Rhythm YOGA flow with NooN

Rhythm YOGA flow with NooN 🪪 Certificate of IYTTC 200 hrs/
RYS-200
🆔 YA REG ID: - 317485
Certificate No: - 230701

မဂ်လာပါရှင့်..ဒီတစ်လလုံး... ရာသီဥတုကြောင့်ရယ် နေရာအသစ်ကိုပြောင်းနေတာကြောင့်ရယ်အလုပ်တစ်ခုစ run နေတာကြောင့်ရယ် သင်တန်းတွေ ...
27/04/2024

မဂ်လာပါရှင့်..

ဒီတစ်လလုံး... ရာသီဥတုကြောင့်ရယ်
နေရာအသစ်ကိုပြောင်းနေတာကြောင့်ရယ်
အလုပ်တစ်ခုစ run နေတာကြောင့်ရယ်
သင်တန်းတွေ ခဏနားလိုက်ရပါတယ် 😢

🤗 လာမယ့် မေလမှာ သင်တန်းအားလုံး ပြန်ဖွင့်ပါမယ်ရှင့် 🥰
⌨️ စာတွေလည်းပြန်ရေးပါမယ် 🥰

🙏အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

🤍🕊️😌
27/04/2024

🤍🕊️😌

ဘော်ဒါတွေနဲ့ ပိုစ့်ပေးနည်း😝ယောဂလေးတော့ကျင့်ထားပေါ့ 😁
05/04/2024

ဘော်ဒါတွေနဲ့ ပိုစ့်ပေးနည်း😝
ယောဂလေးတော့ကျင့်ထားပေါ့ 😁



🧘🏽‍♂️ ယောဂကျင့်စဉ်ရဲ့ကျေးဇူးတွေက အများကြီးဆို       တာအားလုံးလည်း သိဖူး ကြားဖူး ဖတ်ဖူးကြပြီး        သားပါ.. 🧿 ကိုယ့်အတွက...
10/03/2024

🧘🏽‍♂️ ယောဂကျင့်စဉ်ရဲ့ကျေးဇူးတွေက အများကြီးဆို
တာအားလုံးလည်း သိဖူး ကြားဖူး ဖတ်ဖူးကြပြီး
သားပါ..

🧿 ကိုယ့်အတွက် ကောင်းတာလေးတစ်ခု မျှဝေ‌ပါရ
စေ....🧿

😔 စိတ်ထဲနေလို့မကောင်းနေဘူး စိတ်ညစ်နေတယ်
အိပ်မပျော်ဘူး အတွေးတွေများနေတယ် ...
ဆိုတာလူတိုင်းကြုံဖူးကြမှာပါ ..

🥺 အာ့လိုဖြစ်ရင်လည်း ဘာမှ ဆက်မတွေးနဲ့ ခွေမ
ပါနေနဲ့

⛔ တခြားသောစိတ်ထွက်ပေါက်တွေဆိုတာလည်း
သူတပါးကိုမထိခိုက်ဘူးဆိုရင်တောင် ကိုယ့်
ကိုယ်ထိခိုက်တတ်ပါတယ်

☺️ မစားနိုင် မသောက်နိုင် မှိုင်နေ တွေးနေရင်လည်း
မနောကံ အကုသိုလ်တွေပဲ ဆက်ဖြစ်နေတော့မှာ
မို့ ....

🧘🏻 ချက်ချင်းထ အသက်ရှု စိတ်လေးငြိမ်အောင်နေ
ပြီးယောဂကျင့်စဉ်သာ ကျင့်ကြည့်ပါ
Negative thought တွေအားလုံး လွှင့်ပျောက်
သွားပါမှာပါ ..

🙏 စိတ်လည်းကြည် ခန္ဓာလည်းလန်းဆန်းပြီး
အကောင်းမြင်တဲ့ဘက်ပြန်ရောက်လာပြီး
အတွေးတွေ ဆုံးဖြတ်ချက်တွေ မှန်ကန်သွားပါ
လိမ့်မယ် ....

မေတ္တာဖြင့် ~ NooN

29/02/2024

😶 အိမ်ထဲအိမ်ပြင်မထွက်ဘူးနော်
🤔 သင်တန်း‌ချိန်တော်တော်များတာလား ???

