မုန့်စိန်လားနဲ့ ဘောလုံးဖန်

  • Home
  • Myanmar
  • Taunggyi
  • မုန့်စိန်လားနဲ့ ဘောလုံးဖန်

မုန့်စိန်လားနဲ့ ဘောလုံးဖန် 1X bet Unit အထုတ်သွင်းအတွက်
ဒီမှာနှိပ်ပါ t.me/aungthumoe711
City-Taunggyi
Street-Red Goal

မိုနာကိုအသင်းဟာ ဒဏ်ရာအသစ်ခံစားခဲ့ရတဲ့ ပြင်သစ်ကွင်းလယ်လူပေါ့ဘာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေပါတယ...
12/08/2026

မိုနာကိုအသင်းဟာ ဒဏ်ရာအသစ်ခံစားခဲ့ရတဲ့ ပြင်သစ်ကွင်းလယ်လူပေါ့ဘာနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေပါတယ်။ မနှစ်ကနွေရာသီမှာ မိုနာကိုအသင်းနဲ့ (၂)နှစ်စာချုပ်ချုပ်ခဲ့တဲ့ ပေါ့ဘာဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီက (၆)ပွဲသာ ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဒီပွဲတွေအားလုံးမှာ ပေါ့ဘာရဲ့ပွဲကစားချိန်က စုစုပေါင်းမိနစ်(၁၂၀)ကျော်သာရှိခဲ့တာပါ။ မိုနာကိုအသင်းဟာ ရာသီကြိုမှာ ပေါ့ဘာရဲ့အခြေအနေကို ဆုံးဖြတ်ဖို့ လုပ်ဆောင်ချိန် သူဟာ လေ့ကျင့်ခန်းအစီအစဉ်အတွင်း ခြေထောက်နာကျင်မှုကြောင့် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ပေါ့ဘာရဲ့ဒီအခြေအနေကြောင့် မိုနာကိုအသင်းက သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေခဲ့တာပါ။ ပေါ့ဘာအနေနဲ့ မိုနာကိုအသင်းက သူ့ကိုစာချုပ်ဖျက်သိမ်းခဲ့ရင် ကစားသမားဘဝကနေ အနားယူမလား၊ နောက်ထပ်အသင်းသစ်ကို ရှာဖွေမလားဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကိုမိုအသင်းဟာ အင်္ဂလန်နောက်ခံလူချာလိုဘာကို ချယ်လ်ဆီးအသင်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွ...
10/08/2026

ကိုမိုအသင်းဟာ အင်္ဂလန်နောက်ခံလူချာလိုဘာကို ချယ်လ်ဆီးအသင်းကနေ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူခဲ့ပါတယ်။ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုမိုအသင်းဟာ ခံစစ်ပိုင်းအားဖြည့်မှုအဖြစ် ချာလိုဘာကို (၅)နှစ်စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းဟာ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၂၅.၇)သန်းကို အရင်ဆုံးရရှိမှာ ဖြစ်ပါတယ်။

(၈)နှစ်အရွယ်ကတည်းက ချယ်လ်ဆီးအသင်းကို ရောက်ခဲ့တဲ့ ချာလိုဘာဟာ နှစ်ပေါင်း(၂၀)နီးပါးအကြာမှာ သူ့ရဲ့ငယ်ဘဝကနေ ထွက်ခွာခဲ့တာပါ။ ကိုမိုအသင်းနည်းပြဖာဘရီဂတ်စ်က ချာလိုဘာဟာ အသင်းအတွက် အရေးပါတဲ့ ခေါ်ယူမှုဖြစ်ပြီး ဒီကလပ်မှာ သူတို့ရဲ့ရည်မှန်းချက်အဆင့်ကို ကိုယ်စားပြုတဲ့သူလို့ ဆိုခဲ့ပါတယ်။

