29/10/2023
အာရက္ခလိဂ် ဖြစ်မြောက်ရေးအတွက် အကြို ညိှနှိုင်းအစည်းအေ၀း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပပြုလုပ်မည့်
အာရက္ခလိဂ်အပျော်တမ်းကလပ်များအမှတ်ပေးဘောလုံးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် အကြို ညိှနှိုင်းအစည်းအေ၀း တစ်ရပ်ကို အောက်တိုဘာလ (၂၈) ရက်နေ့ နေ့လည်ပိုင်း က စစ်တွေမြို့ New World New World Bar & Restaurant ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအေ၀းသို့ ရခိုင်ပြည်နယ် လက်ရွေးစင်ဘောလုံးသမားဟောင်းများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး
ဒေါ်ခင်မေဌေး၊စစ်တွေမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အား/ကာမှူး ဦးကောင်းခန့်ထူး၊ ပြည်နယ် ဒိုင်လူကြီးဆပ်ကော်မတီ၊ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၀င်များ၊ အပျော်တမ်းကလပ်အသင်းများမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအေ၀းအဖွင့်အမှာစကားအဖြစ် အာရက္ခလိဂ် ဖြစ်မြောက်ရေး ကော်မတီ၀င် ဦးသက်ထူးနိုင်ဦး မှ လက်ရှိမြန်မာနိုင်ငံတစ်၀ှမ်းရှိမြို့ကြီးအသီးအသီးတွင် အပျော်တမ်းလိဂ်များ ကျင်းပပြုလုပ်လျက်ရှိနေ သည် ကို အားရဖွယ်မြင်တွေ့ရပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ် တွင် လည်း သံတွဲမြို့ ဒွါရာ၀တီလိဂ် နှင့် ဂွလိဂ်အစရှိသည့် ပြိုင်ပွဲများကို မီဒီယာပိုင်းအဆင့်မီမီ ဖြင့် ရှေ့ဆက်လျက်ရှိသည် မှာလည်း အားရစရာကောင်းပါကြောင်း၊စည်းကမ်း ထိန်းသိမ်းရေး ပိုင်း နှင့်ပတ်သက်၍ လည်း ပြိုင်ပွဲကျင်းပရာတွင်အရေးကြီးသည့် အပိုင်းဖြစ်ပါ
သဖြင့် အဆိုပါ Issue ကို ဖြေရှင်းနိုင်ရန်အတွက် ၀ိုင်း၀န်းအကြံပြုပေးကြစေလိုပါကြောင်း၊ စစ်တွေမြို့ ဘောလုံးရပ်၀န်းအတွက်လည်း ကလပ်အသင်းများစွာ ရေခံမြေခံကောင်းပါသဖြင့် အာရက္ခလိဂ်ဖြစ်မြောက်နိုင်စေရန် တတ်နိုင်သည့်ကဏ္ဍ အားလုံးမှ ၀ိုင်း၀န်းပူးပေါင်းပြီး ကြိုးစားပေးကြပါစေလိုကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်ဘောလုံးသမားဟောင်းကြီးများမှတစ်ဦးချင်းစီမိတ်ဆက်ပြောကြားပြီး ပြိုင်ပွဲဖြစ်မြောက်ရေး အတွက် အကြံပြုစကားများ ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဌေး မှ ရခိုင်ပြည်နယ်မြို့တော်စစ်တွေ အတွက် ဂုဏ်ဆောင်နိုင်
မည့် အပျော်တမ်းလိဂ်တစ်ခုပေါ်ပေါက်လာရေးအတွက် ကြိုဆိုပါကြောင်း၊ လိဂ်ကျင်းပမည်ဆိုပါက ပြည်နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ပြည်နယ်အား/ကာ ဖက် မှ လည်း ယခုပြိုင်ပွဲအတွက် တရား၀င်ခွင့်ပြုချက် ရပါက ကွင်းအပါအ၀င် ပြိုင်ပွဲကျင်းပရေး အတွက်
ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်ပြီး လိုအပ်သည့် အပိုင်းများ ကို အကြံပြုဆွေးနွေးခဲ့ပါသည်။
စစ်တွေမြို့နယ်အား/ကာ ဦးစီးမှူး ဦးအောင်ခန့်ထူး မှ လည်း ပြိုင်ပွဲကျင်းပရန် လျာထားချိန် နှင့် ပြည်နယ်
