Thazi United Football Club

Thazi United Football Club Football Technique Camp For Youth Development :TUFC-2017
[TUFC Football Foundation: TFF-2024]

We Are United !
13/03/2026

We Are United !

12/03/2026

မောင်မောင်လွင် ရဲ့ လုပ်ရပ်ကို ရှုတ်ချသည်

30/09/2025

BESS System အကြောင်း

အခုတလော BESS system ရေပန်းစားလာတာတွေ့ရပါတယ်

BESS- Battery Energy Storage System

Commercial စီးပွားရေး လုပ်ငန်းတွေအတွက် အတော်အစဥ်ပြေတာ တွေ့ရတယ်

BESS စနစ်မှာ PCS (Power Conversion System) အပိုင်း မပါမဖြစ်ပါ

PCS ဆိုတာ AC/ DC module ပါ
Special inverter ပေါ့

Input AC ကို retify လုပ်ပြီး DC ပြောင်းကာ Battery တွေကို အားသွင်းတာ ၁ အချက်ပါ ။

၂ အချက်က အားသွင်းထားတဲ့ Battery တွေက DC အားကို AC အဖြစ် ပြန်ပြောင်းပြီး Grid network သို့မဟုတ် Load သို့ power ပေးတာပါ ။

PCS ကို PV ဆိုလာ DC input တိုက်ရိုက်ပေးလို့မရပါဘူး
AC input သာ ပေးရတာပါ

PV ဆိုလာ နဲ့ အားသွင်းချင်ရင်
Ongrid / Gridtied inverter (grid following) နဲ့ PCS တို့ AC coupling လုပ်ပြီး အားသွင်းမှ ရမှာပါ ။ ဒီနေရာမှာ PCS က AC reference (grid forming inverter )အနေနဲ့ အလုပ်လုပ်သွားတာပါ ။
Ongrid system အတွက် EPC /DG မသုံးလည်းရပြီပေါ့ ။ ကျွန်တော်တို့ အမိမြေအတွက် ပိုတွက်ခြေကိုက်ပါတယ်

First initial cost တော့ များတာပေါ့ ။ ဒါပေမယ့်
မီတာခ ဒီဇယ်ဆီဖိုး genset maintenance cost တွေ ထပ်မကုန်တော့ဘူး။

Peak load နဲ့ margin ထပ်ယူပြီး PCS size ရွေးပေါ့ ။

နေ့အချိန် PV +PCS BESS(MWH) ပေါင်းပြီး အလုပ်လုပ်လို့ industrial load တွေကို handle လုပ်နိုင်ပါတယ် ။
ဒါပေမယ့်
ညအချိန် heavy load သုံးဖို့တော့ battery MWH တွေ တပ်ဖို့လိုပါမယ် ။ Critical load နဲ့ Non-Critical load ခွဲခြားသုံးမယ်ဆိုရင် battery သက်သာတာပေါ့ ။

Hybrid inverter နဲ့ PCS လည်း Sync လုပ်ပြီး တွဲသုံးလို့ရပါတယ်

PCS ကို EPC Grid နဲ့ချိတ်ပြီး battery ကို အားသွင်း အသုံးပြုကြတာများပါတယ် ။
မီးလာရင်တော့ ကောင်းတာပေါ့

BESS rack တွေ Boxတွေ မှာ liquid cooling ကို pump circulation လုပ်ပြီး Temperature ကို under 25'/30' stable ဖြစ်အောင် ထိမ်းထားလေ့ရှိပါတယ်

Safety အပိုင်းမှာလည်း Gas detection လုပ်တာတွေ Fire alarm စနစ်တွေ ပါဝင်ပါတယ်

EPC Grid နဲ့ ပေါင်းသုံးတဲ့အခါ
Zero export / power limitation တွေကို configuration လုပ်ပေးရပါမယ်

