27/07/2021
နာမည်ကျော်လူငယ်ခြေတက်နောက်ခံလူ ကိုအန်ဒီကိုခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ချယ်လ်ဆီးအသင်း
ချယ်လ်ဆီးအသင်းသည် ဆီဗီလာနောက်ခံလူ ကိုအန်ဒီကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်များရရှိနေပြီဖြစ်ပြီး နှစ်ဖက်အသင်းဆွေးနွေးမှုမှာလည်း တိုးတက်လျက်ရှိပါတယ်။ ထိုလူငယ်ကစားသမားလေးကို ၂၀၂၆ ခုနစ်အထိစာချုပ် ချုပိဆိုဖွယ်ရှိပြီး အပြောင်းအရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ချယ်လ်ဆီးအသင်းသည် ၎င်းတို့၏နောက်ခံလူ ဇူးမားကိုထည့်သွင်းကမ်းလှမ်းခဲ့ပါတယ်။ လာမယ့်နာရီပိုင်းအတွင်း အပြောင်းအရွှေ့ပြီးမြောက်ဖို့မျှော်လင့်နေပါတယ်။