပိုစားရင်လည်း ဝိတ်မကျပါဘူး။

ပိုထိရောက်စေဖို့ Ideaနည်းနည်းပေးမယ်….

- Walking or Runningကို Strength training တွဲလုပ်ပါ

- Daily steps (8,000–10,000) ရအောင်လျှောက်ပါ

- Diet ကို control လုပ်ပါ

Walking or Runningဘယ်ဟာ ပိုကောင်းလဲဆိုတာထက် ရေရှည်ဆက်စွဲမြဲမယ့်အရာကို ပိုပြီးရွေးချယ်ကြပါ။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





ဝိတ်ချနေတဲ့သူတွေ ထမင်းစားလို့ရလား?ဝိတ်ချတဲ့သူတွေကြားမှာ အများဆုံးကြားရတဲ့စကားတစ်ခုက “ထမင်းမစားနဲ့… ဝိတ်တက်မယ်” ဆိုတာပါပဲ...
16/03/2026

ဝိတ်ချနေတဲ့သူတွေ ထမင်းစားလို့ရလား?

ဝိတ်ချတဲ့သူတွေကြားမှာ အများဆုံးကြားရတဲ့စကားတစ်ခုက “ထမင်းမစားနဲ့… ဝိတ်တက်မယ်” ဆိုတာပါပဲ။ ဒါကြောင့် လူတော်တော်များများက ဝိတ်ချမယ်ဆိုတာနဲ့ ထမင်းလုံးဝဖြတ်လိုက်ကြတာပါပဲ။

ဒါဆို တကယ်ဝိတ်ကျဖို့ထမင်းကို လုံးဝမစားရဘူးလား? 🤔

ဒါဆို ထမင်းက ဘယ်လို Nutritionမျိုးလဲ အရင်လေ့လာရအောင်…

ထမင်းမှာ အဓိကပါဝင်တာက Carbohydrateပါပဲ။

Carbs က ခန္ဓာကိုယ်အတွက်

• Energy source

• Brain function

• Daily activity

စတာတွေအတွက် အရေးကြီးတဲ့နေရာက Supportပေးတာပါ။ ဒါကြောင့် carbs ကို လုံးဝဖြတ်လိုက်ဖို့ မလိုဘူးဆိုတာ သေချာပါပြီ။

Carbs လုံးဝဖြတ်လိုက်ရင် ဘာဖြစ်နိုင်လဲ?

Carbs ကို အလွန်အကျွံလျှော့တာ (သို့) လုံးဝဖြတ်လိုက်ရင်
• Energy လျော့မယ်
• မောပန်းလွယ်မယ်
• exercise performance လျော့မယ်
စတာတွေ ဖြစ်နိုင်ပါတယ်။

ဒါဆို ဘာကြောင့် ထမင်းစားရင် ဝိတ်တက်တယ်လို့ ထင်ကြတာလဲ?

စပြီး တရားခံရှာကြည့်ရအောင်…..

တကယ်က ထမင်းစားလို့ ဝိတ်တက်တာမဟုတ်ပါဘူး။ တကယ့်အကြောင်းရင်းက Calories ပိုစားမိလို့ပါပဲ။

ဥပမာဗျာ

• ထမင်းပန်းကန်ကြီးနဲ့ အများကြီးစားမယ်

• ဆီများတဲ့ဟင်းတွေ အနှစ်တွေနယ်စားမယ်

• ဗိုက်ဆာတိုင်း ခဏခဏ ထမင်းစားနေမယ်ဗျာ။

ဒီလိုမျိုးတွေစားရင်တော့ တစ်နေ့တာမှာ calories ပိုသွားပြီး ဝိတ်တက်လာနိုင်ပါတယ်။

ဒါဆို ဝိတ်ချနေတဲ့သူတွေ ထမင်းဘယ်လိုစားသင့်လဲ?

