The Guys From Gym

The Guys From Gym Gym Wear & Sporting Accessories

08/06/2024

Kegel Exercises နဲ့ပါတ်သက်ပြီး သိပ်မသိကြလို့ Knowledge Sharing လုပ်‌ပေးတာပါဗျ

Kegel Exercises Mechanism (ကီဂယ်လ်) လေ့ကျင့်ခန်းနည်းစနစ်

(ကီဂယ်လ်) လေ့ကျင့်ခန်းကို တိတိကျကျရေးပါရစေ။ လူတိုင်း တင်ပါးနေရာမှာ အရိုးကွင်းတခုရှိတယ်။ ပုံမှာ ဘေးတိုက် မြင်ရမယ်။ ရှေ့ဆုံးမှာ ဆီးစပ်ရိုးရှိတယ်။ ကိုယ်တိုင်လက်နဲ့စမ်းရင် အရိုးမာနေတာတွေ့မယ်။ နောက်ဖက် တင်ပါးအရိုးဟာ ခါးရိုးဆစ်တွေအဆုံးကနေ ဆက်လာတယ်။ ဘေးတိုက်ကြည့်ရင် (င) ပုံရှိတယ်။ ရှေ့ဖက်မှာ ခွက်နေတယ်။ ဇလုံတချပ်ကို ထောင်ထားသလို။ ဘေးနှစ်ဖက်ပေါင်ထိပ်နေရာမှာ အရိုးစွန်းတခုစီရှိတယ်။ အဲဒီ (ဆီးစပ်ရိုး + အရိုးစွန်းနှစ်ခု + နောက်က တင်ပါးရိုးတွေ) ရဲ့အတွင်းဖက်ကနေရာကို တင်ပါးဆုံအခေါင်းလို့ ခေါ်တယ်။

အဲဒီအခေါင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။ ဆီးစပ်ရိုးနောက်မှာ ဆီးအိမ်။ သူ့နောက် အမျိုးသမီးတွေမှာ သားအိမ်၊ သားအိမ်အောက် တဆက်တည်းက မွေးလမ်းကြောင်းခေါ် ဗဂျိုင်းနားရှိတယ်။ ယောက်ျားတွေမှာ အဲတာတွေမရှိပဲ၊ ဆီးအိမ် အောက်မှာ ဆီးကျိတ်ရှိတယ်။ နောက်ဆုံးမှာ ကျားရောမပါ အစာဟောင်းအိမ်နဲ့ အစွန်ဆုံးမှာ ဝမ်းသွားတဲ့စအိုပေါက် ရှိတယ်။

အဲဒီအင်္ဂါတွေကို အောက်ကနေ ခုခံပေးထားတဲ့ ကြမ်းပြင်တခုရှိတယ်။ အဲတာကို တင်ပါးဆုံကြမ်းပြင်လို့ခေါ်တယ်။ ဒီကြမ်းပြင်ခပ်ခွက်ခွက်မှာ ယောက်ျားတွေမှာ (၂) အပေါက်၊ မိန်းမတွေမှာ (၃) ပေါက်ရှိတယ်။ ဆီးသွားလမ်း၊ မွေးဖွါးလမ်းနဲ့ ဝမ်းသွားလမ်း။ ရှေ့ဆုံးက ဆီးအိမ်၊ အလယ်က (သားအိမ် + ဗဂျိုင်းနား) နဲ့ နောက်ဆုံးက (အစာဟောင်းအိမ် + စအို) တွေကို သူ့နေရာနဲ့သူရှိနေ မြဲနေအောင် ကြမ်းခင်း (ကြွက်သားတွေ + အရွတ်ပြားတွေ) ကနေ ထိန်းပေး၊ တည့်ပေး၊ မ, ပေးထားတယ်။ အဲဒီဟာတွေအားနည်းရင် ဆီးအိမ်ကျတာ၊ သားအိမ်ကျတာ၊ အစာဟောင်းအိမ်ကျတာနဲ့ ဗဂျိုင်းနား အားနည်းတာတွေဖြစ်စေမယ်။

ဘယ်လိုဖြစ်ရင် ဘာလုပ်ရင် အဲလိုတွေဖြစ်စေသလည်း။ ရိုးရိုးလမ်းကနေ ကလေးမွေးရတာ။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင်မတာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတာတာတွေလုပ်ရတိုင်းမှာ တင်ပါးဆုံရိုးကွင်းထဲကအင်္ဂါတွေကို စိတ်ကနေ ထိန်းမလုပ်မိရင်ဖြစ်မယ်။ ဆောင့်ကြောင့်မထိုင်ပါနဲ့။ ဒူးကို ၉ဝ ဒီဂရီထားလို့ရတဲ့ အိမ်သာမျိုးသာသုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် ၂ ဖက်လုံး တပြိုင်တည်းမမြှောက်ပါနဲ့။ မတ်တပ်ရပ်ရင်း ခြေ ၂ ဖက်ဆန့်ပြီး ခါးကုံးတာမျိုး မလုပ်ပါနဲ့။ တင်ပါးဆုံရိုးကွင်းထဲကအင်္ဂါတွေကို တွန်းထုတ်သလို ဖြစ်စေတယ်။ ဆီးအိမ်တင်းနေမှသာ ဆီးသွားပါ။

