Koe Taunt FC

Koe Taunt FC ဘောလုံးကို အမှန်တဂယ် ရူးသွပ်ရဲ့လား

Happy birthday ပါ bro
12/09/2024

Happy birthday ပါ bro

ဘောလုံးကစားနည်းနှင့်ဆိုင်သော အင်္ဂလိပ်စကားလုံးများ(1) football/soccer - ဘောလုံးကစားနည်း(2) match/game - ပွဲစဥ်(3) stadiu...
25/08/2024

ဘောလုံးကစားနည်းနှင့်ဆိုင်သော အင်္ဂလိပ်စကားလုံးများ

(1) football/soccer - ဘောလုံးကစားနည်း
(2) match/game - ပွဲစဥ်
(3) stadium - ကွင်း
(4) supporter/fan - ပရိသတ်
(5) pitch - ကွင်းမြက်ခင်းပြင်
(6) player - ကစားသမား
(7) coach - နည်းပြ
(8) manager - စီမံအုပ်ချုပ်သူ
(9) assistant coach - လက်ထောက်နည်းပြ
(10) referee - ကွင်းလယ်ဒိုင်
(11) linesman - စည်းကြပ်ဒိုင်
(12) line-up - ပွဲထွက်လူစာရင်း
(13) training - လေ့ကျင့်ခြင်း
(14) warm-up - သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း
(15) formation - ကစားကွက်
(16) tactic - နည်းဗျူဟာ
(17) speed - လျင်မြန်မှု
(18) strength - ကြံ့ခိုင်မှု
(19) jogging - ရွရွပြေးခြင်း
(20) dribbling - လိမ်ခေါက်ဆွဲပြေးခြင်း
(21) tackle - ဘောလုံးလုယူခြင်း၊ဖျက်ထုတ်ခြင်း
(22) kick - ကန်သည်
(23) hit/strike/shot - ကန်သွင်းသည်
(24) goalpost - ဂိုးတိုင်
(25) crossbar - ဂိုးဘားတန်း
(26) net - ဂိုးပိုက်
(27) goalkeeper - ဂိုးသမား
(28) central back - ဗဟိုနောက်ခံလူ
(29) right back - ညာနောက်ခံလူ
(30) midfielder - ကွင်းလယ်ကစားသမား
(31) defensive midfielder - ကွင်းလယ်ခံစစ်
(32) wing - တောင်ပံကစားသမား
(33) striker - တိုက်စစ်ကစားသမား
(34) forward - အထောင်တိုက်စစ်မှူး
(35) defense - ခံစစ်
(36) attacking - တိုက်စစ်ဆင်ခြင်း
(37) substitition - လူစားလဲခြင်း၊အရန်လူစာရင်း
(38) save - ဂိုးသမားကာကွယ်သည်၊ပုတ်ထုတ်သည်
(39) deny - ကာကွယ်ရှင်းလင်းဖျက်ထုတ်သည်
(40) goal - ဂိုး
(41) pass - ဘောလုံးပေးပို့သည်
(42) balling/deliver - (အမြင့်)ဘောပေးပို့သည်
(43) injury - ဒဏ်ရာရမှု
(44) half time - ပွဲချိန်ပထမပိုင်း
(45) full time(FT) - ပွဲချိန်ပြည့်
(46) header - ခေါင်းတိုက်သည်၊ခေါင်းတိုက်ဂိုး
(47) bicycle kick - နောက်ပြန်ကန်ချက်
(48) goal line - ဂိုးစည်း
(49) goal-mouth - ဂိုးပေါက်
