10/06/2025
အိမ်ကွင်းမှာ အနိုင်သုံးမှတ်ရခဲ့ပေမဲ့
တိုက်စစ်ပိုင်းကတော့ အဆုံးသတ်ပိုင်းမှာ
ဒီထက်ပိုပြီး တိုးတက်ဖို့ လိုနေပါတယ်။
အထူးသဖြင့် လွင်မိုးအောင်နဲ့
ဝင်းနိုင်ထွန်းတို့ရဲ့ အဆုံးသတ်မသေချာ
မှုတွေက အသင်းအတွက် တော်တော်လေး
နစ်နာသွားနိုင်တဲ့ အခြေအနေပါ။
သန်းပိုင်ရဲ့ သွင်းဂိုးသာမရခဲ့ရင်
သရေတစ်မှတ်နဲ့ ကျေနပ်ရမှာပါ။
နောက်တန်းကစားသမားတွေအနေနဲ့
မလိုအပ်ပဲ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်
နေတာတွေကလည်း သတိထားရပါမယ်။
အခန့်မသင့်ရင် အနီကတ်ကြောင့်
တစ်သင်းလုံး နစ်နာသွားနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ မဖြစ်နိုင်တဲ့
အကွာအဝေးကနေ ထီထိုးသလို
လှမ်းလှမ်းကန်ထည့်တာတွေကိုလည်း
လျော့စေချင်ပါတယ်။
ကွင်းထဲကို အရောက်သွားပြီး
အင်ပြည့်အားပြည့်နဲ့ သွားရောက်အားပေး
ခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံး
တာဝန်ကျေခဲ့ကြပါတယ်။
မေတ္တာဖြင့် 🙏
✏ ရဲရင့်သွေး
#မြန်မာဘောလုံး