The Soccer Box

The Soccer Box ဘော်လုံးဆောင်းပါးများ/သတင်းများ/ ပွဲကြိုသုံးသပ်ချက်များဖတ်ရှုနိုင်ပါတယ်ခဗျာ။

မန်ယူကို ရင်ထဲအသည်းထဲက မုန်းတဲ့ ဒီမာရီယာ*********************************************🗣 ၂၀၂၀ တုန်းက ဒီမာရီယာနဲ့ပတ်သက်ပြီး...
08/08/2024

မန်ယူကို ရင်ထဲအသည်းထဲက မုန်းတဲ့ ဒီမာရီယာ
*********************************************
🗣 ၂၀၂၀ တုန်းက ဒီမာရီယာနဲ့ပတ်သက်ပြီး
ပီအက်စ်ဂျီဂိုးသမားဟောင်းဘူလ်ကာက
အခုလို ဖွင့်ပြာခဲ့ပါတယ်။

''ဒီမာရီယာက မန်ယူကို အရမ်းမုန်းတာပါ။
အဲဒီအသင်းက အမှတ်တရကောင်းလေး
တစ်ခုတောင် သူ့မှာ မရှိပါဘူး။ တီဗီမှာ
မန်ယူပွဲလာတာနဲ့ သူက ချန်နယ်ပြောင်းဖို့
ကျွန်တော်တို့ကို ပြောပါတယ်။ သူက
မန်ယူနဲ့ပတ်သက်ရင် သည်းကိုမခံနိုင်တာပါ''

မှတ်မိကြသေးရဲ့လား။ ပီအက်စ်ဂျီကစားသမား
အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာတုန်း
က ပွဲကြည့်စင်ကနေ သူ့ဆီ ပစ်ပေါက်တဲ့
ဘီယာပုလင်းကို သောက်ချင်ယောင်ဆိုပြီး
အသင်းဟောင်းကို ဒီမာရီယာလှောင်ခဲ့တာကို။
အဲဒီတုန်းက အာဂျင်တီးနားသားဟာ ပီအက်စ်ဂျီ
ရတဲ့ ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့တာပါ။

ဒီနွေက ထင်ရှားတဲ့အပြောင်းအရွှေ့တွေ(အခုချိန်ထိ)***********************************************အက်သလက်တီကိုသို့ အယ်ဗာရက်ဇ်...
08/08/2024

ဒီနွေက ထင်ရှားတဲ့အပြောင်းအရွှေ့တွေ(အခုချိန်ထိ)
***********************************************
အက်သလက်တီကိုသို့ အယ်ဗာရက်ဇ် - ယူရို ၉၅ သန်း
အက်သလက်တီကိုသို့ ဂယ်လာဂါ - ယူရို ၄၂ သန်း
အက်သလက်တီကိုသို့ ဆော်လို့ - ယူရို ၃၅ သန်း
ဘာစီလိုနာသို့ အိုလ်မို - ယူရို ၅၅ သန်း
ချဲလ်ဆီးသို့ ဆာမူ - ယူရို ၃၅ သန်း
အယ်အေဂလက်ဆီသို့ မာကိုရူးစ် - အလွတ်
ပီအက်စ်ဂျီသို့ ဂျာအိုနီဗက်စ် - ယူရို ၇၀ သန်း
စတုဂတ်သို့ အန်ဒပ် - ယူရို ၃၀ သန်း
ဝက်စ်ဟမ်းသို့ ဖူလ်ခရက် - ယူရို ၃၀ သန်း
ပီအက်စ်ဂျီသို့ ဝီလျံပါချို - ယူရို ၄၅ သန်း

photo credit - original uploader

ရီးရဲလ်နဲ့အတူ ပထမဆုံးအကြိမ်အဖြစ်လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ အမ်ဘက်ပီ
08/08/2024

ရီးရဲလ်နဲ့အတူ ပထမဆုံးအကြိမ်အဖြစ်
လေ့ကျင့်ခန်းဆင်းနေပြီဖြစ်တဲ့ အမ်ဘက်ပီ

ဂန်းနား တစ်ခါဖြစ်ဖူးရုံနဲ့ အမြဲတမ်းဂန်းနားပါပဲ*******************************************ရာသီကြိုမှာ လေဗာကူဆင်နဲ့အတူ အမ်...
08/08/2024