(50) goal kick - ဂိုးလွန်ဘော၊ဂိုးသမားကန်တင်ဘော
(51) corner - ထောင့်ကန်ဘော
(52) offside - လူကျွံမှု
(53) free kick - အလွတ်တည်ကန်ဘော
(54) penalty - ပင်နယ်သီပြစ်ဒဏ်ဘော
(55) normal pass - သာမန်ဘောလုံးပေးပို့မှု
(56) extra time/injury time/added time
- နာကျင်အချိန်ပို
(57) goal celebration - ဂိုးသွင်းပြီးအောင်ပွဲခံမှု
(58) goalkeeper gloves - ဂိုးလက်အိတ်
(59) uniform/jersy - ဝတ်စုံ
(60) corner flag - ထောင့်ကန်ဘော အလံတိုင်
(61) 6 yard box - ၆ ကိုက်စည်း
(62) boot/shoe - ဘောကန်ဖိနပ်
(63) sock - ခြေအိတ်
(64) shirts - အက်ျီ
(65) shorts - ဘောင်းဘီ
(66) captain - အသင်းခေါင်းဆောင်
(67) captain's armband - ခေါင်းဆောင်လက်ပတ်
(68) club - ကလပ်အသင်း
(69) national team - နိုင်ငံအသင်း
(70) bench - အရန်လူစာရင်းထိုင်နေရာတန်း
(71) whistle - ခရာ
(72) kick-off - ပွဲစသည်
(73) final whistle - ပွဲသိမ်းခရာ
(74) diving - ဒိုက်ပင်လဲကြခြင်
(75) score a goal - ဂိုးသွင်းသည်
(76) top scorer - ထိပ်တန်းဂိုးသွင်းရှင်
(77) assist - ဂိုးဖန်တီးမှု
(78) hit the post - ဂိုးတိုင်ထိသည်
(79) miss - လွဲချော်သည်
(80) win/draw/lose - အနိုင်/သရေ/အရှုံး
(81) victory - အောင်ပွဲ၊အနိုင်ရရှိမှု
(82) competition - ပြိုင်ပွဲ
(83) tournament - ပြိုင်ပွဲ၊ပွဲစဥ်
(84) invitation cup - ဖိတ်ခေါ်ဖလား
(85) world cup qualifier - ကမ္ဘာ့ဖလားခြေစစ်ပွဲ
(86) transfer market - ကစားသမားအပြောင်းအရွေ့
စျေးကွက်
(87) counter attack - တန်ပြန်တိုက်စစ်
(88) catch the ball - ဂိုးသမားမိသည်
(89) match ticket - ပွဲလက်မှတ်
(90) penalty box - ပင်နယ်တီဧရိယာ
(91) fair play - သန့်ရှင်းစွာကစားခြင်း
(92) park the bus - ခံစစ်အလွန်အကျွံပိတ်ကစားခြင်း
(93) cracker - အားပါပြင်းထန်သောကန်ချက်နဲ့ဂိုး
(94) clean sheet - ဂိုးမပေးရသည့်ပွဲ
(95) dressing room - ကစားသမားများအဝတ်လဲခန်း
(96) hand ball - လက်ထိဘော
(97) defeat - ရှုံးနိမ့်မှု
(98) group stage - အုပ်စုအဆင့်
(99) knockout stage - ရှုံးထွက်အဆင့်
(100) final match - ဗိုလ်လုပွဲ
(101) penalty shootout - ပယ်နယ်တီအဆုံးအဖြတ်
ခံယူခြင်း
(102) VAR (Video Assistant Referee) - ဗီဒီယိုအကူဒိုင်



