TigEr Fitness

TigEr Fitness let's play together,work hard together

Crd sir htoo aungထုတင်တယ်ဆိုတာ....?**************************-ကိုထူးအောင်ကျွန်တော် နားမလည်တာ မေးပါရစေထု တင်တယ်ဆိုတာ မိမိ...
25/10/2019

Crd sir htoo aung

ထုတင်တယ်ဆိုတာ....?
**************************
-
ကိုထူးအောင်
ကျွန်တော် နားမလည်တာ မေးပါရစေ
ထု တင်တယ်ဆိုတာ မိမိ ကိုယ်ကို ဝ အောင်
လုပ်တာပါလား..?
ဝပြီးသား လူအဖို့ ဗလတောင့်အောင် လေ့ကျင့်ခန်း
လုပ်ဖို့ ပိုပြီးအခွင့်အလမ်း သာနေသလိုမျိုးလား..?
-
ခင်ဗျား တစ်ခါ ပြောဖူးသလို ကျွန်တော်တို့
လူပိန်တွေအနေနဲ့လေ့ကျင့်ခန်းလုပ်လည်းပဲ
ဲပြားချပ်ချပ် မာဆယ်ပဲရမှာလို့ဆိုတဲ့အတွက်
ဘာ လေ့ကျင့်ခန်းမှ မလုပ်ဘဲ အရင် ဝအောင်
လုပ်သင့်ပါသလား ...?
------------------------------------------------------

ကျနော်ထံသို့မေးလာသော ညီငယ်အတွက် ဖြေပေးရင်း
ကျန်တဲ့ သူတွေပါ သိဖို့လိုအပ်တဲ့အတွက် ပိုစ့်တင်ပြီး
အများနားလည်အောင် ရေးလိုက်ရပါတယ်...
ကာယဗလ ဝါသနာပါသူ အများစုလူငယ်များတို့ရေ
သေချာဖတ်မှတ်ကြပါကုန်လော....
-
ထုတင်တယ်ဆိုတာ ၀ အောင်လုပ်တာ မဟုတ်ပါဘူး
၀ အောင်လုပ်တယ်ဆိုတာလည်း ထုတင်တာမဟုတ်
်ပါဘူး
-
ထုတင်တယ်ဆိုတာက ကာယဗလသမားတွေရဲ့
အခေါ်ဝေါ် အသုံးပဲဖြစ်ပါတယ်
ထုတင်တယ်ဆိုတာက ကြွက်သားတွေကြီးအောင်
ကစားတာပဲဖြစ်ပါတယ်...
-
တနည်းပြောရရင် မိမိခန္ဒာကိုယ်မှာ ရှိတဲ့ ကြွက်သား
မျှင်တွေ ထုထည်ကြီးလာအောင် အလေးတွေနဲ့ဖိအား
ပေးပြီး ကစားခြင်းပဲဖြစ်ပါတယ်
ကြွက်သားမျှင်တွေဆိုတာကတော့တိုးပွားအောင်
ကစားလို့မရပါဘူး...
ကြွက်သားမျှင်တွေက မွေးရာပါတည်ဆောက်မှုအရ
လူတစ်ဦးနဲ့တစ်ဦး ပါ၀င်မှု့နှုံး မတူကျပါဘုး
-
ကြွက်သားမျှင်ရေ များတယ်-နည်းတယ် ဆိုတာရယ် body type ရယ်အရိုးတည်ဆောက်ပုံတွေရယ်က
ိုမျိုးရိုးဗီဇGene-က လူတစ်ဦးချင်းဆီမှာပေးတဲ့
အခွင့်အရေးမတူကျလို့ ခြားနားသွားခြင်းပဲ ဖြစ်ပါတယ်

ဒါကြောင့် မျိုးရိုးဗီဇကြောင့် ပုခြင်း ရှည်ခြင်း ပိန်ခြင်း
ထွားခြင်းတွေဖြစ်ကာတယောက်နဲ့တယောက် ကွာခြားသွားကျပါတယ်...
-
လူတယောက်မွေးဖွားပြီဆိုထဲက 3-မျိုး 3စား ကွဲ
သွားပါတယ်
-
(1)-Ectomorph-အသေးစား
-
(2)-mesomorph-အလတ်စား
-
(3)-endomorph-အကြီးစား
-
ဒီ(3)မျိုးက မွေးဖွားလာထဲက ပါပြီးသားဖြစ်ပါတယ်
အရွယ်မရောက်ခင်မှာတော့ ာကြိုးစားပြီး ပြင်ဆင်လို့
ရပေမဲ့ Gene ကိုဆန့်ကျင့်ပြီး ပြောင်းယူလို့မရပါဘူး..

