Ashtanga Yoga With Ei

Ashtanga  Yoga With Ei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ashtanga Yoga With Ei, Yoga studio, Yangon.

Backbending / Chest Opening  Benefits Backbending ဆိုတာ ခန္ဓာကိုယ်ကို နောက်ဘက်သို့ကွေးရုံတင်မဟုတ်ဘဲရင်ဘတ်ကိုဖွင့်ပေးပြီး...
03/09/2026

Backbending / Chest Opening Benefits

Backbending ဆိုတာ ခန္ဓာကိုယ်ကို နောက်ဘက်သို့ကွေးရုံတင်မဟုတ်ဘဲ
ရင်ဘတ်ကိုဖွင့်ပေးပြီး ကိုယ်ခန္ဓာနဲ့ စိတ်ကိုပါ လွတ်လပ်ပေါ့ပါးစေတဲ့ Practice တစ်ခုပါ။

✨ Chest & Shoulders Opening – ရင်ဘတ်နဲ့ ပခုံးတင်းကျပ်မှုတွေကို လျော့စေပြီး ပိုမိုဖွင့်လှစ်လာစေပါတယ်။

✨ Spine Mobility – ကျောရိုးရဲ့ လှုပ်ရှားနိုင်မှုနဲ့ flexibility ကို တိုးတက်စေတယ်။

✨ Better Posture – ထိုင်ချိန်၊ လမ်းလျှောက်ချိန်တွေမှာ ရှေ့ကိုကုန်းနေတဲ့ posture ကို ပြန်လည်ညှိပေးနိုင်တယ်။

✨ Hip & Front Body Opening – Hip flexors နဲ့ ခန္ဓာကိုယ်အရှေ့ပိုင်းကို stretch ဖြစ်စေပါတယ်။

✨ Breath Awareness – ရင်ဘတ်ဖွင့်လာတာနဲ့အမျှ အသက်ရှူမှုကို ပိုပြီးသတိထားနိုင်လာပါတယ်။

✨ Mental Release – Practice လုပ်ရင်း တင်းကျပ်နေတဲ့ စိတ်ခံစားချက်တွေကို ဖြေလျော့ပေးနိုင်ပြီး confidence တိုးလာစေပါတယ်။

Backbending ရဲ့ အလှတရားက ခန္ဓာကိုယ်ကို နောက်ဘက်ကွေးနိုင်တာထက်
“မဖြစ်နိုင်ဘူး” လို့ထင်ခဲ့တဲ့ ကိုယ့်ရဲ့ limit တွေကို တဖြည်းဖြည်းကျော်ဖြတ်လာနိုင်တာပါ။ 🖤

Breathe • Open • Trust • Grow 🧘‍♀️

PYVS ကို 4 years ပြည့်ပြီးမှပြန်ရောက်ခဲ့တယ် ကျောင်းရှေ့ကိုရောက်တာနဲ့ ကိုယ့်အိမ်ကိုကိုယ်ပြန်လာရသလိုမျိုးနွေးထွေးတဲ့ခံစားခ...
31/08/2026

PYVS ကို 4 years ပြည့်ပြီးမှပြန်ရောက်ခဲ့တယ် ကျောင်းရှေ့ကိုရောက်တာနဲ့ ကိုယ့်အိမ်ကိုကိုယ်ပြန်လာရသလိုမျိုးနွေးထွေးတဲ့ခံစားချက်ကိုခံစားရတယ် မြန်မာပြည်မှာတင် India Sir နဲ့ International အတိုင်းနည်းစနစ်ကျကျသင်ကြား ခွင့်ရအောင်စီစဉ်ပေးတဲ့ PYVS Founder တီချယ်သူဇာက်ိုကျေးဇူးအရမ်းတင်ပါတယ်🙏🏻 Yoga teacher တစ်ယောက်က Asana တင်သင်ပေးနိုင်ရမှာမဟုတ်ဘဲ Alignment/ Adjustment, Pranayama , Yoga Philosophy, Yoga Anatomy,Yoga Nutrition,Yoga Nidra Meditation ,Yoga ရဲ့အနှစ်သာရပြည့်ပြည့် ဝဝပြန်ပြီးမျှဝေရမယ်ဆိုတာကိုသေသေချာချာလေး သင်ယူခွင့်ရခဲ့လို့ကျေးဇူးအများကြီးတင်ပါတယ်တီချယ် 🙏🏻

တီချယ်တို့ပေးခဲ့တဲ့ပညာတွေနဲ့ Yoga ရဲ့အနှစ်သာရပြည့်ပြည့်ဝဝပြန်ပေးနိုင်အောင်
ကြိုးစားသွားပါ့မယ်ရှင့်😘






Level Up ✨💪300 hrs International Yoga Teacher Training Course Ashtanga Yoga & Hatha Yoga 🧘‍♂️ ချွေးစက်တိုင်းနဲ့အတူ ကိုယ်...
30/08/2026

Level Up ✨💪
300 hrs International Yoga Teacher Training Course Ashtanga Yoga & Hatha Yoga 🧘‍♂️

ချွေးစက်တိုင်းနဲ့အတူ ကိုယ့်ရဲ့ကြိုးစားမှုတွေ အရာထင်လာခဲ့ပါပြီ ။ မလွယ်ကူခဲ့တဲ့နေ့ရက်တွေ၊ လက်မလျှော့ဘဲ ကြိုးစားခဲ့တဲ့အချိန်တွေကဒီနေ့ရဲ့ပျော်ရွှင်မှုအတွက် အဖြေတစ်ခုဖြစ်လာခဲ့တယ်။

