Future World

Future World It is special for Gym of both boys and girl . And no require age. But 18-over 20 is better.

ထမင်းစားရမှာ ကြောက်နေသူများ (သို့)ထမင်းမစားပဲ ဝိတ်လျှော့ချင်သူများကျွန်တော်တို့ က မြန်မာလူမျိုးဖြစ်နေတဲ့ အတွက် ထမင်းမစား...
24/08/2019

ထမင်းစားရမှာ ကြောက်နေသူများ (သို့)
ထမင်းမစားပဲ ဝိတ်လျှော့ချင်သူများ

ကျွန်တော်တို့ က မြန်မာလူမျိုးဖြစ်နေတဲ့ အတွက် ထမင်းမစားပဲ နေဖို့ဆိုတာ တော်တော် လေး ခက်ခဲပါတယ်။ ထမင်းမစားဘဲ ဝိတ်ချတယ် ဆိုရင်လည်း တချို့တလေ အတွက် အဆင်ပြေနိုင်သလို ကျွန်တော် အပါအဝင် မြန်မာလူမျိုး အများစု အတွက်တော့ အဆင်မပြေ နိုင်ပါ။ ရေတို မှာတော့ ထမင်းမစားပဲ နေပြီး ဝိတ်ချရင် တစ်လ တန်သည် နှစ်လတန်သည် ဖြစ်နိုင်ပေမယ့် အများစုကတော့ တစ်လနှစ်လ လောက် ထမင်းမစားပဲ European အစားအစာ လိုမျိုးတွေ စားပြီး ဝိတ်ချကြပြီး နောက် ဆက်လည်း မစားဖြစ်တော့ ထမင်းတွေ အများကြီး ပြန်စားမိပြီး ကျသွားထက် ဝိတ်ထက် နှစ်ဆ လောက် ပြန်တက်လာတာတွေ ကို ကျွန်တော့် လူနာတွေ တော်တော် များများမှာ တွေ့ကြုံဖူးပါတယ်။

ဒါက ဘာကြောင့် လဲ ဆို တော့ ဝိတ်ချတဲ့ နေရာ မှာ အလွန်အရေးပါတဲ့ Behavioral Change လို့ခေါ်တဲ့ အမူအကျင့် ကိုပြောင်းလဲ ပေးဖို့ ကို အရင် မလုပ်ဘဲ နိုင်ငံခြားတိုင်းပြည်တွေ မှာ စားတဲ့ Diet Plan ကို တိုက်ရိုက် ကူးယူပြီး လိုက်စားမိတဲ့ အတွက် ကြောင့်ပါ။

မြန်မာ လူမျိုး ဖြစ်တဲ့ အတွက် ထမင်းသည် အခြေခံ အစားအစာပါ။ ထမင်းလုံးဝ မစားဘဲ ပေါင်မုန့်စားလာကြတာ ကိုတွေ့ရပါတယ်။ ပြောရမယ် ဆိုရင် ထမင်းတရုတ် ပန်းကန်လုံးတစ်လုံး နဲ့ ပေါင်မုန့် အသေးစား ၃ ချပ် မှာပါဝင်တဲ့ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ ပမာဏ တွေ က တူတူပဲ ဖြစ်တဲ့ အတွက် ထမင်းစားရင် ဗိုက်ပူမယ် ဒါကြောင့် ပေါင်မုန့်ပြောင်းစားကြမယ်ဆို ပြီး ထမင်းအစား ပေါင်မုန့်တွေ စားလာပါတယ်။ တကယ့် တကယ်တမ်းတော့ ပေါင်မုန့် စားစား ထမင်းစားစား ပမာဏများရင် တော့ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ် က အဆီ အနေနဲ့ ပြောင်းသွားပြီး ဗိုက်ခေါက်ထွက်စေပါတယ်။

ဒါတင်မကသေးပါဘူး။ ပေါင်မုန့် ထမင်းတွေ မှ ဗိုက်ခေါက်ထွက်စေတာမဟုတ်ပါဘူး။ အသားငါး ပဲ စတဲ့ အသားဓါတ် တွေ များများ စားပြီး လေ့ကျင့်ခန်းကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် လည်း နောက်ဆုံးတော့ အဲ့ဒီ အသားဓါတ်တွေ ကို ခန္ဓာကိုယ် က အဆီ အနေနဲ့ ပြောင်းသိမ်းပေးလိုက်ပြီး အစမှာ ဗိုက်ပူလာစေပြီး အချိန်ကြာလာတာနှင့် အမျှ တကိုယ်လုံး နေရာ အနှံ့  မှာ အဆီပိုတွေ စုလာစေပါတယ်။

ဒီနေရာ မှာ အဓိကပြောချင်တာ က ဝိတ်ချတဲ့နေရာ မှာ အနောက်နိုင်ငံ တွေမှာ အသုံးပြုနေတဲ့ နည်းလမ်းတွေကိုတိုက်ရိုက် ကူးယူပြီး လိုက်လုပ်မိတယ်ဆိုရင် တစ်ပါတ် နှစ်ပါတ်ထက် ပိုပြီး လိုက်မလုပ်နိုင်ပါဘူး။ နေထိုင် စားသောက်တဲ့ အကျင့်ကို မပြင်နိုင်သေးသရွေ့ ဝိတ်က ကျလိုက် ပြန်တက်လိုက် ဖြစ်နေအုံးမှာပါပဲ။

ဘယ်လို အလေ့အကျင့် တွေကို ပြင်ကြမလဲ????

1. ကျွန်တော် တို့က ထမင်းကို အဓိက ထားစားတဲ့ မြန်မာလူမျိုးတွေ ဖြစ်တဲ့အတွက် ဝိတ်ချချင်တယ် ဆို ရင် ထမင်းကို မိမိ အတွက် သင့်တော့်မယ့် လုံလောက်မယ့် ပမာဏကို တွက်ချက်စားပေးရပါမယ်။

2. နောက်ပြီး ကျွန်တော် တို့ဟင်းအနှစ် တွေ စားတဲ့ နေရာ မှာ နည်းနည်း ပြင်ဖို့လိုပါတယ်။ နာက်ပြီး ကျွန်တော် တို့ဟင်းပောင်းစားတဲ့ အသားမှာ ကပ်ပါလာတဲ့ အနှစ် ကို ပဲ ထည့်စားပါ။ ဟင်းအနှစ်ကို သက်သက် ထပ်မထည့်ပါနှင့်။

3. ထမင်း စ မစားခင်မှာ အရည်သောက် ဟင်းချို တစ်ခုခု ကို တစ်ခွက် ကုန်အောင်သောက်ပေးပါ။

