01/10/2022
GW9 CAPTAIN CHOICE
👑Top Captain
Haaland vs Man United (H)
Ownership - 81.2%
မန်ယူနိုက်တက်အသင်းရဲ့ခံစစ်က တိုးတက်လာတယ်ဆိုပေမယ့် လက်ရှိ Haaland ရဲ့ ပွဲကစားချိန်၅၂မိနစ်တိုင်းမှာ တစ်ဂိုးရနေတဲ့ formအရ ဘယ်အသင်းနဲ့တွေ့တွေ့ ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။
EO ကလည်း 150ကျော်နေဦးမှာမလို့
riskယူပြီးမဆော့နိုင်ရင် Haaland ကိုသာ
captain ဆက်ပေးတာအကောင်းဆုံးပါ။
Form over fixtures for me
_________________________
🔗 Alternative Captain
Salah vs Brighton (H)
Ownership - 35.4%
Jota ပြန်ပါလာတဲ့ Ajaxနဲ့ချန်ပီယံလိဂ်ပွဲမှာ
Salahတစ်ယောက် ရှေ့ပွဲတွေကထက် ကစားပေါက်ပိုချောင်တာကို တွေ့ရပါတယ်။
ဒီတစ်ပတ် premium player အများစု ပွဲကျပ်နေချိန်မှာ Salahက ဂရေဟမ်ပေါ်တာမရှိတော့တဲ့ ဘရိုက်တန်ကိုကန်ရမှာမလို့ Haaland ကို against လုပ်ချင်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ GWတစ်ခုပါ။
မနှစ်ကရာသီ ဘရိုက်တန်နဲ့ကစားတဲ့ နှစ်ကျော့လုံး attacking return ရထားပြီး ဘရိုက်တန်နဲ့ကန်ခဲ့တဲ့ စုစုပေါင်း၁၀ပွဲမှာ ၆ဂိုးသွင်း၊ ၅ဂိုးဖန်တီးထားနိုင်ပါတယ်။
____________________
💥 Differential Captain
Sterling vs Crystal Palace (A)
Ownership - 9.8%
ပဲလေ့စ်က အသင်းကြီးတွေကို ဒုက္ခပေးတတ်ပေမယ့် ချဲလ်ဆီးနဲ့တွေ့ရင်တော့ ရလဒ်ဆိုးပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၁၀ပွဲဆက်တိုက် ချဲလ်ဆီးကပဲလေ့စ်ကို အနိုင်ရထားပြီး အဲဒီ၁၀ပွဲမှာ ၂၅ဂိုးသွင်းထားပါတယ်။
Sterling က ဒီရာသီ ချဲလ်ဆီးရဲ့ top goal scorer ဖြစ်ပြီး နည်းပြသစ်ပေါ်တာလက်အောက်မှာလည်း ဂိုးသွင်းထားပါတယ်။
Sterling ရဲ့ ပဲလေ့စ်နဲ့ကန်ခဲ့တဲ့မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်လည်း ၁၆ပွဲမှာ ၇ဂိုးသွင်း၊ ၃ဂိုးဖန်တီးထားတာမို့ မဆိုးလှတဲ့မှတ်တမ်းပါပဲ။