The Community Fitness by Strategy First

The Community Fitness by Strategy First Shaping Your Mind Body And Future

Workout မလုပ်ခင် Warm Up ဘာကြောင့် လုပ်သင့်တာလဲ? 💪Workout စလုပ်တော့မယ်ဆိုရင် Weight Training ကို ချက်ချင်းမစသေးဘဲ Warm U...
28/08/2026

Workout မလုပ်ခင် Warm Up ဘာကြောင့် လုပ်သင့်တာလဲ? 💪

Workout စလုပ်တော့မယ်ဆိုရင် Weight Training ကို ချက်ချင်းမစသေးဘဲ Warm Up အရင်လုပ်ပေးသင့်ပါတယ်။

Warm Up လုပ်ပေးတာက
🔥 ခန္ဓာကိုယ်ကို Workout အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ပေးတယ်
🔥 Muscle နဲ့ Joint တွေကို လေ့ကျင့်ခန်းအတွက် အသင့်ဖြစ်စေတယ်
🔥 Injury ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
🔥 Workout Performance ပိုကောင်းစေတယ်

ဒါကြောင့် Workout မစခင် 5–10 minutes လောက် Warm Up လုပ်ပြီး ခန္ဓာကိုယ်ကို အရင်ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့နော်။

Train Together. Grow Together.

📍 အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
📞 09 763 485 777

Workout လုပ်ပြီးရင် Recovery လုပ်ပေးဖို့ ဘာကြောင့်အရေးကြီးတာလဲ? 💪  Workout ကောင်းကောင်းလုပ်ပြီးတာနဲ့ Training ပြီးသွားတာ...
26/08/2026

Workout လုပ်ပြီးရင် Recovery လုပ်ပေးဖို့ ဘာကြောင့်အရေးကြီးတာလဲ? 💪

Workout ကောင်းကောင်းလုပ်ပြီးတာနဲ့ Training ပြီးသွားတာ မဟုတ်ပါဘူး။
ခန္ဓာကိုယ်က ပြန်လည်အားဖြည့်ပြီး နောက်တစ်ကြိမ်လေ့ကျင့်ဖို့ အသင့်ဖြစ်လာတဲ့ Recovery အချိန်ကလည်း Fitness Journey ရဲ့ အရေးကြီးတဲ့အပိုင်းတစ်ခုပါ။

Workout လုပ်ပြီးနောက် Recovery ကောင်းကောင်းလုပ်ပေးရင်

✅ ကြွက်သားတွေ ပြန်လည်ပြုပြင်ပြီး ပိုသန်မာလာဖို့ ကူညီပေးတယ်
✅ အားအင်ပြန်လည်ဖြည့်တင်းပေးပြီး နောက် Workout အတွက် Performance ကောင်းစေတယ်
✅ ပင်ပန်းနွမ်းနယ်မှုကို လျော့စေပြီး Workout ကို ပုံမှန်ဆက်လုပ်နိုင်စေတယ်
✅ အလွန်အကျွံလေ့ကျင့်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ Injury Risk ကို လျှော့ချရာမှာလဲ အထောက်အကူပြုပါတယ်

Workout များများလုပ်တာတစ်ခုတည်းက Progress မဟုတ်ပါဘူး။
ပိုကောင်းတဲ့ Result ရချင်ရင် Workout နဲ့ Recovery နှစ်ခုလုံးကို ဂရုစိုက်ဖို့လိုပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကို အချိန်ပေးပြီး Recovery ကောင်းကောင်းလုပ်ပေးမှ နောက်တစ်ကြိမ် Workout မှာလည်း ပိုအားရှိပြီး ပိုကောင်းကောင်း လေ့ကျင့်နိုင်မှာပါ။ 💪

ဒါဆို Recovery ကို ဘယ်လိုမှန်မှန်ကန်ကန် လုပ်ရမလဲ? 🤔
နောက်တစ်ပိုင်းမှာ ဆက်လက်မျှဝေပေးသွားမှာမို့ ဆက်လက်စောင့်ကြည့်ပေးပါဦးနော်။ 💪🔥

📍 အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
📞 09 763 485 777

Train Together. Grow Together.