ဝိတ်ချနေသူတွေအနေနဲ့

• Portion control လုပ်ပါ

• Protein မဖြစ်မနေ ပါအောင်စားပါ

• အသီးအရွက်များများ (အထူးသဖြင့် အမျှင်ဓာတ်များသော အရွက်) များများစားပါ

ဥပမာ

• ထမင်း ပမာဏနည်းနည်း

• ကြက်သား / ငါး / ကြက်ဥ

• ဟင်းသီးဟင်းရွက်

ဒီလို balance လုပ်စားရင် ဝိတ်ချနေချိန်လည်းထမင်းစားလို့ရတယ်ဗျာ။

သိထားရမှာက ထမင်းကြောင့်ဝိတ်တက်တာမဟုတ်ပဲ Daily Calories Needကို ကျော်အောင်စားနေတာကြောင့် ဝိတ်တက်နေတယ်ဆိုတာ သတိပြုပါ။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





ည ၈နာရီနောက်ပိုင်း စားတဲ့သူတွေ တကယ်ပဲ ဝိတ်တက်မှာလား ??ဝိတ်ချနေတဲ့သူတော်တော်များများက“ည ၈ နာရီကျော်ရင် မစားရဘူး” ဆိုတဲ့ စ...
13/03/2026

ည ၈နာရီနောက်ပိုင်း စားတဲ့သူတွေ တကယ်ပဲ ဝိတ်တက်မှာလား ??

ဝိတ်ချနေတဲ့သူတော်တော်များများက
“ည ၈ နာရီကျော်ရင် မစားရဘူး” ဆိုတဲ့ စကားကိုကြားဖူးကြမှာပေါ့။ တချို့ဆို ညဘက်စားလိုက်ရင် ချက်ချင်းအဆီတက်မယ် လို့ ထင်ကြပါတယ်။

တကယ်တမ်း ခန္ဓာကိုယ်အဆီတက်ခြင်းရဲ့ အဓိကအကြောင်းရင်းက Calories surplus ဖြစ်လို့ပါ။ ဆိုလိုတာက တစ်နေ့လုံးစားတဲ့ caloriesက ခန္ဓာကိုယ်က ပြန်သုံးတဲ့ calories ထက် များသွားရင် အဆီအဖြစ်သိုလှောင်သွားပါတယ်။ ဒါကြောင့် ည ၈ နာရီနောက်ပိုင်းစားတာတစ်ခုတည်းကြောင့်တော့ ဝိတ်မတက်ပါဘူး။

ဒါပေမယ့် ညဖက်စားတာကတော့ ဝိတ်တက်ဖို့ ပိုလွယ်စေတာအမှန်ပါပဲ…. ဘာလို့လဲ???

ညဘက်စားဖြစ်တဲ့အချိန်မှာ လူအများစုက

• snack တွေစားမိတတ်တယ်

• အချိုများတာတွေ စားတတ်တယ်

• calories မြင့်တဲ့အစားအစာတွေရွေးစားမိတတ်တယ်

ဒါကြောင့် တစ်နေ့တာcalories intakeက ပိုသွားပြီး
ဝိတ်တက်လာတာပါပဲဗျာ။

နောက်တစ်ချက်က အိပ်ခါနီးမှာ

• အဆီများတဲ့အစားအစာတွေ

• အချိုများတဲ့အစားအစာတွေ

• heavy mealsတွေ

စားမိရင် အစာချေစနစ် အလုပ်များတာကြောင့် အိပ်တဲ့အခါ Sleep Quality ကျနိုင်ပါတယ်။ Sleep Quality မကောင်းရင် အဆီကျဖို့လည်း ခက်ခဲလာနိုင်ပါတယ်။

ဒါဆို ညဘက်ဗိုက်ဆာရင် ဘာလုပ်သင့်လဲ?

အိပ်ခါနီး ဗိုက်ဆာရင်

Protein snack (ကြက်ဥအကာ / yogurt) လိုမျိုးကို ပမာဏနည်းနည်း စားနိုင်ပါတယ်။ ဒါက ဗိုက်ဆာတာကို သက်သာစေပြီး အဆီလည်း မတက်စေပါဘူး။

တကယ်တမ်းမှာတော့ ည ၈ နာရီနောက်ပိုင်းစားတာကြောင့် အလိုအလျောက် ဝိတ်တက်တာမျိုး မရှိပါဘူး။ အဆီတက်စေတဲ့အဓိကအချက်က Daily Calories Intake လိုတာထက်များနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးက Total calories control ပါပဲဗျာ။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





မနက်စာ မစားရင် ဝိတ်ကျမှာလား??တချို့လူတွေက မနက်စာမစားတာကို diet technique လို့သုံးကြပြီး တချို့ကတော့ မနက်စာမစားရင် metabo...
12/03/2026

မနက်စာ မစားရင် ဝိတ်ကျမှာလား??

