18/09/2023
ခြောက်နှစ်အတွင်း အဲဗာတန်အိမ်ကွင်းမှာ ဂန်းနားတို့အတွက် ပထမဆုံး နိုင်ပွဲရယူပေးခဲ့တဲ့ Super-Sub ထရော့စက်>>>>>
လီအန်ဒရို ထရော့စတ်သည် အရံခုံမှ လူစား၀င်လာပြီး အဲဗာတန်ကို အဆုံးအဖြတ်ဂိုးကို သွင်းယူကာ 1-0 ဆိုတဲ့ရလဒ်နဲ့ ခြောက်နှစ်အတွင်း ဂွတ်ဒီဆင်ပါ့ခ်တွင် ပထမဆုံးအောင်ပွဲရရှိခဲ့ကာ ဂန်းနားတို့ကို အမှတ်ပေးဇယား စတုတ္ထနေရာသို့ တက်နိုင်ခဲ့ပီး နိုင်ပွဲမရှိသေးသော အဲဗာတန်အသင်းကတော့ ဇယားအောက်ဆုံး ၃ နေရာမှာဘဲ ရှိနေဆဲပါ။
အာဆင်နယ်ဟာ ပထမပိုင်း ၁၉ မိနစ်တွင် ဂါဘရီရယ်မာတီနယ်လီ က ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့သော်လဲ VAR ပြန်လည်သုံးသပ်ပြီးနောက် Nketiah လူကျွံ နေလို့ ဂိုးမရရှိခဲ့ပါ။
သိပ်မကြာခင်မှာပဲ မာတီနယ်လီဟာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ထရော့စက် အစားထိုး ဝင်ရောက်ကစားလာခဲ့ပါတယ်။
အာတီတာက ဂိုးသမား ရန်ဒယ်လ် နေရာတွင် ဒေးဗစ်ရေးလ် ပွဲဦးထွက်ကစား စေခဲ့ပြီး ဒန်ဂျုမား ရဲ့ အဝေးကန်သွင်းမှကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် မိနစ် ၄၀ မှာ အိုဒီဂတ် ရဲ့ပေးပို့မှုမှ တဆင့် ဘန်ဝိုက်ခ် ရဲ့ ဂိုးစည်းအပြင်က နေ ကန်သွင်းချက်ကို ဂိုးသမား ပစ်ဖို့ဒ် က ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၉ မိနစ်မှာ ဂန်းနားတို့ ထောင့်ကန်ဘော အနီးကပ် လူပေး ဖြတ်တင်ဘောကနေ ဘူကာယိုဆာကာ မှတဆင့် ထရော့စက် က ဂန်းနားတို့အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်က ဒုတိယဂိုးရဖို့ တွန်းအားပေးကြိုးစားခဲ့ပေမယ့် အိုဒီဂဒ်ရဲ့ ကန်သွင်းမှုကို ဂိုးသမား ပစ်ခ်ဖော့က ထိန်းထားနိုင်ခဲ့ပြီး တစ်လုံးတည်းသောဂိုးနဲ့ ဘဲ ကျေနပ်ခဲ့ရပါတယ်။
အာတီတာရဲ့အသင်းဟာ အဖွင့်ငါးပွဲမှာ ၁၃ မှတ်ရထားပြီး အဲဗာတန်က တစ်မှတ်ပဲရှိပါတယ်။
ဒီနေ့ည မှာတော့ Nottingham Forest သည် Burnley ကို အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်ပါသည်။
Forest သည် ရာသီ၏တတိယမြောက်နိုင်ပွဲကို ရှာဖွေနေပြီး ဧည့်သည် Burnley ကတော့ ပထမဆုံး ၁မှတ်ရရှိဖို့ ကြိုးစာနေရဆဲ့ပါ။