ဂန်းနား တစ်ခါဖြစ်ဖူးရုံနဲ့ အမြဲတမ်းဂန်းနားပါပဲ
*******************************************
ရာသီကြိုမှာ လေဗာကူဆင်နဲ့အတူ
အမ်းမရိတ်စ်ကို ပြန်ရောက်လာတဲ့
သူတို့ကပ္ပတိန်ဟောင်းဇာခါကို
အာဆင်နယ်က လှိုက်လှိုက်လှဲလှဲ
ကြိုဆိုခဲ့ပါတယ်။ ပွဲမကန်ခင် အမ်း
မရိတ်စ်က Screen ကြီးမှာ 'ဇာခါ
အတွက် ကြိုဆိုပါတယ်'ဆိုတဲ့ မက်
ဆေ့ချ်ကို ပြထားတာပါ။ အဲဒီပွဲ ဒုတိ
ယပိုင်းမှာ ဇာခါလူစားလဲခံရချိန်
အမ်းမရိတ်စ်တစ်ကွင်းလုံးက သူတို့
ကြယ်ပွင့်ဟောင်းကို မတ်တပ်ရပ်
လက်ခုပ်သြဘာပေးခဲ့သလို နည်းပြ
အာတီတာကလည်း ပွေ့ဖက်နှုတ်ဆက်
ခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ဇာခါဟာ
ဖက်လှဲတကင်း လုပ်ခဲ့တာပါ။ အဲဒီ
ခြေစမ်းပွဲမှာ အာဆင်နယ်က လေဗာ
ကူဆင်ကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

photo credit - original uploader

မန်ယူအတွက် ဖရီးကစ်ကနေ နောက်ဆုံးဂိုးသွင်းပေးခဲ့သူက စီရော်နယ်ဒိုဖြစ်နေဆဲပါပဲ။တည်ကန်ဘောတွေမှာ မန်ယူရဲ့အသုံးမချနိုင်မှုကိုဖေ...
07/08/2024

မန်ယူအတွက် ဖရီးကစ်ကနေ နောက်ဆုံးဂိုးသွင်း
ပေးခဲ့သူက စီရော်နယ်ဒိုဖြစ်နေဆဲပါပဲ။
တည်ကန်ဘောတွေမှာ မန်ယူရဲ့အသုံးမချနိုင်မှုကို
ဖော်ပြရာ ရောက်နေပါတယ်။

photo credit - original uploader

ဒီဘရိုင်းရဲ့ကေအသစ်ကို ကွန်ပလိန်းတက်နေတဲ့ ပပ် 😅***************************************************မန်စီးတီးကြယ်ပွင့် ဒီဘရ...
07/08/2024

ဒီဘရိုင်းရဲ့ကေအသစ်ကို ကွန်ပလိန်းတက်နေတဲ့ ပပ် 😅
***************************************************
မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းရဲ့ကေအသစ်ဟာ
တကယ်ကို မယုံနိုင်စရာပါ။
ဘယ်ဂျီယံသားကို ဆံပင်ပုံစံသစ်နဲ့တွေ့တွေ့
ချင်း နည်းပြပပ်က ''ဒီကေအကြောင်း
မင်း ငါ့ကို ရှင်းပြရမယ်''လို့ တန်းပြောပါရော။
ဒီဘရိုင်းရဲ့ကေအသစ်က ဟာလန်းနဲ့
ပေါင်းစပ်ထားသလိုပဲ။

photo credit - original uploader

ပြီးခဲ့တဲ့ရာသီ ယူ-၁၈ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး *****************************************************၃၂ ဂိုး -...
07/08/2024

ပြီးခဲ့တဲ့ရာသီ ယူ-၁၈ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး
*****************************************************
၃၂ ဂိုး - ချီဒိုအိုဘီမာတင်
၃၁ ဂိုး -
၃၀ ဂိုး -
၂၉ ဂိုး -
၂၈ ဂိုး -
၂၇ ဂိုး -
၂၆ ဂိုး -
၂၅ ဂိုး -
၂၄ ဂိုး -
၂၃ ဂိုး -
၂၂ ဂိုး -
၂၁ ဂိုး - မက်နယ်လီ နဲ့ ဝဲဟတ်စ်
၂၀ ဂိုး -
၁၉ ဂိုး -
၁၈ ဂိုး -
၁၇ ဂိုး - အိုလီယော့ နဲ့ အဂျာလာ

မန်ယူနဲ့ ဆေးစစ်ပြီးသွားတဲ့ ၁၆ နှစ်အရွယ်
အာဆင်နယ်တိုက်စစ်မှုးဟောင်းချီဒိုအိုဘီမာတင်
ဟာ ၄၇ မိနစ်တိုင်း ၁ ဂိုးသွင်းနိုင်ခဲ့တာပါ။

photo credit - original uploader

၃၁ နှစ်အထက် ဈေးအကြီးဆုံးတိုက်စစ်မှုးများ*******************************************၁။ စီရော်နယ်ဒို(ဂျူဗင်တပ်သို့)- ပေါင်...
07/08/2024

၃၁ နှစ်အထက် ဈေးအကြီးဆုံးတိုက်စစ်မှုးများ
*******************************************
၁။ စီရော်နယ်ဒို(ဂျူဗင်တပ်သို့)
- ပေါင် ၁၀၀ သန်း