အရွယ်ရောက်သွားရင်တော့ ပိုးဆိုးပါတယ် အရိုးအဆစ်
တွေရဲ့ တည်ဆောက်ပုံကို လုံး၀ ပြောင်း လဲ ယူလို့
မရတော့ပါဘူး
-
ဒါပေမဲ့ ကြွက်သားတွေကိုတော့ ကြီးထွားလာအောင်
စနစ်တကျ ကစားပြီးပြုပြင်လို့ရနိုင်တဲ့ အခွင့်အရေးက
တော့ လူတိုင်းမှာ ရှိနေပါတယ်..

အမျိုးသားရော-အမျိုးသမီးရောအတူတူပဲ ဖြစ်ပါတယ်
်အဓိကပြသနာကတော့ လူတိုင်း အရပ်ရှည်ချင်ကျတာ
ပဲဖြစ်ပါတယ်..
်အရပ်ရှည်ချင်သလိုကြွက်သားတွေ လည်းကြီးထွား
ချင်ကြပါတယ်..
-
အွန်းလိုင်းကလည်းကြေငြာ ကောင်းကောင်းနဲ့
အသက်(30)ကျော်ထိရှည်တယ် ဘာတယ်ညာတယ် နဲ့
ရောင်းချနေကျတာ တကယ်မှတ်ပြီး၀ယ်သောက်နေသူ
တွေ ဒုနဲ့ဒေးပါ ဒါပေမဲ့ ဒီဆေးတွေကို ဆေးပညာရှင်
တွေက မထောက်ခံကြပါဘူး...
-
အဲ့လိုသာ ဆေးသောက်တိုင်းရှည်နေကျမယ်ဆိုရင်
လူတိုင်းကို မော့ကြည့်နေရမှာပေါ့.....
ကြွက်သားတွေလည်း ထိုနည်းတူပါပဲ ဆေးသောက်တိုင်း မကြီးပါဘူးဆေးထိုးတိုင်းမကြီးပါဘူး အလေးတွေနဲ့
ပင်ပင်ပန်းပန်းကစားမှကြီးတာပါ ကစားတယ်ဆိုတိုင်း
လည်းကြီးတာတော့မဟုတ်ပါဘူး
-
နည်းစနစ်တကျကစားပြီး စည်းကမ်းတွေ လိုက်နာပါမှ
ကြီးထွားလာတာပါ..အလေးတွေနဲ့ကစား အစားတွေ
များများစားတိုင်းလည်း အတိုင်းအဆမရှိကြီးမယ်လို့
တော့ မမှတ်ယူထားကြပါနဲ့
ဒီကြီးထွားခြင်းတွေမှာလည်းးအကန့်အသတ်တွေ
ရှိပါတယ်...
အရပ် 5-ပေလောက်ပဲရှိသူက အားနိုးလောက်-ဖီးဟိတ်ယ လောက်တော့ ဘယ်လို ကစားကစား လုံး၀ မဖြစ်နိုင်ပါဘူး
-
သူ့အိုးနဲ့သူဆန် တန်ရုံချက်လို့ပဲရမှာပါ စိတ်က လောဘ
ကြီးတိုင်းခန္ဒာကိုယ်က မလိုက်နိုင်ပါဘူး
သူ့အိုးနဲ့သူ့ဆန်လို့ ပုံနှိုင်းလိုက်တာက မိမိအရပ်နဲ့မိမိအရိုးတည်ဆောက်ပုံအရသာ လှပ ကြည့်ကောင်းတဲ့ကြွက်သား
တွေကို ပုံဖေါ်လို့ရမှာ ဆိုတာကိုပါပဲမှတ်ယူကြစေလို
ပါတယ်...
-
ကဲ...ထုတင်တာနဲ့ ၀တယ် ဆိုတာ ပြန်ဆကစပ်ကြည့်
အောင် ၀ ဖို့ဆိုရင်တော့အလေးကစားစရာမလိုပါဘူး
အစားတွေ လှိမ့်ပိမ့်စားပြီး နင်းကန် အိပ်ရင်၀ လာမှာ
အသေအချာပါပဲ....
-
ထုတင်တယ်ဆိုတာက ၀တာနဲ့ တခြားစီ ကြွက်သားတေ
ွကြီးအောင် အလေးတွေနဲ့ စနစ်တကျကစားပေးနေရ
တာဖြစ်ပါတယ်...