* Import unit တွေနဲ့ Export unitတွေ ချေလို့ရတဲ့ ဥပဒေထွက်လာရင်တော့ လက်ရှိSetting တွေ ပြောင်းပြန်လုပ်ပြီး excess pv တွေ Curtailment အလုပ်မခံရတော့ဘူးပေါ့ ။

PCS နဲ့ နဲနဲကွဲတဲ့ Hybrid PCS ဆိုတာလည်း ရှိသေးတယ်
mppt တစ်ခါတည်းပါပြီးသားပေါ့ ။ အများဆုံး 150 -500 kW လောက် model တွေ လာတယ် ။ ဆိုလာ pv strings တွေ တိုက်ရိုက်ဝင်လို့ရတယ် ။ normal inverter တွေလို ဆိုလာနဲ့ အားသွင်း Epc နဲ့လည်းအားသွင်း ရတယ် ။

PCS ပါတဲ့ BESS system ရဲ့ အားသာချက်က
မီးစက်ကြီးတွေမလိုတော့
EPC အဓိက မသုံးဘဲလည်းရ
Ongrid / Hybrid inverter တွေနဲ့လည်း တွဲသုံးလို့ရ

Advanced EMS စနစ်နဲ့
PV +PCS+ BESS+ DG+ EPC integration လုပ်ပြီးလည်း သုံးနိုင်ပါသေးတယ် ။

သုံးရမယ့် Communication တွေက Modbus RTU (RS485) / Modbus TCP/IP /Ethernet ဒါတွေပါဘဲ

Remote Control လုပ်ချင်ရင်တော့ Smart Data logger လေး ထပ်ထည့်လိုက်
Very Smart !

POP password တောင်းတဲ့ system တွေမှာ T&C step by step မမှားအောင် လုပ်ပေးရင် POP ရပါတယ် Installer ID လေးနဲ့

30/09/2025

GROWATT setting no.4
ဖြေရှင်းနည်း

"Power Saving Mode" ပါ
Eco Mode / Green Mode လို့လည်း လူသိများပါတယ်

Setting no.4 မှာ
Enable လုပ်မလား
Disable လုပ်ထားမလား

တပ်ဆင်ပေးတဲ့ Installer အများစုက Disable ထားတတ်ကြပါတယ်
User တစ်ချို့က Enable လုပ်ချင်တယ်

ဘာလို့ Enable လုပ်ချင်ကြသလဲ လို့ မေးခွန်းမေးစရာဖြစ်လာပါတယ်

အဖြေက Inverter က သူ့ဖာသာ ပါဝါစားသုံးတာကို limit လုပ်ချင်တာပါ Battery Power Save ပါဝါ ခြွေတာ တာပေါ့

အင်ဗာတာက self consumption က 70watt လောက်ရှိပါတယ်
ဒါကို ခြွေတာချင်လို့

ညအိပ်ချိန် မီးတွေအကုန်ပိတ် ဘာမှမသုံးတော့တဲ့အခါ
Load ~ Zero ဖြစ်ရင်
Power Saving mode "Enable" လုပ်ထားလို့ inverter က fully output voltage မထုတ်ပေးတော့ဘဲ ယာယီ cut-off လုပ်ထားပါတယ်

Fully shutdown မဟုတ်ပါဘူး
Sleep mode / Standby mode ထဲမှာပါ

ဒါကိုဖြေရှင်းဖို့
အင်ဗာတာကို Wake Up လုပ်ပေးမှ ရမှာ

"ဘယ်လို wake up လုပ်မလဲ"

Inverter က အပြင်က loadပစ္စည်းတစ်ခုခုရဲ့ wake-Up-Ampere ကို sensing လုပ်ရင်း စောင့်နေတာပါ

LED မီးသီး
Wifiစက်
ဖုန်းcharger တွေ ဖွင့်ပေးရုံနဲ့
too small amp flow ဖြစ်လို့ amp sensing မလုပ်နိုင်ပါဘူး