၂။ လီဝန်ဒေါစကီး(ဘာစီလိုနာသို့)
- ပေါင် ၄၂.၅ သန်း

၃။ ဘာတစ္စတူတာ(ရိုးမားသို့)
- ပေါင် ၃၂.၅ သန်း

၄။ ဖူးခရက်(ဝက်စ်ဟမ်းသို့)
- ပေါင် ၂၇ သန်း

photo credit - original uploader

အယောက် ၄၀ ကျော်တဲ့  ချဲလ်ဆီးရဲ့ ၂၀၂၄-၂၅ လူစာရင်း*******************************************ကလပ်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတ...
07/08/2024

အယောက် ၄၀ ကျော်တဲ့ ချဲလ်ဆီးရဲ့ ၂၀၂၄-၂၅ လူစာရင်း
*******************************************
ကလပ်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့
ချဲလ်ဆီးရဲ့အသင်းကြီးလူစာရင်းပါ။
စုစုပေါင်း ၄၄ ယောက်ပါ။ တကယ်ကို
နှစ်သင်းစာလောက် ရှိပါတယ်။
အံ့သြစရာက ဂိုးသမားချည်း ၇ ယောက်
တောင် ရှိတာပါ။

photo credit - original uploader

အမေရိကန်မှာ ပွဲတိုင်းနိုင်ခဲ့တဲ့ အေစီမီလန်****************************************အေစီမီလန်ရဲ့အမေရိကန်ခရီးစဉ်✅ မန်စီးတီး...
07/08/2024

အမေရိကန်မှာ ပွဲတိုင်းနိုင်ခဲ့တဲ့ အေစီမီလန်
****************************************
အေစီမီလန်ရဲ့အမေရိကန်ခရီးစဉ်

✅ မန်စီးတီးကို ၃-၂ နဲ့ နိုင်
✅ ရီးရဲလ်ကို ၁-၀ နဲ့ နိုင်
✅ ဘာစီလိုနာကို ပင်နယ်တီနဲ့နိုင်(၂-၂)

photo credit - original uploader

၁ ပွဲသာ နိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့အမေရိကန်ခရီးစဉ်*******************************************ချဲလ်ဆီးဟာ အမေရိကန်ခရီးစဉ်က သူတ...
07/08/2024

၁ ပွဲသာ နိုင်ခဲ့တဲ့ ချဲလ်ဆီးရဲ့အမေရိကန်ခရီးစဉ်
*******************************************
ချဲလ်ဆီးဟာ အမေရိကန်ခရီးစဉ်က
သူတို့ရဲ့နောက်ဆုံးပွဲမှာ ရီးရဲလ်ကို
၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လန်ဒန်ကလပ်
ဟာ နည်းပြသစ်မာရက်စ်ကာလက်ထက်
အမေရိကန်ခြေစမ်းခရီးစဉ်မှာ ၁ ပွဲသာ
အနိုင်ရခဲ့တာပါ။ အင်္ဂလန်ကို ပြန်ပြီး
နောက်ဆုံးရာသီကြိုပွဲတစ်ပွဲကန်ပြီးတာနဲ့
ရာသီသစ်စရမှာ ဖြစ်ပါတယ်။ ရာသီသစ်
အတွက် ချဲလ်ဆီး အဆင်သင့်ဖြစ်ပြီလို့
ထင်လား။

photo credit - original uploader

မက်ဆီ တင်ထားသမျှ လာလီဂါစံချိန်စာရင်း *******************************************နိုင်ပွဲအများဆုံးဂိုးအများဆုံးဂိုးဖန်တီး...
06/08/2024

မက်ဆီ တင်ထားသမျှ လာလီဂါစံချိန်စာရင်း
*******************************************
နိုင်ပွဲအများဆုံး
ဂိုးအများဆုံး
ဂိုးဖန်တီးအများဆုံး
တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး
တစ်ရာသီအတွင်း ဂိုးဖန်တီးအများဆုံး
ပြက္ခဒိန်တစ်နှစ်တာအတွင်း ဂိုးအများဆုံး
တစ်ရာသီအတွင်း အိမ်ကွင်းဂိုးအများဆုံး
တစ်ရာသီအတွင်း အဝေးကွင်းဂိုးအများဆုံး
ဂိုးသွင်းနိုင်မှု ပွဲအများဆုံး
ဟက်ထရစ်အများဆုံး
၂ ဂိုးသွင်းအများဆုံး
ဖရီးကစ်ဂိုးအများဆုံး
ဂိုးသွင်းခဲ့တဲ့ပြိုင်ဘက်အများဆုံး
ဂိုးသွင်းနိုင်ခဲ့တဲ့ကွင်းအများဆုံး
လာလီဂါ man of the match အများဆုံး

photo credit - original uploader

Address

Taungyi
Taunggyi
06011

Alerts

Be the first to know and let us send you an email when The Soccer Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share