ဒါပေမဲ့ ထုတင်တဲ့ သူတိုင်းဟာ အစားများများစားပြီး
နည်းစနစ်အတိုင်း ကစားတဲ့တွက် ဗိုက်ပူ 6-pack
မရှိတော့ ကာယဗလသဘောတရားကို နားမလည်မသိ တဲ့သူတချို့က ၀ လာတယ်လို့ အထင်မှားကျပါတယ်
-
ပိန်တဲ့သူ အချို့ဟာ အပေါ်က ညီငယ်မေးသလိုပါပဲ
တော်တော်နဲကြွက်သားတွေတက်မလာကျတာက
လိုအပ်ချက်ရှိနေလို့ပဲဖြစ်ပါတယ်....

အဲ့ဒီ လိုအပ်ချက်က ဘာတွေပါလည်း...?
-
(1)-အ၀င်ကယ်လိုရီထက် အထွက် ကယ်လိုရီက
ပိုများနေခြင်း
-
(2)-များများကစားရင မြန်မြန် ပိုကြီးတယ်ဆိုတဲ့ အယူအဆ မှားနေခြင်း
-
(3) နည်းစနစ်တကျ ကြွက်သားတွေကို အလှည်ကျ
့မကစားတတ်ခြင်း
-
အထက်ပါ(3)ချက်ထဲ က တခုခုနဲ့ ငြှိနေရင် ကြီးထွား
လာဖို့ မဖြစ်နိုင်ပါဘူး
-
ကယ်လိုရီဆိုတာဘာလည်း...?
-
ကာဗလဆောင်ပါးတွေရေးတဲ့သူတိုင်း အမြဲရှင်းပြပေး
နေရတာကဒီကယ်လိုရီပါပဲ...
ဲကယ်လိုရီဆိုတာ သီးသန့်ရှိနေတဲ့အရာမဟုတ်ပါဘူး
ရေကလွဲလို့ ကျနော်တို့ စားသောက်လိုက်တဲ့ အရာတိုင်း
မှာ ကယ်လိုရီပါနေပါတယ်..ဥပမာ အရှင်ဆုံးပြောရရင် ကားတစ်စီးမောင်းဖို့ ဆီ လိုအပ်သလို လူတစ်ယောက်
်အသက်ရှင် ရပ်တည်ဖို့အတွက် အစားအသောက်ထဲ
က ကယ်လိုရီတွေ လိုအပ်ပါတယ် ကယ်လိုရီဆိုတ ကားထဲထည့်တဲ့ဆီလိုပါပဲ...

ရန်ကုန်နဲ့ မန်းလေးသွားမဲ့ကားတစ်စီး ဆီ 5 ဂါလံကုန်
တယ်ဆိုပါစို့...
5ဂါလံထည့်ပြီးမောင်းမှသာ မန်းလေးကိုရောက်ပါမယ်
4-ဂါလံပဲ ထည့်မောင်းရင် လမ်းတ၀က်မှာပဲ ရပ်နေမှာပါ လိုရာကိုမရောက်ပါဘူး
-
5-ဂါလံပဲ ပုံမှန် ထည့်အောင်ရင် မန်းလေးတော့ရောက်
်ပါမယ် ဒါပေမဲ့ သူ့မှာ ဆီပို ဆီလျှံမရှိပါဘူး
ဒါကြောင့် ဒီကားထဲကို6-ဂါလံလောက် နေ့စဉ်ထည့်ပြီး
မောင်းမယ်ဆိုရင် ဆီက တနေ့တစ်ဂါလံပိုလာတဲ့အတွက်
ကြာလာရင် ကားတောင် မသယ်နိုင်လောက် ပိုလာမှာ
ဖြစ်ပါတယ်..

