Coach Htet Myat:Mommy mind power

Coach Htet Myat:Mommy mind power လူငယ်တွေရဲ့ကိုယ်စိတ်စွမ်းအားများသုံးပြီးအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရရှိအောင်ကူညီလမ်းပြပြောင်းလဲပေးသူ

25/06/2026

#ပုံသွင်းသူမဖြစ်ပါစေနဲ့
#ပျိုးထောင်သူပဲဖြစ်ပါစေ...

😞 5 နှစ်...
"သားသူငယ်ချင်းအိမ် သွားချင်တယ်"
"မသွားနဲ့ အိမ်မှာပဲဆော့"
"အော် ဟုတ်ကဲ့"
(ဘယ်သူငယ်ချင်းအိမ်မှ သူမသိဘူး။
သူ့မှာ အချစ်ဆုံးသူငယ်ချင်း မရှိဘူး။ သူအထီးကျန်တယ်)

😞 8 နှစ်...
"ဟို ပါဝါရိမ်းဂျားအရုပ် လိုချင်တယ်။ ဝယ်ပေးပါလား"
"အဲဒါတွေက အလကား ဗိုက်ပြည့်တာမဟုတ်ဘူး"
"အော် ဟုတ်ကဲ့"
(ကလေးဘဝ အမှတ်တရတွေကို ပြန်ကြည့်တိုင်း သူဟာ ကလေးတစ်ယောက် မဟုတ်ခဲ့ဘူး)

😞10 နှစ်...
"ကျောင်းဘောလုံးပြိုင်ပွဲမှာ ဘောလုံးဝင်ကန်ချင်တယ်"
"ခြေထောက်ကျိုးမယ်၊ ကွဲပြဲကုန်မယ်၊ ကျိုးကန်းချင်လား မကန်နဲ့"
"အော် ဟုတ်ကဲ့"
(အဲဒီအချိန်ကစ ဘာအားကစားမှ မပါဝင်ဖြစ် ကျန်းမာရေးလှုပ်ရှားမှုမရှိ ကြံ့ခိုင်မှုမရှိ)

😞13 နှစ်...
"လပြည့်ည သူငယ်ချင်းနဲ့ တူတူပုန်းတမ်း ကစားချင်တယ်"
"မကစားနဲ့ ၈နာရီရှိပြီ နတ်ဖွက်မယ်၊ သရဲရှိတယ်၊သံခရာခေါင်းဖြတ်မယ်"
"အော် ဟုတ်ကဲ့"
(ကြီးတဲ့အချိန်ထိ အမှောင်ကိုကြောက်၊ သရဲတစ္ဆေတွေကြောက် အမြဲစခံရ)

😞15 နှစ်...
"စီးပွားရေးသမားဖြစ်ချင်တယ် Eco တွဲ ယူမယ်နော်"
"ဟိုကောင် အာကာ တောင် Bio ယူတယ် Bio က ပိုမြင့်တယ် အဲဒါယူ"
"အော် ဟုတ်ကဲ့"
(သူစိတ်မဝင်စားတဲ့ ခန္ဓာအစိတ်အပိုင်းတွေအကြောင်း၊ တိရစ္ဆာန်၊ အပင်တွေအကြောင်း
ငြီးငွေ့အောင် သင်ခဲ့ ကျက်ခဲ့ရ)

😞16 နှစ်...
"အမှတ်လည်းကောင်းတယ် စီးပွားရေးတက္ကသိုလ် တက်ချင်တယ်"
"နင့်အမှတ်နဲ့ ဆေးကျောင်းတက် နင့်ကို ဆရာဝန်ဖြစ်ဖို့ ကျောင်းထားတာ"
"အော် ဟုတ်ကဲ့"
(သူ့အကြီးမားဆုံးဆန္ဒကို ဖျက်ဆီးခံလိုက်ရပြီး ဘဝတစ်လျှောက်လုံး ဝါသနာမပါရာအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ခဲ့ရ")

😞19 နှစ်...
"ရည်းစားရှိနေပြီ သူက စီးပွားရေးကျောင်းက"
"ရူးနေလား ဆရာဝန်ဟာ ဆရာဝန်နဲ့ပဲယူ အဆင့်တူ ငွေကြေးချမ်းသာတာနဲ့ယူ ခွေးမဖြစ်ချင်နဲ့"
"အော် ဟုတ်ကဲ့"
(သူ့ဘဝရဲ့ တစ်သက်လုံးလက်တွဲရမယ့်သူကို
ဆုံးရှုံးခဲ့။ အချစ်ဆိုတာကို ငွေကြေးနဲ့ဂုဏ်ဒြပ်က ဖျက်ဆီးခဲ့)

😞20 နှစ်...
"အဲဒီနေရာကို မရောက်ဖူးဘူး"
"မင်းက အဲ့မြို့မှာမွေး အဲ့မှာကြီးတာလေ။ ဒါလေးတောင် မရောက်ဖူးဘူး မသိဘူးလား"
"အော် အေးပါကွာ"
(သူငယ်ချင်းတွေကြားထဲ သူဟာ ဘာမှမသိသူ
တစ်ယောက်)