"ပထမ "လုပ်ရမှာက
50 - 100 watt လောက် ရှိတဲ့ ပစ္စည်းတစ်ခုခုဖွင့်ပေးလိုက်
Normal မီး ပြမပြကြည့်ပါ

ဒါမှ မရရင်

" ဒုတိယ " အနေနဲ့
ထမင်းပေါင်းအိုး၊ ဒယ်နီ၊ hotplate သာ ဖွင့်လိုက်ပါ wakeup Ampere flow sensitive ဖြစ်ပြီး
Inverter က 220v/230v
အပြည့်ပြန်ထုတ်ပေးပါလိမ့်မယ်

ဒါဆို normal ပြန်သုံးလို့ရပါပြီ

"နောက်တစ်နည်း"က
Enable လည်း ထားချင်တယ် Standby mode လည်း မဝင်ချင် WakeUp လည်း ခဏခဏ မလုပ်ချင်ရင်တော့
70w 100w ရှိတဲ့ ပစ္စည်းတစ်ခုခုသာ အမြဲဖွင့်ထားလိုက်ပါ

Note :
growatt မှ မဟုတ်ပါဘူး တစ်ခြား inverter တွေလည်း အခုလို ECO Mode ထဲရောက်ရင် ဒီလိုဖြေရှင်းလို့ရပါတယ်

အခုကိစ္စက inverter wakeup လုပ်နည်းပါ

Battery တွေ Sleep mode ထဲဝင်နေရင်/ Deep sleep mode ထဲရောက်သွားရင် wakeup လုပ်နည်း သပ်သပ်ရှိပါတယ်

အချိန်ရရင်

30/09/2025

"Growatt LiFePo4 "ဖြေရှင်းနည်း

Alarm ပြ /Run မီးနီလင်း/ Charge & Discharge မရတဲ့ ပြသနာပါ

ဒီလိုဖြစ်လာရင် အရေးအကြီး ဆုံး က ဘာမှမသုံးဘဲရပ်ထားပါ
(No Chg / Dsg )

Growatt တွေက IP65/66 rating ပေးပါတယ်
မိုးပက်တဲ့နေရာမှာ မတပ်ဆင်ဖို့ manual မှာ ပြောထားပါတယ်

အကြောင်းအမျိုးမျိုးကြောင့် ဒီလိုပြသနာ ဖြစ်လာပါက

၁.အိမ်သုံးပါဝါအကုန်ပိတ်လိုက်ပါ
၂.ဆိုလာအဝင် breaker တွေ အကုန်ချထားပါ
၃.EPC အဝင် ပိတ်လိုက်ပါ
၄.Inverter ကို ပိတ်ချလိုက်ပါ
၅.Battery MCCB breaker ချလိုက်

၆. ပြသနာဖြစ်နေတဲ့ battery switch ကို 3 ~ 8sec နှိပ်ထားပြီး fully off ဖြစ်အောင် နှိပ်လိုပ်ပါ

၇. အကုန်ပိတ်ပြီးရင်
Battery ကြိုး အနီ/အနက်ကို battery terminals ကနေ ဖြုတ်လိုပ်ပါ

၈. ကုမ္ပဏီက ခွင့်ပြုချက်ရရင်/ warranty period ကုန်သွားရင်- Warranty Seal ကို ဖြုတ် battery cover ကို ဖွင့်ပါ

၉. Damage ဖြစ်လား ညှော်နံ့ရလား ရေဝင်နေလား လောင်ထားတာတွေ့လား ကြည့်ပါ

၁၀. ကြီးကြီးမားမား မဖြစ်တာတွေ့ရင် လေဝင် လေထွက် ကောင်းတဲ့ နေရာ စိုထိုင်းဆ နဲတဲ့နေရာမှာ
24 hrs - 72hrs ခြောက် သွေ့အောင်ထားပါ