လူတွေမှာ လည်း ထိုအတူပါပဲ မိမိစားသောက်တဲ့
အစားအသောက်တွေပိုစားပေးပါမှပိုလျှံကယ်လိုရီကြောင့် လူကို ဝစေတာတွေ ကြွက်သားတွေကြီးလာတာတွေ
ဖြစ်စေနိုင်တာပါ
-
တနေ့ ကြက်ဥလေး 3-4လုံး ငှက်ပျောသီး3-4လုံး
ပိုစားနိုင်ရုံနဲ့တော့မိမိကြွက်သားတွေ ကြီးလာမယ်
မထင်ကြပါနဲ့....
ကုန်သည်စကားနဲ့ပြောရရင် အမြတ်များများလိုချင်ရင်
အရင်းအနှီးများများ ရင်းနှီးရပါလိမ့်မယ်..
1000-ရင်းလို့ 200မြတ်ရင်ကို တော်တော်လေးကို
ဟုတ်နေပါပြီ...
1000-ရင်းလို့ 1000မြတ်မယ်လို့ မထင်ထားပါနဲ့
အလေးတွေနဲ့ကစားရုံတခုထဲနဲ့တော့ ကြွက်သားတွေ
ကြီးထွားမလာနိုင်ဘူးဆိုတာကိုလည်း သဘောပေါက်
ထားဖို့လည်းလိုပါသေးတယ်ဆိုတာ ကစားသူတိုင်း
နားလည်သဘောပေါက်လောက်ပြီလို့ထင်ပါတယ်
-
အခုခေတ်ကစားသမားတွေက ကြွက်သားတွေလည်း
ကြီးထွားချင်တယ်6-pack ကလည်းပေါ်နေချင်တယ်
်ဒီလိုမျိုးက ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာသဘောပေါက်
ကြပါ...
-
စားတာ
နားတာ
ကစားတာ
အားလုံး စည်းကမ်းလည်းရှိ နည်းလမ်းလည်းသိမှ
လိုချင်တဲ့ ပန်းတိုင်ရောက်ပါမယ် အားလုံးကစားလို့
အဆင်ပြေကြပါစေ
-
-
စေတနာများစွာဖြင့် HtooAung-17-12-2015-5း00pm

I LIKE SQUATS🥰😍Photo crd Fitness word
12/10/2019

I LIKE SQUATS🥰😍
Photo crd Fitness word

jux shut up n train💪💪💪foto crd
10/10/2019

jux shut up n train💪💪💪
foto crd

you got it?💪💪💪
15/09/2019

you got it?💪💪💪

Crd: Dr.Myint Theinပုဇွန်ဆိတ် Shrimp ပုဇွန်ဆိတ်ရဲ့ အဟာရဓါတ်တန်ဖိုးက အထင်ကြီးစရာဖြစ်ပါတယ်ကယ်လိုရီ အတော်နည်းပါတယ် ပုဇွန်ဆိ...
03/08/2019

Crd: Dr.Myint Thein

ပုဇွန်ဆိတ် Shrimp
ပုဇွန်ဆိတ်ရဲ့ အဟာရဓါတ်တန်ဖိုးက
အထင်ကြီးစရာဖြစ်ပါတယ်
ကယ်လိုရီ အတော်နည်းပါတယ်
ပုဇွန်ဆိတ် ၅ ကျပ်သားမှာ
ကယ်လိုရီ ၈၄
ပရိုတိန်း ၃ ကျပ်သား
ဆလီနီယမ် Selenium တနေ့တာလိုအပ်ချက်ရဲ့
၄၈%
ဗီတာမင်ဘီတွဲ Vitamin B12:
တနေ့တာလိုအပ်ချက်ရဲ့ 21%
သံဓါတ် Iron: Iron: တနေ့တာလိုအပ်ချက်ရဲ့
15%
ဖော့စဖိုရပ် Phosphorus:
တနေ့တာလိုအပ်ချက်ရဲ့ 12%
နိုင်ယာစင် Niacin တနေ့တာလိုအပ်ချက်ရဲ့ 11%
ဇင့် Zinc တနေ့တာလိုအပ်ချက်ရဲ့ 9%
မဂ္ဂနီဆီယမ် Magnesium တနေ့တာလိုအပ်ချက်ရဲ့ 7%
ပါဝင်ပါတယ်