တချို့လူတွေက မနက်စာမစားတာကို diet technique လို့သုံးကြပြီး တချို့ကတော့ မနက်စာမစားရင် metabolism ပျက်တယ် လို့ထင်ကြပါတယ်။

မနက်စာမစားတာကို nutrition science မှာ Time Restricted Eating (သို့) Intermittent Fasting လို့ခေါ်ပါတယ်။

အသုံးများတဲ့ပုံစံက

16:8 Methodပါ 8 နာရီအတွင်း အစားစားပြီး 16 နာရီ fastingလုပ်တာပါ။

ဥပမာ - ည 8 နာရီနောက်ဆုံးစားပြီး နောက်နေ့ မနက်စာမစားပဲ နေ့လယ် 12 မှာ ပြန်စားတာမျိုးပါ။

ဒါဆို ဝိတ်ကျစေလား?

မနက်စာမစားတာတစ်ခုတည်းကြောင့် ဝိတ်ကျတာတော့ မဟုတ်ဘူးဗျ။ အဓိကအချက်က Calories deficit ပါပဲ။ ဆိုလိုတာက စားတဲ့ Caloriesက ပြန်သုံးတဲ့ Caloriesထက် နည်းမယ်ဆိုရင် ဝိတ်ကျမှာပါပဲ။

Intermittent fasting လုပ်တဲ့သူတွေမှာ စားချိန်နည်းသွားတဲ့အတွက် Total calories intake လျော့သွားလို့ ဝိတ်ကျတာဖြစ်ပါတယ်။

မနက်စာမစားတာ လူတိုင်းအတွက်ကောင်းလား?

လူတိုင်းအတွက် မတူပါဘူး။ အချို့လူတွေက မနက်စာမစားရင်
• Energy မရှိသလိုခံစားရတယ်

• အလုပ်ကို အာရုံမစိုက်နိုင်တာ

• တခြားအနပ်တွေမှာ အလွန်အကျွံစားမိတာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် မိမိ lifestyle နဲ့ကိုက်ညီမှသာ အသုံးပြုသင့်ပါတယ်။

အဓိကတော့ ဝိတ်ချဖို့ဆိုရင်

- Calories Deficit

- လုံလောက်တဲ့ Protein intake

- Regular exercise

- Sleep quality တွေက ပိုပြီး အရေးကြီးပါတယ်။

မနက်စာစားတာ / မစားတာက strategy တစ်ခုသာဖြစ်ပါတယ်။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





ဒီ (၅)ချက်ကို လုပ်မိနေသ၍ ညဖက် ဗိုက်ဆာနေဦးမှာပဲ မိတ်ဆွေ…..အဆီချနေပါတယ်ဆို အိပ်ခါနီး ဗိုက်ဆာတော့ တိုင်ပတ်တာပေါ့ဗျာ… ဟုတ်တယ...
11/03/2026

ဒီ (၅)ချက်ကို လုပ်မိနေသ၍ ညဖက် ဗိုက်ဆာနေဦးမှာပဲ မိတ်ဆွေ…..

အဆီချနေပါတယ်ဆို အိပ်ခါနီး ဗိုက်ဆာတော့ တိုင်ပတ်တာပေါ့ဗျာ… ဟုတ်တယ်ဟုတ်

ဒီအချက်လေးတွေကို ပြင်လိုက်ရင် အဆင်ပြေသွားမှာပါ….

၁။ နေ့လယ်ပိုင်းမှာ Protein မလုံလောက်ခြင်း

တစ်နေကုန်စားတဲ့ အစားအစာမှာ Protein မလုံလောက်ရင် ခန္ဓာကိုယ်က Nutrition လိုအပ်ချက်ကို မပြည့်မီတဲ့အတွက် ညဘက်မှာ ဗိုက်ဆာလာတတ်ပါတယ်။

Protein လုံလောက်အောင် စားထားမယ်ဆိုရင်….

