14/08/2026
Yoga Sutra မှာ Yoga ကို
“Citta Vritti Nirodhah” လို့ ပြောထားပါတယ်…
ရိုးရိုးရှင်းရှင်းပြောရရင်
စိတ်ထဲက လှုပ်ရှားမှုတွေကို ငြိမ်သက်လာအောင် လေ့ကျင့်ခြင်း ဆိုတဲ့သဘောပါ…
ဥပမာ…
ခန္ဓာကိုယ်က Yoga mat ပေါ်မှာရှိနေပေမယ့်
စိတ်ကတော့ မနက်ဖြန်အလုပ်အကြောင်းတွေးနေတယ်…
ပြီးခဲ့တဲ့အကြောင်းတစ်ခုကို ပြန်တွေးနေတယ်…
ဖုန်းကို ကြည့်ချင်နေတယ်…
ဒါတွေက စိတ်ရဲ့ Vritti တွေပေါ့…
Yoga ကျင့်တယ်ဆိုတာ
အဲဒီအတွေးတွေကို အတင်းပိတ်ပစ်ဖို့ မဟုတ်ဘူး…
စိတ်က ဘယ်လောက်လှုပ်ရှားနေတယ်ဆိုတာ သိလာပြီး
ဖြည်းဖြည်းချင်း ပြန်ငြိမ်အောင် လေ့ကျင့်တာပါ… 🧘🏻♀️
ဒါကြောင့် Yoga က
ကိုယ်ခန္ဓာကို flexible ဖြစ်အောင်လုပ်တာထက်…
စိတ်ကို ကိုင်တွယ်တတ်လာအောင် လေ့ကျင့်ပေးတဲ့ practice တစ်ခုလည်း ဖြစ်ပါတယ်… 🤍