(ကီဂယ်လ်) လေ့ကျင့်ခန်းနည်းစနစ်
တင်ပါးဆုံတွင်းခန္ဓာဗေဒကို ပိုတိကျအောင်ပြောရရင် Pelvic diaphragm ခေါ် Levator ani ခေါ် တင်ပါးဆုံတွင်း အခင်းပြင်မှာရှိတဲ့ Pubococcygeus, Puborectalis နဲ့ Ileococcygeus ခေါ်ကြွက်သားတွေကို တင်းစေအောင် လုပ်ရတာဖြစ်တယ်။ အဲတာကြောင့် (ကီဂယ်လ်) လေ့ကျင့်ခန်းကို Pelvic floor exercises လို့ခေါ်တယ်။

မလုပ်ခင် အဲဒီခန္ဓာဗေဒကို စာသိသာမက ကိုယ်တိုင်စိတ်မှန်းနဲ့ ဘယ်ကြွက်သားတွေဆိုတာ သိထားရမယ်။ အတွင်းခေါင်းထဲမှာရှိတာတွေမို့ လက်နဲ့ပြလို့တော့မရပါ။ အင်တာနက်မှာ လိုက်ရှာရင် တခြားလေ့ကျင့်ခန်းတွေနဲ့ပါ ရောထွေးနေလို့ အသုံးမတည့်ပါ။ အလွဲတွေကို အဟုတ်မှတ်သွားနိုင်တယ်။

ကိုယ်တိုင်သိဆိုတာ တရားဓမ္မမှာသာမဟုတ်၊ ကျန်းမာရေးမှာလည်း သုံးရပါတယ်။ နည်းရှိတယ်။ လွယ်ပါတယ်။ ဆီးသွားနေတုန်း ဆီးမကုန်ခင် ဆီးသွားတာရပ်အောင်ကြိုးစားကြည့်ပါ။ အဲလိုလုပ်ဖို့ တင်ပါးဆုံတွင်းက နေရာတခုကို စိတ်နဲ့ညှစ်ရတယ်မဟုတ်ပါလား။ ဆီးလမ်း၊ မွေးလမ်းနဲ့ စအိုအနားတွေကို ညှစ်ရတယ်ဆိုတာ သိလာမယ်။ ညှစ်ရတယ်ဆိုတာ စာထဲမှာရေးပြထားတဲ့ ကြွက်သားတွေနဲ့ သက်ဆိုင်ရာအရွတ်နေရာတွေသာ ဖြစ်ပါတယ်။ အဲတာပဲ။

လေ့ကျင့်ခန်းကို တကယ်ဆီးမသွားပဲလုပ်ရပါမယ်။ ဆီးသွားနေတုန်လုပ်ရင် ဆီးလမ်းပိုးဝင်လွယ်တယ်။ ဆီးမလုံတာ ဖြစ်စေနိုင်တယ်။

လူအနေအထား အမျိုးမျိုးမှာလုပ်လို့ရတယ်။ အစပိုင်းမှာတော့ ပက်လက်လှဲနေရင်း လုပ်သင့်တယ်။ သိလာပြီဖြစ်တဲ့ ကြွက်သားတွေကို ၅ စက္ကန့်ကြာတင်းညှစ်လိုက်ပါ။ ၅ စက္ကန့်ကြာနားလိုက်ပါ။ အဲလို လုပ်-နား ၅ ကြိမ်ဆက်တိုက်လုပ်ပါ။ နောက်မှာ ၁ဝ စက္ကန့်ကြာညှစ်ပါ။ ၁ဝ စက္ကန့်ကြာနားပါ။ တနေ့မှာ ၃ ကြိမ်လုပ်ပါ။ အာရုံကို အဲဒီမှာသာစူးစိုက်ထားပါ။ ဗိုက်၊ ပေါင်နဲ့ တင်က ကြွက်သားတွေကို မညှစ်ပါနဲ့။ အသက်ရှူအောင့်မထားပါနဲ့။

ဒီလိုရိုးရိုးရှင်းရှင်း ကုန်ကျစရာမရှိတဲ့ မျိုးပွါးလမ်းအားနည်းတာတွေအတွက် (ကီဂယ်လ်) လေ့ကျင့်ခန်းနဲ့ စအိုမှာ တခုခုဖြစ်တာ ဥပမာ လိပ်ခေါင်းအတွက် Sitz bath ရေနွေးထိုင်နည်းတွေဟာ ရောဂါတွေကာကွယ်ရေးနဲ့ ကုသရေးမှာ တကယ့်လက်တွေ အသုံးကျပါတယ်။ မော်ဒယ်ချောချော၊ ဗူးခွံလှလှတွေနဲ့ ကြော်ငြာဆေးတွေကို အားကိုးချင်တဲ့ အကျင့်ကနေ ကိုယ့်ကိုယ်ကို အားကိုးတဲ့ ယဉ်ကျေးမှုကို ပြုစုပျိုးထောင်ကြပါခင်ဗျား။ ကိုယ်ရောစိတ်ပါ ကျန်းမာကြပါစေ။

ဒေါက်တာတင့်ဆွေ
၁၇-၅-၂ဝ၁၆

Address

Pyinmanahaung
15012

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 17:00

Telephone

+959776558775

Website

Alerts

Be the first to know and let us send you an email when The Guys From Gym posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category