Ibet789 Myanmar

Ibet789 Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ibet789 Myanmar, Sports, Yangon.

Saïmon Bouabré က ပြင်သစ်ယူ၂၀ ကစားသမားပါ။ အခုကစားနေတဲ့ ယူ၂၀ ကမ္ဘာ့ဖလားအတွက်လည်း ရွေးချယ်ခံရပြီး အားထားရတဲ့ ကြယ်ပွင့်ပါ ဖြ...
15/10/2025

Saïmon Bouabré က ပြင်သစ်ယူ၂၀ ကစားသမားပါ။ အခုကစားနေတဲ့ ယူ၂၀ ကမ္ဘာ့ဖလားအတွက်လည်း ရွေးချယ်ခံရပြီး အားထားရတဲ့ ကြယ်ပွင့်ပါ ဖြစ်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစတင်ချိန်က နိုင်ငံတကာပွဲကာလမဟုတ်လို့ဆိုပြီး သူ့အသင်း ဆော်ဒီကလပ် Neom က ပေးမလွှတ်လို့ ၁၆ သင်းအဆင့်ရောက်မှ သွားကစားပေးရပါတယ်။ အဲဒီအချိန်က နိုင်ငံတကာပွဲကာလဖြစ်နေပြီ။

သူက နော်ဝေနဲ့ ကွာတားဖိုင်နယ်မှာ ခြေစွမ်းပြပြီး ၂ဂိုးသွင်း၊ အကောင်းဆုံးကစားသမားဆုပါရခဲ့တာပါ။ ပြင်သစ်က ဆီမီးဖိုင်နယ်ရောက်ပြီး မနက်ဖြန် မော်ရိုကိုနဲ့ ကစားရပါတော့မယ်။ ဒါပေမယ့် နိုင်ငံတကာပွဲကာလက ပြီးဆုံးသွားပြီဆိုပြီး သူ့အသင်းက ပြန်ခေါ်လို့ ပြန်သွားရပါပြီ။ ပြင်သစ်အတွက် ကစားပေးရမှာမဟုတ်တော့ပါဘူး။

ကစားသမားအတွက် နစ်နာပါတယ်။ အသင်းကတော့ စည်းကမ်းနဲ့အညီဆိုပေမယ့် ကစားသမားရဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာပါ။ သူ ပိုပြီးကျော်ကြားမယ့်အခွင့်အရေး၊ ယူ၂၀ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတက်ရင် ဖိုင်နယ်ကစားခွင့်တွေပါ မရတော့တာပါ။ နစ်နာတာမှ အများကြီးပါပဲ။ ပြင်သစ်ကတော့ ကစားပေးလို့ရအောင် ကြိုးစားကြည့်မှာ သေချာတယ်။ ဘယ်လိုမှမရလို့ပဲ ဖြစ်မယ်ထင်ပါတယ်။

မိုရီယာဆုက ဂျပန်နည်းပြအဖြစ် ၇ နှစ်ကြာ တာဝန်ယူနေတဲ့ နည်းပြတဦးပါ။ သူ့လက်ထက်မှာ ဂျပန်က - - အင်းနရစ်ရဲ့ စပိန်- ဟန်ဆီဖလစ်ရဲ့ ...
15/10/2025

မိုရီယာဆုက ဂျပန်နည်းပြအဖြစ် ၇ နှစ်ကြာ တာဝန်ယူနေတဲ့ နည်းပြတဦးပါ။ သူ့လက်ထက်မှာ ဂျပန်က -

- အင်းနရစ်ရဲ့ စပိန်
- ဟန်ဆီဖလစ်ရဲ့ ဂျာမနီ
- အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် တို့ကို အနိုင်ကစားခဲ့ပါပြီ။ နာမည်ကျော်နည်းပြတွေကို သူ အနိုင်ယူခဲ့တာဖြစ်ပြီး ဒါဟာ တကယ်ကို ချီးကျူးရမယ့် စွမ်းဆောင်ရည်ဖြစ်ပါတယ်။