20/08/2026

Fitness Journey တစ်ခုမှာ Result တစ်ခုတည်းက အရေးကြီးတာမဟုတ်ပါဘူး။ ပုံမှန်လေ့ကျင့်နိုင်ခြင်း၊ Strength နဲ့ Stamina တိုးတက်လာခြင်း၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိလာခြင်းတွေကလည်း တိုးတက်မှုတစ်ခုစီပါပဲ။

The Community Fitness မှာ Member တွေရဲ့ ကြိုးစားမှုတိုင်းကို နွေးထွေးတဲ့ Community နဲ့ Trainer Team က လိုအပ်သလို Support ပေးရင်း Fitness Goal ဆီကို အတူတူရှေ့ဆက်နေပါတယ်။ ❤️

Welcome to The Community Fitness — Train Together, Grow Together.🏋️‍♂️🏊‍♀️

📍 အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
📞 09 763 485 777


စာလည်းကြိုးစားရင်း ကိုယ့်ကျန်းမာရေးအတွက်လည်း အချိန်ပေးကြမယ် 💪📚ကျောင်းစာတွေ၊ Assignment တွေ၊ Project တွေနဲ့ အလုပ်များနေတဲ...
13/08/2026

စာလည်းကြိုးစားရင်း ကိုယ့်ကျန်းမာရေးအတွက်လည်း အချိန်ပေးကြမယ် 💪📚

ကျောင်းစာတွေ၊ Assignment တွေ၊ Project တွေနဲ့ အလုပ်များနေတဲ့ Student Life မှာ ကိုယ့်ခန္ဓာကိုယ်နဲ့ စိတ်ကို ကျန်းမာတက်ကြွအောင် ထိန်းသိမ်းဖို့လည်း အရေးကြီးပါတယ်။

Workout လုပ်ခြင်းက Body Shape ကောင်းဖို့တင်မဟုတ်ဘဲ နေ့စဉ်ပိုတက်ကြွနေဖို့၊ Stress တွေကို ဖြေလျှော့ဖို့နဲ့ Healthy Lifestyle တစ်ခုကို အလေ့အကျင့်ဖြစ်အောင် တည်ဆောက်ဖို့လည်း ကူညီပေးနိုင်ပါတယ်။✨

The Community Fitness မှာတော့ Strategy First ကျောင်းသား၊ ကျောင်းသူတွေက ကိုယ့်ရဲ့ Fitness Goal အလိုက် လေ့ကျင့်ရင်း သူငယ်ချင်းတွေနဲ့အတူ ပိုပျော်ရွှင်ပြီး ပိုတက်ကြွတဲ့ Student Life ကို ဖန်တီးနေကြပါတယ်။ ❤️

Welcome to The Community Fitness -
Train Together, Grow Together.

လိပ်စာ: အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန်ဖုန်း: 09 763 485 777

Fitness Goal ကို အတူတူကြိုးစားနေကြတဲ့ Strategy First မှ ကျောင်းသား၊ ကျောင်းသူလေးများ 💪  စာသင်ချိန်တွေ၊ Assignment တွေကြာ...
11/08/2026

Fitness Goal ကို အတူတူကြိုးစားနေကြတဲ့ Strategy First မှ ကျောင်းသား၊ ကျောင်းသူလေးများ 💪

စာသင်ချိန်တွေ၊ Assignment တွေကြားမှာ ကိုယ့်ခန္ဓာကိုယ်ကို လှုပ်ရှားပေးပြီး ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းတာကလည်း Student Life ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ။

The Community Fitness by Strategy First မှာ ကိုယ့် Pace နဲ့ ကိုယ့် Goal အတိုင်း လေ့ကျင့်ရင်း ပိုတက်ကြွတဲ့ Student Lifestyle ကို အတူတူတည်ဆောက်ကြမယ်နော်🙌

Welcome to The Community Fitness -
Train Together, Grow Together.

လိပ်စာ: အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန်ဖုန်း: 09 763 485 777

Gym ဆိုတာ လေ့ကျင့်ခန်းလုပ်ဖို့ နေရာတစ်ခုတည်း မဟုတ်ပါဘူး။ 🏋️တူညီတဲ့ Fitness Goal တွေရှိတဲ့ Member တွေ၊ အားပေးကူညီပေးမယ့် ...
07/08/2026