Card to original uploader

နှစ်ခုလုံးချစ်လို့ပါ 😁  photo
15/07/2024

နှစ်ခုလုံးချစ်လို့ပါ 😁

photo

07/07/2024

ဆိုးပြီ 🤭

အ့လို အားပေးမယ့် ကောင်မလေးမျိုး🥰  photo
31/05/2024

အ့လို အားပေးမယ့် ကောင်မလေးမျိုး🥰

photo

ဖူဆယ်ကစားသူများသိထားသင့်သည့် အ‌ ခြေခံ ဖူဆယ် ဥပဒေသ အချက် 25 ချက်    ဖူဆယ်မှာ လူငယ်နဲ့ Beginner တွေအတွက် လွယ်ကူရိုးရှင်းစွ...
24/05/2024

ဖူဆယ်ကစားသူများသိထားသင့်သည့် အ‌ ခြေခံ ဖူဆယ် ဥပဒေသ အချက် 25 ချက်



ဖူဆယ်မှာ လူငယ်နဲ့ Beginner တွေအတွက် လွယ်ကူရိုးရှင်းစွာ ကစားနိုင်အောင်လို့ အကြံပေးချက် (၂၅) ချက်ကို မျှဝေချင်ပါတယ်။
ယခု ဖော်ပြမယ့် Basic Futsal rule 25 ချက်မှာ (Attacking) တိုက်စစ်ပိုင်းအတွက် လိုက်နာသင့်တဲ့ အချက် (၁၆) ချက်နဲ့ Defending (ခံစစ် ) အတွက် (၉) ချက်ရှိပါတယ်။ ဒီစာစုမှာတော့ Attacking အတွက် (၁၆) ချက်ကို ကနဦး ဖော်ပြ သွားပါမယ်။

(၁) ကွင်းကို တိုက်စစ်ဆင်ချိန်မှာ ချဲ့ကစားပါ။

တိုက်စစ်ဆင်ချိန်မှာ Winger ( Ala position) မှာကစားတဲ့ ကစားသမားတွေဟာ Line ကပ်ပြီး နေရာလွတ်တွေ ရအောင် Marking တွေကို ချဲထုတ်ရမှာဖြစ်ပါတယ်။

(၂) 3 Sec ဥပဒေသ ကို လိုက်နာပါ။

ဖူဆယ်မှာ ကစားသမားတွေဟာ ဘောလုံးရှိတဲ့အချိန် မှာရော ဘောလုံးမရှိတဲ့အချိန်တွေမှာရော ရွေ့လျားမှုတွေ စဉ်ဆက်မပြတ်ပြုလုပ်နေရပါတယ်။ လေ့လာမှုတွေအရ ဖူဆယ်ကစားသမားကောင်းတစ်ယောက်ဟာ တစ်နေရာထဲမှာ 3sec ထက်ကျော်လွန်ပြီးရပ်နေလေ့မရှိပါဘူး။

ထိပ်တန်းအဆင့် ပြိုင်ပွဲတွေမှာ ကစားသမားတွေဟာ ပျမ်းမျှ 3.08 sec တိုင်းမှာ ရွှေ့လျားမှုတစ်ခုအမြဲပြုလုပ်နေကြပါတယ်။ မိနစ် 40 ရှိတဲ့ ဖူဆယ်ပွဲစဉ်တစ်ပွဲမှာ ပွဲချိန်အစအဆုံးကစားတဲ့ ကစားသမားတစ်ယောက် ရဲ့ ဘောလုံးနဲ့ ထိတွေ့ချိန်ဟာ 4 မိနစ်ခန့်သာရှိပြီးကျန်တဲ့ 36မိနစ်ဟာ ဘောလုံးမရှိတဲ့ Without ball Movement တွေ ပြုလုပ်နေတဲ့အချိန်တွေဘဲဖြစ်ပါတယ်။

ဒါကြောင့် ဖူဆယ်ကစားသမားတွေအတွက် 3 sec rule ဟာ အရေးကြီးတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။

(၃) ကွပ်လပ်တွေကို ဘယ်‌ နေရာမှာ ရှာဖွေမလဲ ။

ဒီနေရာမှာတော့ တိုက်စစ်ကစားချိန်မှာ ဘောလုံးကိုင်ထားတဲ့ မိမိအသင်းဖော်ရဲ့ ဘယ်ဘက်အခြမ်းမှာ ကွပ်လပ် တွေကို ရှာဖွေဖို့အကြံပြုထားပါတယ်။