😁Me : 👇👇👇



27/02/2024

ဒီလို Home practices လေးတွေ ရှိတယ်ဟုတ် 😁😜




20/02/2024

What do you put it inside is what you're going to see outside later.🤩



အသဲလေးတို့ရေ...19 ရက်နေ့ တနလ်ာနေ့ ပြန်စကြမယ်နော် 🥰ပုံလေး ချစ်လို့
17/02/2024

အသဲလေးတို့ရေ...
19 ရက်နေ့ တနလ်ာနေ့ ပြန်စကြမယ်နော် 🥰

ပုံလေး ချစ်လို့


အရင်နှစ်ကထွက်ခဲ့တဲ့ The Glory မှာ Kyoက ဘဝဖျက်စီးခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်၊အနေနဲ့ကော ဒဏ်ရာတွေကိုအင်္ကျီချွတ်ပြရတဲ့အခန...
22/01/2024

အရင်နှစ်ကထွက်ခဲ့တဲ့ The Glory မှာ Kyo
က ဘဝဖျက်စီးခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်၊
အနေနဲ့ကော ဒဏ်ရာတွေကိုအင်္ကျီချွတ်ပြရတဲ့အခန်း
က မဖြစ်မနေ ပါရမှာမို့ စပြီးကမ်းလှမ်းတည်းက ဒီအခန်း
အတွက်ကော ဇာတ်ကောင်အတွက်ကော ပိန်ရမယ်
ဆိုပြီးဝဥ (Konjac)ကိုဘဲစားပြီးပိန်လှီနေအောင် ဝိတ်ချခဲ့တယ်တဲ့

တကယ်လည်းပိန်သွားတာနော်

အဲ့ဒါနဲ့ ကိုယ်လည်းအားကျပြီး ချမယ်ဟဲ့ ဆိုပြီး ဈေးကနေ ကဇွန်းဥ ဝယ်လာစားတာ

၂ရက်ထဲနဲ့ ၁ ပိဿ ကုန်ပြီ🥴🥴

Credit😛😝


🧿*** Niyamas *** 🧿🙏🏼 မဂ်လာပါ 🙏🏼 Namaste 🙏🏼🙋🏼‍♀️ အခုတစ်ပတ်မှာ limb number 2 ဖြစ်တဲ့ Niyamas အကြောင်းလေး မျှဝေသွားပါမယ်......
16/01/2024

🧿*** Niyamas *** 🧿

🙏🏼 မဂ်လာပါ 🙏🏼 Namaste 🙏🏼

🙋🏼‍♀️ အခုတစ်ပတ်မှာ limb number 2 ဖြစ်တဲ့ Niyamas အကြောင်းလေး မျှဝေသွားပါမယ်...

💫~~~Niyamas ~~~✨

🧘🏼 Niyamas ဆိုတာ Personal practices ဖြစ်ပြီးကိုယ်တိုင်ကျင့်ကြံ လုပ်ကိုင်ရမယ့်အရာကို ရည်ညွှန်းတာ ဖြစ်ပါတယ်..
လိုက်နာရမယ့်စည်းကမ်း၊ တကိုယ်ရည်နဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှု စတာတွေ ပါဝင်ပါတယ်..

😊 တနည်းအားဖြင့် Niyamas က "What to do? (ဘာလုပ်ရမယ်) ဆိုတာကို ပြဌာန်းထားတာဖြစ်တယ်..

💠 သူ့ခေါင်းစဉ်အောက်မှာ personal practices လုပ်ရမယ့် အချက် (၅) ချက် ဖော်ပြထားပါတယ် ..
1. Saucha
2. Santosha
3. Tapas
4. Swadyaya
5. Iswara-pranidhana တို့ဖြစ်ပါတယ် ..

🔹1) Saucha
Purity or cleanliness သန့်ရှင်းစင်ကြည်ခြင်းကို ဆိုလိုပါတယ် ...
သန့်ရှင်းစင်ကြည်ခြင်းဆိုရာမှာ Physically (ရုပ်ပိုင်းဆိုင်ရာ) နဲ့ Mentally (စိတ်ပိုင်းဆိုင်ရာ) နှစ်ခုစလုံးကို ဆိုလိုတာပါ ..

🧘🏻‍♀️ ရုပ်ပိုင်းဆိုင်ရာမှာဆိုရင် ခန္ဓာကိုယ်တွင်းအတွက် အစားအစာကစလို့ ပြင်ပအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးအထိ အကုန်ပါပါတယ်...
* ဥပမာ ပြောရရင် Shatkarma (yogic detox) လိုဟာမျိုးဆိုရင် physically cleanliness လုပ်တာပဲဖြစ်တယ်..