- အချိန်ကြာကြာ ဗိုက်ပြည့်နေတယ်လို့ ခံစားရတယ်

- Hunger hormone လျော့တယ်

၂။ Calories အလွန်အကျွံ လျှော့ထားခြင်း

တချို့လူတွေက ဝိတ်မြန်မြန်ကျချင်လို့ အစားအလွန်လျှော့ ထားကြတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က ညဘက်မှာ energy လိုအပ်ချက်ကို ပြန်တောင်းဆိုတဲ့အခါ ဗိုက်ဆာလာပါတယ်။

၃။ အမျှင်ဓာတ် မလုံလောက်ခြင်း

Fiber ပါတဲ့အစားအစာတွေက ကြာကြာ ဗိုက်ပြည့်တယ်လို့ ခံစားရစေပါတယ်။ Fiber မလုံလောက်တဲ့အခါ အစာမြန်မြန်ကြေပြီး ဗိုက်မြန်မြန်ပြန်ဆာလာနိုင်ပါတယ်။

၄။ အိပ်ရေးဝဝ မအိပ်ခြင်း

အိပ်ရေးမဝတာ များတဲ့အခါ Hunger hormone ဖြစ်တဲ့ ghrelin တက်လာပြီး satiety hormone ဖြစ်တဲ့ leptin လျော့သွားပါတယ်။ ဒါကြောင့် ညဘက်မှာ ပိုပြီး ဗိုက်ဆာတတ်ပါတယ်။

၅။ Stress များခြင်း

Stress များရင် ခန္ဓာကိုယ်မှာ cortisol hormone တက်လာပါတယ်။ ဒီ hormoneက အစားစားချင်စိတ်ကို တိုးစေတဲ့အပြင် အချိုတွေကိုပါ ပိုပြီးတောင့်တပါတယ်။ ဒါကြောင့် ညဘက်မှာ မလိုအပ်ပဲ ဗိုက်ဆာလာတတ်ပါတယ်။

မိတ်ဆွေ ညဖက်ဗိုက်ဆာတယ်ဆိုတာ သည်းခံနိုင်စွမ်းမရှိတာမဟုတ်ပါဘူး။ အပေါ်ကအချက်တွေ လုပ်မိနေတာဖြစ်နိုင်ပါတယ်။ ပြန်စစ်ကြည့်ပြီး ပြုပြင်နိုင်ပါပြီ။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





ဝိတ်ချနေပါတယ်ဆို အိပ်ခါနီး ဗိုက်ဆာတာမျိုး ကြုံဖူးလား???? ဒါဆို ဒီ postက မိတ်ဆွေအတွက်ပါ….အဆီချ / ဝိတ်ချနေသူတွေအတွက် အိပ်ခ...
09/03/2026

ဝိတ်ချနေပါတယ်ဆို အိပ်ခါနီး ဗိုက်ဆာတာမျိုး ကြုံဖူးလား????

ဒါဆို ဒီ postက မိတ်ဆွေအတွက်ပါ….

အဆီချ / ဝိတ်ချနေသူတွေအတွက် အိပ်ခါနီး ဗိုက်ဆာခြင်းက တော်တော်များများကြုံတွေ့ရတဲ့ အိပ်မက်ဆိုးပါ။ ဒီအချိန်မှာ မမှန်ကန်တဲ့အစားအစာရွေးချယ်မိရင် အဆီတက်နိုင်သလို Diet planလည်းပျက်သွားနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြေရှင်းမလဲ နည်းနည်းကြည့်ရအောင်…

အိပ်ခါနီးစားတဲ့အစားအစာမှာ အရေးကြီးဆုံးက Caloriesနည်းပြီး Proteinမြင့်တဲ့ nutrition ဖြစ်ဖို့ပါပဲ။ ဒါကြောင့် High Protein + Low Calories + Low Sugar ဖြစ်မယ့်အစားအစာတွေကို ရွေးစားနိုင်ပါတယ်။

ဒီလိုပုံစံစားခြင်းက

- ဗိုက်ဆာမှုကို သက်သာစေမယ်

- ကြွက်သားပျက်စီးမှုကို ကာကွယ်ပေးမယ်

- အဆီမတက်စေဘူး

အိပ်ခါနီး စားနိုင်တဲ့ အစားအစာတစ်ချို့ကို နမူနာကြည့်ရအောင်….