(၄) ပြိုင်ဘက်ကစားသမားတွေနဲ့ ဝေးဝေးမှာ နေရာယူပါ

တိုက်စစ်အသင်းက ကစားသမားဟာ ပြိုင်ဘက် ခံစစ်ကစားသမားကို နီးကပ်စွာ ကျော်ဖြတ်ချိန်မှာ တစ်ခြား Supporting Player တွေဟာ ပြိုင်ဘက်ခံစစ်ကစားသမားတွေရဲ့အဝေးမှာ နေရာယူပါ။ ဆိုလိုချင်တာကတော့ ခံစစ်အသင်းကစားသမားတွေဟာ ဘောလုံးကိုင်ထားတဲ့ ကစားသမားကို ဖိအားပေးဖို့ကြိုးစားချိန်မှာ ကျန်ကစားသမားတွေကတော့ Lose Marking ဖြစ်အောင်ကြိုးစားပြီး နေရာလွတ်တွေကို ရှာဖွေစေတာပါ။

(၅) ဘောလုံးရှိနေတဲ့အသင်းဖော်ကို ကူညီပါ။

တစ်ခါတစ်ရံမှာ ဘောလုံးကိုင်ထားတဲ့ကစားသမားနဲ့ အသင်းဖော်ဟာ one two နဲ့ Block Movement တွေကိုဖန်တီးဖို့ နီးးကပ်စွာရှိနေဖို့ လိုအပ်သလို တစ်ခါတစ်ရံမှာ ဘောလုံးရှိတဲ့ ကစားသမားနဲ့ အခြားအသင်းဖော်တွေအကြား Parallel, Diagonal နဲ့ Dummy လို Passing line တွေကို ဖန်တီးဖို့ ခပ်ဝေးဝေးမှာ Deep( ရှေ့နောက် လူချဲ့ထုတ်ခြင်း) နဲ့ Width(ဘေးတိုက်လူချဲထုတ်ခြင်း) ဖြစ်အောင် နေရာယူထားဖို့လည်းလိုအပ်ပါတယ်။

(၆) ဘောလုံး ရှိတဲ့ အသင်းဖော်နဲ့ကိုယ့်အကြားမျက်ခြေမပြတ်ပါစေနဲ့ ။

ရံဖန်ရံခါ မှာ ကိုယ်က နေရာလွတ်ရအောင် တစ်နေရာကနေ နောက်တစ်နေရာ ကို ရွှေ့သွားတဲ့ အခါမှာ ဘောလုံးရှိတဲ့အသင်းဖော်နဲ့ ကိုယ့်အကြား Connection ပျောက်သွားတတ်ပါတယ်။ ဒီအခြေအနေမှာ ကိုယ်ဘယ်နေရာမှာ နေရာယူ ထားသလဲ ဆိုတာကို အသင်းဖော်သိအောင် ဆက်သွယ်ရမှာဖြစ်ပြီး အသံ နဲ့ ဖြစ်စေ Signal နဲ့ ဖြစ်စေ ဆက်သွယ်ရမှာဖြစ်ပါတယ်။

(၇) Pass and run

လွယ်ကူ ရိုးရှင်းပါတယ်။ တိုက်စစ်ဆင်ရာမှာ ပေး ပြီးရင် နေရာလွတ် ဖန်တီးဖို့ Combine လုပ်ဖို့ ဂိုးသွင်းယူဖို့ စတာတွေ ဆက်လုပ်နိုင်အောင် ပြေးခိုင်းတာဖြစ်ပါတယ်။

(၈) သဘောထားကြီးစွာ ပေး ကစားပါ ။

မိမိအသင်းနိုင်ပွဲရဖို့အတွက် သွင်းဂိုး တွေက အရေးကြီး ပါတယ်။ကိုယ်တိုင် ဂိုးသွင်းမှ မဟုတ်ဘဲ မိမိထက် ပိုပြီး ဂိုးသွင်းခွင့်အခွင့်အရေး အသာရနေတဲ့ ကစားဖော်အတွက် ဂိုးသွင်းခွင့်ဖန်တီးပေးလိုက်ခြင်းအားဖြင့် အသင်းအတွက် နိုင်ပွဲရအောင်ကူညီပေးရမှာဖြစ်ပါတယ်။