4. အသီးအရွက် ကို ထမင်းစမစားခင်မှာ များများ အရင်စားပေးပါ။ ထမင်းစားနေတုန်းလဲ အရွက်ကြော် များများ ထည့်စားပေးပါ။

5. အသားကို လုံလောက်တဲ့ ပမာဏ စားပေးပါ။

6. နေ့လည်စာ အဆာပြေ နေရာမှာ အသင့်စား အစားအစာ တွေ စားမယ့် အစား အသီးအနှံ စားတတ်တဲ့ အကျင့်လုပ်ပါ။

7. အသင့်သောက် အချိုရည်တွေ အစား အသီးဖျော်ရည်စစ်စစ် သောက်တတ်တဲ့ အကျင့်ကို လုပ်ပေးပါ။

8. နေ့လည်စာ၊ ညစာ စားရင် ၁၅ မိနစ် လောက် အချိန်ပေးပြီးစားပေးပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် (Credit)

GYM နှင့် ကျန်းမာရေး ဗဟုသုတ များ အမြဲတင်ဆက် မှာမို့ page ကို like လုပ်ထားနော် !!!

Future World gym # # #

သင့်ကိုယ်သင် တကယ်ဂရုစိုက်တယ်ဆိုရင်…၁။ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။၂။ သင့်ဓမ္မတာလာတဲ့...
02/05/2019

သင့်ကိုယ်သင် တကယ်ဂရုစိုက်တယ်ဆိုရင်…

၁။ သင့်အဆုတ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။

၂။ သင့်ဓမ္မတာလာတဲ့အခါ တကယ်ဂရုစိုက်တယ်ဆိုရင် ပဲစိမ်း စားပေးပါ။ (green beans to stop the period) ရပ်ချင်ရင်စားတာပါ။

၃။ သင့်ဆီးလမ်းကြောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ကြက်သွန်နီကို အစိမ်းစားသုံးပေးပါ။

၎။ သင့်ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် နေ့ခင်းဘက်မှာ ရေများများသောက်ပြီး၊ ညဘက်မှာ ရေလျှော့သောက်ပါ။

၅။ သင့်နှာခေါင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ပူစီနံရွက်ကို ပုံမှန်စားသုံးပေးပါ။

၆။ သင့် ကျောက်ကပ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် ညအိပ်ရာမဝင်ခင် အပေါ့စွန့်ပါ။

၇။ သင့်အသည်းကို တကယ်ဂရုစိုက်တယ်ဆိုရင် အဝလွန်စေမယ့်အစာတွေ စားသုံးခြင်းကို ရှောင်ပါ။

၈။ သင့်ခံတွင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် နှမ်းဆီနဲ့ ပုံမှန်ပလုတ်ကျင်းပါ။

၉။ သင့်လည်ချောင်းကို တကယ်ဂရုစိုက်တယ်ဆိုရင် ငရုတ်ကောင်းကို ပုံမှန်စားသုံးပေးပါ။

၁ဝ။ သင့်အစာအိမ်ကို တကယ်ဂရုစိုက်တယ်ဆိုရင် အအေးစာတွေ စားသုံးခြင်းကို ရှောင်ပါ။

၁၁။ သင့်အူအတက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် သံပုရာရည်ကို မကြာခဏသောက်သုံးပေးပါ။

၁၂။ သင့်နှလုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အငံလျှော့စားပါ။

၁၃။ သင့်မျက်လုံးကို တကယ်ဂရုစိုက်တယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ သင့်ခြေထောက်ကို ဆီနဲ့နှိပ်နှယ်ပေးပါ။

၁၄။ သင့်ဦးနှောက်ကို တကယ်ဂရုစိုက်တယ်ဆိုရင် တစ်နေ့ ရှစ်နာရီ အိပ်ပါ။

၁၅။ ချစ်ရသူတွေကို တကယ်ဂရုစိုက်တယ်ဆိုရင် ဒီစာစောင်လေးကို မျှဝေပေးပါ။

Article credit: GandaWinMagazine
# # world gym # # #

08/04/2019

Gym ဆော့ခြင်း၏ အကျိုးကျေးဇူး (၉) မျိုး
- - -- - - - -- - - -- - - - - - - - - - - - - - - - - - -
ကျွန်တော်တို့ဟာ ထမင်းနှင့်ဟင်းဆိုတာ အသက်ရှင်သန်နိုင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိတယ် ဆိုတာ လူတိုင်းသိနေပေမယ့် ကျန်းမာပျော်ရွင်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါက "နေ့စဉ်လေ့ကျင့်ခန်းလုပ်ရမယ်" ဆိုတာ ငြင်းလို့မရပါဘူး။

ရောဂါဗေဒထိန်းချုပ်ရေးစင်တာက အရွယ်ရောက်ပြီးသူတိုင်း တစ်ပတ်လျှင် အနည်းဆုံး မိနစ် ၁၅၀ ခန့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။
စိတ်သွားတိုင်းကိုယ်ပါ ဖြစ်စေဖို့အတွက် Gym ဆော့သင့်တယ်ဆိုတာ အချက် (၉)ချက်ဖြင့် တင်ပြပါမယ်။

(၁) ကျန်းမာကြံ့ခိုင်ခြင်း

Gym ကစားရုံဟာ ကိုယ်လက်လှုပ်ရှားမှုရော၊ ခန္ဒာကိုယ်ကြံ့ခိုင်မှုကိုပါ စနစ်ကျကျ လေ့ကျင့်ပေးပါတယ်။ ထို့ကြောင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ နှလုံးအားကောင်းခြင်းတို့ကို ဖြစ်စေပြီး အရိုးအကြောရောဂါကို ကာကွယ်စေကာ ကြွက်သားသန်မာခြင်း၊ ခန္ဒာကိုယ်အချိုးအစားလှပခြင်းတို့ကို ဖြစ်စေပါတယ်။

(၂) Gym ကို ပုံမှန်ဆော့ပါ

တစ်ချို့လူတွေက ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ သဘောကျသလောက် တစ်ချို့ကတော့ ပျင်းစရာအလုပ်လို့ မြင်ပါတယ်။ သင်ဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားတဲ့ ဘ၀တူ Gym ဆော့တဲ့သူတွေနဲ့ အတူတူ Gym ဆော့တာ ကြာလာတာနှင့်အမျှ ပျော်မွေ့လာပါလိမ့်မယ်။ အစပိုင်းတော့ Gym ကို တစ်ပတ် ၂ ခါလောက် ကစားဖြစ်မယ်ဆိုရင် အသားကျလာတာနှင့်အမျှ Gym ဆော့ခြင်းဟာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းတစ်ခုလို ဖြစ်လာပါလိမ့်မယ်။