ချာလိုဘာကလည်း ကိုမိုအသင်းဟာ ရည်မှန်းချက်ကြီးမားပြီး နည်းပြဖာဘရီဂတ်စ်နဲ့ ပြန်ပြီးလက်တွဲရမှာက အလွန်ထူးခြားကောင်းမွန်တယ်လို့ ဆိုပါတယ်။ ချာလိုဘာဟာ ချယ်လ်ဆီးအသင်းအတွက် (၁၅၁)ပွဲကစားခဲ့ပြီး (၈)ဂိုးသွင်းယူကာ FA ဖလား၊ကွန်းဖရန့်လိဂ်၊ဖီဖာကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူတဲ့ရက်ပြည့်သွားပြီဖြစ်တဲ့ ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းရဲ...
10/08/2026

အင်္ဂလန်အသင်းနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ထားလို့ အနားယူတဲ့ရက်ပြည့်သွားပြီဖြစ်တဲ့ ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလကတည်းက မန်ယူနိုက်တက်အသင်းအတွက် ပါဝင်ခြင်းမရှိတော့ဘဲ အက်စတွန်ဗီလာနဲ့ ဘာစီလိုနာအသင်းတွေမှာ အငှားကစားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက အပြီးသတ်မခေါ်ယူလို့ မန်ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့တဲ့ ရပ်ရှ်ဖိုဒ့်ဟာ လိဒ်စ်အသင်းနဲ့ ခြေစမ်းပွဲအတွက် အိုင်ယာလန်မှာ စခန်းသွင်းနေတဲ့ အသင်းရဲ့လူစာရင်းထဲ လာရောက်ပူးပေါင်းခဲ့တာပါ။ ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းမှာ နောက်ဆုံးကစားခဲ့ချိန်က ကျောနံပတ်(၁၀)ဝတ်ခဲ့ပေမယ့် အခုအချိန်မှာ ဒီနံပတ်ကို ကွန်ညာက ဝတ်ဆင်နေပါတယ်။

အဲ့ဒါကြောင့် ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းမှာ ကျောနံပတ်(၁၄)ဝတ်ဆင်သွားပြီး ရာသီသစ်အတွက် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သခင်ကြီးမန်ချက်စတာ ယူနိုက်တက်ဟာ လက်စတာကွင်းလယ် ကစားသမား Louis Pageနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်အာဆင်နယ် နဲ့ အက်စတွန် ဗ...
09/08/2026

သခင်ကြီး
မန်ချက်စတာ ယူနိုက်တက်ဟာ လက်စတာ
ကွင်းလယ် ကစားသမား Louis Pageနိုင်ဖို့
ကြိုးစားလျက် ရှိပါတယ်

အာဆင်နယ် နဲ့ အက်စတွန် ဗီလာတို့ကလည်းအဆိုပါ အသက် ၁၈ နှစ် အရွယ် ပေ့ခ်ျကို စိတ်ဝင်စားနေပြီး မန်ယူနိုက်တက်ဘက်က လက်ဦးမှု ရယူနိုင်ရန် လက်စတာနဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့သိရပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ဖခင်ဖြစ်သူဂျော့ချ်ကွယ်လွန်ပြီးနောက် သူ့ရဲ့ဇာတိဖြစ်တဲ့ ရိုဆာရီယိုထံ ပြန်လည်ရောက်ရှိလာ...
09/08/2026

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ဖခင်ဖြစ်သူဂျော့ချ်ကွယ်လွန်ပြီးနောက် သူ့ရဲ့ဇာတိဖြစ်တဲ့ ရိုဆာရီယိုထံ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မက်ဆီရဲ့အေးဂျင့်နဲ့ စီးပွားရေးမန်နေဂျာအဖြစ် တာဝန်ယူခဲ့တဲ့ ဂျော့ချ်ဟာ ကွယ်လွန်ချိန်မှာ အသက်(၆၈)နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။

ဂျော့ချ်မက်ဆီဟာ ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ဆေးရုံထံအလျင်အမြန်ပို့ဆောင်ခဲ့ရတယ်လို့ မိသားစုက ပြောပြီးနောက် (၂)လအကြာမှာ ကွယ်လွန်ခဲ့တာပါ။ မွန်တာရေးအသင်းနဲ့ လိဂ်ဖလားပွဲမှာ အသင်းခေါင်းဆောင်မက်ဆီ မပါဝင်နိုင်ခဲ့ပေမယ့် အင်တာမိုင်ယာမီအသင်းကစားသမားတွေဟာ ဂျော့ချ်မက်ဆီအတွက် ဝမ်းနည်းအောက်မေ့ဖွယ်အဖြစ် လက်ပတ်အနက်ရောင်ဝတ်ဆင်ခဲ့ပါတယ်။

