20/03/2023
"မနေ့ကညနေ7:00မှာ
ယှဥ်ပြိုင်ကစားခဲ့တဲ့
Gatefan FC Vs TaTarOo FC
နဲ့လက်ကျန်နောက်ဆုံးပွဲစဥ်(၂)ပွဲ"
သံတွဲဖူဆယ်လိဒ်ရာသီ(၂)ကိုတော့အသင်းပေါင်(၁၁)သင်းဝင်ရောက်ယှဥ်ပြိုင်နေတာကိုမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။တံတားဦးFCအနေနဲ့ယခုရာသီ(၂)
ရဲ့( ၉)ပတ်မြောက်ပွဲစဥ်တစ်ပွဲဖြစ်တဲ့GateFan Fcကို2:14ရလဒ်နဲ့အနိုင်ယူခဲ့နိုင်ပါတယ်ခင်ဗျာ။
ထို့အတွက်နဲ့တံတားဦးFCဟာဆိုရင်ဖြင့် (၈)ပွဲကစားပြီး (၇)ပွဲနိုင် (၁)ပွဲရှုံးရလဒ်ဖြင့်ဇယားမှာ အဆင့်(၂)နေရာမှာ ရမှတ်(၂၁)မှတ်ဖြင့်ရပ်တည်နေပါတယ်
ရာသီ(၁)ရဲ့ချန်ပီယံဟောင်း
လေးဝတီFCအနေနဲ့ (၈)ပွဲကစားပြီး (၇)ပွဲနိုင် (၁)ပွဲသရေ ရမှတ် (၂၂)မှတ်ဖြင့်ဇယားရဲ့အဆင့်(၁)နေရာမှာရပ်တည်နေပါတယ်
Panda Fcအနေနဲ့လည်း (၈)ပွဲကစားထားပီး (၇)ပွဲနိုင် (၁)ပွဲရှုံး ရမှတ် (၂၁)မှတ်နဲ့ဇယားရဲ့အဆင့်(၃)နေရာမှာတံတားဦးFCနဲ့ရမှတ်တူအနေအထားဖြင့်ရပ်တည်လျှက်ရှိနေပါတယ်
အထက်ပါ လေးဝတီFC၊တံတားဦးFC၊Panda FCတို့ဟာ ရမှတ်ဟာ(၁)မှတ်ဘဲကွာဟနေတဲ့အတွက် လက်ကျန်(၂)ပွဲကိုရှေ့ဆက်ဘယ်လိုရုန်းကန်ကြိုးစားပြီး
ယှဥ်ပြိုင်သွားပြီးထို(၃)သင်းထဲကမှဘယ်အသင်းက လက်ရှိရာသီ(၂)ရဲ့ချန်ပီယံဖြစ်လာအုံးမလဲဆိုတာစိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမဲ့ပွဲကောင်းတွေဘဲဖြစ်ပါတယ်
#တံတားဦးFCပရိတ်သတ်တစ်ယောက်ချင်းဆီကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
#အသင်းသားအနေနဲ့လည်းဒဏ်ရာကင်းရှင်းပီးခြေစွမ်းကောင်းတွေပိုမိုပီးပြသနိုင်ပါစေဗျာ
#အရေးအသားအမှားပါခဲ့ရင်တောင်းပန်ပါတယ်ခင်ဗျာ
(TaTarOoFC)