သိုင်းရွိုက်ဂလင်း လုပ်ငန်း thyroid function
အတွက် အရေးကြီးတဲ့
အိုင်အိုဒင်း Iodine ပြည့်ဝစွာပါဝင်ပါတယ်
အိုမီဂါ အက်ဆစ် omega-6 and omega-3

fatty acids တို့လည်း
ကောင်းစွာပါဝင်ပါတယ်

အင်တီအောက်ဆီဒင့် ဖြစ်တဲ့ အက်စတာဇန်သင်း astaxanthin လည်း
ပါဝင်ပါတယ်
ပုဇွန်ဆိတ် အနီရောင်ဖြစ်စေတာက
အက်စတာဇန်သင်း astaxanthin
ကြောင့် ဖြစ်ပါတယ်
အက်စတာဇန်သင်း astaxanthin က
ဆဲလ်များ ပျက်စီးမှုကို
ကာကွယ်လို့ နာတာရှည်ရောဂါများဖြစ်ပွားမှု
လျော့နည်းစေပါတယ်
သွေးကြောများ ခိုင်မာစေတဲ့အတွက် နှလုံးထိခိုက်ခြင်း လျော့နည်းစေပါတယ်
ကောင်းတဲ့ကိုလက်စထရော good” HDL cholesterol ကို ပမာဏ
များပြားစေလို့ နှလုံးကျန်းမာရေးအတွက်
ပိုကောင်းစေပါတယ်
ဦးနှောက်ဆဲလ်များပျက်စီးမှုကိုလည်း
ကာကွယ်တဲ့အတွက်
မှတ်ဉာဏ်ကျဆင်းခြင်း , အယ်ဇိုင်းမား
ဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်

ဆလီနီယမ်က Selenium ကိုယ်ခံအားစံနစ်ကို
အားကောင်းစေလို့
ကူးစက်ရောဂါများဖြစ်တဲ့ ကိုယ်ခံအားကျဆင်းရောဂါ HIV,
တုပ်ကွေးရောဂါ influenza, တီဘီရောဂါ tuberculosis
အသည်းရောက်ရောဂါ hepatitis ရှိသူတို့အတွက်
ရောဂါခုခံနိုင်စွမ်း
တိုးတက်စေပါတယ်

ပုဇွန်ဆိတ်မှာ ကိုလက်စထရော Cholesterol
ပါရှိမှုက
၅ ကျပ်သားမှာ၁၆၆ မီလီဂရမ် ကိုလက်စထရော
ပါဝင်ပါတယ်
ကိုလက်စထရော များပြားတဲ့အတွက်
စားသုံးဖို့ စိုးရွံ့တတ်ကြပါတယ်
ကိုလက်စထရော တက်လာမှာ , နှလုံးထိခိုက်မှာ
စိုးရိမ်တတ်ကြပါတယ်
သုသေသနများအရ အစားအစာမှ ကိုလက်စထရောဟာ သွေးတွင်းက
ကိုလက်စထရောကို လူများစုမှာ မတိုးစေတတ်ပါဘူး
ဘာကြောင့်လည်းဆိုတော့ လူ့ခန္ဓာတွင်းက
ကိုလက္စထေရာဟာ
အသည်းက ထုတ်လုပ်တာ ဖြစ်ပြီး
ကိုလက်စထရောများတဲ့ အစာကို
စားလိုက်တဲ့အခါ အသည်းက ကိုလက်စထရော
လျော့ထုတ်လို့ ဖြစ်ပါတယ်
လူဦးရေ ၄ ပုံ ၁ ပုံ ခန့်မှာသာ စားလိုက်တဲ့
ကိုလက်စထရောကြောင့်
သွေးတွင်းကိုလက်စထရော တက်လာတာမျိုး
ရှိတတ်တာဖြစ်ပါတယ်
အခြားစမ်းသပ်မှုတွေမှာ ပုဇွန်ဆိတ် စားခြင်းက
ကောင်းတဲ့ကိုလက်စထရော
good” HDL cholesterol ပမာဏ တိုးလာပြီး
မကောင်းတဲ့
ထွိုင်ဂလစ်စရိုက် triglycerides ကျဆင်းသွားတာ တွေ့ရပါတယ်