၁။ ကြက်ဥပြုတ် (အကာသီးသန့်)

ကြက်ဥအကာက Proteinမြင့်ပြီး caloriesအတော်နည်းတာကြောင့် အရမ်းကောင်းတယ်။ ၂လုံး ၃လုံးအထိ အစားလို့ရတယ်။ အဆီမတက်ပဲ ဗိုက်ဆာတာသက်သာစေနဲ့အပြင် Muscle Recovery & Growthကိုပါ ထောက်ပံ့ပေးပါလိမ့်မယ်။

၂။ Greek Yogurt (အချိုမပါ)

Greek yogurtမှာ Protein (casein protein) ပါဝင်တဲ့အတွက် အိပ်နေချိန် ကြွက်သားပြန်လည်ပြုပြင်ရာမှာ ကူညီပေးပါတယ်။ ဗိုက်ပြည့်စေတယ်၊ Quality Sleepရစေတယ်၊ အစာချေမှုကောင်းစေတယ်။ ပန်းကန်လုံးအသေး တစ်လုံးစာလောက်ဆို အတော်ပါပဲ။

၃။ ကြက်သားပြုတ်

အရေခွံမပါသော ကြက်သားအသားက lean protein ဖြစ်တာကြောင့် Caloriesနည်းတယ်၊ High Proteinဖြစ်မယ်၊ Muscle Gainပါ ဖြစ်စေတယ်။ 50-80g လောက် စားပေးနိုင်ပါတယ်။

၄။ ထောပတ်သီး (အနည်းငယ်)

ထောပတ်သီးမှာ Healthy fat နဲ့ fiber ပါဝင်လို့
ဗိုက်ဆာမှုကို ထိန်းပေးပါတယ်။ slice ၂ခု ၃ခုလောက်လှီးပြီး စားသင့်ပါတယ်။

၅။ Protein Shake (Low calorie)

Whey protein (သို့) Casein proteinကို ဖျော်ပြီး သောက်နိုင်ပါတယ်။ ကြွက်သား recovery ကောင်းစေတယ်၊ Calories မများဘူး အိပ်နေချိန် metabolismကို supportလုပ်ပေးတယ်။ တော်တော်လေးမိုက်တယ်လို့ ပြောလို့ရတယ်။

အိပ်ခါနီး မစားသင့်တဲ့အစားအစာတွေက…

❌ ထမင်း / ခေါက်ဆွဲ / မုန့်များ

❌ အချိုများ (cake, chocolate)

❌ အဆီများသော အစားအစာ

❌ Fast food

ဒီလိုအစားအစာတွေက

- Blood sugar တက်စေတယ်

- အဆီစုစေတယ်

- အိပ်စက်ခြင်းကို နှောင့်ယှက်တယ်

ဒါဆို အိပ်ခါနီးဗိုက်ဆာသူတွေ ဖြေရှင်းဖို့ နည်းလမ်းရကြပြီပေါ့နော်….

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





အဆီချတဲ့သူတွေက ထမင်းဖြတ်ဖို့ လိုအပ်လား??အရင်ဆုံး ခန္ဓာကိုယ်အတွက် ထမင်းရဲ့ အလုပ်လုပ်ပုံကို ကြည့်ရအောင်…🔘 ထမင်း (Carbs)က ခ...
04/03/2026

အဆီချတဲ့သူတွေက ထမင်းဖြတ်ဖို့ လိုအပ်လား??

အရင်ဆုံး ခန္ဓာကိုယ်အတွက် ထမင်းရဲ့ အလုပ်လုပ်ပုံကို ကြည့်ရအောင်…

🔘 ထမင်း (Carbs)က ခန္ဓာကိုယ်အတွက် စွမ်းအင်အရင်းအမြစ်ဖြစ်တယ်

🔘 Daily Activityနဲ့ Workoutအတွက် လောင်စာဖြစ်တယ်

🔘 ဦးနှောက်အတွက် Glucoseထောက်ပံ့ပေးနိုင်တယ်

ထမင်းလုံးဝဖြတ်တဲ့အခါ ဘာဖြစ်နိုင်လဲ….