(၉) ခန့်မှန်းရ လွယ်ကူတဲ့ ပေးပို့မှုတွေကိုဘဲ အမြဲတမ်းမပြုလုပ်ပါနဲ့

သင့်အနေနဲ့ အသင်းဖော်တွေကို ဘောလုံးပေးပို့တဲ့အခါမှာ ဘယ်နေရာကို ကြည့်မလဲ ဘယ်လိုပေးမလဲဆိုတာ ဆုံးဖြတ်ရပါမယ်။ဒီနေရာမှာ အမြဲတမ်း သိသာထင်ရှားတဲ့ normal Pass တွေဘဲ ပေးနေခြင်းဟာ ပြိုင်ဘက်ကို ခန့်မှန်းရလွယ်ကူစေတဲ့ အတွက် risk ယူ ပြီး ပေးရတဲ့ သူတို့မထင်မှတ်တဲ့ Killer pass တွေကိုလည်း ပေးဖို့ ကြိုးစားရပါမယ်။

(၁၀)လှည့်ဖျားမှုတွေ ပြုလုပ်ပါ

"Futsal is a sports for liars" ဆိုတဲ့ စကားလေးရှိပါတယ်။ ဖူဆယ် ဆိုတာ လှည့်ဖျားမှုတွေပြုလုပ်ဖို့ကစားတဲ့ ကစားနည်းတစ်ခုပါဘဲ တဲ့ ။ ဆိုလိုချင်တာကတော့ နေရာကျဉ်းကျဉ်းလေးမှာ ကစားရတဲ့ ကစားနည်းဖြစ်တဲ့ အတွက် သင့် အနေနဲ့ လှည့်ဖြားမှုတွေအများကြီး ပြုလုပ်ဖို့လိုအပ်ပါတယ်။

သင့်အ‌ နေနဲ့ ပြိုင်ဘက်ကို Futsal ရဲ့Attacking Specific Movement တွေဖြစ်တဲ့ Check in -Check Out ,Break Shock, J run, L run စတဲ့ ဘော်ဒီဖိန့်တွေကို အသုံးချပြီး Lose Marker ဖြစ်အောင် ပြုလုပ်ရမှာဖြစ်သလို Set play နဲ့ Kick in တွေကိုလည်း လှည့်ဖျားမှုတွေနဲ့ ပြုလုပ်ကစားနိုင်ဖို့လိုအပ်ပါတယ်။

(၁၁) အသင်းဖော်ဆီ Strong Pass တွေ ပေးပို့ပါ

ဖူဆယ်မှာ ကိုယ်ရဲ့အသင်းဖော်ဆီကို ပေးပို့တဲ့ ဘောလုံးဟာ Strong pass (အားပြင်းပြင်း ) ဖြစ်ရပါမယ်။ အားပျော့ပျော့နဲ့ ပေးမိရင် ပြိုင်ဘက်က ကြားကနေ အလွယ်တကူ Intercept လုပ်ခြင်းခံရနိုင်လို့ပါ။ ဒါကြောင့် passing ကို Strong pass တွေ ပေးနိုင်ဖို့ လိုပါတယ်။

(၁၂) ကိုယ့်ကွင်းဘက်ခြမ်းမှာ Side switch ပြုလုပ်ခြင်းကို ရှောင်ရှားပါ

မိမိ ကွင်းဘက်ခြမ်း Low Area ကိုယ့်အသင်း ဂိုး‌ ပေါက်နဲ့ နီးနီးကပ်ကပ် မှာ ပြိုင်ဘက်က ဖိအားပေးနေတဲ့အချိန်မှာ ကွင်းရဲ့ တစ်ဘက်ခြမ်းကနေ အခြားဘက်ခြမ်းကို ဆိုဒ် ချိန်း တဲ့ အနေနဲ့ Lateral pass (ဘေးတိုက်) တွေ ပေး ခြင်းကို အထူးသတိထားပါ ။ ဒီနေရာမှာ ဘောလုံးကို ပြိုင်ဘက်အသင်းကသာ ရရှိသွားမယ်ဆိုရင် ဂိုးပေးရဖို့ အလွန်နီးစပ်တဲ့အခြေအနေမို့ ဖြစ်ပါတယ်။