Gym ဆိုတာ လေ့ကျင့်ခန်းလုပ်ဖို့ နေရာတစ်ခုတည်း မဟုတ်ပါဘူး။ 🏋️

တူညီတဲ့ Fitness Goal တွေရှိတဲ့ Member တွေ၊ အားပေးကူညီပေးမယ့် Trainer တွေနဲ့ Positive Energy အပြည့်ရှိတဲ့ Community တစ်ခုလည်း ဖြစ်ပါတယ်။💪

The Community Fitness by Strategy First မှာ Member တွေရဲ့ ကြိုးစားမှုကို ကျွမ်းကျင် Trainer Team က လိုအပ်သလို Guidance ပေးပြီး ကိုယ့် Fitness Goal ဆီကို စနစ်တကျ ဆက်သွားနိုင်အောင် Support ပေးနေပါတယ်။

တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာဖို့၊ ပိုကျန်းမာလာဖို့၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိလာဖို့ —
The Community Fitness မှာ အတူတူ ကြိုးစားပြီး အတူတူ တိုးတက်ကြမယ်နော်✨

Welcome to The Community Fitness — Train Together, Grow Together.

လိပ်စာ: အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
ဆက်သွယ်ရန်ဖုန်း: 09 763 485 777

အဆီကျချင်လို့ Treadmill ပေါ်မှာပဲ အချိန်အကြာကြီး လမ်းလျှောက်နေပါသလား? 🏃‍♂️🔥Cardio က Calories တွေကို လောင်ကျွမ်းစေပြီး နှ...
05/08/2026

အဆီကျချင်လို့ Treadmill ပေါ်မှာပဲ အချိန်အကြာကြီး လမ်းလျှောက်နေပါသလား? 🏃‍♂️🔥

Cardio က Calories တွေကို လောင်ကျွမ်းစေပြီး နှလုံးနဲ့ အဆုတ်ကို သန်မာစေတဲ့အပြင် Stamina ပိုကောင်းလာဖို့လည်း အထောက်အကူပြုပါတယ်ဗျာ။

ဒါပေမယ့် အဆီကျပြီး ခန္ဓာကိုယ်တင်းရင်းလှပလာဖို့ Cardio အပြင် Weight Training ကိုပါ ပေါင်းစပ်လုပ်တာ ပိုထိရောက်ပါတယ်။

Weight Training က
✅ Muscle မလျော့အောင် ထိန်းပေးနိုင်တယ်
✅ ခန္ဓာကိုယ်ပုံစံ ပိုတင်းရင်းလာတယ်
✅ ကိုယ်အလေးချိန်ကျတဲ့အခါ ပျော့တွဲမနေဘဲ Body Shape ပိုကောင်းလာတယ်
Workout လုပ်တာမှန်ပေမယ့် အစားအသောက်မထိန်းနိုင်ရင်လည်း ရလဒ်က နှေးနေဦးမှာပါ။

အဆီကျချင်သူတွေအတွက်
🥩 Protein လုံလောက်အောင်စားပါ
🥤 အချိုရည်နဲ့ သကြားများတဲ့အစားအစာ လျှော့ပါ
🍟 ဆီများတဲ့အစားအစာကို ရှောင်ပါ
💧 ရေလုံလောက်အောင် သောက်ပါ

ဒီလိုမှန်ကန်တဲ့ လေ့ကျင့်ခန်းစနစ်၊ မျှတတဲ့ စားသောက်မှုပုံစံတွေနဲ့အတူ ဒီနေ့ပဲ ပိုမိုကျန်းမာလှပတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်အောင် အတူတူ ကြိုးစားလိုက်ရအောင်။ 💪🔥

Welcome to The Community Fitness — Train Together, Grow Together.🏋️‍♂️🏊‍♀️

📍 အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
📞 09 763 485 777


Gym ပထမဆုံးနေ့မှာ ဘာလုပ်ရမှန်းမသိလို့ စိတ်လှုပ်ရှားနေပါသလား။ 🏋️ပထမနေ့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို အလွန်အမင်းပင်ပန်းအေ...
28/07/2026

Gym ပထမဆုံးနေ့မှာ ဘာလုပ်ရမှန်းမသိလို့ စိတ်လှုပ်ရှားနေပါသလား။ 🏋️

ပထမနေ့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို အလွန်အမင်းပင်ပန်းအောင်လုပ်ဖို့မဟုတ်ပါဘူး။ မှန်ကန်တဲ့ Workout အလေ့အကျင့်ကို စတင်ဖို့ပါဘဲ။✨
စက်တွေအားလုံးကို တစ်နေ့တည်း စမ်းဖို့မလိုသလို၊ ပထမနေ့ကတည်းက Weight အလေးကြီးတွေနဲ့လည်း စတင်ဖို့လည်းမလိုပါဘူး။🙅