လူတချို့မှာ ဓါတ်မတည့်ခြင်း Allergic to Shrimp
တော့ ဖြစ်တတ်ပါတယ်
ပုဇွန်ဆိတ်မှာပါတဲ့ ပရိုတိန်း ထရိုပို မိုင်ရိုစင် tropomyosin ,
အာဂျင်နင်း ကိုင်နေ့ arginine kinase နဲ့
ဟီမို စိုင်ရနင် hemocyanin
တို့ကြောင့် ဖြစ်ပါတယ်
ပါးစပ်ထုံခြင်း , နှာခေါင်းပိတ်ခြင်း , ယားယံခြင်း နဲ့
တချို့မှာ
သွေးလန့်ခြင်း anaphylactic reactions ထိ
ဖြစ်တတ်ပါတယ်

ဓာတ်မတည့်သူများအတွက် ဓါတ်မတည့်ခြင်း
ဖြစ်တတ်တာကလွဲလို့
ပုဇွန်ဆိတ်ဟာ အလွန်ပဲအဟာရဓာတ်ပြည့်ဝကြောင်း တင်ပြအပ်ပါတယ်


ကျန်းမာချမ်းသာကြပါစေ
ဒေါက်တာမြင့်သိန်း
7 July 2019

နေမကောင်းလို့ အစားမစားချင်တဲ့အခါ သတိရလိုက်ပါ လိုသလိုသုံးလို့ရတယ် ကြက်ဥက
20/06/2019

နေမကောင်းလို့ အစားမစားချင်တဲ့အခါ
သတိရလိုက်ပါ လိုသလိုသုံးလို့ရတယ် ကြက်ဥက

့်စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း လှပစေဖို့ လေ့ကျင့်ခန်းလုပ်ပါ Tiger Fitness Gym မှ နွေးထွေးစွာကြိုဆိုပါတယ်1month-20000ky...
06/05/2019

့်စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်း လှပစေဖို့ လေ့ကျင့်ခန်းလုပ်ပါ
Tiger Fitness Gym မှ နွေးထွေးစွာကြိုဆိုပါတယ်
1month-20000kyats
3months-45000kyats

အသက်ကြီးသွားလဲ ပျက်စီးမသွားဘူး 💪💪
29/04/2019

အသက်ကြီးသွားလဲ ပျက်စီးမသွားဘူး 💪💪

မင်မင်ရဲ့ one year a little ပြောင်းလဲမှုလေးပါကြံဖန်ပီးတော့ မိုတီဗေးရှင်း ယူတတ်ရတာပေါ့နော်😜
24/04/2019

မင်မင်ရဲ့ one year a little ပြောင်းလဲမှုလေးပါ
ကြံဖန်ပီးတော့ မိုတီဗေးရှင်း ယူတတ်ရတာပေါ့နော်😜

ဒီတစ်ရက် ဒါတွေ လုပ်ကြမယ် photo crd Dr.Myanmar
23/04/2019

ဒီတစ်ရက် ဒါတွေ လုပ်ကြမယ်
photo crd Dr.Myanmar

05/04/2019

ကဲ ဒါဘာလေ့ကျင့်ခန်းဖြစ်မလဲနော် အဟွမ်းအဟွမ်း
သတိ နှာဘူးမျက်လုံးနဲ့မကြည့်ရ😜😂
video crd

gymကစားတယ် အချိုရည်သောက်မယ် ဘာဖြစ်မလဲကျန်းမာတဲ့ဝက်ကြီးဖြစ်လာမှာပေါ့😜ကိုယ်လဲroyalDမှာ သကြား ဒီလောက်များမှန်းသိခဲ့ဘူး😞phot...
25/03/2019

gymကစားတယ် အချိုရည်သောက်မယ် ဘာဖြစ်မလဲ
ကျန်းမာတဲ့ဝက်ကြီးဖြစ်လာမှာပေါ့😜
ကိုယ်လဲroyalDမှာ သကြား ဒီလောက်များမှန်းသိခဲ့ဘူး😞
photo crd

Address

အမှတ်3 ရိပ်သာလမ်း 4ရပ်ကွက်
Thongwa

Website

Alerts

Be the first to know and let us send you an email when TigEr Fitness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category