(၃) စိတ်ဖိစီးမှုလျော့ပါးစေတယ်

“လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် စိတ်ဖိစီးမှုသက်သာစေပါတယ်” လို့ Mayo Clinic ၀က်ဘ်ဆိုဒ်မှ ပညာရှင်တွေက ဆိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် အန်ဒိုဖင်ဟော်မုန်း (Endorphins) ကိုထုတ်လွှတ်ပေးသောကြောင့် ခန္ဒာကိုယ်ပေါ့ပါးသွက်လက်စေကာ စိတ်ကြည်လင်လန်းဆန်း စေပါတယ်။ လေ့ကျင့်ခန်းသည် စိတ်ဖိအားကို လျော့ပါးစေသောကြောင့် လန်းဆန်းတက်ကြွစွာ အိပ်ပျော်စေပါတယ်။ Gym ကစားတာ ကြာလာသည်နှင့်အမျှ Gym သင်တန်းသည် ဘ၀အခက်အခဲအားလုံး မေ့လိုက်ကာ အပန်းဖြေနားနေဖို့ စံပျော်ရာနေရာတစ်ခု ဖြစ်လာမှာ သေချာပါတယ်။.

(၄) ပညာရှင်များထံမှ သင်ယူရခြင်း

Gym အားကစားရုံတိုင်းမှာ တက္ကသိုလ်များမှ အားကစားကို သင်ယူဖူးသော အတွေ့အကြုံရှိဆရာများက ထိန်းကြောင်းပေးတဲ့အတွက် လေ့ကျင့်ရမဲ့ နည်းစနစ်မျိုးစုံကို သိရှိနိုင်ပါတယ်။

(၅) အမျိုးမျိုးပြောင်းလဲ လေ့ကျင့်ပါ

Gym သင်တန်းမှာ အားသာချက်တစ်ခုကတော့ အားကစားပစ္စည်းအစုံအလင်ဖြင့် ပြောင်းလဲလေ့ကျင့်ရတာပါပဲ။ ကစားနည်းအမျိုးမျိုးပြောင်းလဲ လေ့ကျင့်ခြင်းက ကျန်းမာရေးအတွက် ပိုမိုထိရောက်ပါတယ်။ ကျွမ်ကျင်သူတွေက “ ကစားနည်းစနစ်ပြောင်းလဲ လေ့ကျင့်ခြင်းက ကျန်းမာရေးအတွက် ပိုမိုအထောက်အကူဖြစ်စေပါတယ်” လို့ ဆိုပါတယ်။

(၆) အချင်းချင်းဆီမှ သင်ယူပါ

Gym မှာ အတူတူလေ့ကျင့်နေတဲ့ ကစားဖော်များဆီမှ သူတို့ဘယ်လိုလေ့ကျင့်ကြတယ်ဆိုတာ သင်ယူပါ။ စူးစမ်းပါ။ အချင်းချင်း ပြောင်းလဲလေ့ကျင့်ခြင်းဖြင့် ခင်မင်မှုလည်း ရရှိစေပါတယ်။ ထို့အပြင် ပညာရရှိစေရုံသာမက ဘ၀မှာ အပေါင်းအသင်းပါ တိုးစေတဲ့အတွက် Gym ဆော့ခြင်းဟာ ကောင်းမွန်တယ်လို့ အကြံပြုချင်ပါတယ်။.

(၇) အာရုံစိုက် ဆော့ပါ

Gym အားကစားရုံမှာ လူသစ်ကို Trainer တွေက ဘယ်လိုလေ့ကျင့်ရတယ်ဆိုတာ သင်ပြပါလိမ့်မယ်။ ကိုယ့်အားကစားကို အာရုံစိုက်ပြီး ဆော့ပါ လို့ အကြံပြုချင်ပါတယ်။

(၈) အားလပ်ရက်ကို စစ်ဆေးပါ

(၉) Gym ဆော့လိုက်ပါ

ကဲ. . မင်းဟာ ခန္ဒာကိုယ်လှပချင်တာပဲဖြစ်ဖြစ်၊ဆရာဝန်က ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားဖို့လိုအပ်၍ အကြံပေးတာပဲဖြစ်ဖြစ် အခုပဲ Gym ဆော့လိုက်ပါနော်။ အစပိုင်းမှာ ကိုယ်လက်နာကျင်ခြင်း လျော့ပါးဖို့ရာအတွက် ဖြေးဖြေးချင်းဆော့ပါ။ Gym နေ့စဉ်ဆော့လေလေ ပိုကျန်းမာလေလေပါပဲ။

©redit … Online

သင်္ကြန်​အ​ငွေ့အသက်​​လေး​တွေနဲ့လှ​နေတဲ့ချစ်​မနှစ်​မနှစ်​​ယောက်😍😍😘😘
03/04/2019

သင်္ကြန်​အ​ငွေ့အသက်​​လေး​တွေနဲ့လှ​နေတဲ့ချစ်​မနှစ်​မနှစ်​​ယောက်😍😍😘😘

13/03/2019

" ခါး၊ ဗိုက်ခေါက် အဆီိနည်းလာရန် နေ့တိုင်း လိုက်နာသင့်သည့် အချက်များ ''

�မိမိခန္ဓာကိုယ်မှာ အဆီရာခိုင်နုန်းနည်းချင်လျှင် Don’t eat garbage လို့ ဆိုပါတယ်။ အမှိုက်စာများမှ မလိုအပ်သော အဆီများလာစေသည်ကို သတိထားသင့်သည်။ အဆီအဆိမ့်၊ ချိုချိုရဲရဲ၊ (မြန်မာပြည်မှာ)ချဉ်ငန်စပ် အစားအစာမျာမှ ဝေးဝေးနေရန် အပြောလွယ်သလောက် လုပ်ရန်ခက်ပေ၏။ နှစ်ရှည်လများစားလာသည့် အရသာနှင့်အကျင့်များကို ပြင်ယူရန်အချိန်လိုအပ်ပေသည်။