ဂျပန်လက်ရွေးစင်အသင်းရဲ့ ကာလရှည်နည်းပြဖြစ်ပြီး သိုသိုသိပ်သိပ်နဲ့ပဲ သူ့အသင်းကို ကိုင်တွယ်ပေးနေတာပါ။ ဒါပေမယ့် သူ့မှာလည်း အရည်အသွေးတွေပြည့်၀တယ်ဆိုတာကို အပေါ်က နိုင်ပွဲတွေက သက်သေပြခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ဂျပန်ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါကြောင်း ဦးညွှတ်ပြီး လေးစားမှုပေးခဲ့တဲ့ နည်းပြကောင်းတဦးဆိုလည်း မမှားပါဘူး။

- တပွဲတည်း ၂ဂိုးသွင်း- ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာ- ဂိုး ၁၀၀၀ ပြည့်ဖို့ ၅၂ ဂိုးသာ လိုတော့ရေ...
15/10/2025

- တပွဲတည်း ၂ဂိုးသွင်း
- ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှာ ဂိုးအများဆုံးသွင်းသူဖြစ်လာ
- ဂိုး ၁၀၀၀ ပြည့်ဖို့ ၅၂ ဂိုးသာ လိုတော့

ရော်နယ်ဒိုကတော့ ရော်နယ်ဒိုပါပဲ။ ဒီဘဲက အခုထိ မာန်မလျှော့သေးသလို တကယ်လည်း လုပ်ပြနိုင်တယ်။ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေမှာတောင်မှ အသက် ၄၀အရွယ်ကြီးနဲ့ ၂ဂိုးသွင်းနိုင်တာကိုက ချီးကျူးစရာကောင်းလွန်းနေပြီ။

ဒိအတိုင်းဆို ဂိုး ၁၀၀၀ ကလည်း လာမယ့်နှစ်ထဲမှာ ပြည့်သွားလိမ့်မယ်။ ၂၀၂၆ ကို မကျော်လောက်တော့ဘူး။ သူ့အသက် ၄၁ နှစ်အရွယ်မှာ ဂိုး ၁၀၀၀ ပြည့် မှတ်တမ်း ရကိုရပါလိမ့်မယ်။

အန်ဆယ်လော့တီလက်ထက်မှာ ခံစစ်မာပြီး ခြေစွမ်းပြနေတဲ့ ဘရာဇီးလ်ကို ဂျပန်က ကောင်းကောင်းဒုက္ခပေးသွားခဲ့ပါတယ်။ ၂ ဂိုးအရှုံးကနေ လ...
14/10/2025

အန်ဆယ်လော့တီလက်ထက်မှာ ခံစစ်မာပြီး ခြေစွမ်းပြနေတဲ့ ဘရာဇီးလ်ကို ဂျပန်က ကောင်းကောင်းဒုက္ခပေးသွားခဲ့ပါတယ်။ ၂ ဂိုးအရှုံးကနေ လိုက်ကစားပြီး ၃ ဂိုးအထိ ဂျပန်က ပြန်သွင်းကာ သမိုင်းဝင်အောင်ပွဲကို ရယူသွားနိုင်ခဲ့ပါပြီ။

ဘရာဇီးလ်နဲ့တွေ့တိုင်း ရှုံးထားတဲ့ မှတ်တမ်းဆိုးကို ဂျပန်က ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အခုတော့ ပထမဆုံးအကြိမ် သူတို့ အနိုင်ယူနိုင်ခဲ့တာပါ။ အန်ဆယ်လော့တီကတော့ သူ့အသင်းရဲ့ ကစားပုံနဲ့ ဂိုးတွေဆက်တိုက်ပေးခဲ့ရတဲ့အပေါ် ဒေါသထွက်နေခဲ့ပါတယ်။

ပထမပိုင်းမှာ အဓိကကစားသမားတချို့ကို အနားပေးခဲ့တဲ့ ဘရာဇီးလ်က ဒုတိယပိုင်းမှာ ထုတ်သုံးခဲ့ပေမယ့် မမီတော့ပါဘူး။ ဂျပန်က ခံစစ်ကို ကျစ်လစ်နေအောင် ကစားပြီး ဂုဏ်ယူစရာနိုင်ပွဲကို ရယူသွားခဲ့ပါတယ်။

ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် ယိုကီရက်စ်က - ၁၄ ပွဲကစား၂ ဂိုးသွင်း၈ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်သူ ဂိုးသွင်းခဲ့တဲ့အသင်းတွေ...
14/10/2025

ဒီရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် ယိုကီရက်စ်က -

၁၄ ပွဲကစား
၂ ဂိုးသွင်း
၈ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်

သူ ဂိုးသွင်းခဲ့တဲ့အသင်းတွေကတော့ တန်းတက်လိဒ်ယူနိုက်တက်နဲ့ ခြေစွမ်းဆိုးရွားနေတဲ့ နော်တင်ဟမ်ဖောရက်စ်တို့နဲ့ ပွဲတွေမှာပါ။ ဒါဟာ သူ့အတွက် လုံလောက်တဲ့ အနေအထားမှာ မရှိပါဘူး။ အခုဆို ဂိုးမရတာက လနဲ့ချီပြီးတေ့ာကို ကြာပါပြီ။ စပို့တင်းမှာ ပွဲတိုင်းနီးပါး ဂိုးရခဲ့တဲ့ ယိုကီရက်စ်တယောက် ချက်ချင်းလက်ငင်းကို ခြေစွမ်းပျောက်သွားတာ အံ့အားသင့်စရာပါပဲ။

ပီကိုလိုပက်စ်က အိုင်ယာလန်သားပါ။ အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် သူ ရွေးချယ်မခံခဲ့ရပါဘူး။ ဒါကြောင့်မို့ သူက ၂၀၁၉ တုန်းက Li...
14/10/2025

ပီကိုလိုပက်စ်က အိုင်ယာလန်သားပါ။ အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် သူ ရွေးချယ်မခံခဲ့ရပါဘူး။ ဒါကြောင့်မို့ သူက ၂၀၁၉ တုန်းက LinkedIn ကတဆင့် လက်ရွေးစင်အသင်းတသင်းအတွက် ကစားပေးမယ်လို့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။

သူ့ကို ကိတ်ဗာဒီနည်းပြက ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တူဂီလို‌ ရေးသားပြောဆိုခဲ့တာဖြစ်ပြီး လိုပက်စ်က နားမလည်ခဲ့သလို သူ့ကို လာလိမ်ဖို့ ကြိုးစားနေတာလို့ ယူဆပြီး အကြောင်းမပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း နည်းပြဖြစ်သူက နောက်တကြိမ်မှာ အင်္ဂလိပ်လို ရေးသားပြီးတော့ ပြောဆိုခဲ့ရပါတယ်။

အဲဒီအချိန်မှ လိုပက်စ်က ဒါအမှန်တကယ်ပဲဆိုတာကို သိသွားခဲ့ပြီး ကိတ်ဗာဒီအတွက် ကစားပေးဖို့ ဖြစ်လာခဲ့ပါတယ်။ အခုတော့ သူက မိခင်နိုင်ငံ အိုင်ယာလန်ထက်အရင် ကမ္ဘာ့ဖလားကို ကစားခွင့်ပါ ရသွားခဲ့ပါပြီ။

ကိတ်ဗာဒီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားပါပြီ။ လူဦးရေ ၆ သိန်းတောင် မပြည့်တဲ့ အာဖရိကနိုင်ငံငယ်လေးက အိုက်စလန်ပြီးရင် ကမ္ဘ...
14/10/2025

ကိတ်ဗာဒီတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားပါပြီ။ လူဦးရေ ၆ သိန်းတောင် မပြည့်တဲ့ အာဖရိကနိုင်ငံငယ်လေးက အိုက်စလန်ပြီးရင် ကမ္ဘာ့ဖလားကစားခွင့်ရတဲ့ ဒုတိယမြောက် အသေးငယ်ဆုံး နိုင်ငံဖြစ်လာတော့မှာပါ။ သူတို့ရဲ့ ကမ္ဘာ့ဖလားအိပ်မက်တွေနောက်ကို ထပ်ချပ်မကွာလိုက်နိုင်ခဲ့ပြီး နောက်ဆုံးမှာ အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်။