❗️မောပန်းလွယ်တယ်

❗️Workout Performanceလျော့နည်းစေတယ်

❗️တခြား Junk foodတွေကို အလွန်အကျွံစားမိစေနိုင်တယ်။

ထမင်းမဖြတ်ပဲ အဆီချလို့ရတဲ့နည်းတွေကြည့်ရအောင်…

** Portion Control

- ပမာဏကို လျှော့စားပါ။

- ပန်းကန်ရဲ့ ၄ပုံ ၃ပုံကို အရွက်၊ အသားများများနဲ့ စားပါ။

** Protein တိုးစားပါ

- Proteinက အဆာခံနိုင်တယ်၊ Muscle Massတက်စေတယ်၊ Fat Lossကို Supportပေးနိုင်တာကြောင့် Proteinများများစားပြီး Carbsကို လျှော့နိုင်ပါတယ်။

** Activity Levelမြှင့်

- Resistance Training, Cardioစတာတွေရဲ့ ပြင်းအားကို မြှင့်ပါ။

- Active Lifestyleကို ရအောင် တည်ဆောက်ယူပါ။

ဒါဆို ထမင်းဆိုတာ လုံးဝဖြတ်သင့် မဖြတ်သင့်ဆိုတာ သိလောက်ပြီပေါ့ဗျာ

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





Proteinရဖို့ ကြက်သားစားကြမယ်ဆိုတာ ဟုတ်ပါပြီ…. ဘယ်အပိုင်းမှာ ဘယ်လို Nutritionပါလဲ နည်းနည်းလေ့လာကြည့်ရအောင်…1️⃣ ကြက်ရင်ပုံ...
02/03/2026

Proteinရဖို့ ကြက်သားစားကြမယ်ဆိုတာ ဟုတ်ပါပြီ…. ဘယ်အပိုင်းမှာ ဘယ်လို Nutritionပါလဲ နည်းနည်းလေ့လာကြည့်ရအောင်…

1️⃣ ကြက်ရင်ပုံသား (Chicken Breast)

Gymဆော့သူများရဲ့ အသည်းစွဲ မင်းသားကြီး….
👉 Protein အမြင့်ဆုံးနဲ့ အဆီနည်းဆုံးလို့ ပြောလို့ရတယ်။
• 100g မှာ Protein ~ 30–31g
• Fat ~ 3–4g
• Calories နည်း
ကြွက်သားတည်ဆောက်ဖို့ အကောင်းဆုံးအပိုင်းလို့တောင် ပြောလို့ရတယ်။

2️⃣ ကြက်ပေါင် (Chicken Thigh – skinless)

👉 Protein ကောင်းပေမယ့် အဆီပိုများတယ်၊ အရေခွံတော့ မစားသင့်ပါ
• 100g လျှင် Protein ~ 24–26g
• Fat ~ 8–10g (အရေခွံမပါ)
• အရေခွံပါရင် Fat အလွန်မြင့်တက်နိုင်တယ်။

3️⃣ ကြက်တောင်ပံ (Chicken Wings)

👉 Protein ပါပေမယ့် Fat ပိုများတယိ
• အရေခွံပါရင် Fat အရမ်းမြင့်တယ်
• Deep fry လုပ်ရင် Fatတော်တော် မြင့်နိုင်တယ်။

4️⃣ ကြက်အသည်း (Chicken Liver)

👉 Protein ကောင်းပြီး Iron & Vitamin A တော်တော်များများပါဝင်တယ်။
• 100g လျှင် Protein ~ 23–25gပါတယ်
• Micronutrients အလွန်မြင့်တယ်
• ဒါပေမယ့် Cholesterol လည်းမြင့်တယ်။

✅ အာဟာရအတွက် ကောင်းပေမယ့်နေ့တိုင်း မစားသင့်ပါ။ တစ်ပတ် 1–2 ကြိမ်လောက်ဆို သင့်တော်ပါတယ်။

အဓိက ရှောင်ရမှာတွေက….
❌ အရေခွံ
❌ Deep Fryလုပ်ထားတာတွေ
❌ ကြက်တောင်ပံကြော်လိုမျိုးတွေ ရှောင်ပါ။