�Lean Muscle ဖြစ်လာရန်မှာ ၈၀% ၏အစားအစာများကို သင့်ဘော်ဒီအတွက်စားပေးပါ။ ၂၀% ဝန်းကျင်ကို သင့်စိတ်ကျေနပ်အောင် စိတ်ဖြေစာများ စားပါ။ "Don’t eat for taste, Eat for functional" ဆိုတာကို မမေ့ပါနှင့်။ လူပဲဟာ၊ အရသာရှိတဲ့ အစားအစာကို ပိုကြိုက်ကြတာ သဘာဝပါ။ သို့သော် ကျန်းမာရေးလိုက်စားသူများမှာ ၅၀% ၏ တစ်နပ်စာကို အရသာအတွက် သာစားသင့်ပြီး၊ ဘော်ဒီ function အတွက် ၅၀% စားပေးမှ ရပါမည်။

၁�သကြား၊သကြားအစားထိုးများကို လျှော့ပါ။
သကြားအချိုသည် ဘော်ဒီအလန်း အတွက် ရန်သူဖြစ်ပေသည်။ သကြားကဲပြီးလုပ်ထားသောအစားအစာများမှာ စား ကောင်းပြီး၊ ပိုစားလွယ်သည်။ ပိုပြီး calories များများ စားမိစေသည်။ ထို့ကြောင့် လျှော့စားပါ၊ ရှောင်စားပါ။ ကျင့်သားရလာပါမည်။ Pizza, Burger, Donut, Ice-cream များသည် စားကောင်းပေ၏။ အဆီပိုများလည်းတိုးလာစေ၏။ အသီးအရွက်များ၊ အချိုရာနုန်းနည်းသည့် အသီးများ နှင့် whole grains များ၊ သကြားမထည့်ထားသည့်အစားအစားအစာများကို ဦးစားပေးပြီး စားပေးပါ။

၂�သင့်ပန်းကန်ကို ဖြူ၊နီ၊ဝါ၊စိမ်းဖြင့် အလှဆင်ပါ။
Lean Muscle ခရီးအတွက် Green Veggie ကား အရေးပါပေသည်။ အသီးအရွက်များမှာ ကယ်လိုရီနည်း၍ fiber အမျှင်ဓါတ်များသောကြောင့် ဘော်ဒီအတွက် များစွာအကျိုးဖြစ်စေသည်။ သင်စားသင့်သည် Diet ထက်၊ သင်စားသည့်ပန်းကန် ထက်ဝက်ကို ရောင်စုံ အသီးအရွက်များဖြင့် အလှဆင်ပြီးစားသုံးပါ။ အသီးအရွက်များကို သဘာဝ အရသာအတိုင်း ပြင်ဆင်စားသုံးပါ။ အသီးအရွက်များကိုကြော်ရန်၊ ဆီကိုလိုအပ်သည်ထက် မသုံးမိပါစေနှင့်။

၃�ပိုစားကောင်းအောင် Cheese ကိုမသုံးပါနှင့်။
Cheese ကိုကြိုက်သည့် မြန်မာများအတွက်ပါ။ အတုံးသေးသေးတစ်ခု ၁၀၀ ကယ်လိုရီရှိပေသည်။ cheese burger, cheese pizza များမှာ healthy food မဟုတ်ပေ။ တိုးတက်ပြီးနိုင်ငံများတွင်စားကြသည့် မက္ကဆီကန် အစားအစာခေါ် Burrito ၏ တစ်အောင်စ ပမာဏကိုစားရုံဖြင့် ကယ်လိုရီ ၃၀၀ ရှိပေသည်။ Cheese လျှော့စားနိုင်လျှင် စားသည့်ကယ်လိုရီ နည်းလာပါမည်။ မှတ်ချက်။ ။ Cottage Cheese, Greek Yogurt များမှာ ကစားသမားများ စားသုံး၍ရသည်ဟုလေ့လာချက်ကဆိုပေသည်။

၎�ဟင်းအနှစ်ကို လျှော့စားပါ။
အနောက်တိုင်းအစားအစာများတွင် cheese က ဘော်ဒီအလန်း၏ ရန်သူဖြစ်၍၊ မြန်မာ အစားအစာများတွင် ဟင်းအနှစ် ဖြစ်ပေသည်။ ဟင်းအနှစ်သည် အရသာပြင်း၍ ကစီများများစားစေရန် တွန်းအားပေးသည်။ သို့ဖြင့် Lean Muscle ရရန် ဟင်းအနှစ်ကိုကြိုက်သည့်တိုင် လျှော့စား၊ရှောင်စား သင့်ပေသည်။ ဟင်းအနှစ်သည် အားလုံးဆုံစည်းရာဖြစ်၍ ကောင်းကျိုးထက် ဆိုးကျိုးများပေသည်။ Sauce များ၊ ready made dressing များကို လျှော့စားနိုင်ပါက ပြောင်းလဲမှုသိသာလာမည်။

၅�ရေ၊ ဘလပ်ကော်ဖီ၊ ရေနွေးကြမ်း သောက်ပါ။
အဓိကမှာ ကယ်လိုရီနည်းသော သို့ လုံးဝမပါသော အရည်များသောက်ပါ။ soda ရေ များဖြစ်သော သံဗူးအချိုရည်၊ ပုလင်းမျိုးစုံအချိုရည်တို့သည် ကျန်းမာရေးလိုက်စားသူများအတွက် ရန်ဖက်ဖြစ်ပေသည်။ ၎င်းအချိုရည်များကို လိုအပ်မှသာသောက်ပေးသင့်ပါသည်။ ဘော်ဒီအတွက် အဆီပိုများဖြစ်စေပြီး၊ အမြဲသောက်ပါက ကျန်းမာရေးပါထိခိုက်စေသည်။ ရေ၊ black coffee နှင့် ရေနွေးကြမ်းတို့မှာ Lean Muscle ရရန် စွမ်းဆောင်ပေးသည်။

၆�အစားအစာများကြိုတင်ပြင်ဆင်ထားပါ။
ဗိုက်ဆာချိန်၊ ရှိတာနှင့်အဆင်ပြေအောင်စားရသည်မှာ ဘော်ဒီအလန်းစား ရချင်သူများအတွက် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ပေသည်။ ​ရောင်းကောင်းရန်လုပ်ထားသော အစားအစာများမှာ ကြာရှည်ခံဆေး၊ သကြား၊ အဆီ၊ ကယ်လိုရီများ လိုသည်ထက်များပေမည်။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် ကြိုတင်ပြင်ဆင်နိုင်ပါက၊ ပိုထိရောက်မှုရှိပေမည်။