အက်စ်ဝါတီနီကို ဂိုးပြတ်နိုင်ပြီး သမိုင်းဝင်အောင်မြင်မှုကို ကိတ်ဗာဒီက ရယူနိုင်ခဲ့ပါတယ်။ ကင်မရွန်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ တကယ်ဂုဏ်ယူစရာကောင်းတဲ့ အသင်းပါပဲ။ လူဦးရေနည်းနည်းလေးထဲကနေ အသင်းအတွက် ဘောလုံးသူရဲကောင်းတွေကို ရွေးထုတ်ခဲ့ပြီး သူတို့ကို ကမ္ဘာကြီးက သိလာအောင်ပါ လုပ်ပြနိုင်ခဲ့ကြပါတယ်။

ဘောလုံးမှာ လူဦးရေနည်းတာများတာ၊ နိုင်ငံကြီးတာ သေးတာနဲ့ မဆိုင်ဘူးဆိုတာကို သက်သေပြခဲ့တဲ့ နောက်ထပ်အသင်းတသင်း ထွက်ပေါ်လာခဲ့တာပါပဲ။ မှန်ကန်တဲ့ နည်းစနစ်၊ မူဝါဒ၊ ကြိုးစားအားထုတ်မှုတွေသာ ကောင်းမွန်ရင် ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကို သူတို့က လုပ်ပြခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော်သတင်းထောက် Romain Molina ရဲ့ ပြောဆိုမှုတွေအရ လာမိုင်းယာမယ်လ်က ဘာစီလိုနာမှာ တော်တော်လေး အခွင့်ထူးခံဖြစ်နေတယ်လို...
13/10/2025

နာမည်ကျော်သတင်းထောက် Romain Molina ရဲ့ ပြောဆိုမှုတွေအရ လာမိုင်းယာမယ်လ်က ဘာစီလိုနာမှာ တော်တော်လေး အခွင့်ထူးခံဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဘလွန်းဒီအောဆုအတွက် ဘာစီလိုနာက ရာဖင်ညာကို ပိုပြီးတော့ ထောက်ပံ့အားပေးပြီး လုပ်ဆောင်ပေးတယ်လို့ ယာမယ်လ်ရဲ့ အဖေက အသင်းရုံးခန်းတွေအထိ လာပြောခဲ့လို့ ယာမယ်လ်ကို ဦးစားပေးပြီး လုပ်ပေးခဲ့ရတယ်လို့ ဆိုတယ်။

ပြီးတော့ အသင်းဆီကနေ Private Jet ၊ ငွေကြေးထောက်ပံ့မှုနဲ့ သီးသန့်ဓါတ်ပုံရိုက်ကူးခွင့်တွေကို မိသားစုဝင်တွေအတွက်ပါ တောင်းဆိုခဲ့ပြီး ဘာစီလိုနာဘက်က အများစုကို လိုက်လျောပေးထားတယ်။ တောင်းဆိုမှုတွေကို မငြင်းသလောက်အထိ ဖြစ်နေပြီး ယာမယ်လ်ရဲ့ ပတ်ဝန်းကျင်မှာ သူဘာပြောပြော Yes လို့ လုပ်မယ့်သူတွေချည်းပဲ ရှိနေပါတယ်တဲ့။

ရာဖင်ညာကို ဦးစားပေးတယ်၊ သူ့သားကိုကျ အဲလောက်မလုပ်ပေးဘူးလို့ ယာမယ်လ်ရဲ့ ဖခင်က ပြောဆိုတာကို အဝတ်လဲခန်းအတွင်းမှာ ကစားသမားတချို့က အမြင်မကြည်ခဲ့ပါဘူး။ ဒါပေမယ့် ယာမယ်လ်က အသင်းမှာ လုံး၀ထိလို့မရတဲ့ ကစားသမားတဦးဖြစ်နေလို့ ထိပ်တိုက်ပြောဝံ့တာမျိုး မရှိခဲ့ဘူးလို့လည်း Molina က ရေးသားခဲ့ပါတယ်။

