Naing Oo-Muscle Professor

Naing Oo-Muscle Professor Myanmar Fitness Trainer Academy-MFTA
(4)

Lean Fit camp video demo အားလုံး ကျွန်တော်ပဲရှင်းပြပေးထားတာ။ join ချင်သူတွေ Naing Oo-Muscle Professor မှာသင်တန်းအပ်လို့ရ...
01/06/2026

Lean Fit camp video demo အားလုံး
ကျွန်တော်ပဲရှင်းပြပေးထားတာ။
join ချင်သူတွေ Naing Oo-Muscle Professor မှာသင်တန်း
အပ်လို့ရပါပီ။

01/06/2026

"ဝေဖန်မှုတွေကို ရှောင်ရှားချင်တယ်ဆိုရင် ဖန်တီးတာကို လျှော့ချပါ။
အရေးမပါတာကို ရှောင်ရှားချင်တယ်ဆိုရင်တော့ ပိုပြီး ဖန်တီးပါ။"
James Clear
ဒီတော့ Fitness Trainer တယောက်အနေနဲ့ အထက်ပါလမ်း
၂-ခုထဲက တခုရွေးပေတော့။(သူများနောက်လိုက်မလား/ကိုယ်ပိုင်လမ်းဖောက်မလား?)
ိုင်းဟာကြွယ်ဝခြင်းနဲ့ထိုက်တန်ပါတယ်

01/06/2026

အမေရိကန်မှာအရွယ်ရောက်ပီးသူ
၁၀ယောက်မှာ 7-ယောက်က ကိုယ်အလေးချိန်
ရှိသင့်တာထက်ပိုနေတယ်။
၁၀-ယောက်မှာ ၄-ယောက်က အဝလွန်နေတယ်။
၁၀-ယောက်မှာ ၅-ယောက်က သွေးတိုးဖြစ်နေတယ်။
၃-ယောက်မှာ တစ်ယောက်က Pre diabetic ဖြစ်နေပီ။
၁၀-ယောက်မှာ ၂-ယောက်က ဒီပရက်ရှင်ဝင်နေပီ။
Fitness အဆင့်အတန်း တိုးတက်လှပါချည်ရဲ့ဆိုတဲ့
နိုင်ငံနော်၊ ဒီမှာဆိုရင်ရော???
လေ့ကျင့်ခန်းလုပ်ကြပါစို့ဗျာ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

01/06/2026

လေ့ကျင့်ခန်းလုပ်ခြင်းက လူတိုင်းအတွက်
နုပျိုခြင်း အုတ်မြစ်ဟုတ်ရဲ့လား?

31/05/2026

ရေရှည်ကျန်းမာရေးအတွက် အရေးအကြီးဆုံးက ကြွက်သားထုပါ။
ကြွက်သားများလေ အနားယူနေချိန် ကယ်လိုရီလောင်ကျွမ်းမှု ပိုများလေ၊ အင်ဆူလင်တုံ့ပြန်မှု ပိုကောင်းလေ၊ အရိုးအဆစ်တွေ ပိုသန်မာလေပါပဲ။
အသက် ၄၀ အရွယ်ကတည်းက ကြွက်သားစတင်တည်ဆောက်ပါ။ နောက်ကျမှလုပ်မယ်ဆိုပြီး အချိန်မဆွဲပါနဲ့။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

31/05/2026

ခန္ဓာကိုယ် အဆီကျပြီး ကျစ်လျစ်ချပ်ရပ်ချင်သူများအတွက်
၁။ တစ်ပတ်ကို ၃ ရက်မှ ၄ ရက်အထိ ဝိတ်မ (Weight Training) ကစားပေးပါ။
၂။ တစ်နေ့ကို ခြေလှမ်း ၇၅၀၀ မှ ၁၀၀၀၀ ကြား ပုံမှန် လမ်းလျှောက်ပါ။
၃။ ညဘက်တွေမှာ ၇ နာရီမှ ၉ နာရီအထိ အိပ်ရေးဝဝအိပ်ပါ။
၄။ တစ်နေ့တာလုံး ရေလုံလောက်စွာ သောက်ပါ။
၅။ အစားစားတိုင်း ပရိုတင်း (အသားဓာတ်) ပြည့်ဝအောင် စားပါ။
၆။ သဘာဝအစားအစာတွေနဲ့ အမျှင်ဓာတ်ကို အဓိကထား စားသုံးပါ။
၇။ မိမိခန္ဓာကိုယ်က လောင်ကျွမ်းတဲ့ ကယ်လိုရီထက် အစားလျှော့စားပါ (Calorie Deficit)။
၈။ စိတ်ရှည်ပါ၊ ဇွဲမလျှော့ဘဲ ပုံမှန်ဆက်လုပ်ပါ။
ဒီအချက် (၈) ချက်ကိုသာ သေချာလိုက်လုပ်မယ်ဆိုရင် သင်လိုချင်တဲ့ ခန္ဓာကိုယ်ကို ရရှိမှာ သေချာပါတယ်။ အခြားသူတွေလည်း သိသွားအောင် လက်ဆင့်ကမ်း မျှဝေပေးဖို့ မမေ့နဲ့နော်။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