Lean Muscle ပိုင်ဆိုင်ရန်နှင့် ပိုကျန်းမာရန်အတွက်၊ workout အရေးပါသကဲ့သို့ Diet သည်ပိုအရေးပါပေမည်။ အစာသည်ဆေး ဆိုသည့် စကားအတိုင်း နေ့စဉ်စားရသည့် အစားအစာများ၏ အရသာကို အဓိကဦးစားပေး မစားပဲ၊ စားသင့်သည်များကို ဦးစားပေး စားသင့်ပေသည်။

အားလုံးကျန်းမာကြပါစေ "Health is Wealth”

Credit_NyiNyi
World #

15/01/2019

Gymနဲ့ပတ်သက်တဲ့ တလွဲအတွေးများ(1)
---------------------------------------------
(A)Gym မကစားနဲ့ ရပ်လိုက်ရင်ပိုဝ လိမ့်မယ်

Gym ကစားပြီး ရပ်လိုက်ရင် ပို ဝ လာမလားဆိုပြီး မကစားရဲတဲ့သူတွေ ရှိတယ် ။တစ်ချို့လူတွေက အရင်gymကစားဖူးတာကြောင့်ပဲ အခုပိုဝ လာသလိုပြောတတ်တော့ အဟုတ်မှတ်တဲ့သူက မှတ်တာပေါ့။ ဝလာတယ်ဆိုတာ ကယ်လိုရီ အထွက် ထက် အဝင်ကပိုများလို့ပါ ။gymကစားစဉ်က ကယ်လိုရီဖြုန်းတာရှိတယ် ။metabolic rate လည်းမြင့်နေမယ်။ မကစားတော့တဲ့အခါဖြုန်းတာမရှိတော့ဘူး။ စားနေတဲ့ကယ်လိုရီအဝင်ကအရင်တိုင်းဆို မဖြုန်းလို့ ပိုလျှံတဲ့ ကယ်လိုရီက အဆီဖြစ်မှာပါ။ကယ်လိုရီဆိုတာ ခန္ဓာကိုယ်က လိုသလောက်သုံးပြီး ပိုရင်အဆီအဖြစ်သိုလှောင်မှာပဲ။Gymကစားလိုက်လို့ပိုပြီးသိုလှောင်စေတာမဟုတ်ပါဘူး။ဖြုန်းတာမရှိဘဲပိုစားလို့ပါ။ မကစားပဲbody weightကို ထိန်းထားချင်တော့ အစားအသောက်နဲ့ထိန်းရမှာပါ။နောက်တစ်ချက်ပြောချင်တာက ဝဖူးတဲ့သူတွေဟာ ပြန်ဝ လွယ်တယ်ဆိုတဲ့ အချက်ပါ။အဆီကျသွားပေမဲ့ ဝစဉ်ကဖြစ်တည်ခဲ့တဲ့ အဆီသိုလှောင်အိတ်လေးတွေက ရှိနေတုန်းပါ။ အဆီအိတ်တွေအဆင်သင့်ရှိနေတော့ ပြန်ဝ ဖို့သာမန်ထက် လွယ်ပါတယ်။gymကစားပြီး ဝိတ်ချမိလို့တက်လွယ်တာမဟုတ်ပါဘူး။ တစ်ချို့က အစားပဲလျှော့ သွားမကစားနဲ့ ဆွသလိုဖြစ်ပြီး ထိန်းမနိုင်အောင် ဝလိမ့်မယ်ဆိုပြီး မှားယွင်းတဲ့အသိနဲ့ နည်းပေးလမ်းပြလုပ်ကြပါတယ်။တကယ်တော့ အစားလျှော့ သီးသန့်ကမှ ပြန်ဝဖို့ပိုလွယ်ပါသေးတယ်။` dieting သီသန့် ဝိတ်ချတာနဲ့လေ့ကျင့်ခန်းနဲ့တွဲဝိတ်ချတာဘာကွာလဲ´ ဆိုတဲ့ဆောင်းပါးမှာ ရေးဖူးလို့ ဆက်မရှင်းတော့ပါဘူး..။ရပ်လိုက်ရင် ပိုဝ လာမလားဆိုတဲ့ အတွေးအမြင်မှားကြောင့်တော့ လေ့ကျင့်ခန်းလုပ်ဖို့ မတွန့်ဆုတ်ပါနဲ့ ။
______________________________________________
(B)အဲလို ဗလကြီးမဖြစ်ချင်ဘူးနော်

Gym စကစားသူတစ်ချို့က gymခန်းမထဲ ဝင်လိုက်ပြီဆိုရင်ပဲ ခန်းမထဲမှာ ကပ်ထားတဲ့ ကာယဗလပိုစတာတွေကြည့်ပြီးပြောတတ်တယ်။ အဲလောက်အကြီးကြီးမဖြစ်ချင်ဘူးနော်..တဲ့ ။အလေးမလိုက်ရင်ပဲ ကြွက်သားတွေလေထိုးသလို ချက်ချင်းဖောင်းလာတော့မယ့် အတိုင်း။ သူတို့ပြောတဲ့ အဲလောက်ဆိုတော်ပါပြီဆိုတဲ့ အဆင့်တောင် ဘယ်လောက်ကြိုးစားရတယ်..ဘယ်လိုစားသောက် အနားယူမှုတွေ ရှိရတယ်..ဆိုတာ မသိကြဘဲ ကြွက်သားထွက်ဖို့ အလွယ်လေးမှတ်ကြတယ် ။ပေါင်၈၀လောက်အဆီချရတာထက် ကြွက်သားစစ်စစ်၁၀ပေါင်လောက်တက်အောင်လုပ်ရတာ ပိုခက်ခဲပါတယ်။
______________________________________________
(C)၁ပတ်လောက်Gymဆော့လိုက်တာ လက်မောင်းတွေပိုတုတ်လာတယ်

အမလေး ကစားတာ၁ပတ်ရှိပြီ.. မကျတဲ့အပြင် လက်မောင်းတွေပိုတုတ်လာတယ်..တဲ့...။ဒါကတော့ မိန်းကလေးတွေပါ ။တစ်ချို့တွေ အလေးနဲ့စ ကစားကာစမှာဖြစ်တတ်ပါတယ် ။အလေးနဲ့စကစားချိန်မှာ ခန္ဓာကိုယ်က ကြွက်သားတွေတုန့်ပြန်မှုကြောင့် တင်းလာ တုတ်လာတာမျိုးပါ ။ဒါဟာ ယာယီကြွက်သားယောင်ရမ်းမှုဖြစ်ပြီး စိုးရိမ်ဖို့မလိုပါဘူး။ ၇ရက် ၁ပတ်နဲ့လက်မောင်းကြီးဖို့မဖြစ်နိုင်ပါဘူး။လက်မောင်းကြီး ပိုကြီးလာတယ်ဆိုပြီး မကြောက်ပါနဲ့။
______________________________________________
(D)အမျိုးသမီးတွေအလေးကစားရင် ယောက်ျားလေးတွေလိုဗလတွေထွက်လာမှာလား