မွန်တာရေးအသင်းနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ အာဂျင်တီးနားအသင်းဖော်ဒီပေါလ်ဟာ သူ့ရဲ့ဂျာစီကို ချွတ်ပြီး မက်ဆီရဲ့ဂျာစီဝတ်ဆင်ထားတာကို ပြသခဲ့ပါတယ်။

အာရှကျား ပွဲရှိတယ်နော် ညီကိုတို့ အားပေးလိုက်ရအောင်မြန်မာအသင်းဟာ ဒီနေ့ည(၇ နာရီ မိနစ် ၃၀) အချိန်မှာ ၂၀၂၆ အာဆီယံချန်ပီယံပြိ...
08/08/2026

အာရှကျား ပွဲရှိတယ်နော် ညီကိုတို့ အားပေးလိုက်ရအောင်

မြန်မာအသင်းဟာ ဒီနေ့ည(၇ နာရီ မိနစ် ၃၀) အချိန်မှာ ၂၀၂၆ အာဆီယံချန်ပီယံပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲအဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲဟာ မြန်မာအသင်းအတွက် အလွန်အရေးပါတဲ့ ပွဲဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ချင်ရင် ထိုင်းအသင်းကို မဖြစ်မနေအနိုင်ရလဒ် ရယူရမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စုပွဲစဉ်(၃)ပွဲကစားအပြီးမှာ ရမှတ်(၆)မှတ်နဲ့ တတိယနေရာရပ်တည်နေပြီး ဒုတိယနေရာက မလေးရှားအသင်းနဲ့ ရမှတ်ချင်းတူညီနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အရေးနိမ့်ထားလို့ တတိယနေရာရပ်တည်နေတာပါ။ အဲ့ဒါကြောင့် မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်တက်ဖို့အတွက် ထိုင်းအသင်းကို အနိုင်ရအောင် ကစားရမှာ ဖြစ်ပါတယ်။

ထိုင်းအသင်းကတော့ အုပ်စု(၃)ပွဲစလုံးအနိုင်ရထားတဲ့အပြင် ဒီပွဲကို အိမ်ကွင်းကစားရမှာဖြစ်လို့ အားသာချက်ရှိနေတာပါ။ မြန်မာအသင်းနည်းပြယွန်အန်ဒါဆင်နဲ့ ကွင်းလယ်လူကျော်မင်းဦးတို့က သူတို့ဟာ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပြီး အကောင်းဆုံးရလဒ်ရရှိဖို့ ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဥရုဂွေးနောက်ခံလူအာရူဟိုကို ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒ...
08/08/2026

လီဗာပူးလ်အသင်းဟာ ဥရုဂွေးနောက်ခံလူအာရူဟိုကို ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ခံစစ်ပိုင်းကို အားဖြည့်ချင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဈေးကွက်ထဲမှာ ရှာဖွေမှုတွေပြုလုပ်ပြီးနောက် အာရူဟိုကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဒီသဘောတူညီမှုထဲမှာ လီဗာပူးလ်အသင်းဟာ အာရူဟိုကို အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်လည်း ရှိနေတာပါ။ အာရူဟိုဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသလို မနှစ်ကရာသီမှာ ဘာစီလိုနာအသင်းအတွက် လိဂ်ပွဲ(၁၁)ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ရပါတယ်။

အဲ့ဒါကြောင့် အာရူဟိုဟာ ဘာစီလိုနာအသင်းမှာ ပွဲကစားချိန်ရဖို့ခက်ခဲတာကို သိရှိပြီးနောက် လီဗာပူးလ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာပါ။ အာရူဟိုဟာ ဗဟိုနောက်ခံလူအဖြစ် အဓိက ကစားသလို ညာနောက်ခံလူအဖြစ်လည်း ကစားနိုင်တာကြောင့် လီဗာပူးလ်အသင်းဟာ သူ့ကို နောက်တန်း(၂)နေရာစလုံးမှာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ စပိန်ကွင်းလယ်လူရိုဒရီရဲ့နေရာမှာ အစားထိုးမှုအဖြစ် ချယ်လ်ဆီးအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို...
07/08/2026