မရှောင်နိုင်ရင် လျှော့စားပါ။

ကြက်အရေခွံမှာ Saturated Fatများတယ်။ Caloriesမြင့်တယ်။ ဒါကြောင့်ရှောင်သင့်တယ်။

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





အစားလျှော့တယ်ဆိုတာ Dietလုပ်တာပဲလား??လူအများစုက အစားလျှော့စားနိုင်တာနဲ့ Dietလုပ်နိုင်နေပြီဆိုပြီး လက်မထောင်တတ်ကြတယ်ဗျ။ တက...
24/02/2026

အစားလျှော့တယ်ဆိုတာ Dietလုပ်တာပဲလား??

လူအများစုက အစားလျှော့စားနိုင်တာနဲ့ Dietလုပ်နိုင်နေပြီဆိုပြီး လက်မထောင်တတ်ကြတယ်ဗျ။ တကယ်တော့ Dietလုပ်တယ်ဆိုတာ ဒီလောက်တော့ လွယ်ကူနေတဲ့ ကိစ္စမဟုတ်ဘူးဗျ… အစားလျှော့ရတာနဲ့ Dietလုပ်တာ ဘာကွာလဲ အခြေခံ အချက်လေး အနည်းငယ်နဲ့ ယှဉ်ပြပေးမယ်….

** အရင်ဆုံး Dietလုပ်တာ ဘယ်လောက်ဂရုစိုက်ရလဲ အနည်းငယ် လေ့လာရအောင်…

Dietဆိုတာ တစ်နေ့တာ စားသောက်ပုံတစ်ခုလုံးကို အသေးစိတ် စီမံရတာကို ခေါ်တာပါ…
- ဘာစားမလဲ?
- ဘယ်လောက်စားမလဲ?
- ဘယ်အချိန်စားမလဲ?
- Nutrients balance (Protein / Carb / Fat) ကို ဘယ်လိုထိန်းမလဲ?

ဒီလို အသေးစိတ် စီမံပြီးစားနိုင်တာမှ Dietလုပ်တယ်ခေါ်တာပါ။ စနစ်တကျ စားသောက်တဲ့ပုံစံလို့ ပြောလည်းရတယ်။

အစားလျှော့တယ်ဆိုတာ ဘာလဲ…..

အစားလျှော့တာကတော့
👉 Quantity လျှော့တာပဲ ဖြစ်ပါတယ်။
- ထမင်းတစ်ပန်းကန်စားနေရာက တစ်ဝက်ပဲစားတာ
- မနက်စာမစားတော့တာ
- ညစာမစားတော့တာ

ဒါတွေက အစားလျှော့ခြင်းပါ။

❌ Nutrient balance မစဉ်းစားဘူး
❌ Protein လုံလောက်မလား မစဉ်းစားဘူး
❌ ကျန်းမာရေးထိခိုက်နိုင်တယ်

ဝိတ်ချမယ်ဆို Calories Deficitလုပ်ဖို့လိုတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း ကယ်လိုရီလျော့ဖို့ အစားလျှော့ရုံနဲ့ မလုံလောက်ပါဘူး….

အစားလျှော့ရုံသက်သက်ဆို…
❗️ Proteinမလုံလောက်ရင် Muscleကျနိုင်တယ်
❗️ Metabolism နှေးသွားနိုင်တယ်
❗️ ဝိတ်ပြန်တက်ဖို့ လွယ်တယ်

တိကျတဲ့ Dietနဲ့ Calories Deficitလုပ်မယ်ဆို…
✅ Fat % ကျစေတယ်
✅ Muscle ထိန်းနိုင်တယ်
✅ Long Term Resultရအောင် ထိန်းနိုင်တယ်

Ok…. ဒီလောက်ဆို Dietနဲ့ အစားလျှော့တာ ဘယ်လောက်ကွာလဲ ခွဲခြားလို့ရလောက်ပါပြီ….

ကျန်းမာစွာ ခန္ဓာကိုယ်ကို တည်ဆောက်ပါ

Try Your Best!!





Address

Yangon

Telephone

+959967078455

Website

Alerts

Be the first to know and let us send you an email when FIT With A.M.T posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FIT With A.M.T:

Share