အမျိုးသမီးတွေ အလေးနဲ့ကစားရင် ယောက်ျားလေးတွေလိုပဲ ဗလတွေ ကြွက်သားကြီးတွေ ဖြစ်လာမလားဆိုပြီး ကြောက်တတ်ကြတယ်..။ကြွက်သားကြီးထွားမှုဖြစ်စဉ်အတွက် အလွန်အရေးပါတဲ့testrosteroneဟော်မုန်းဟာအမျိုးသမီးတွေမှာ အမျိုးသားတွေလောက်မရှိတဲ့ အတွက် ဆေးဝါးအထောက်အထောက်အပံ့မပါဘဲ ကြွက်သားအဖုအထစ်ကြီးတွေ မဖြစ်နိုင်ပါဘူး.။နိုင်ငံခြား ကာယဗလမယ်ပုံတွေကြည့်ပြီး အဲလိုဖြစ်မှာလား စိုးရိမ်စရာမလိုပါဘူး။ ဖြစ်ချင်တယ်ဆိုတောင် ပြင်းထန်တဲ့လေ့ကျင့်မှု့အပြင် ဟော်မုန်းဆေးတွေ အထောက်အကူပြုဆေးဝါးတွေ သုံးမှရမှာပါ။
ကြွက်သားဆိုတာ မတော်တဆ မမျှော်လင့်ပဲ မဟားဒရားကြီးသွားတတ်တာမျိုးမဟုတ်ပါဘူး။

မှားတတ်တဲ့အယူအဆတွေအများကြီးရှိသေးလို့ နောက်မှဆက်ရေးပါဦးမယ် ။

Credit ...

11/01/2019

We love your body like you do

ကိုယ်အလေးချိန်အဆီ ချဖို့ဘာလို့ အလေးနဲ့ကစားတာလဲ???

Gym ကို ကြွက်သားတည်ဆောက်ချင်လို့ လာကစားတဲ့သူ ရှိသလို အချို့ ကလည်း ကြွက်သားတည်ဆောက်ဖို့အဓိကမဟုတ်ဘဲ ကြွက်သားတည်ဆောက်လိုမှုမလုပ်လိုဘဲကိုယ်အလေးချိန်ကျဘို့ အဆီချဖို့လာကစားတဲ့သူတွေလည်းရှိပါတယ်။သူတို့ကို နည်းပြဆရာကအစားအသောက်လမ်းညွှန်မှုပေးပြီးcardio လုပ်ခိုင်းပါတယ် ပြီးတော့ အလေးတွေနဲ့လည်း weight/resistant training ကစားခိုင်းပါတယ်။ ကိုယ်အလေးချိန်ကျချင်သူကို ဘာကြောင့် အလေးနဲ့ ကစားခိုင်းတာပါလဲ။
တကယ်တော့ ကိုယ်အလေးချိန်တက်တယ် ကျတယ် ဆိုတာ သချာင်္ပါဘဲ။ ဘာရောဂါမှ မရှိရင် စားလိုက်တဲ့ကယ်လိုရီဟာ လောင်ကျွမ်းတဲ့ ကယ်လိုရီထက် များနေရင် အပေါင်း ဝိတ်တက်လာမှာပါ။ စားလိုက်တဲ့ကယ်လိုရီဟာလောင်ကျွမ်းတဲ့ကယ်လိုရီထက် နည်းနေရင်တော့ အနှုတ် ဝိတ်ကျသွားမှာပေါ့။ ဒီတော့ ဝိတ်ကျချင်သူတွေအတွက် နည်းပြဆရာက ကယ်လိုရီ နည်းတဲ့ စားသောက်မှုကို လမ်းညွှန်ပေးပါတယ်။ လောင်ကျွမ်းတဲ့ ကယ်လိုရီဟာ တဦးနဲ့ တဦးမတူပါဘူး။ မျိုးရိုးဗီဇ အရ လောင်ကျွမ်းမှုများတဲ့သူကြတော့ တော်ရုံတန်ရုံစားလည်း မ ဝ ပါဘူး။ လောင်ကျွမ်းမှုနည်းတဲ့သူကြတော့ နဲနဲဘဲစားလည်း ဝ နေတတ်ပါတယ်။ မျိုးရိုးဗီဇ ကိုတော့ ဘယ်လိုမှ ပြင်လို့ မရနိုင်တော့ပါဘူး။ ဒီတော့ ဝိတ်ကျလိုသူများအတွက် ကယ်လိုရီလောင်ကျွမ်းမှုများတဲ့ cardio လေ့ကျင့်ခန်းများ treadmill ,stepmill, cycling, aerobic စတဲ့ လေ့ကျင့်ခန်း များကို လုပ်စေပါတယ်။ ပြီးတော့ အလေးများ နဲ့ weight training လည်းလုပ်ပြီး ကြွက်သားတည်ဆောက်စေပါတယ်။ အထူးသဖြင့် အလးပေါ့ပေါ့နဲ့ အကြိမ်များများ အကျော့များများလုပ်စေပါတယ်။ တကယ်တော့ Weight training ဟာ နားလိုက်လုပ်လိုက် intermittent workout ဖြစ်လို့ တောက်လျှောက်လုပ်တဲ့cardio လို continuous workout မဟုတ်တဲ့ အတွက် ကယ်လိုရီလောင်ကျွမ်းမှုဟာ cardio ထက်စာရင် အများကြီးနဲပါတယ်။ နာရီဝက်လောက်အလေးနဲ့ပင်ပင်ပန်းပန်းကစားရင် ၁၃၀ ကယ်လိုရီလောက်ဘဲ လောက်ကျွမ်းပါတယ်။ နာရီဝက်လောက်ပြေး ရင် ၃၅၀ ကယ်လိုရီလောက်ထိ လောင်ကျွမ်းပါတယ်။
💯💯ဒါပေမဲ့ cardio ဟာလုပ်ပြီးသွားရင် လောင်ကျွမ်းမှုလည်းပြီးသွား ရပ်သွားပါတယ်။ weight training ကတော့ workout ပြီးသွားလည်း နောက်ထပ် ၃၆ နာရီလောက်ထိ ကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးနေတုံးပါ။✅✅✅
ဒါကို Excess Post-exercise Oxygen Cosumption (EPOC) လို့ ခေါ်ပါတယ်။ ဒါက အလေးကစားခြင်ရဲ့ပထမ အကျိုးကျေးဇူးပါ။ ဒုတိယကတော့ အလေးနဲ့ ကစားလို့ လ အတန်ကြာမှာ တည်ဆောက်လိုက်တဲ့ကြွက်သားဟာ လှုပ်ရှားမှု မရှိချိန် မှာ မသိသာပေမဲ့ လှုပ်ရှားတဲ့ အချိန် မှာ အဆီထက် အဆပေါင်း များစွာ လောင်ကျွမ်းမှု နှန်း ပိုများပါတယ်။ ဒါကြောင့် muscle များလေ အဆီ နည်းလေပါ။ တတိယ အချက်ကတော့ weight training workout ဟာ ကိုယ်တွင်းမှာ growth hormone ထုတ်လုပ်ရန် လှုံဆော်ပေးပါတယ်။ Growth hormone ဟာ အဆီများ ကို ပြိုကွဲလောင်ကျွမ်းစေပါတယ်။
နောက်ဆုံး အချက်ကတော့ cardio လုပ်ခြင်းဖြင့် ကြွက်သားရော အဆီ ရော လောင်ကျွမ်းပါတယ်။ cardio ကြောင့်ထွက်လာတဲ့ stress ဟော်မုန်း cortisol ဟာ ကြွက်သားထု ကိုသေးစေပါတယ်။ Cardio လုပ်ပြီး ဝိတ်ကျသွားရင် ကိုယ် ခန္ဓာ အသားရည်တင်းရင်းမှု မရှိဘဲ ပျော့တွဲပြီးကျန်ရစ်ပါတယ်။ အလေးနဲ့ ကြွက်သားတည်ဆောက်ထားရင်တော့ ဝိတ်ကျသွားလည်း အသားရည် တင်းတင်းရင်းရင်းကျန်ခဲ့တာမို့  ပိုမို လှပတင့်တယ်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် အဆီ ဘဲချ လိုသူ များကိုလည်း အလေးများနဲ့ weight training workout များ လုပ်စေရခြင်းဖြစ်ပါတယ်