🫧 စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းရေးဆိုတာကတော့..
ကိုယ့်ရဲ့ အတွေး အကြံတွေ၊ ခံစားချက် (emotion level) တွေဟာတည်ငြိမ်ဖို့နဲ့ သန့်စင်နေဖို့လိုပါတယ် ..

🤔 ဘာကြောင့်လုပ်ရလဲ? ဆိုရင်..
ကိုယ်သွားနေတဲ့ Samadhi ဆိုတဲ့ပန်းတိုင်ကိုတည်ဆောက်ဖို့ဆိုရင် ဒီခန္ဓာကိုယ်ကိုလည်း အသုံးပြုနေရတာကြောင့် ရုပ်ပိုင်းဆိုင်ရာ သန့်ရှင်းစင်ကြည်ခြင်းဟာလည်း အရေးပါသလို စိတ်ကြည်ရုပ်ကြည်နေမှ ပန်းတိုင်ကို ရောက်ဖို့အထောက်အကူပြုတာကြောင့်ဖြစ်ပါတယ်..

🔹 2) Santosha
Santosha ကို Contentment, Peace, Tranquility ဆိုတဲ့စကားလုံး‌တွေနဲ့ ဖော်ပြကြပါတယ်...
ဒီနေရာမှာ Peace (ငြိမ်းချမ်းတာ) နဲ့ Tranquility (ငြိမ်သက်အေးချမ်းခြင်းမျိုးပေါ့) ဒါကရှင်းပါတယ် ..

🕊️ Contentment ဆိုတဲ့ ရောင့်ရဲကျေနပ်တယ် ဆိုတာက‌တော့ ..
ကိုယ့်ဘဝမှာ မဖြစ်လိုက်တဲ့အရာ၊ မ‌ဖြစ်သေးတဲ့အရာ စသည်တို့ကို အားလျော့ပြီး နှစ်သိမ့်စေလိုက်တာမျိုး မဟုတ်ပါဘူး..
လက်ရှိ ကိုယ့်မှာရှိနေတဲ့အရာကို လေးစားမြတ်နိုး တန်ဖိုးထားဖို့၊ လက်ခံဖို့ appreciate လုပ်ဖို့ကို ဆိုလိုပါတယ်..

🕊️ အချုပ်အားဖြင့် Santosha ဆိုတာ ကိုယ့်ဆီမှာရှိတဲ့၊ ကိုယ်ဆီကို ရောက်လာတဲ့ အကောင်းအဆိုး ဟူသမျှ အရာရာတိုင်းကို ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်ခြင်း၊ ခွင့်လွှတ်လိုက်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ "ကျေနပ်ငြိမ်းအေးတဲ့ စိတ်ခံစားမှု"လေးကို ဆိုလိုပါတယ်..

🧘🏽‍♂️တနည်းအားဖြင့် ကိုယ့်ဘဝတလျှောက်လုံးအတွက် ထားရမယ့် စိတ်ထားလေးကို ညွှန်ပြထားတာဖြစ်ပါတယ် ...

💫Niyamas ခေါင်းစဉ်အောက်က အချက် (၅) ချက်ထဲက ကျန်တဲ့ (၃) ချက်ကို ဆက်လက်ရေးသားသွားပါမယ်ရှင့် (စာအရမ်းရှည်သွားမှာစိုးလို့ပါ)

📖 ဖတ်ရှု့ကြတဲ့ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် 🙇🏻‍♂️
တစ်စုံတခုလေးသိသွားတယ်ဆိုရင်ပဲ ဝမ်းသာပီတိဖြစ်ပါတယ်.. 🥰

🙏🏼ဝေနေယျသတ္တဝါတွေအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ...🙏🏼🙏🏼🙏🏼

Ref; google

မေတ္တာဖြင့် ...NooN

** ရှေ့အပတ်က 8 limbs of Yoga ကို အကြမ်းဖျင်းလေး ရေးသားပြီး Limb number 1 ဖြစ်တဲ့ Yamas အကြောင်းကို အကျဉ်းလေး ရေးခဲ့ပါတယ် ..
ဒီ Link မှာ ဖတ်လို့ရပါတယ်
https://m.facebook.com/story.php?story_fbid=337977429107192&id=100086848113895&mibextid=9R9pXO

Address

Main Street
Pinlaung

Telephone

+959428077455

Website

Alerts

Be the first to know and let us send you an email when Rhythm YOGA flow with NooN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rhythm YOGA flow with NooN:

Shortcuts

Share

Category