အရေးကြီးဆုံးက -

ကိုယ့်ရည်မှန်းချက်ကို Trainer ကိုပြောပြခြင်း၊
ခန္ဓာကိုယ်နွေးအောင် Warm-up လုပ်ခြင်း၊
Basic Exercise အနည်းငယ်ကို ပေါ့ပါးတဲ့ Weight နဲ့ ကိုယ်ဟန်အနေအထားမှန်ကန်စွာလုပ်ခြင်းတို့ပါ။

ပထမနေ့မှာ အရမ်းပင်ပန်းအောင်လုပ်လိုက်တာထက် နောက်နေ့တွေမှာ ဆက်လာချင်စိတ်ရှိနေဖို့ က ပိုအရေးကြီးပါတယ်။

Gym ဆိုတာ တစ်ရက်တည်းနဲ့ ပြောင်းလဲဖို့မဟုတ်ပါဘူး။
နေ့တိုင်းနည်းနည်းစီ ပိုမိုတိုးတက်လာဖို့ပါ။ 💪

Gym စဆော့ချင်ပေမယ့် ဘယ်ကစရမှန်းမသိသေးရင် The Community Fitness ရှိ ကျွမ်းကျင် Trainer များက နွေးထွေးစွာ ကြိုဆိုပြီး လိုအပ်တဲ့ လမ်းညွှန်မှုများကို ကူညီပေးဖို့ အသင့်ရှိနေပါတယ်ခင်ဗျာ။

📍 အမှတ် (၁၆)၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်
📞 09 763 485 777


The Community Fitness by Strategy First မိသားစု၏ ဝါဆိုသင်္ကန်းကပ် ကာလဒါနအလှူမြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ဒုတိယဝါဆိုလဆန်...
22/07/2026

The Community Fitness by Strategy First မိသားစု၏ ဝါဆိုသင်္ကန်းကပ် ကာလဒါနအလှူ

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ဒုတိယဝါဆိုလဆန်း (၇) ရက်နေ့ (အင်္ဂါနေ့) တွင် The Community Fitness by Strategy First မိသားစုမှ ကြွရောက်ချီးမြင့်တော်မူသော သံဃာတော်များအား ဝါဆိုသင်္ကန်း၊ နေ့ဆွမ်းနှင့် လှူဖွယ်၀တ္ထုအစုစုတို့ကို ကာလဒါန ကုသိုလ်အဖြစ် ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဤ၀ါဆိုသင်္ကန်းကပ် ကုသိုလ်ကောင်းမှုမှ ရရှိသော ကုသိုလ်အကျိုးများကို The Community Fitness by Strategy First မိသားစုဝင်များ၊ Members များနှင့် မိသားစုဝင်များအားလုံး ခံစားရရှိကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ပိုကျန်းမာတဲ့ဘဝ၊ ပိုသန်မာတဲ့ခန္ဓာကိုယ်၊ ပိုယုံကြည်မှုရှိတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ The Community Fitness by Strateg...
22/07/2026

ပိုကျန်းမာတဲ့ဘဝ၊ ပိုသန်မာတဲ့ခန္ဓာကိုယ်၊ ပိုယုံကြည်မှုရှိတဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ဖို့ The Community Fitness by Strategy First နဲ့ စတင်လိုက်ပါ။

📌 Membership Fees

💥 Gym + All Classes + Swimming Pool
▪️ 1 Month – 120,000 MMK
▪️ 3 Months – 300,000 MMK
▪️ 6 Months – 580,000 MMK
▪️ 1 Year – 1,000,000 MMK

🏊 Swimming Pool Only
▪️ 1 Month – 65,000 MMK
▪️ 3 Months – 180,000 MMK
▪️ 6 Months – 330,000 MMK
▪️ 1 Year – 600,000 MMK

🔥 Train Together. Grow Together.

📍 Location – No.16, Baho Road, Sanchaung Township, Yangon
📞 Phone – 09 763485777

Address

No 16, Baho Road
Sanchaung
11111

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959763485777

Website

Alerts

Be the first to know and let us send you an email when The Community Fitness by Strategy First posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share