30/09/2026
ခုနောက်ပိုင်း Deadlift မှာ slack pull လုပ်ဖို့လိုအပ်ကြောင်းပြောလာကြတော့ ကျွန်တော်ကဒီနေ့ ဘာကြောင့် slack pull လုပ်ဖို့လိုအပ်လဲဆိုတာရှင်းပြပေးပါမယ်
Deadlift မှာ Slack Pull လုပ်ခြင်း vs မလုပ်ခြင်း ⚡️
Deadlift ဆွဲတဲ့အခါ weight များလာရင် Form ပျက်တာ၊ တင်ပါးက အရင်ကြွတက်သွားတာ (Hips shooting up) တွေ ဖြစ်ဖူးပါတာမျိုး Deadlift လုပ်သူတော်တော်များများကြုံရလိမ့်မယ်,အဲ့လိုမဖြစ်အောင် အဓိကလုပ်ရမယ့်တစ်
ချက်ရှိတယ် အဲ့ဒါက Slack Pull
ကောင်းပြီ Slack pull လုပ်ခြင်း မလုပ်ခြင်းက ဘာကွာခြားမှုရှိလဲ?
1.Slack Pull လုပ်ခြင်း (With Slack Pull)
Squat,Bench,Deadlift တွေလုပ်တဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ်ကို ထုတ်လိုက်တဲ့ Force တွေကို Barbell ဘားဆီကို တိုက်ရိုက် transfer လုပ်နိုင်အောင်လေ့ကျင့်ရတာဖြစ်ပါတယ် ဆိုတော့
Deadlift မှာ slack pull လုပ်ထားခြင်းဟာ
Barbell ဆီကို ကြားထဲမှာ force leak မဖြစ်သွားအောင် Transfer အကောင်းဆုံးလုပ်ပေးနိုင်ပါတယ်
Yanking and position integrity စမလိုက်တဲ့ off the floor မှာ Yank မဖြစ်အောင် Spine rigidity ကောင်းအောင်ထိန်းထားနိုင်တာမို့ Tension အပြည့်ရစေပါတယ်
Lats engagement & Safety:
Slack pull လုပ်ခြင်းဟာ Lats tension အပြည့်ရတာကြောင့် Spine stability ပိုကောင်းစေလို့ Lower back ပေါ်ကျရောက်လာမယ့် shear force တွေကိုလျော့ချပေးနိုင်လို့ lower back မှာ injury မရစေမှာဖြစ်ပါတယ်
ဆိုတော့ Slack pull မလုပ်ခြင်းဟာ ဘာတွေဖြစ်မလဲဆိုရင် အပေါ်ကပြောခဲ့တဲ့အချက်တွေကို ပြောင်းပြန်လှန်လိုက် အဲ့ဒါ slack pull မလုပ်ခြင်းရဲ့ မကောင်းတဲ့အချက်တွေပဲ
ဒါဆိုရင်တော့ Deadlift လုပ်တဲ့အခါ Slack pull ဘာကြောင့်လုပ်ဖို့လိုအပ်လဲဆိုတာ သေသေချာချာသိသွားမယ်လို့ ယူဆပါတယ်