၁၁. ခြောက်သွားရင် coverအဖုံးမပိတ်ခင် power switch ဖွင့်ကြည့်ပါ

Alarm ပြမပြ
Run မီး အနီ flashing ပြမပြ စစ်ပါ ။
မပြတော့ရင် coverဖွင့်ထားရင်း SOC% ငြိမ် မငြိမ် ကြည့်ပါ ။
Volt 51.2V ဝန်းကျင် ရှိမရှိစစ်ပါ

အကုန် OK ရင်

ပထမ - DSG Test လုပ်ပါ

Load မချိတ်သေးဘဲ inverter only ချိတ်ပါ
DSG Discharging (-0.7amp) လုပ် မလုပ် ကြည့်ပါ
SOC % decrease ဖြစ်ရင် normal ပါ ။

ဒုတိယ CHG Test လုပ်ပါ

EPC သို့မဟုတ် PV ဆိုလာ တခုခုနဲ့ Charging (+1.0amp)လုပ်ပါ
Ampere အဝင်ပြမယ် SOC% increase ဖြစ်ရင် Normal ပါ

CHG / DSG မဖွင့်ဘဲ IDLE ဖြစ်နေရင် BMS က Protection mode ထဲ ထည့်ထားလို့ပါ ။

PC USB နဲ့ battery RS232 က နေ ချိတ်် Software ကိုဖွင့်
Charging Discharging Disable ဖြစ်နေစင် Enable လုပ်ပေးလိုက်ပါ

CHG /DSG ပုံမှန်ဖြစ်နေရင် မီးသီးမီးလုံးလေးတွေကနေ တစ်ဆင့်ချင်း ဖွင့်ပြီး သုံးပါ

CHG /DSG /HYBRID အကုန်စမ်းသုံးပါ
အစဥ်ပြေပါလိမ့်မယ်

မှတ်ချက် ။ ။
ပထမ စစ်ဆေးစဥ်က လောင်ထားတာ တွေ့ရင် ညှော်နံ့ရနေရင်တော့ ကုမ္ပဏီနဲ့သာ ဆက်သွယ်ပါ

14/09/2025

TUFC ဖူဆယ်ပြိုင်ပွဲဝင်အသင်းများ အမှတ်တရပုံရိပ်၇၈ နှစ်​မြောက်ပြည်​ထောင်စု​နေ့၂၇ -၁ -၂၀၂၅  - ၁၂ -၂ -၂၀၂၅
14/02/2025

TUFC ဖူဆယ်ပြိုင်ပွဲဝင်အသင်းများ အမှတ်တရပုံရိပ်

၇၈ နှစ်​မြောက်ပြည်​ထောင်စု​နေ့
၂၇ -၁ -၂၀၂၅ - ၁၂ -၂ -၂၀၂၅

14/02/2025

*ဖူဆယ်ဗိုလ်လုပွဲ*
၇၈နှစ်​မြောက်ပြည်​ထောင်စု​နေ့
TUFC 8-4 NY STAR ​(ညောင်ရမ်းတိုက်နယ်)

NY STAR အသင်း
ပင်နယ်တီ ၁ ဂိုးသွင်းယူနိုင်ခဲ့သည်

​ဖေ​ဖော်ဝါရီ ၁၂ ရက် ၂၀၂၅
Thazi United Football Club

14/02/2025

7 နဲ့ 9 ၂​ယောက်တည်း
One Two ရိုက်သွားတဲ့
အမှတ်တရ ဂိုး

​ဖေ​ဖော်ဝါရီ ၁၂ ရက် ၂၀၂၅
TUFC
ဖူဆယ်ဗိုလ်လုပွဲ

14/02/2025

၇၈ နှစ်​မြောက်ပြည်​ထောင်စု​နေ့
အ​လေးပြုအခမ်းအနား

​ဖေ​ဖော်ဝါရီ ၁၂ ရက် ၂၀၂၅
Thazi United Football Club

Address

Railways Station Street
Thazi
05191

Alerts

Be the first to know and let us send you an email when Thazi United Football Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category