မန်စီးတီးအသင်းဟာ စပိန်ကွင်းလယ်လူရိုဒရီရဲ့နေရာမှာ အစားထိုးမှုအဖြစ် ချယ်လ်ဆီးအသင်းကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ရိုဒရီဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ရိုဒရီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားတဲ့အတွက် မန်စီးတီးအသင်းနဲ့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပါတယ်။ မန်စီးတီးအသင်းနည်းပြမာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းမှာ အတူလက်တွဲခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ရိုဒရီရဲ့နေရာမှာ အစားထိုးခေါ်ယူပြီး ထပ်မံအလုပ်တွဲလုပ်ဖို့ ဆန္ဒရှိနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ အန်ဇိုဖာနန်ဒက်ဇ်ကို ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ အစီအစဉ်ရှိနေပြီး ပေါင်သန်း(၁၂၀)တန်ကြေး သတ်မှတ်ထားပါတယ်။

*-🚨 BREAKING NEWS | RODRI TO BARÇA? 🔴🔵**Barcelona နဲ့ Man City တို့အကြား Rodri အတွက် ကလပ်အသင်းချင်း တရားဝင် ဆွေးနွေးမှုမ...
07/08/2026

*-🚨 BREAKING NEWS | RODRI TO BARÇA? 🔴🔵**

Barcelona နဲ့ Man City တို့အကြား Rodri အတွက် ကလပ်အသင်းချင်း တရားဝင် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ပြီး Barça ဘက်ကလည်း ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အပြည့်အဝ ယုံကြည်မှုရှိနေပါတယ်။

Barça က ယူရို ၄၅ သန်းထက် အနည်းငယ်ပိုပေးရန် ပြင်ဆင်နေပြီး Man City ဘက်ကတော့ ဒီထက်ပိုမိုမြင့်မားသည့် ပြောင်းရွှေ့ကြေးကို လိုချင်နေပါတယ်။

Rodri ကိုယ်တိုင်ကလည်း Barça သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ ရီးရဲလ်အသင်းနဲ့ စာချ...
07/08/2026

နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်ဟာ ရီးရဲလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ ဗင်နီစီယပ်စ်ရဲ့ကိုယ်စားလှယ်တွေနဲ့ ရီးရဲလ်အသင်းအကြီးအကဲတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စာချုပ်သစ်အတွက် ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ဗင်နီစီယပ်စ်ကို အသင်းမှာ ၂၀၃၂ ခုနှစ်နွေရာသီအထိရှိမယ့် (၆)နှစ်စာချုပ်သစ်ချုပ်ဆိုမှာပါ။ ပြီးခဲ့တဲ့ရက်က Instagram မှာရှိတဲ့ ပို့စ်တွေအားလုံးကို ဖျက်ခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ ဘာနေဗျူးမှာ (၈)နှစ်ဆိုတဲ့ အချိန်က မြန်ဆန်လွန်းပြီး၊ နောက်ထပ်(၆)နှစ်၊ပြီးရင် ထာဝရလို့ရေးသားထားတဲ့ပို့စ်ကို Instagram မှာတင်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ ဗင်နီစီယပ်စ်ရဲ့စာချုပ်သစ်ကို မကြေညာမီ လိုက်ပ်ဇစ်အသင်းက ယန်ဒီယိုမန်ဒီကို ယူရိုသန်း(၁၄၀)အထိ ရောက်ရှိသွားမယ့် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Address

Pan Tha Zin Street
Taunggyi

Telephone

+959456330720

Website

Alerts

Be the first to know and let us send you an email when မုန့်စိန်လားနဲ့ ဘောလုံးဖန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မုန့်စိန်လားနဲ့ ဘောလုံးဖန်:

Shortcuts

Share

Category