အဆင့်ကစားသမား ရွေးချယ် မှု အပိုင်း နှင့် ပတ်သက်ပြီး ဆွေးနွေးအကြံပြုပြောကြားခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ မှ ဦးသန်းလှိုင် နှင့် ဦးအောင်ကျော်မိုး တို့ မှ ပြိုင်ပွဲကို ဇန်န၀ါရီလ အတွင်းကျင်းပနိုင်ရန် လျာထားပါကြောင်း၊ပြိုင်ပွဲအတွက် ပံ့ပိုးကူညီပေးကြပါသော စပွန်ဆာလုပ်ငန်းရှင် များ အား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးအတွက် လိုအပ်သည့် သတင်းနှင့်ပြန်ကြားရေး၊ ဘဏ္ဍာရေးနှင့်စာရင်းစစ် ကဏ္ဍများ တွင် ကလပ်အသင်းများမှ အနည်းဆုံး ၂ ဦးစီ ပါ၀င်ကူညီအားဖြည့်ပေးရန်
နှင့် ကစားသမားမှတ်ပုံတင်ရေးကိစ္စများအတွက် ၀ိုင်း၀န်းဆွေးနွေးပေးကြပါရန် ရှင်းလင်းခဲ့သည်။
ကစားသမားမှတ်ပုံတင်ရာတွင် Data Base Softwareအခြေပြု ဒစ်ဂျစ်တယ်စနစ် ဖြင့်အောင်မြင်စွာ ပြုလုပ် နိုင်ရန် အတွက် ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီ မှ ဦးဟိန်းစိုး ကဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ်အကြောင်း ရှင်းလင်းခဲ့ပြီး ဒိုင်ကော်မတီ မှ ဦးအောင်နိုင် မှ လည်း ဒိုင်လုပ်ငန်းဆိုင်ရာတာ၀န်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပါသည်။
အာရက္ခလိဂ်ပြိုင်ပွဲ အား ၀င်ရောက်ယှဥ်ပြိုင်ရန်အတွက် တက်ရောက်လာသည့် ကလပ် အသင်းများ၏ သဘောထား ကို တောင်းခံ ခဲ့ရာ MUAFC၊ Silent FC ၊ Warriors FC ၊ 11/Sodius FC စသည့် ကလပ်
အသင်းများ မှ ၀င်ရောက် ယှဥ်ပြိုင် သွားမည် ဖြစ်ပါကြောင်း အတည်ပြုခဲ့သည်။
ထိို့နောက် တက်ရောက်လာသူများ မှ ပြိုင်ပွဲနှင့်ပတ်သက်
ပြီး ၀ိုင်း၀န်းဆွေးနွေးခဲ့ကြကာ အောက်ဖော်ပါပြ ဆုံးဖြတ်ချက်များ ကို ချမှတ်ခဲ့ကြပြီး မကြာမှီ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့
ထံ ခွင့်ပြုချက်တင်ပြတောင်းခံသွားမည်ဖြစ်ကာ
အာရက္ခလိဂ်ပြိုင်ပွဲ ကို ကျင်းပနိုင်ရန် အတွက်ပြိုင်ပွဲအတွက် Title စပွန်ဆာ ရှာဖွေရေး အပါအ၀င် ပြိုင်ပွဲဆိုင်ရာ လုပ်ငန်း စဥ်များ ကို ဆက်လက် ဆောင်ရွက်
သွား မည် ဖြစ်ပါသည်။
အကြိုညိှနှိုင်းအစည်းအေ၀းဆုံးဖြတ်ချက်များ
==================================
၁။ အာရက္ခလိဂ်ပြိုင်ပွဲကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပြုချက်တင်ပြတောင်းခံရန်။
၂။ ပြိုင်ပွဲစပွန်ဆာများရှာဖွေရန် အတွက် ဆက်လက်လုပ်ဆောင်သွားရန်။
၃။ အာရက္ခလိဂ် ပြိုင်ပွဲ ၀င်အသင်းများ အနေဖြင့် MNL ပြိုင်ပွဲ ကစားနေ သူများအား အများဆုံး ၃ ဦး ၀င်ရောက်
ကစားခွင့်ပြုရန်။
၄။ အာရက္ခလိဂ်ပြိုင်ပွဲ၀င်အသင်းများ အနေဖြင့် အသင်းမှတ်ပုံတင် လူစာရင်း တွင် U-21 လူငယ် ကစားသမား အနည်းဆုံး ၃ ဦး မဖြစ်မနေ မှတ်ပုံတင်ရန်။
၅။ အာရက္ခလိဂ်အသင်းများအနေဖြင့် page နှင့် အသင်းမီဒီယာတစ်ဦး မဖြစ်မနေ မှတ်ပုံတင်သွားရန်။
၆။ အာရက္ခလိဂ်ကျင်းပရေး သို့ ပြိုင်ပွဲ၀င်အသင်း
တစ်သင်းစီ မှ ၂ဦး Volunteer အဖြစ် ဆောင်ရွက်ရန် အတွက် စာရင်းပေးပို့ပါရန်။