ပင်ပန်းခက်ခဲလာတဲ့အခါကိုယ့်စိတ်ကိုယ်နိုင်အောင်ကျော်ဖြတ်ပြီးပိုကောင်းတဲ့ Version တစ်ခုအဖြစ် Level Up လုပ်နိုင်ခဲ့တဲ့ဒီနေ့ရက်လေးကို အရမ်းပျော်ရွှင်ပြီး ဂုဏ်ယူမိတယ်။ ❤️✨

Hard work, sweat, consistency…
And finally, I made it. 💪🔥





Ashtanga Intermediate Series Exam Practice . No .1 သင်ပြီးသွားပါပြီ Posture name ကို Sanskrit , Drishti ,Bandha သုံးမျို...
27/08/2026

Ashtanga Intermediate Series Exam Practice . No .1 သင်ပြီးသွားပါပြီ Posture name ကို Sanskrit , Drishti ,Bandha သုံးမျိုးလုံးပြောသင်ရပြီး Alighment / Adjustment ပါတစ်ခါထဲပြရတာ . ဘယ်ရမလဲ Sir Nikey သင်သလိုအသံဖမ်းပြီးတစ်ခါထဲကျက်ပြီးသင်လိုက်တာသူ့လေသံအတိုင်းပေါ့ .,ဆရာက feedback ပေးတာ Professional teacher ပါဘဲအရမ်းတော်ပါတယ်တဲ့ Sanskrit, Drishti,Bandha အကုန်ပါအောင် Confident ရှိရှိနဲ့သင်နိုင်တယ်တဲ့ Eliza လက်ထဲမှာ Alighment/Adjustment မမိတဲ့လူမရှိဘူး လူစုံအောင်သင်ရင်းနဲ့ပြင်သွားနိုင်တယ်လို့ India Sir ရဲ့ Feedback ရတော့အရမ်းပျော်ကျေနပ်ရပါတယ် အတူတူလေ့ကျင့်ပေးကြတဲ့ အတန်းဖေါ်အားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်🙏🏻




27 ရက်နေ့ ကြာသပတေးနေ့ စာမေးပွဲ Practice လက်တွေ့သင်ရမယ် သင်တန်းက ၂၁ ယောက်ရှိတာတနေ့ကို မနက် ၄ ယောက် ညနေ ၄ ယောက်  ၃ ရက်ဖြေရ...
24/08/2026

27 ရက်နေ့ ကြာသပတေးနေ့ စာမေးပွဲ Practice လက်တွေ့သင်ရမယ် သင်တန်းက ၂၁ ယောက်ရှိတာတနေ့ကို မနက် ၄ ယောက် ညနေ ၄ ယောက် ၃ ရက်ဖြေရမှာ Ashtanga ၁၁ ယောက် Hatha ၁၀ ယောက်မဲနှိုက်ရတာ ကိုယ်ကျတာ No.1 Ashtanga Yoga တဲ့ မဲနှိုက်ရင်ကံမကောင်းဘူးခဲ့ပေမယ့် yoga နဲ့ပါတ်သတ်ရင်ကံကောင်းပြီလေ မဲနှိုက်ခါနီးကိုယ့်ရဲ့ Passionate အတိုင်းရပါစေလို့ဆုတောင်းပြီးနှိုက်လိုက်တာ ကျမချစ်သော Ashtanga တောင် No 1 အရင်ဆုံးသင်ရမှာ Primary Series ကိုသင်နေကျပေမယ့် Intermediate Series ကိုပထမဆုံးသင်ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ😍




23/08/2026

Sunday နားရက်လေးမှာ အရှင် သျှီဝ Shiva ဘုရားကျောင်းကိုဒုတိယအကြိမ်ထပ်ရောက်ခဲ့တယ် ကုလားမလေးမဟုတ်ပေမယ့်ဘုရားကျောင်းကိုရောက်တာအရမ်းပျော်နေမိတယ် ကိုယ့်အိမ်ပြန်ရောက်နေရသလိုမျိုး တီချယ်ကပြောတယ် အခု yoga ဆရာမဖြစ်နေရတာ အရင်ဘဝတွေတုန်းကမျိုးစေ့ချခဲ့လို့ပါရမီပါလာတာတဲ့ တကယ်ဟုတ်လောက်တယ် အရှင် Shiva နဲ့မယ်တော်စောင့်ရှောက်နေသလိုခံစားရတယ် မပြန်ခင်တစ်ခါထပ်သွားအုန်းမယ်🧘



22/08/2026

Ashtanga Intermediate Series, PARVRITA TRIKONASANA Alighment/ Adjustment



Ashtanga Intermediate Series  ကို My Sore Style အပြည့်လေ့ကျင့်ရတဲ့နေ့  1:30 ကြာတယ် Ujjayi Breathing နဲ့ mindfulness ဘဲအရ...
21/08/2026

Ashtanga Intermediate Series ကို My Sore Style အပြည့်လေ့ကျင့်ရတဲ့နေ့ 1:30 ကြာတယ် Ujjayi Breathing နဲ့ mindfulness ဘဲအရမ်းလေ့ကျင့်လို့ကောင်းတယ် Intermediate Series က Backbending တွေများတော့မရသေးတာတွေရှိပေမယ့်အကောင်းဆုံးလုပ်နိုင်ခဲ့လို့အရမ်းကျေနပ်တယ် 🥰Ashtanga Primary Series ကပထမအဆင့် healing ဖြစ်စေပြီး Joints တွေကိုဖွင့်ထုတ်ပေးတယ် ✨lntermediate Series ကတော့ Nadia Shodhana Cleansing ပါ Energy Chanal တွေကိုပွင့်စေပါတယ်🧘
Ardha Matsyendrasana




20/08/2026

Ashtanga Intermediate Series,Kapotasana B Alignment/ Adjustment




15/08/2026

Ashtanga Intermediate Series, Krouncasana Alignment/ Adjustment




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ashtanga Yoga With Ei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category