😞25 နှစ်...
"ဒါလေးကို ဒီလိုလုပ်လိုက်ရင် ကောင်းမယ်နော်"
"အဲဒီလို ဘယ်သူမှမလုပ်ဖူးဘူး ဟိုးအရင်လူကြီးတွေက ဟိုလိုပဲလုပ်လာတာ အဲလိုလုပ်"
"အော်ဟုတ်ကဲ့"
(ကိစ္စတစ်ခုအပေါ် မိမိအမြင်သစ်တွေနဲ့ မဖြေရှင်း၊မဖန်တီးတတ် တခြားသူအမြင်တွေပေါ် မှီခိုခဲ့)......
အိမ်က သဘောတူတဲ့သူနဲ့ ယူခဲ့တယ်။ ချစ်တဲ့သူနဲ့ဝေးတယ်။

ကိုယ့်ဝါသနာကို စွန့်လွှတ်တယ်။
မိဘရွေးပေးတာ လုပ်တယ်။

ကိုယ့်အလုပ်ကိစ္စတွေကအစ ကိုယ်တိုင်ဆုံးဖြတ်ခွင့်မရှိ။

စွန့်စားလိုစိတ်တွေ ပျောက်ကွယ်၊ စဉ်းစားနိုင်စွမ်းတွေ ပျောက်သွားတယ်။

သူငယ်ချင်းတွေ ကိုယ့်မြို့လာလည်လို့ သွားသင့်တဲ့နေရာတွေ မေးရင် မသိ။

ဒါပေမယ့်
လူကြီးတွေရဲ့ မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ

"ဒါက ကျွန်မတို့ သား/သမီးလေးလေ
မိဘစကားကို တစ်သွေမတိမ်းလိုက်နာတယ်။အရမ်းလိမ္မာတာ အမေက ဒါဆိုဒါပဲ"

"သား/သမီး လိမ္မာလေး"

မိဘကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ပေးနိုင်ခဲ့တယ်။ သူရဲ့ အကျင့်၊ ဝါသနာ၊ အချစ် ဖြစ်ချင်စိတ်တွေကို အဖျက်ဆီးခံပြီးတော့ပေါ့။

ဘဝတစ်လျှောက်လုံး အမိန့်နာခံတတ်အောင် သင်ကြားခံခဲ့ရပြီး လူတစ်ယောက်ရဲ့ ပင်ကိုယ်စွမ်းရည်တွေမရှိ၊ ဦးဆောင်မတတ်၊ လူရှေ့သူရှေ့စကားမပြောရဲ၊တစ်ယောက်ထဲ ဘာမှ မလုပ်ရဲ။ ဒါပေမယ့် သူဟာ သား/သမီးလိမ္မာ...

တစ်သက်လုံး ပင်ကိုယ်စွမ်းရည် ဆုံးဖြတ်နိုင်စွမ်းတွေကို နင်းချေခံခဲ့ရပေမယ့် နင်းချေခဲ့တဲ့သူတွေကိုယ်တိုင် တစ်ခါတစ်ရံ ဒါတောင်မသိဘူးလား ဒါလေးတောင် မလုပ်တတ်ဘူးလားလို့ ဆူလေရဲ့...

ဘာအကျိုးသက်ရောက်မှုတွေပဲ ရှိပါစေ လူကြီးတွေကတော့ ကောင်းစေချင်လို့ဆိုတဲ့ အဖြေတစ်ခုသာရှိပါတယ်။

စောဒကတက်မိရင် လူကြီးစေတနာနဲ့ပြောတာ
နားမလည်ဘူးလားဆိုတဲ့ အဖြေမဲ့မေးခွန်းတွေ အမေးခံရတတ်ပါတယ်။

လူကြီးတွေ တကယ်စေတနာရှိရင်
လူငယ်တွေကို နားလည်ပေးသင့်တာပေါ့။
ကိုယ်က လူကြီးဖြစ်ပြီး နားမလည်ခိုင်းသင့်ဘူး။

လူကြီးတွေကို သိစေချင်တာက ကိုယ့်မျိုးဆက်သစ်တွေကို ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို တစ်သွေမသိမ်းလိုက်နာပြီး သူဖြစ်ချင်တာကို ဘာမှမသိတဲ့ (ကိုယ်လည်း သိစရာမလို) ကိုယ်ပါမှ ကိုယ်ပြောမှ လုပ်တတ်တဲ့သူအဖြစ် ပုံသွင်းနေတာလား။

ဒါ့အပြင် နှင်းဆီနဲ့တူတဲ့သူကို
စံပယ်နဲ့တူတဲ့သူနဲ့
ယှဉ်လေ့ရှိကြပါတယ်...

ဆရာဝန်နဲ့ အင်ဂျင်နီယာ ဘယ်သူပိုတော်သလဲဆိုတာ...

လှေသမားနဲ့ ဆရာဝန်
ဘယ်သူပိုတော်သလဲ...

လယ်သမားနဲ့ အင်ဂျင်နီယာ
ဘယ်သူပိုတော်သလဲ မေးနေသလိုပါပဲ...