(13) 5 pass rule ကို လိုက်နာပါ။

ပြိုင်ဘက်အသင်းရဲ့ ခံစစ်ဟာ စုစည်းမှု မရှိဘဲ ဖယိုဖရဲ ဖြစ်နေချိန်မှာ မိမိအသင်းဟာ အနည်းဆုံး Passing 5 ကြိမ်အတွင်းမှာ ဂိုးသွင်းယူနိုင်အောင်ကြိုးစားပါ။ အကယ်၍ သင့်အသင်းသာ ဖရိုဖရဲ ဖြစ်နေတဲ့ ပြိုင်ဘက်ခံစစ်ကို Passing 5 ကြိမ်အတွင်းမှာ ဂိုးမသွင်းယူနိုင်ဘူးဆိုရင် သူတို့အသင်းရဲ့ခံစစ်ကို Compact (ကျစ်လစ်) သွားအောင်ပြန်လုပ်ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၁၄) ဂိုးသမားနဲ့ ပွဲရဲ့ Tempo အခန်းကဏ္ဍ

ဖူဆယ်မှာ ဂိုးသမားတွေဟာ ပွဲ ရဲ့ Tempo အတင်အချကို နားလည်ထားဖို့လည်း အရေးကြီးပါတယ်။ ရူံးနေတဲ့အချိန်မှာ ပွဲကို မြန်မြန်စတင်နိုင်ဖို့ကြိုးစားရမှာဖြစ်သလို နိုင်နေတဲ့ အချိန် မှာလည်း တစ်နည်းနည်းနဲ့ Delay ဖြစ်အောင်ပြုလုပ်ပြီး ပွဲရဲ့ Tempo ကို လျှော့ချရမှာဖြစ်ပါတယ်။ 4 sec ဥပဒေ ရှိနေတဲ့အတွက် သင့်ဆီမှာ ဘောလုံးကို အကြာကြီးကိုင်ထားလို့မရတဲ့အချက်ကို တော့မမေ့ပါနဲ့ ။

(၁၅)နောက်ဆုံး လူ ဟာ လိမ်ခေါက်ဖို့မကြိုးစားပါနဲ့

Anchor position မှာကစားတဲ့ သူ (သို့မဟုတ်) Backmanလို့ ခေါ်တဲ့ နောက်ဆုံးနေရာမှာ ရောက်နေတဲ့ ကစားသမားဟာ 1vs 1 ဘယ်တော့မှ လိမ်ခေါက်ဖို့ မကြိုးစားပါနဲ့ ။ သင်သာ ဘောလုံးဆုံးရှုံး သွားမယ်ဆိုရင် နောက်မှာ ဂိုးသမားဘဲ ရှိတော့ တဲ့အတွက် အန္တရာယ် အရမ်းများတဲ့ အခြေအနေကို ဖြစ်ပေါ်စေမှာမို့ပါ။
(၁၆) ဂိုးပေါက်ကန်သွင်းခြင်းကို ကန်ချက်ပြင်းပြင်းနဲ့ ပြုလုပ်ပါ

သင်အသင်းတိုက်စစ်ဆင်ချိန်မှာ ဂိုးပေါက်ကို ကန်သွင်းမယ်ဆိုရင် ကန်ချက်ပြင်းပြင်းနဲ့ သာ ကန်သွင်းဖို့ကြိုးစားပါ။ ဒီလို အဆုံးသတ် ခြင်းအားဖြင့် ဘောလုံးကို ပြိုင်ဘက်ဂိုးသမားမိပြီး ပြန်လည်စတင်လာမယ့် တစ်ဘက်အသင်းရဲ့ Counter ကို ကာကွယ်တားဆီးပြီးသား ဖြစ်စေနိုင်ပါတယ်။
Ref Berdego del Fresno (Spain)
(Technical & Tactical Concept)

20/05/2024

ပိုင်ဆိုင်ရမလိုလိုနဲ့
မင်းကို လက်လွှတ်ခဲ့ရတာ 🥲

🔵 KOE TAUNT FC အသင်းအတွက်                         ⚽ဘောလုံးဂျာစီSponsor ပေးပါသော 🛑 Ni Ni (Online agent) အား              ...
15/03/2024