31/05/2026

အသက် ၃၀ ကျော် အမျိုးသမီးများအတွက် အာဟာရလမ်းညွှန်
ကိုယ်တွင်းရောင်ရမ်းမှုကို တိုက်ဖျက်ပါ
သံလွင်ဆီ
ဆယ်လ်မွန်ငါး
ဟင်းခတ်အမွှေးအကြိုင်များ
ဘယ်ရီသီး
ဇူကီနီ (Zucchini)
ကုလားပဲ
ပန်းဂေါ်ဖီစိမ်း
ဟင်းနုနွယ်
လိမ္မော်သီး
ကီနိုအာ (Quinoa)
Green Tea (ရေနွေးကြမ်း)
ပဲအမျိုးမျိုး
70-80% Dark Chocolate
နနွင်း
ကြက်သွန်ဖြူ
သံပရာသီး
ဂျင်း
ဗာဒံစေ့ (Almond)
သစ်ကြားသီး (Walnut)
ဒီအချက်အလက်လေးက သင့်အတွက် အကျိုးရှိစေတယ်ဆိုရင်
share သွားနိုင်ပါတယ်။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

31/05/2026

ဝိတ်ချတဲ့သူတိုင်း ကျူးလွန်တတ်တဲ့ အမှား၁-ခု

31/05/2026

ပိုပြီး ပျော်ရွှင်ချမ်းမြေ့ပြီး သဘောထားပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ နေ့စဉ်လုပ်သင့်တဲ့ အလေ့အကျင့်များ
၁။ အိပ်ရေးဝဖို့ကို ထိပ်ဆုံးကနေ ဦးစားပေးပါ။
၂။ နေ့တိုင်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
၃။ တစ်နေ့ကို အနည်းဆုံး (၂) ကြိမ်လောက် အားရပါးရ ရယ်မောပါ။
၄။ တစ်နေ့ကို ခြေလှမ်း ၇,၀၀၀ ကနေ ၁၀,၀၀၀ အထိ လျှောက်ပါ။
၅။ ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေအောင် ရေလုံလောက်စွာ သောက်ပါ။
၆။ ကိုယ့်ရဲ့ စွမ်းအင်တွေကို စုပ်ယူတတ်တဲ့ အဆိုးမြင်တတ်သူတွေ (Energy Vampires) ကို ဝေးဝေးကရှောင်ပါ။
၇။ နေ့တိုင်း နေရောင်ခြည် ခံပါ။
၈။ ပရိုတင်းနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။ (ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝနေမှသာ ဦးနှောက်နဲ့ စိတ်ခံစားချက်က ကြည်လင်တက်ကြွနေမှာ ဖြစ်ပါတယ်။)
၉။ ကျေးဇူးတင်တတ်တဲ့စိတ် (Gratitude) ကို မွေးမြူပါ။
(မနက်အိပ်ရာထ ဒါမှမဟုတ် ညအိပ်ရာဝင်တိုင်း ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာလေးတွေ၊ ကိုယ့်ကို ကူညီခဲ့သူတွေအတွက် ကျေးဇူးတင်တတ်တဲ့ အလေ့အကျင့်က စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။)
၁၀။ ညအိပ်ရာမဝင်ခင် ဖုန်းကြည့်ချိန်ကို ကန့်သတ်ပါ။
(Sleep Quality ကို ပိုကောင်းစေပြီး နောက်နေ့မနက်တွေမှာ ပိုပြီးလန်းဆန်းစေဖို့ပါ။)
ဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာ တစိုက်မတ်မတ် (Consistency) နဲ့ ပုံမှန်လုပ်သွားနိုင်မယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ သိသိသာသာ တိုးတက်ပြောင်းလဲလာမှာ အသေအချာပါပဲ။
ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

31/05/2026

ဂျင်စဆော့မယ့်သူတွေနဲ့ လေ့ကျင့်ခန်း စလုပ်ချင်တဲ့သူတွေအတွက်
လေ့ကျင့်ခန်းလုပ်ရာမှာ Progressive oveload ခေါ် ဝန်တိုးလေ့ကျင့်ခြင်းဆိုတာ အလေးပြားတွေချည်း ထပ်ထည့်နေတာမျိုး မဟုတ်ပါဘူး။
အောက်ပါအချက်တွေကလည်း သင့်ရဲ့ တိုးတက်မှုတွေပါပဲ။
-အရင်ကထက် အကြိမ်အရေအတွက် ပိုလုပ်နိုင်လာတာ
-အကျော့တွေတိုးလာနိုင်တာ
-ကစားတဲ့ ပုံစံနဲ့ စနစ် ပိုမှန်ကန်လာတာ
-ကြွက်သားကို ပိုပြီး အပြည့်အဝ ဆန့်ထုတ်ကျုံ့သွင်းနိုင်လာတာ
-သူများ အကူအညီမပါဘဲ ကိုယ်တိုင် ပိုကစားနိုင်လာတာ
-ကြွက်သားကို ပိုပြီး သေချာထိန်းချုပ် ကစားနိုင်လာတာ
-တစ်ပတ်အတွင်း ကစားနိုင်တဲ့ ပမာဏ ပိုများလာတာ
-ကြွက်သား အစွမ်းကုန်တဲ့အထိ ပိုပြီး ညှစ်ကစားနိုင်လာတာ
-တကျော့နဲ့တကျော့ကြား အလေးလျော့လာနိုင်တာ
အဓိက ရည်ရွယ်ချက်က သင်မနေ့ကထက် ပိုတိုးတက်လာဖို့ပါပဲ
အလေးတုံးတွေ ကြီးလာဖို့နဲ့ အလေးပြားတွေ ပိုထည့်နိုင်ဖို့ချည်းသက်သက် မဟုတ်ပါဘူး။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

Address

Yagon

Opening Hours

Monday 09:00 - 06:00
Tuesday 09:00 - 06:00
Wednesday 09:00 - 06:00
Thursday 09:00 - 06:00
Friday 09:00 - 06:00
Saturday 09:00 - 06:00
Sunday 09:00 - 06:00

Alerts

Be the first to know and let us send you an email when Naing Oo-Muscle Professor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category