နှင်းဆီရဲ့ထူးခြားချက်က အရောင်ဖြစ်သလို
စံပယ်ရဲ့အားသာချက်က ရနံ့ဖြစ်ပါတယ်...

နှင်းဆီက ပိုလှတယ်လို့ဖြေရင်
သင်ဟာ နှင်းဆီကြိုက်လို့ဖြစ်ပြီး...

စံပယ်က ပိုလှတယ်ဖြေရင်
သင်ဟာ စံပယ်ကိုကြိုက်လို့ပါ...

ပန်းချင်းတူပေမယ့်
အရည်အချင်းမတူပါဘူး...

တစ်ချိန် မိဘဖြစ်မယ့် သင်လည်း
ပုံသွင်းသူနဲ့ ပျိုးထောင်သူကို
သေချာနားလည်ပြီး ပန်းပျိုးတဲ့လက်ကလေးဖြစ်ပါစေ...

နှင်းဆီကို ပိုရဲစေပြီး
စံပယ်ကို ပိုမွှေးစေနိုင်သူ
ဖြစ်ပါစေ....။ ။

Credit...

ပျော်ရွှင်စရာကောင်းတွေကို လူငယ်ဘဝမှာ အပြည့်အဝဖန်းတီးပါ❤   #လူငယ် #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်
30/01/2025

ပျော်ရွှင်စရာကောင်းတွေကို လူငယ်ဘဝမှာ အပြည့်အဝဖန်းတီးပါ❤


#လူငယ်
#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

ကိုယ်အတွက် ကိုယ်သာလျှင့်အကောင်းဆုံးအဖော်မွန်ပါ❤   #လူငယ်  #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်
19/01/2025

ကိုယ်အတွက် ကိုယ်သာလျှင့်အကောင်းဆုံးအဖော်မွန်ပါ❤


#လူငယ်
#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

ဘယ်လိုအရာမျိုးတေဘဲကြုံတွေ့နေရပါစေ အမြဲတမ်းပြုံးပြုံးလေးကျော်ဖြတ်နိုင်အောင်နေပါ❤❤❤   #လူငယ်  #လူငယ်တွေဘဝမှာအောင်မြင်ပျော်...
18/01/2025

ဘယ်လိုအရာမျိုးတေဘဲကြုံတွေ့နေရပါစေ အမြဲတမ်းပြုံးပြုံးလေးကျော်ဖြတ်နိုင်အောင်နေပါ❤❤❤


#လူငယ်
#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

ဘဝမှာ စိတ်အေးချမ်းသားစွာနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုတာ စိတ်က အရေးအကြီးဆုံးပါ😍   #လူငယ်  #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ...
17/01/2025

ဘဝမှာ စိတ်အေးချမ်းသားစွာနဲ့ ဖြတ်သန်းနိုင်ဖို့ဆိုတာ စိတ်က အရေးအကြီးဆုံးပါ😍


#လူငယ်
#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

အရာရာအားလုံးဟာ ဒီထပ်မက ပိုကောင်းဖို့ဖြစ်လာတာပါ❤   #လူငယ်  #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်
17/01/2025

အရာရာအားလုံးဟာ ဒီထပ်မက ပိုကောင်းဖို့ဖြစ်လာတာပါ❤


#လူငယ်
#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

ဖြစ်ချင်တာတွေက အကြောင်းတရားပြည့်ဝသွားရင် တကယ်ဖြစ်မှာသေချာတယ်❤   #လူငယ်  #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်
16/01/2025

ဖြစ်ချင်တာတွေက အကြောင်းတရားပြည့်ဝသွားရင် တကယ်ဖြစ်မှာသေချာတယ်❤


#လူငယ်
#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

13/01/2025

မိဘတွေအတွက် ကိုယ်ကအဆိပ်အတောက်ဖြစ်နေပြီလား❓❓❓


#လူငယ်

တကယ်တော့ လူ့ဘဝဟာ စွန့်စားရတာပါ👍စွန့်မှစားရတာ အဲ့ဒါကြောင့်စွန့်စားဖို့မမေ့ပါနဲ့ လူငယ်💪   #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင...
12/01/2025

တကယ်တော့ လူ့ဘဝဟာ စွန့်စားရတာပါ👍
စွန့်မှစားရတာ အဲ့ဒါကြောင့်စွန့်စားဖို့မမေ့ပါနဲ့ လူငယ်💪


#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

အတွေးပြောင်းရင် လုပ်ရက်ပြောင်းတယ် လုပ်ရက်ပြောင်းရင် ရလဒ်ပြောင်းတယ် ဆိုတာမင်းသိလားလူငယ်❤   #လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွ...
10/01/2025

အတွေးပြောင်းရင် လုပ်ရက်ပြောင်းတယ် လုပ်ရက်ပြောင်းရင် ရလဒ်ပြောင်းတယ် ဆိုတာမင်းသိလားလူငယ်❤


#လူငယ်တွေဘဝမှာအောင်မြင်ပျော်ရွှင်ရမယ်

Address

Taungoo
08101

Alerts

Be the first to know and let us send you an email when Coach Htet Myat:Mommy mind power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Coach Htet Myat:Mommy mind power:

Shortcuts

Share

Category