ဘာစီလိုနာကို ကိုင်တွယ်တော့မယ့်အချိန်မှာ လူတိုင်းက အံ့အားသင့်ခဲ့တယ်။ အထူးသဖြင့် ရော်နယ်ဒင်ဟိုကို အသင်းကနေ ထွက်ချင်ရင် ထွက...
13/10/2025

ဘာစီလိုနာကို ကိုင်တွယ်တော့မယ့်အချိန်မှာ လူတိုင်းက အံ့အားသင့်ခဲ့တယ်။ အထူးသဖြင့် ရော်နယ်ဒင်ဟိုကို အသင်းကနေ ထွက်ချင်ရင် ထွက်နိုင်တယ်လို့ ကျနော်ပြောခဲ့ချိန်မှာဆိုရင် လူတိုင်းက ကျနော့်အပေါ် ယုံကြည်မှုပါ နည်းသွားခဲ့တယ်။ ဒါပေမယ့် ကျနော့်မှာ မျှော်လင့်ချက်တခုရှိနေလို့ သူ့ကို အသင်းကနေ ထွက်သွားဖို့ ပြောခဲ့တာပါ။ အဲဒါကတော့ မက်ဆီပါပဲ။

မက်ဆီနဲ့ အဝတ်လဲခန်းထဲမှာ ကျနော်စကားပြောခဲ့တယ်။ “ငါတော့ ဒင်ဟိုကို မီလန်ဆီ သွားခွင့်ပေးလိုက်ပြီ၊ ဒါက မင်းအတွက် တောက်ပဖို့ အခွင့်အရေးပဲ၊ ဘာလို့လဲဆိုတော့ ငါ မင်းကိုယုံကြည်ထားတယ်၊ မင်းက အကောင်းဆုံးဖြစ်လာလိမ့်မယ်” လို့ ပြောခဲ့တယ်။

ဒီနောက် မက်ဆီက အိုလံပစ်သွားကစားတယ်။ ရွှေတံဆိပ်ယူပြီး သူပြန်လာခဲ့တယ်။ အဲဒီအချိန်ကစလို့ သူ အကောင်းဆုံးဖြစ်လာတော့တာပါပဲ။ ကျနော်နဲ့ ပထမဆုံးရာသီမှာပဲ သူ ဘလွန်းဒီအောဆုပါ ရခဲ့တယ်၊ ဆုဖလားအားလုံးကို ကျနော်တို့ရယူနိုင်ခဲ့တယ်။ အပြန်အလှန်ယုံကြည်မှုရှိခဲ့ပြီးတော့ မက်ဆီက ကမ္ဘာ့နံပါတ်တစ်ပါ ဖြစ်လာခဲ့တာပါ။

- ဂွါဒီယိုလာ

“ကျနော့်လက်မောင်းမှာ ကျနော့်ကလေးတွေနာမည်ကို တက်တူးထိုးထားတယ်၊ Shannon, Caragh, Aidan နဲ့ Leah တို့ပါ၊ ကျနော့်မိန်းမက သူ့...
13/10/2025

“ကျနော့်လက်မောင်းမှာ ကျနော့်ကလေးတွေနာမည်ကို တက်တူးထိုးထားတယ်၊ Shannon, Caragh, Aidan နဲ့ Leah တို့ပါ၊ ကျနော့်မိန်းမက သူ့နာမည်ကိုတော့ ဘာလို့ မထိုးတာလဲလို့မေးတယ်၊ ဒီကလေးတွေအတွက် ငါက အမြဲတမ်း ဖခင်တယောက်ဖြစ်နေမှာ၊ ဒါပေမယ့် မင်းကတော့ ငါ့မိန်းမအဖြစ် အမြဲတမ်းရှိချင်မှရှိမှာလို့ ပြောလိုက်တယ်၊ သူ စိတ်တွေဆိုးပြီး ကျနော့်ကို စကားမပြောတော့ဘူးဗျ”