We love your body like you do ❤❤❤

Credit: DrHtunHtunOo

24/07/2018

ညနေပိုင်း Gym ကစားပြီး ဘာတွေ ဘယ်လို စားကြမလဲ

အခု ညနေစာ စားတဲ့ အကြောင်း ပြောပြမယ်နော်

ကျွန်မတို့ကို တော်တော်များများ လာမေးတဲ့ မေးခွန်းလေးတစ်ခုရှိတယ် ညနေပိုင်း Gym ကစားပြိး ညစာ စားလို့ရလား.. ဖြေမယ့်အဖြေကတော့ ရတယ် လို့ပဲ ဖြေမှာပါ… ဒါပေမယ့် ဘာစားသင့်တယ် ဘယ်အချိန်စားရမယ် ဘယ်လိုမျိုး စားရမယ်ဆိုတာက အောက်ကို ဆက်ပြီးတော့ ရေးထားပါတယ်

တစ်ခု သတိထားရမှာက ညစာဖြစ်တဲ့ အတွက်ကြောင့် အိပ်ခါနီးနဲ့ စားတဲ့ အစားအစာ ကြားမှာ အစာချေဖို့အတွက် အချိန်အလုံအလောက် (၂ - ၃ နာရီ) ရှိဖို့လိုပါတယ်။ ညစာ စာတဲ့ အချိန်နဲ့ အိပ်ချိန် နီးရင် (၃ နာရီအတွင်း အိပ်မိရင်) စားလိုက်တဲ့ အစာက အူလမ်းကြောင်းထဲမှာပဲ ရှိနေလို့ အစာအိမ်က အစာဆက်ချေလို့ မရပါဘူး။ အဒါကြောင့် အစာမကြေတာ နေလို့မကောင်းတာ ရင်ဘက်အောင့်တာ ဗိုက်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

ညဘက် မှ Gym ကစားဖြစ်တယ် ဆိုရင် (ဥပမာ gym မှာ ၂ နာရီ ကစားတယ် ဆိုပါစို့.. စကစားတဲ့ အချိန်က ညနေ ၇ နာရီ ပြီးချိန်က ၉ နာရီ အဒိအချိန်မှ ညစာ စ စားတယ် ဆိုရင် အိပ်ချိန်နဲ့ အရမ်းနီးနေပြီ အဒါဆိုရင် မသင့်တော်ပါဘူး..) အဒါကြောင့် မကစားခင်မှာ ၂ နာရီအတွင်းမှာ ညနေစာ (Pre Workout Meal) ကို စားသင့်ပါတယ် ပြီးတော့မှ Gym ကစားပါ Gym ကစားပြီး ၂ နာရီအတွင်း အစာကြေလွယ်မယ့် အစာ တစ်ခုခု စားလိုက်ရင် ပိုကောင်းပါတယ်။ နွားနို့သောက်တာ ကြက်ဥပြုတ်စားတာ ဖြစ်ဖြစ် သစ်သီး စားတာမျိုး။ ဒါမှမဟုတ် လွယ်လွယ်ကူကူ အလုပ်ရှုပ်သက်သာ အာဟာရလဲဖြစ်စေတဲ့Protein Bar တွေကို စားလို့ရပါတယ် ဈေးတော့ နဲနဲများတာပေါ့

ဒါပေမယ့် ကိုယ်ကိုတိုင်က ဝိတ်ကျဖို့ ကစားနေတာမဟုတ်ဘူး Diet လုပ်နေတာလဲမဟုတ်ဘူးဆိုရင်တော့ ညနေပိုင်း Gym ကစားပြီးတာနဲ့ ကုန်သွားတဲ့ energy ကို ပြန်ဖြည့်ရအောင် ညနေစာကို သေချာစားပေးပါ.. အဒါတွေကြောင့်လဲ Fitness/ Nutrition ဆရာကြီးတွေက ညစာမရှောင်စေချင်တာလဲ ပါပါတယ်။ နိုင်ငံခြားက Fitness Instructor တွေကလဲ (Carbohydrate and Protein ကို 4:1 နဲ့ စားပေးဖို့ကို အကြံပေးထားတာလေးရှိပါတယ်။ ဥပမာ အာလူး/ ကန်စွန်းဥ ထမင်းနဲ့ အဆီသိပ်မပါတဲ့ အသားတစ်မျိုးမျိုး ပေါ့

ညဘက် ကို Gym ကစားထားလို့ အားလဲ ကုန်ထားသေးတယ် ကုန်သွားတဲ့ အားကို ပြန်လဲ မဖြည့်ဘူးဆိုရင် နောက်ရက်တွေမှာ ဆက်ပြီး ကောင်းကောင်းကစားနိုင်မှာ မဟုတ်ပါဘူး ပင်ပန်းပြီး နေမကောင်းဖြစ်သွားတာမျိုးအထိ ဖြစ်တတ်ပါတယ်။..
အဒါကြောင့် “Your Body is what you eat” လို့ ပြောကြတာပေါ့ ...