🔵 KOE TAUNT FC အသင်းအတွက်
⚽ဘောလုံးဂျာစီSponsor ပေးပါသော
🛑 Ni Ni (Online agent) အား
🔵 KOE TAUNT FC အသင်းမှ
ကျေးဇူးအထူးပင်တင်ရှိ‌ပါသည်🥰🥰🥰

------------------------------------------------------------------------------------
2D = 80 Z 🔰🔰🔰
3D = 500Z🔰🔰🔰
𝐛𝐚𝐭𝐦𝐚𝐧 =𝟏𝐮𝐧𝐢𝐭 𝟏𝐤𝐬🔰🔰🔰
𝟓𝟓𝟓𝐦𝐚𝐱=𝟏𝐮𝐧𝐢𝐭 𝟏𝐤𝐬🔰🔰🔰
𝐢𝐛𝐞𝐭 𝟕𝟖𝟗 =𝟏𝐮𝐧𝐢𝐭 𝟏𝟎𝟎𝟎𝐤𝐬🔰🔰
𝐬𝐩𝐨𝐫𝐭 𝟖𝟗𝟗 =𝟏𝐮𝐧𝐢𝐭 𝟏𝐤𝐬🔰🔰🔰

ဝန်ဆောင်မှူ အားလုံး 👇အောက်မှာ link 🔗👇 ချထားတဲ့
Ma Ni Ni ဆီမှာ ငွေကြေး𝟏𝟎𝟎%
ယုံကြည်စွာ ကစားလိုရပါတယ်ခင်ဗျာ🥰🥰🥰

𝐯𝐛=𝟎𝟗𝟕𝟗𝟓𝟎𝟒𝟖𝟓𝟎𝟎

Ni Ni (Online agent)👇👇👇👇

https://www.facebook.com/profile.php?id=61550581135157&mibextid=ZbWKwL

15/03/2024

KOE TAUNT FC အသင်း🔵
(VS)
တညောင်(ရှေ့)🟢

⚽[ 2ဂိုး ~ 2 ဂိုး ] ⚽နဲ့ ပီးခဲ့ပေမယ့်

နောက်ရှုံး ပင်နယ်တီအရှုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်😔🥹

ကျနော်တို့တတွေ
ရှေ့ဆက် အကောင်းဆုံးကြိုးစားသွားပါအူးမည်🤜🤛💪

15/03/2024

ကျနော်တို့ 🔵KOE TAUNT FC🔵 အသင်းအတွက်
🍹အအေး‌🥤စီစဉ်ပေး‌ပါသော
💓ထန်းနှစ်ပင်ကျေးရွာမှ ရွာသူရွာသားများ💓အားလုံးကို
🔵KOE TAUNT FC🔵အသင်းမှ
ကျေးဇူးအထူးပင်တင်ရှိပါသည်။🙏🙏🙏

06/03/2024

KOE TAUNT FC အသင်း🔵
(VS)
ကယ်စီယမ်(FC) ⚪

⚽[ 1ဂိုး ~ 1 ဂိုး ] ⚽နဲ့ သရေကျခဲ့ပါတယ်ခင်ဗျာ😘😍

🛑Quarter Final အတွက်                                 ကိုးတောင့် 👉ကိုမျိုးလင်းဇော်👈မှ🔵KOE TAUNT FC အသင်းအား              ...
06/03/2024

🛑Quarter Final အတွက်
ကိုးတောင့် 👉ကိုမျိုးလင်းဇော်👈မှ
🔵KOE TAUNT FC အသင်းအား
🥤အချိုရည် Sponsor အဖြစ်
💸 (15000)ks ကူညီပေးပါသောကြောင့်
ကျေးဇူးအထူးပင်တင်ရှိပါကြောင်း
👏ကြေငြာအပ်ပါတယ်ခင်ဗျာ😘🥰🥰

Address

Seikpyu

Website

Alerts

Be the first to know and let us send you an email when Koe Taunt FC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category