- ရွိုင်ကိန်း

- ၁၀ ပွဲကစား- ၇ ဂိုးသွင်း- ၇ ကြိမ်ဖန်တီးဂါနာတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့မှုမှာ အသင်းခေါင်းဆောင် ဂျော်ဒန်အယူး...
13/10/2025

- ၁၀ ပွဲကစား
- ၇ ဂိုးသွင်း
- ၇ ကြိမ်ဖန်တီး

ဂါနာတို့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့မှုမှာ အသင်းခေါင်းဆောင် ဂျော်ဒန်အယူးကလည်း အဓိကနေရာကနေ ပါဝင်ခဲ့တာပါ။ အသင်းခေါင်းဆောင်ပီသစွာ ခြေစွမ်းပြခဲ့ပြီး ၁၄ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပြီး ဂါနာတို့ သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၂၀ ကျော်မှာ သူက ၃ပုံ ၂ပုံအထိ ပါဝင်နေခဲ့ပါတယ်။

သူ့အသက်က ၃၄ နှစ်ရှိနေပါပြီ။ ဂါနာအတွက်တော့ သူက အိုမင်းနေပြီဆိုပေမယ့် အဖိုးဖြတ်မရသေးတဲ့ ကြယ်ပွင့်ကြီးအဖြစ် ရှိနေပြီး အသင်းကို လာမယ့် ကမ္ဘာ့ဖလားမှာ ထပ်ဦးဆောင်တော့မှာ ဖြစ်ပါတယ်။

တခါတုန်းက ချယ်လ်ဆီးအသင်းပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ဟာ အဇာဘိုင်ဂျန်မှာ သူ ရောက်ရှိနေတဲ့အချိန် လန်ဒန်ကနေ ဆူရှီတပွဲကိ...
12/10/2025

တခါတုန်းက ချယ်လ်ဆီးအသင်းပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ဟာ အဇာဘိုင်ဂျန်မှာ သူ ရောက်ရှိနေတဲ့အချိန် လန်ဒန်ကနေ ဆူရှီတပွဲကို မှာယူစားသောက်ခဲ့ပါတယ်။ Ubon ဆိုတဲ့ လန်ဒန်မှာဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်က ဆူရှီကို မိုဗစ်က တော်တော်လေးနှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဆိုပါ ဆူရှီက ပေါင် ၁၂၀၀ သာ တန်ကြေးရှိတာပါ။

အဲဒီ ဆူရှီကို အရမ်းစားချင်နေတဲ့ မိုဗစ်ကြောင့် အဲဒီတုန်းက Uber၊ Deliveroo တို့လို ဒလီဗာရီတွေမရှိသေးလို့ သူ့ရဲ့တပည့်တွေဟာ အဖိုးတန်ဇိမ်ခံကားနဲ့ ဆူရှီကို သယ်ဆောင်ကာ Luton လေဆိပ်မှာ ရပ်နားထားတဲ့ မိုဗစ်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ဆီ ပို့ဆောင်ပေးခဲ့ရပါတယ်။
အဲဒီကိုယ်ပိုင်လေယာဉ်နဲ့ အဇာဘိုင်ဂျန်ဆီ ပျံသန်းကာ မိုဗစ်စားဖို့ ဆူရှီကို ထပ်မံပို့ဆောင်ပေးခဲ့ရတာပါ။

ဆူရှီအတွက် ပေါင် ၁၂၀၀ သာ ကုန်ခဲ့ပေမယ့် မိုင်ပေါင်း ၂၅၀၀ အကွာအဝေးကို သယ်ယူပို့ဆောင်ပေးရတဲ့ လေယာဉ်စရိတ်ကြောင့် ပေါင် ၄၀၀၀၀ အထိ ကုန်ကျခဲ့ရတယ်လို့လည်း သိရပါတယ်။ ငါးနာရီကြာပျံသန်းခဲ့ရတာဖြစ်ပြီး ဆူရှီတပွဲအတွက် တော်တော်လေး
အကုန်အကျခံခဲ့ရသလို စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။

Address

Yangon
11241

Telephone

+959757757057

Website

Alerts

Be the first to know and let us send you an email when Ibet789 Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category