18/05/2026
Page ကိုပစ်ထားတာလဲကြာပြီ အခုက နားနားနေနေ နဲ့ နားနေတုန်းအချိန်ဆိုတော့ နဲနဲလေး ပြောချင်တာလေးပြောမယ်ဗျာ ။
Ali Bilal က ဒီနှစ်မှာတော်တော်လေးကောင်းလာပြီး unbeatable လို့တောင်ပြောနေကြတာပါ။ New York pro မှာ အေးဆေး အနိုင်ရလာတယ်ပြီးတော့ Pittsburgh Pro မှာကြတော့ line up က နဲနဲလေးပိုကြပ်တယ် E bank တို့ Kyron တို့ပါလာခဲ့တယ် ။ ဒါပေမဲ့ သူ့ကို တစ်ကယ်ဒုက္ခပေးသွားတာက E bank မဟုတ်ပဲ Kyron ဖြစ်နေတယ် ။ Kyron က ပြောရမယ်ဆို သူ့ Body type က မလှဘူး ။ ဒါပေမဲ့ ဒီပွဲမှာ သူ့ Shoulder and Chest တော်တော်လေး solid ဖြစ်တယ် ။ mid section ဆိုလဲ ချပ်ကပ်ရပ်ပြီးတော့ video ထဲမှာဆိုပိုပြီးသိသာတယ် ။ back pose မှာျတာ့ game over ပဲ ။ Ali Bilal Olympia မှာဆိုလဲ Ryan Terry နဲ့ယှဉ်တဲ့ အခါ အဲ့ back ကြောင့်ပဲ နောက်ရောက်နေရတာ ။ အခုလဲ အရှေ့ ပိုင်းဆို Kyron နဲ့ ယှဉ်ရင် နဲနဲလေး soft ဖြစ်ပေမဲ့ mid section က ထင်းထွက်ပြီးလှနေတော့ သူမသာကိုယ်မသာဆိုပေမဲ့ back pose ယှဉ် ရင် Kyron က သိသိသာသာ ပဲ ပိုသာနေတယ် ။ အဲ့တော့ ပြောချင်တာက Champion ဖြစ်အေဋင်ဘယ်လိုလုပ်ရမလဲ Kyron က လုပ်ပြသွားတာပဲ ဒီပွဲမှာ။ Solid and defined muscle is better than symmetry ဆိုတာပြသွားတာပဲ ။ ဆိုးတာတစ်ခုက Olympia မှာ Kyron က အပြင်ပွဲတွေလောက်ကောင်းအောင်လုပ်မပြနိုင်ဘူး။ ဒီနှစ်ကော ဘယ်လိုလာမလဲ Olympia မှာ top 3 ထဲဖက်ဝင်မလား စောင့်ကြည့်ကြတာပေါ့ဗျာ ။