အခုအပေါ်မှ ရေးသားဖော်ပြချက်များသည် မှန်သည် မှားသည်ထက် ဖြစ်နိုင်ခြေ ရှိသည်များ ကျွန်မတို့ကိုယ်တိုင် စားသောက်နေတဲ့ စားသောက်မှုပုံစံကို ရေးသားဖော်ပြထားခြင်း ဖြစ်ပါသည်။ ကျေးဇူးတင်ပါတယ်ရှင်

With Love,

Gym (၁)လလောက်ဆော့ပြီးတာနဲ့ နားချင်တဲ့စိတ်မပေါက်အောင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နည်းGym ဆော့တဲ့ ပထမဆုံးရက်ဆို ပြုံးပြုံးရွှင်ရ...
20/07/2018

Gym (၁)လလောက်ဆော့ပြီးတာနဲ့ နားချင်တဲ့စိတ်မပေါက်အောင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နည်း
Gym ဆော့တဲ့ ပထမဆုံးရက်ဆို ပြုံးပြုံးရွှင်ရွှင်နဲ့ တက်ကြွလန်းဆန်းနေတာပဲ။နောက်ပိုင်းတစ်ဖြည်းဖြည်း အရှိန်တွေမြင့်လာတော့ ကိုယ်လက်တွေနာကျင်လာရင် ဆက်ဆော့ဖို့ကို တွန့်သွားတတ်ကြပါတယ်။ မတွန့်ပါနဲ့။

တစ်လလောက်ဆော့ပြီးတာနဲ့ ဆက်ဆော့နိုင်ဖို့ စိတ်အားမြှင့်တင်ပေးမယ့် ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါဦး။

(၁) သူများတွေအမြင်ကို ဂရုမစိုက်နဲ့

ကိုယ့်မှာလိုအပ်ချက်ရှိလို့ ဂျင်လာဆော့တာလေ။ အရမ်းလှနေရင် ဘယ်သူကပိုက်ဆံအကုန်ခံပြီး
ဆော့မှာလဲ ? အခြားသူတွေ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီးလှောင်ပြောင်မှာကို မစိုးရိမ်ပါနဲ့။ ကိုယ့်ဘာသာမှန်ကြည့်ပြီး နည်းပြတွေနဲ့ နည်းစနစ်မှန်ကန်အောင်ဆော့ပါ။ အချိန်က သက်သေပြသွား
ပါလိမ့်မယ်။

(၂) ဂိမ်းတစ်ပွဲဆော့နေသလို သဘောထား

ပြက္ခဒိန်တစ်ခုချ ။ လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ရက်တွေကို သေချာမှတ်ထားပြီး ကိုယ်စိတ်မပါသလိုဖြစ်နေချိန်တိုင်း မှတ်ထားတာကို ပြန်ကောက်ကြည့်။ ငါဒီလောက်ထိဆော့လာပြီးမှ လက်လျော့လိုက်လို့မဖြစ်ဘူး။ ငါလိုချင်တဲ့ ဘော်ဒီတစ်ခုရအောင် ဆက်ကြိုးစားမယ်လို့ အားမွေး။

(၃) လှပတဲ့ အားကစားဝတ်စုံဝယ်

အချို့ သုတေသီတွေက အနီရောင်ဝတ်စုံဟာ အောင်မြင်ခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ ဆိုတယ်။ အနီရောင်အားကစားဝတ်စုံလေးနဲ့ လေ့ကျင့်ခန်းလုပ်ကြည့်ပါလား။ မှန်ထဲမှာအရမ်းလှနေလို့ အခေါက်ရေများများလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာမယ်။

(၄) စိတ်တက်ကြွမယ့် သီချင်းနားထောင်

သင့်ရဲ့ စိတ်ကိုလန်းဆန်းတက်ကြွစေမယ့် သီချင်းမျိုးနားထောင်ပါ။ ဂီတက စိတ်ခံစားချက်ကောင်းစေတယ်။ စိတ်ကြည်လင်စွာနဲ့ လေ့ကျင့်ခန်းလုပ်ရင် ၅၀ရာခိုင်နှုန်းလောက်အောင်မြင်ပြီတဲ့။

(၅) အစီစဉ်ဆွဲ

Gym သွားချိန်ကို အချိန်ဇယားဆွဲပါ။ ဘယ်အချိန်မှာ ဘာလုပ်တယ်၊ ဘယ်လိုလုပ်တယ်ဆိုတာကို
မှတ်ထားပါ။ နောက်ထပ်ကစားရမယ့်ပုံစံတွေကို သေချာစိစစ်လို့ရတာပေါ့။ ပြန်ကြည့်လိုက်ရင်လည်း
ငါဘယ်လောက်ထိဆော့ခဲ့တာပဲ ဆိုတာကိုပြန်သိနိုင်တယ်။

(၆) crush လေးတစ်ယောက်လည်းထား

Gym မှာ ကြိတ်ကြွေနေရတဲ့ crush လေးရှိတာလည်း စိတ်အတွက် တွန်းအားဖြစ်စေပါတယ်။ မသွားချင်ရင်တောင် သြော်….သူနဲ့တွေ့ရဦးမှာပါလား ဆိုတဲ့အသိက သင့်ကို Gymသို့ ဆွဲခေါ်သွားနိုင်ပါတယ်။ တကယ်ပြောတာပါ.. အချစ်က အကောင်းဆုံးစိတ်ဓာတ်ခွန်အားတစ်ခုပါပဲ။
Gym သွားဖို့ပျင်းနေရင် ဒီအချက်လေးတွေလိုက်လုပ်ကြည့်နော်။ ကိုယ်လုပ်မှ ကိုယ်လှမှာပါ။ ဖိုက်တင်း!

GYM နှင့် ကျန်းမာရေး ဗဟုသုတ များ အမြဲတင်ဆက် မှာမို့ page ကို like လုပ်ထားနော်

Credit: cantwait2say

Address

မြို့မဈေးအနီး
Thanlyin
95

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Future World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share