29/11/2020
VAR ကတကယ့်ရီစရာပါ. ကျွန်တော့်လိုဘောပွဲတစ်ပွဲကိုရုပ်ရှင်ကားတစ်ကားလိုကြည့်တက်တဲ့သူတစ်ယောက်အဖို့တော့ VAR ဟာ ဇာတ်ရှိန်တက်နေတဲ့အချိန် မီးပျက်သွားသလိုပါပဲ.
ဘယ်ပွဲကြည့်ကြည့်အရင်ကfeelingမျိုးပြန်မရတော့ပါဘူး. ညက
လီပါပူး ပွဲမှာဆိုရင် တကယ်ရုပ်ပေါက်ပါတယ်.ကျွန်တာ့်ကအရှိအရှိတိုင်းပြောတာပါ. ဆာလက်ရဲ့ဂိုးကိုလူကျွံဂိုးတဲ့လား. ရောဘက်ဆန်ကြောင့်ပင်နယ်တီပေးရတဲ့အဖြစ်ပျက်မှာဆိုရင် ဝဲဘတ်ကခြေထောက်ရှည်နေလို့ ဘောရှင်းတဲ့အခါသွားထိတာပါ.
ခုနောက်ပိုင်းပင်နယ်တီတွေကို ထိပေးစနစ်နဲ့ VARကရက်ရက်ရောရောကိုပေးနေတာပါ. EPLမှာပိုဆိုးပါတယ် နဲနဲထိတာနဲ့ဟန်ဆောင်လှဲချမူတွေပိုလုပ်လာတယ်. ပွဲကtempo လေးနဲနဲရတာနဲ့ ဒိုင်ကဖောက်လိုက် varကဖောက်လိုက်. အရင်ကအကြမ်းပတန်း စစ်မြေပြင်သဖွယ်ဖြစ်ခဲ့တဲ့ pelဟာ အခုတော့ ရုပ်ရှင်ရိုက်ကွင်းကြီးပမာဖြစ်နေပါပြီ. အချို့အသင်းတွေ VARကြောင့်အမှတ်ပိုစုမိနေသလို အချို့အသင်းတွေအတွက်တော့VARကြောင့်ရသင့်ရထိုက်တဲ့အမှတ်တွေမရကြပါဘူး.
VARမှာ ချမှတ်ထားတဲ့စည်းမျဥ်းအချို့ပြန်ပြောင်းလဲဖို့လိုနေပါပြီ.
အမြဲတိကျနေတိုင်းကောင်းတဲ့အထဲဘောလုံးပွဲမပါပါဘူး..😏
#မှတ်ချက် ဘောလုံးပရိတ်သတ်တစ်ယောက်အနေနဲ့ရေးခြင်းသာဖြစ်ပါတယ်. pm02